24th JUL 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၂၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာပြည်သူ ပြည်သားတွေရဲ့ဇွဲသတ္တိဟာ မှတ်ကျောက်တင်ရမယ့် ဇွဲသတ္တိလို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ ထိခိုက်နစ်နာခဲ့ရသူအားလုံးကို တရားမျှတမှုပေးနိုင်ရေး ကမ္ဘာကြီးကဆုံးဖြတ်ပေးနိုင်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို

📌 ၃။ ဖက်ဒရယ်ဘက်ကိုမျက်နှာမူတဲ့ အတွေးအခေါ်ကောင်းတွေရဖို့ ခုကတည်းကလုပ်ဆောင်နေတာဖြစ်တယ်လို့ ပညာရေးဒုဝန်ကြီးပြောကြား

📌 ၄။ LSRPDF ထိန်းချုပ်နယ်မြေဖြစ်တဲ့ နဂါးပွတ်တောင်ကို ငါးရက်အတွင်းမဟာမိတ်များစုဖွဲ့၍ စကစတပ်များလက်ထဲမှပြန်လည်သိမ်းယူနိူင်ခဲ့

📌 ၅။ ရေဦးမြို့နယ်ရှိ ရွာများကို ယနေ့မနက် စစ်ကောင်စီတပ်များ စစ်ကြောင်းနှစ်ကြောင်းခွဲကာ မွှေနှောက်သောင်းကျန်း

📌 ၆။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ လူထုသပိတ်လှုပ်ရှားမှုများလုပ်ဆောင်

📌 ၇။ ခင်ဦးမြို့နယ် မြင်းဒေါင်းစာသင်ကျောင်းရှေ့ မိုင်းလာရှင်းသော စကစတပ်များမိုင်းမိ၍ ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာပြည်သူ ပြည်သားတွေရဲ့ဇွဲသတ္တိဟာ မှတ်ကျောက်တင်ရမယ့် ဇွဲသတ္တိလို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


မြန်မာပြည်သူ ပြည်သားတွေရဲ့ဇွဲသတ္တိဟာ မှတ်ကျောက်တင်ရမယ့် ဇွဲသတ္တိလို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။ ဇူလိုင်လအတွင်းကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်ကထည့်သွင်းပြောပါတယ်။


"ဒီတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်တဲ့အားလျော်စွာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ ယနေ့အထိ ကျနော်တို့ပြည်သူတွေအားလုံးဟာ တက်ညီလက်ညီရုန်းကန်လာကြတာအခုဆိုရင် တစ်နှစ်နဲ့ငါးလရှိသွားပြီဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားတွေရဲ့ခိုင်မာတဲ့ ဇွဲသတ္တိက​ေတာ့မှတ်ကျောက်တင်ရမယ့် ဇွဲသတ္တိမျိုးပဲဖြစ်ပါတယ်"လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။ သို့သော် မြန်မာပြည်သူလူထုဟာ ယနေ့တိုင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများမှာပါဝင်နေဆဲဖြစ်ပါတယ်။


========================


📌📌 ၂။ ထိခိုက်နစ်နာခဲ့ရသူအားလုံးကို တရားမျှတမှုပေးနိုင်ရေး ကမ္ဘာကြီးကဆုံးဖြတ်ပေးနိုင်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို


မြန်မာနိုင်ငံသားတွေဟာ ကမ္ဘာ့နိုင်ငံသားတွေဖြစ်လို့ ထိခိုက်နစ်နာခဲ့ရသူအားလုံးကို တရားမျှတမှုပေးနိုင်ရေး ကမ္ဘာကြီးကဆုံးဖြတ်ပေးနိုင်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။ ဇူလိုင် ၂၃ ရက် လူမှုကွန်ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကရေးသားပြောကြားခဲ့ပါတယ်။


"ငါတို့က ကမ္ဘာ့နိုင်ငံသားတွေ၊ ဘယ်အချိန် ဘယ်နေရာမှာ ဖြစ်ခဲ့၊ ဖြစ်ခဲ့ ထိခိုက်နစ်နာခဲ့ကြသူအားလုံးကို တရားမျှတမှု ပေးနိုင်ရေး ကမ္ဘာကြီးကဆုံးဖြတ်ပေးနိုင်ရမယ်"လို့ဆိုပါတယ်။ လက်ရှိမှာအမျိုးသားညီညွတ်ရေး အစိုးရဟာ ICJ တရားရုံးသို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တိုးမြှင့်ကမ်းလှမ်း သွားမယ်လို့ဇူလိုင် ၂၃ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ၃။ ဖက်ဒရယ်ဘက်ကိုမျက်နှာမူတဲ့ အတွေးအခေါ်ကောင်းတွေရဖို့ ခုကတည်းကလုပ်ဆောင်နေတာဖြစ်တယ်လို့ ပညာရေးဒုဝန်ကြီးပြောကြား


ဖက်ဒရယ်ဘက်ကိုမျက်နှာမူတဲ့ အတွေးအခေါ်ကောင်းတွေရဖို့ ခုကတည်းကလုပ်ဆောင်နေတာဖြစ်တယ်လို့ ပညာရေးဒုဝန်ကြီးဂျာထွယ်ပန်ပြောကြားပါတယ်။ ဇူလိုင်လအတွင်းကျင်းပတဲ့ PRF မိသားစုစကားဝိုင်းမှာ ဖက်ဒရယ်ပညာရေးနဲ့ပတ်သတ်လို့ ပညာရေးဒုဝန်ကြီးဂျာထွယ်ပန်က ထည့်သွင်းပြောပါတယ်။


"ဖက်ဒရယ်ဘက်ကိုမျက်နှာမူတဲ့ အတွေးအခေါ်ကောင်းတွေရဖို့ ခုကတည်းက လုပ်ဆောင်နေတာတွေဖြစ်ပါတယ်။ ဖက်ဒရယ် ပညာရေးဆိုတာ ဘာလဲဆိုလို့ရှိရင် ခြုံငုံပြီးပြောရရင်တော့ ပညာရေးလွတ်လပ်ခွင့်အပြည့်အဝရှိတယ်။ ဗဟိုချုပ်ကိုင်မှုကနေ လျှော့ချပြီးမှ ဒီနိုင်ငံရဲ့ဖက်ဒရယ်ယူနစ်ထဲမှာ နေတဲ့တိုင်းရင်းသားပြည်သူအားလုံးအတွက် ပညာရေးလုပ်ဆောင်မှုတွေ လုပ်ဆောင်ပေးလိုက်ရတာဖြစ်ပါတယ်"လို့ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ပူးပေါင်း၍ ပညာရေး၊ကျန်းမာရေးများကို အကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၄။ LSRPDF ထိန်းချုပ်နယ်မြေဖြစ်တဲ့ နဂါးပွတ်တောင်ကို ငါးရက်အတွင်းမဟာမိတ်များစုဖွဲ့၍ စကစတပ်များလက်ထဲမှပြန်လည်သိမ်းယူနိူင်ခဲ့


စစ်ကောင်စီတပ်များ သိမ်းယူထားသော LSRPDF ထိန်းချုပ်နယ်မြေဖြစ်တဲ့နဂါးပွတ်တောင်ကို ငါးရက်အတွင်းမဟာမိတ်များစုဖွဲ့၍ စကစတပ်များလက်ထဲမှပြန်လည်သိမ်းယူနိူင်ခဲ့ပါတယ်။ ဇူလိုင် ၂၄ ရက်မှာ စခန်းပြန်လည်ရရှိပြီဖြစ်ကြောင်း လောင်းရှည် LSRPDF(YRPA) ကအသိပေးထုတ်ပြန်ပါတယ်။


"စကစတပ်များ ကျွန်ုပ်တို့ မဟာမိတ် တပ်ဖွဲ့၏ ဇွဲ၊သတ္တိ၊ တိုက်ခိုက်ရေးစွမ်းရည်နှင့် စိတ်ဓါတ်စစ်ဆင်ရေးများအပေါ် ပြန်လည်ခုခံနိုင်စွမ်းမရှိပဲ ဇူလိုင်၂၃ ရက်နေ့ ညနေ ပိုင်းတွင် နဂါးပွတ်တောင် အထိုင်ချစခန်းမှ စကစတပ်များအားလုံး စွန့်ခွါထွက်ပြေး သွားခဲ့ပါတယ်။ညနေပိုင်းမှာကျွန်ုပ်တို့ မဟာမိတ် တပ်ဖွဲ့မှ နဂါးပွတ်တောင် စခန်းအား ပြန်လည် နေရာယူ အခြေချနိုင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


၁၉..၂၀၂၂ မှ ၂၃..၂၀၂ ရက်နေ့ထိ () ရက်တာ တိုက်ပွဲတွင် LSRPDF(YRPA) နှင့်အတူ မဟာမိတ် တပ်ဖွဲ့များဖြစ်ကြသော PDF(SAW) တပ်ရင်() PDF(SAW) တပ်ရင်း() (YRPA) စေရာတပ်ဖွဲ့ စလင်းတပ်ဖွဲ့၊ PPC တပ်ဖွဲ့၊ ညောင်ရမ်းတပ်ဖွဲ့၊အေးချမ်းတပ်ဖွဲ့  တို့ဟာ LSRPDF ထိန်းချုပ်နယ်မြေဖြစ်သော နဂါးပွတ်တောင် တွင် အခြေချတပ်စွဲနေသော စကစတပ် များအား () ရက်တာအတွင်း ပြန်လည် တိုက်ခိုက် မောင်းထုတ်နိုင်ခဲ့ပါတယ်။ LSRPDF(YRPA) မှ ဒေသတွင်းစစ်ဘေးရှောင်များအား ကူညီစောင့်ရှောက်ပေးခဲ့ပြီး နယ်မြေရှင်းလင်းရေးနှင့် နယ်မြေစိုးမိုးမှုများ ပြန်လည်လုပ်ဆောင်နေပြီဖြစ်ပါတယ်။


========================


📌📌 ၅။ ရေဦးမြို့နယ်ရှိ ရွာများကို ယနေ့မနက် စစ်ကောင်စီတပ်များ စစ်ကြောင်းနှစ်ကြောင်းခွဲကာ မွှေနှောက်သောင်းကျန်း


စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ရှိ ရွာများကို ယနေ့မနက် စစ်ကောင်စီတပ်များ စစ်ကြောင်းနှစ်ကြောင်းခွဲကာ မွှေနှောက်သောင်းကျန်းနေပါတယ်။ ဇူလိုင် ၂၄ ရက် နံနက်ပိုင်းမှစတင်ကာ ရေဦးမြို့နယ် ထန်းတောနဲ့နှောကုန်းရွာကြား၊ကျောက်သာကုန်းနဲ့သံသည်ရွာတို့ကို စစ်ကြောင်းထိုးနေတယ်လို့ တော်လှန်ရေးအင်အားစုများကဆိုပါတယ်။


"ယနေ့မနက် ရေဦးကနေ သံသည်လမ်းအထွက် သံလမ်းကူးနား ကား၄စီးဖြင့် လာချထားခဲ့သော စကစတပ်များဟာ   ထန်းတောနှင့် နှောကုန်းရွာကြား တစ်ဖွဲ့ ၊ကျောက်စာကုန်းနှင့်  သံသည်ရွာအနီး တစ်ဖွဲ့ နှစ်ဖွဲ့ခွဲကာ စစ်ကြောင်းထိုးနေပါတယ်။ စကစတပ်များလမ်းကြောင်း ဦးတည်ထားသော ရေဦးနယ်အနောက်ခြမ်းကျေးရွာများ မြေပြင်အချက်အလက်ရယူကာ ကြိုတင်ရှောင်တိမ်းထားကြပါရန် အထူးသတိပေးအပ်ပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင်နှောကုန်း၊ ဇဝရွာများ ဘေးလွတ်ကင်းရာသို့ အမြန်ဆုံးထွက်ထားပေးကြရန်လိုအပ်ပြီးစကစတပ်များဟာအင်အား ၁၀၀ ကျော်ဖြင့် အဖွဲ့ခွဲ စစ်ကြောင်းထိုးလာနိုင်ပြီး လက်နက်ကြီး၊ စနိုက်ပါများ ပါရှိသောကြောင့် အနီးဝန်းကျင်ရွာများကို လက်နက်ကြီးပစ်ခတ်နိုင်တယ်လို့သိရပါတယ်။


========================


📌📌 ၆။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ လူထုသပိတ်လှုပ်ရှားမှုများလုပ်ဆောင်


ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ လူထုသပိတ်လှုပ်ရှားမှုများလုပ်ဆောင်ခဲ့ပါတယ်။ ဇူလိုင် ၂၄ ရက်နေ့ နံနက်ပိုင်းမှာ တိုကျိုမြို့ရှိစကစခန့် မြန်မာသံရုံးရှေ့နဲ့ မြို့တော်အသီးငီးမှာ လူထုသပိတ်များဆင်နွှဲခဲ့ကြပါတယ်။


မြန်မာသံရုံးရှေ့မှာ အသံမတိတ် အလံမလိပ် ဂျပန်ရောက် မြန်မာလူထုသပိတ်ကို လူဦးရေ ရာနဲ့ချီပါဝင်ခဲ့ပြီး သံရုံးမှ ရရှိနေသော ဗီဇာကြေး၊ နိုင်ငံကူးလတ်မှတ်မှ ရရှိသော ကောက်ခံငွေတို့ဟာ ငွေစွန်းငွေများဖြစ်၍ ဂျပန်အစိုးရက ဖြတ်တောက်ပေးရန်လိုကြောင်း တက်ကြွလှုပ်ရှားသူ မြန်မာနိုင်ငံသားများကတောင်းဆိုကြပါတယ်။ ဒါ့အပြင့် ဂျပန်အစိုးရက စစ်ကောင်စီကိုအသိအမှတ်မပြုဖို်နဲ့ ကူညီထောက်ပံ့တာတွေ မလုပ်ဖို့လည်း လူထုသပိတ်ကတောင်းဆိုခဲ့ကြပါတယ်။


========================


📌📌 ၇။ ခင်ဦးမြို့နယ် မြင်းဒေါင်းစာသင်ကျောင်းရှေ့ မိုင်းလာရှင်းသော စကစတပ်များမိုင်းမိ၍ ဦး သေဆုံး


စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြင်းဒေါင်းစာသင်ကျောင်းရှေ့မိုင်းလာရှင်းသော စကစတပ်များမိုင်းမိ၍ ဦးသေဆုံးခဲ့ပါတယ်။ ဇူလိုင် ၂၃ ရက်နေ့ နံနက် နာရီ မိုင်းရှင်းလင်းရေးအတွက် လာရောက်သော စကစတပ်များ မိုင်းမိသေဆုံးသွားတယ်လို့ BLDF တပ်ဖွဲ့က ဆိုပါတယ်။


"ခင်ဦးမြို့နယ် မြင်းဒေါင်းစာသင်ကျောင်းရှေ့တွင်  မိမိတို့ BLDF တပ်ဖွဲ့၊ BOB တပ်ဖွဲ့၊ Hero Army Khin-U တပ်ဖွဲ့နှင့် မဟာမိတ်များထောင်ထားခဲ့သော မိုင်းများကို စကစတပ်များမိုင်းမိတာများ၍ ယနေ့ မနက် မိုင်းလာရှင်းရာ မိုင်းမရှင်းပဲ စကစတပ်များရှင်းလင်းပြီးသားဖြစ်သွားခဲ့ကာ ခြောက်ဦးသေဆုံးပါတယ်"လို့ဆိုပါတယ်။ ကာကွယ်ရေးရဲဘော်များမှာထိခိုက်မှု တစုံတရာမရှိဘူးလို့ဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment