2nd JUL 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနတို့တွေ့ဆုံဆွေးနွေး

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) တို့ဆွေးနွေး

📌 ၃။ ဥကရစ်ထ တိုက်ပွဲဝင် PDF ရဲဘော်တွေအတွက် ထောက်ပံ့ဖို့ဖိတ်ခေါ်ရာ ၃၆ နာရီအတွင်း NUG Pay ကနေ (၂၈) သိန်း ကျော်ရပြီလို့ ဒုဝန်ကြီး ဦးမင်းဇေယျာဦးအသိပေး

📌 ၄။ နွေဦးတော်လှန်ရေးဟာ အမျိုးသမီးများကို အားနွဲ့တဲ့လူတန်းစားတစ်ရပ်မဟုတ်ကြောင်း ထင်ထင်ရှားရှားပြသနိုင်ခဲ့တယ်လို့ ဒုဝန်ကြီး အိသဉ္ဇာမောင်ဆို

📌 ၅။ ရေဦးမြို့နယ်တွင် ပကဖ မီးသတ်အဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ရေဦးအမတ်ဆို 

📌 ၆။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ပြည်သူ့ပညာရေးကျောင်းပေါင်း၈၀ ကျော်ဖွင့်လှစ်ထားကာ မိုးရာသီ အားကစားပြိုင်ပွဲကိုပင် ကျင်းပပေး

📌 ၇။ ဖာပွန်မြို့အနီး ရှေ့တန်းတစ်နေရာတွင် စစ်ကားတစ်စီးနယ်ကျွံဝင်လာ၍ KNLA နဲ့ BPLA တို့ပူးပေါင်းတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ငါးဦးစလုံးသေဆုံးကာ လက်နက်များသိမ်းဆည်းရမိ

📌 ၈။ စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်၊ ထန်တလန်မြို့ကိုစစ်တပ်က ၂၈ ကြိမ်တိုင်တိုင် မီးရှို့ခဲ့ပြီး မြို့ရဲ့ ၇၀ ရာခိုင်နှုန်းမီးလောင်ဆုံးရှုံး

📌 ၉။ ယင်းမာပင်မြို့နယ် ဗျတ္တညီနောင်ပြောက်ကျားတပ်ဖွဲ့က လက်လုပ်သေနတ်များတီထွင်အောင်မြင်

📌 ၁၀။ ရေတာရှည်မြို့နယ်ရေတာရှည်လေးကျေးရွာ မြောက်ဖက်ထိပ် ဗျူဟာလမ်း အနောက်ခြမ်း‌တွင် ကင်းပုန်း ၀ပ်နေသော စစ်ကောင်စီ တပ်သား သုံးဦးကို ကာကွယ်ရေးတပ်များမိုင်းဖြင့်တိုက်ခိုက်ရာ သုံးဦးစလုံးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနတို့တွေ့ဆုံဆွေးနွေး


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့်အမျိုးသားညီညွတ်ရေးအစိုးရ၊ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနတို့တွေ့ဆုံဆွေးနွေးပွဲကို၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတဆင့်ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ဝန်ကြီးဌာန၏မူဝါဒများ၊ ဆက်သွယ်ရေးနှင့် ပတ်သက်၍ သင်တန်းပေးနေမှုများ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့်ချိတ်ဆက်ဆောင်ရွက်မှုများ၊ United Bond System တည်ဆောက်ခြင်း၊ ကြားကာလပညာရေးအတွက်Home Base Learning System နှင့် အခြားသော Education System များအား IT နည်းပညာဖြင့် ဆောင်ရွက်ခြင်း၊ Data Dashboard များတည်ဆောက်ခြင်း၊ People Voice Television Radio NUG ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြခဲ့ပါတယ်။


ဆက်လက်ပြီးတက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးမေးမြန်းအကြံပြုခဲ့ကြပါတယ်။ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ရေးရာကော်မတီများမှကော်မတီဥက္ကဋ္ဌများ၊အတွင်းရေးမှူးများဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးတို့တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) တို့ဆွေးနွေး


အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) တို့ရှေ့ဆက်ရမဲ့လုပ်ငန်းစဥ်များအကြောင်းဆွေးနွေးခဲ့ပါတယ်။ ဇူလိုင် ရက်နေ့မှာ NUG မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။


လက်ရှိလက်တွဲလုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက်တွေနဲ့ ဆက်လက်ပြီးပူးပေါင်းလုပ်ဆောင်ရမယ့် ကိစ္စရပ်တွေအပါအဝင် ဆွေးနွေးမှုတွေကို အသေးစိတ်ပြောကြားခဲ့ကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရမဟာမိတ်ဆက်ဆံရေး ကော်မတီဟာ စစ်ကောင်စီကို ဖြုတ်ချနိုင်ရေး၊ အာဏာရှင်စနစ် အဆုံးသတ်နိင်ရေးနဲ့အုပ်ချုပ်ရေးကိစ္စရပ်တွေအပါအဝင် လူမှုရေး၊အသွင်ကူးပြောင်းရေး ကိစ္စတွေအတွက်ဖွဲ့စည်းထားတာဖြစ်ပါတယ်။


========================


📌📌 ၃။ ဥကရစ်ထ တိုက်ပွဲဝင် PDF ရဲဘော်တွေအတွက် ထောက်ပံ့ဖို့ဖိတ်ခေါ်ရာ ၃၆ နာရီအတွင်း NUG Pay ကနေ (၂၈) သိန်း ကျော်ရပြီလို့ ဒုဝန်ကြီး ဦးမင်းဇေယျာဦးအသိပေး


ဥကရစ်ထ တိုက်ပွဲဝင် PDF ရဲဘော်တွေအတွက် ထောက်ပံ့ဖို့ဖိတ်ခေါ်ရာ ၃၆ နာရီအတွင်း NUG Pay ကနေ (၂၈) သိန်း ကျော်ရပြီလို့ ဒုဝန်ကြီး ဦးမင်းဇေယျာဦးအသိပေးပြောပါတယ်။ ဇူလိုင် ရက်နေ့မှာ စီမံကိန်း၊ ဘဏ္ဍားရေးနဲ့ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီးက လူမှုကွန်ရက်မှာရေးသားပြောကြားပါတယ်။


"ဥကရစ်ထ တိုက်ပွဲဝင် PDF ရဲဘော်တွေကို ထောက်ပံ့ဖို့ နတ်ပေးနဲ့ စမ်းသပ် လက်ခံနေတာ ၃၆ နာရီ ရှိပြီ ဖြစ်ပါတယ်။ အခု အချိန်ထိ DMMK (၂၈) သိန်း ကျော် ရရှိပြီး ဖြစ်ပါတယ်။ ဒီ Post မှာ ထူးခြားချက် တစ်ခုရှိပါတယ်။ ဒါကတော့ စမ်းသပ်ငွေလွှဲကြသူများရဲ့ History ကို ပါ ပူးတွဲ တင်ပြထားခြင်းပါ။ ခုတော်လှန်ရေးကာလမှာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပိုက်ဆံ ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ဟာ အကန့်အသတ်တွေ ရှိခဲ့ပါတယ်။ အခုမှာတော့ NUGPay အကောင့်နာမည်တွေကို ပေါ်ပေါ်ထင်ထင်ပဲ ပြသထားလို့ ရပါတယ်။ Social Media အစုံမှာ ကိုယ့်ရဲ့ NUGPay QR Code ကို တင်ထားလို့ရပါတယ်။ ဒေတာလည်း မပေါက်ပါ။ အကောင့် ပိတ်ခံရမှာလည်း စိုးရိမ်ဖို့ မလိုပါ။ ကိုယ်ပိုင် ပိုက်ဆံကို ကိုယ်တိုင် စိတ်တိုင်းကျ လုံလုံခြုံခြုံ ငွေပို့ ငွေလွှဲပေးပို့နိုင်ပါတယ်"လို့ ဒုဝန်ကြီးကပြောပါတယ်။


ကရင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲဟာ စကစတပ်များအကျအဆုံးများပြားလျက်ရှိသလို တပ်ရင်းတစ်ခုလုံး စကစဘက်က ပျောက်ဆုံးကျရှုံးခဲ့ပါတယ်။ ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲဟာ ဆက်လက်ဖြစ်ပွားနေပြီးတော့ စကစတပ်ကလေကြောင်းပစ်ကူများလည်း အလွန်အကျွံအသုံးပြုခဲ့ပါတယ်။ ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲအတွက် ကာကွယ်ရေးရဲဘော်များဆီ ၄၈ နာရီပြည့်တဲ့ အခါ NUG pay မှရရှိသောငွေများကို  ထောက်ပို့သွားမှာဖြစ်ပါတယ်။


========================


📌📌 ၄။ နွေဦးတော်လှန်ရေးဟာ အမျိုးသမီးများကို အားနွဲ့တဲ့လူတန်းစားတစ်ရပ်မဟုတ်ကြောင်း ထင်ထင်ရှားရှားပြသနိုင်ခဲ့တယ်လို့ ဒုဝန်ကြီး အိသဉ္ဇာမောင်ဆို


နွေဦးတော်လှန်ရေးဟာ အမျိုးသမီးများကို အားနွဲ့တဲ့လူတန်းစားတစ်ရပ်မဟုတ်ကြောင်း ထင်ထင်ရှားရှားပြသနိုင်ခဲ့တယ်လို့ ဒုဝန်ကြီး အိသဉ္ဇာမောင်ကပြောပါတယ်။ ဇူလိုင် ရက်နေ့ NST က ကျင်းပတဲ့ ပျိုမေတို့တော်လှန်၊ ဆယ်လ်မွန်ငါးတို့အပြန် စကားဝိုင်းမှာ ဒုဝန်ကြီးကပြောကြားခဲ့ပါတယ်။


"တော်လှန်ရေးတလျှောက်မှာ သပိတ်တိုက်ပွဲမှာဆိုလည်းသပိတ်တိုက်ပွဲ၊စစ်ပွဲတွေမှာဆိုလည်း အမျိုးသမီးတွေဟာ မဖြစ်မနေပါဝင်ခဲ့ကြတယ်။ အဓိက ကသာမာန်ပါဝင်ရုံမဟုတ်ဘဲ ဦးဆောင်ပါဝင်ခဲ့တာဖြစ်တယ်။ ဒီတော်လှန်ရေးမှာ အမျိုးသမီးတွေဟာ မြန်မာ့လူ့အဖွဲ့အစည်း လူ့အသိုင်းအဝိုင်းက မြင်သလို အားနွဲ့တဲ့လူတန်းစားတစ်ရပ်မဟုတ်ဘူးဆိုတာ ထင်ထင်ရှားရှားပြခဲ့ပြီ"လို့ ဒုဝန်ကြီးကပြောပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကိုမတရားသိမ်းယူခဲ့ပါတယ်။ ယင်းနောက်စစ်အာဏာရှငိဆန့်ရေးလူထု လှုပ်ရှားမှုသပိတ်ပေါ်ပေါက်ခဲ့ရာမှာ အမျိုးသမီးများ ဦးဆောင်ပါဝင်ခဲ့ပါတယ်။


========================


📌📌 ၅။ ရေဦးမြို့နယ်တွင် ပကဖ မီးသတ်အဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ရေဦးအမတ်ဆို 


စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် ပကဖ မီးသတ်အဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ရေဦးအမတ်ဦးမြင့်ထွေးကပြောပါတယ်။ ဇူလိုင် ရက်နေ့ လူမှုကွန်ရက်မှာ အသိပေးရေးသားပြောပါတယ်။


"စကစတပ်များနယ်ထဲ ထင်သလိုရမ်းကားပြီး မီးရှို့မှုကြောင့် ပြည်သူများအိုမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရပါတယ်။ ဒါကြောင့် ပြည်သူမှပြည်သူတို့ ကူညီနိုင်ဖို့လိုအပ်သည့် ပကဖ(မီးသတ်အဖွဲ့) ဖွဲ့စည်းပြီး သင်ကြားလေ့ကျင့်နေပါတယ်"လို့ ဆိုပါတယ်။


ရေဦးမြို့နယ်ထဲ စကစတပ်များ စစ်ကြောင်းထိုး၍ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးမှုတို့ရှိခဲ့ပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ပြည်သူ့ပညာရေးကျောင်းပေါင်း၈၀ ကျော်ဖွင့်လှစ်ထားကာ မိုးရာသီ အားကစားပြိုင်ပွဲကိုပင် ကျင်းပပေး


စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ပြည်သူ့ပညာရေးကျောင်းပေါင်း၈၀ ကျော်ဖွင့်လှစ်ထားကာ မိုးရာသီ အားကစားပြိုင်ပွဲကိုကျင်းပပေးခဲ့တယ်လို့ ဇွန်လ ၂၉ ရက်နေ့ ကထုတ်ပြန်ခဲ့ပါတယ်။ စာသင်ကျောင်းတစ်ကျောင်းမှာ မိုးရာသီ အားကစားပြိုင်ပွဲ ကျင်းပ ပေးခဲ့တယ်လို့ ကြားလာလ ပညာသင်နှစ်တွင်မိုးရာသီ အားကစားပွဲကျင်းပ ပေးကာ အားကစားနည်း ၁၀မျိုးကို ပွဲအခမ်းအနားကျင်းပပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့ပညာရေးကျောင်းများတွင် အားကစားပွဲတော်များဆက်တိုက်ကျင်းပနေပါတယ်။


========================


📌📌 ၇။ ဖာပွန်မြို့အနီး ရှေ့တန်းတစ်နေရာတွင် စစ်ကားတစ်စီးနယ်ကျွံဝင်လာ၍ KNLA နဲ့ BPLA တို့ပူးပေါင်းတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ငါးဦးစလုံးသေဆုံးကာ လက်နက်များသိမ်းဆည်းရမိ


ကရင်ပြည်နယ် ဖာပွန်မြို့အနီး ရှေ့တန်းတစ်နေရာတွင် စစ်ကားတစ်စီးနယ်ကျွံဝင်လာ၍ KNLA နဲ့ BPLA တို့ပူးပေါင်းတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ငါးဦးစလုံးသေဆုံးကာ လက်နက်များသိမ်းဆည်းရမိခဲ့ပါတယ်။ ဇူလိုင်လ ရက်ဖာပွန်မြို့အနီး ရှေ့တန်းတစ်နေရာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များမောင်းနှင်လာတဲ့ ကားငယ်တစ်စီး နယ်ကျွံဝင်လာ၍ မိနစ် (၂၀) ခန့် တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ BPLA ကထုတ်ပြန်ပါတယ်။


"ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ တပ်ဖွဲ့ဝင်များသည် KNU/KNLA တပ်မဟာ ၅၊ ဖာပွန်မြို့အနီး ရှေ့တန်းတစ်နေရာ၌ မိုင်းထောင်/ကင်းပတ်နေစဥ် ယနေ့မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမောင်းနှင်လာသည့် ကားငယ်တစ်စီး နယ်ကျွံဝင်လာသည့်အတွက် မိနစ် (၂၀) ခန့် တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်"လို့ဆိုပါတယ်။ စစ်ကားမှာ ပျက်စီးသွားပြီး ကားပေါ်ပါ ရန်သူ () ဦးစလုံး သေဆုံးကာ ၄၀ မမ - လက်၊ AK - လက်၊ M4 carbine - လက်၊ G3 - လက်၊ လက်ပစ်ဗုံး - လုံး၊ ကျည်နှင့် ရိက္ခာအနည်းငယ်တို့ကို သိမ်းဆည်းရရှိထားတယ်လို့ထုတ်ပြန်ပါတယ်။


========================


📌📌 ၈။ စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်၊ ထန်တလန်မြို့ကိုစစ်တပ်က ၂၈ ကြိမ်တိုင်တိုင် မီးရှို့ခဲ့ပြီး မြို့ရဲ့ ၇၀ ရာခိုင်နှုန်းမီးလောင်ဆုံးရှုံး


စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်တပ်က ၂၈ ကြိမ်တိုင်တိုင် မီးရှို့ခဲ့ပြီးမြို့ရဲ့ ၇၀ ရာခိုင်နှုန်းမီးလောင်ဆုံးရှုံးခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ၂၈ ကြိမ်တိုင်တိုင်မီးရှို့ခံခဲ့ရပြီး အိမ်ပေါင်း ၁၃ဝဝ ကျော်မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးကော်မတီ (TPAC) က သတင်းထုတ်ပြန်ခဲ့ပါတယ်။


ထန်တလန်မှာ အိမ်ခြေပေါင်း ၂ဝဝဝ လောက်ရှိကာမြို့ရဲ့ ၇၀ ရာခိုင်နှုန်း မီးလောင်တိုက် သွင်းခံခဲ့ရပါတယ်။ စစ်တပ်ကမီးရှို့ခံရတဲ့အထဲမှာ နေအိမ်တွေပါမက နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိ ထန်တလန် နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းအပါအဝင် ဘုရားကျောင်း ၁၁ ကျောင်းမီးထဲပါသွားခဲ့ပါတယ်။


========================


📌📌 ၉။ ယင်းမာပင်မြို့နယ် ဗျတ္တညီနောင်ပြောက်ကျားတပ်ဖွဲ့က လက်လုပ်သေနတ်များတီထွင်အောင်မြင်


စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဗျတ္တညီနောင်ပြောက်ကျားတပ်ဖွဲ့က လက်လုပ်သေနတ်များတီထွင်အောင်မြင်ခဲ့ပါတယ်။ ဇူလိုင် ရက်နေ့မှာ ယင်းမာပင် ဗျတ္တညီနောင်ပြောက်ကျားတပ်ဖွဲ့က အသိပေးပြောပါတယ်။


"9mm နဲ့ semiautofullauto တွေကို အဖွဲ့အတွက် အရေအတွက်ပြည့်မှီဖို့ကြိုးစားနေပါတယ်"လို့ ဆိုပါတယ်။ ဗျတ္တညီနောင်ပြောက်ကျားတပ်ဖွဲ့ဟာ စစ်အာဏာရှင်စနစ်ကိုတွန်းလှန်တိုက်ခိုက်နေတဲ့တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။


========================


📌📌 ၁၀။ ရေတာရှည်မြို့နယ်ရေတာရှည်လေးကျေးရွာ မြောက်ဖက်ထိပ် ဗျူဟာလမ်း အနောက်ခြမ်း‌တွင် ကင်းပုန်း ၀ပ်နေသော စစ်ကောင်စီ တပ်သား သုံးဦးကို ကာကွယ်ရေးတပ်များမိုင်းဖြင့်တိုက်ခိုက်ရာ သုံးဦးစလုံးသေဆုံး


ရေတာရှည်မြို့နယ်ရေတာရှည်လေးကျေးရွာ မြောက်ဖက်ထိပ် ဗျူဟာလမ်း အနောက်ခြမ်း‌တွင် ကင်းပုန်း ၀ပ်နေသော စစ်ကောင်စီ တပ်သား သုံးဦးကို ကာကွယ်ရေးတပ်များမိုင်းဖြင့်တိုက်ခိုက်ရာ သုံးဦးစလုံးသေဆုံးခဲ့ပါတယ်။ ဇူလိုင် ရက်နေ့မှာ စစ်ရေးသတင်းကို ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခွဲ ကဖော်ပြပါတယ်။


ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ပိတောက်ကုန်းကျေးရွာအုပ်စု၊ ရေတာရှည်လေးကျေးရွာ မြောက်ဖက်ထိပ် ဗျူဟာလမ်း အနောက်ခြမ်း‌တွင် ကင်းပုန်း ၀ပ်နေသော စစ်ကောင်စီ တပ်သား သုံးဦးအား ပူးပေါင်းတပ်ဖွဲ့မှ  ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခဲ့ရာ ကင်းသမား သုံးဦးလုံး ကျဆုံးသွားတယ်လို့ဖော်ပြပါတယ်။ စစ်ဆင်ရေးကိုသံတောင်မြောက်ပိုင်း ကာကွယ်ရေး တပ်ဖွဲ့ (NTDF) တပ်ရင်းအမှတ် ၈၀၁ နေပြည်တော် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(NPT 8001) ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး ရှားလော့တပ်ဖွဲ့(YPDF) တို့ပါဝင်ခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment