2nd JUL 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ မြေပြင်တိုက်ပွဲမှာ အထိနာနေတဲ့အတွက် စစ်ကောင်စီက ကိုယ့်လူကိုယ်ပြန်စည်းရုံးတဲ့အနေနဲ့ MOD ယောင်ဆောင်ကာစာအတုများထုတ်ပြန်တာလို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဆို

📌 ၂။ ဗန်းမောက်မြို့နယ် တစ်နေရာတွင် စကစတပ်သားများနှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် မဟာမိတ်တပ်ပေါင်းစုများကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားကာ စကစတပ်သား(၂၀) ကျော်ကျဆုံးခဲ့

📌 ၃။ NUG Pay အကောင့်ဖွင့်ထားသူများ ဥကရစ်ထ တိုက်ပွဲအတွက် ၁၂ နာရီအတွင်း ငွေကျပ်ရှစ်သိန်းကျော်ထောက်ပံ့တယ်လို့ဆို

📌 ၄။ စစ်ကောင်စီက အမြန်ရထား လက်မှတ်ခများကို နှစ်ဆနီးပါးတိုးမြှင့်ကောက်ခံ

📌 ၅။ ရိုးမဧရာအဖွဲ့အခြေစိုက်ရာ အနောက်ရိုးမတစ်နေရာအားအကြမ်းဖက်စကစတပ်အင်အား ၆၀ ကျော်စစ်ကြောင်းထိုးရာ စကစတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံး

📌 ၆။ စစ်ကောင်စီတိုက်လေယာဉ်က ၎င်းတို့စစ်သားများအပေါ် ဗုံးမှားကျဲမှုကြောင့် စကစတပ်များ အများအပြား သေဆုံးလို့ KNDO အထူးကွန်မန်ဒို Venom စစ်ကြောင်းက  သတင်းထုတ်ပြန်

📌 ၇။ ညောင်ဦးမြို့နယ်၊ တိုက်ကုန်းရပ် အမျိုးသားဒီမိုက​​ရေစီအဖွဲ့ချုပ် အမျိုးသမီးလုပ်ငန်းကော်မတီ၏ ရပ်ကျေး အတွင်းရေးမှူးအကျဥ်းထောင်တွင်းဆုံးပါး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြေပြင်တိုက်ပွဲမှာ အထိနာနေတဲ့အတွက် စစ်ကောင်စီက ကိုယ့်လူကိုယ်ပြန်စည်းရုံးတဲ့အနေနဲ့ MOD ယောင်ဆောင်ကာစာအတုများထုတ်ပြန်တာလို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဆို


မြေပြင်တိုက်ပွဲမှာ အထိနာနေတဲ့အတွက် စစ်ကောင်စီက ကိုယ့်လူကိုယ်ပြန်စည်းရုံးတဲ့အနေနဲ့ MOD ယောင်ဆောင်ကာစာအတုများထုတ်ပြန်တာလို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဦးနိုင်ထူးအောင်ကပြောပါတယ်။ ဇူလိုင် ရက်နေ့မှာ PVTV သတင်းဌာနကို ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ကယခုလိုပြောကြားခဲ့ပါတယ်။


အကြမ်းဖက်စစ်ကောင်စီက မြေပြင်တိုက်ပွဲမှာ သူတို့အထိနာနေတော့ သူတို့လူ သူတို့ ပြန်စည်းရုံးတဲသဘောနဲ့ အခုလို သတင်းတု၊ သတင်းမှားတွေကို ဖြန့်နေပုံပဲဗျ။ ဒီကြေညာချက်အတုထဲမှာ စခန်းမသိမ်းနိုင်သေးလို့ KNU နဲ့ PDF တွေကို များစွာ အားမရဖြစ်မိတယ်ဆိုတဲ့ စာသားက ကျွန်တော်တို့ရဲ့သဘောထားနဲ့တော့ လုံးဝဆန့်ကျင်ပါတယ်"လို့ အတွင်းဝန်ကပြောပါတယ်။ စကစဘက်က အတုထုတ်ပြန်တဲ့ MOD အယောင်ဆောင် စာအတုထဲမှာ ကာကွယ်ရေးရဲဘော်များရာနဲ့ချီ ကျဆုံးသလိုကရင်ပြည်နယ်ထဲက စကစတပ်စခန်းကိုလည်း မသိမ်းနိုင်ဘူးလို့ဖော်ပြထားပါတယ်။

 

"အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်နိုင်ဖို့ အသက်ကို ပဓာနမထားပဲ ရှေ့တန်းကနေတိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားညီနောင်တွေ၊ PDF တွေနဲ့ တော်လှန်ရေး သူရဲကောင်းတွေအားလုံးရဲ့ အားထုတ်မှုတွေကို ကာကွယ်ရေး ဝန်ကြီးဌာနက အမြဲတမ်း ဂုဏ်ယူလေးစားစွာနဲ့ အသိအမှတ်ပြုပါတယ်။လို့  ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောကြားထားပါတယ်။ ကရင်ပြည်နယ် ဝေါလေရှိဥကရစ်ထ စခန်းသိမ်းတိုက်ပွဲဟာ ရက်မြောက် ကာလအတွင်းဝင်ရောက်ခဲ့သလို စကစတပ်ဘက်ကသာ အကျအဆုံးများပြားကာ တပ်ရင်းတစ်ခုလုံးပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၂။ ဗန်းမောက်မြို့နယ် တစ်နေရာတွင် စကစတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မဟာမိတ်တပ်ပေါင်းစုများကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားကာ စကစတပ်သား (၂၀) ကျော်ကျဆုံးခဲ့


ဗန်းမောက်မြို့နယ် တစ်နေရာတွင် စကစတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မဟာမိတ်တပ်ပေါင်းစုများကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ဇူလိုင်လ () ရက်နေ့စစ်ရေးသတင်းကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဇွန်လ (၃၀) ရက်နေ့က ကသာခရိုင်၊ ဗန်းမောက်မြို့နယ် တစ်နေရာတွင် စကစတပ်သားများနှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် မဟာမိတ်တပ်ပေါင်းစုများကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာတိုက်ပွဲအတွင်း စကစတပ်သား (၂၀) ကျော်ကျဆုံးခဲ့တယ်လို့ဖော်ပြပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိထားသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများက ဆေးကုသမှုများပြုလုပ်ပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ကထုတ်ပြန်ပါတယ်။


========================


📌📌 ၃။ NUG Pay အကောင့်ဖွင့်ထားသူများ ဥကရစ်ထ တိုက်ပွဲအတွက် ၁၂ နာရီအတွင်း ငွေကျပ်ရှစ်သိန်းကျော်ထောက်ပံ့တယ်လို့ဆို


NUG Pay အကောင့်ဖွင့်ထားသူများ ဥကရစ်ထတိုက်ပွဲအတွက် ၁၂ နာရီအတွင်း ငွေကျပ်ရှစ်သိန်းကျော် ထောက်ပံ့တယ်လို့ ဒုဝန်ကြီး မင်းဇေယျာဦးကပြောပါတယ်။ ဇွန်လ ၃၀ ရက် လူမှုကွန်ရက်စာမျက်နှာမှာ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီးမင်းဇေယျာဦးကရေးသားပြောကြားခဲ့ပါတယ်။


"ပို့စ်တင်ပြီး ၁၂ နာရီအတွင်း နတ်ပေး စမ်းသပ်ရင်း ထောက်ပံ့ငွေ DMMK သိန်းကျော် လက်ခံရရှိထားပါတယ်။ "ဥကရစ်ထ အောင်ပွဲရယူနိုင်ဖို့ ၄၈ နာရီအတွင်း နတ်ပေး စမ်းသပ်ရင်း ထောက်ပံ့ကြစို့"လို့ ဒုဝန်ကြီးကဆိုပါတယ်။


"ဥကရစ်ထ အောင်ပွဲရယူနိုင်ဖို့ ၄၈နာရီအတွင်း နတ်ပေး စမ်းသပ်ရင်း ထောက်ပံ့ကြစို့"လို့ ဒုဝန်ကြီးက ဇွန်လ ၃၀ ညပိုင်းမှာ လူမှုကွန်ရက်မှာတင်ခဲ့တာပါ။


ကရင်ပြည်နယ်ဝေါလေရှိ ဥကရစ်က တိုက်ပွဲဟာ ရက်များစွာကြာမြင့်လာခဲ့ပြီး စကစတပ်ဘက်က အကျအဆုံးများပြားလျက်ရှိပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီက အမြန်ရထား လက်မှတ်ခများကို နှစ်ဆနီးပါးတိုးမြှင့်ကောက်ခံ


စစ်ကောင်စီက အမြန်ရထား လက်မှတ်ခများကို နှစ်ဆနီးပါးတိုးမြှင့်ကောက်ခံလိုက်ပါတယ်။ ဇူလိုင် ရက်နေ့ကစတင်ကာ ရထားလက်မှတ်ခများကို ခရီးသည်အပေါ်တိုးမြှင့်ကောက်ခံလိုက်တာဖြစ်ပါတယ်။


ရန်ကုန် - မန္တလေး အမြန်ရထား လက်မှတ်ခ ရိုးရိုးတန်း တစ်စောင်လျှင် ၄၆၅၀ ကျပ်အစား ၇၇၅၀ ကျပ် အဖြစ်လည်းကောင်း၊ အထက်တန်း ကျပ် ၉၃၀၀ အစား အထက်တန်း ကျပ် ၁၅၄၅၀ အဖြစ်သို့လည်းကောင်း အိပ်စင်ပါလက်မှတ်ခ ကျပ် ၁၃၀၀၀ အစား အိပ်စင်လက်မှတ်ခ ကျပ် ၂၁၂၅၀ သို့ တိုးမြှင့်လိုက်ပါတယ်။


ရန်ကုန် - မော်လမြိုင် အမြန်ရထားလက်မှတ်ခ  ရိုးရိုးတန်းလက်မှတ်တစ်စောင် ကျပ် ၂၁၅၀ အထက်တန်း ကျပ် ၄၂၅၀ သာရှိပြီး ယခု ရိုးရိုးတန်း ကျပ်  ၃၅၅၀ အထက်တန်း ကျပ် ၇၀၅၀ တိုးမြှင့်ထားကာ ရန်ကုန်-ပြည် အမြန်ရထားလက်မှတ်ခမှာလည်း ယခင်  ရိုးရိုးတန်းတစ်စောင်လျှင် ကျပ် ၁၉၅၀ အထက်တန်း ကျပ် ၃၉၀၀ ယခု  ရိုးရိုးတန်း ကျပ် ၃၂၅၀ အထက်တန်း ကျပ် ၆၄၅၀ သို့ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။


========================


📌📌 ၅။ ရိုးမဧရာအဖွဲ့အခြေစိုက်ရာ အနောက်ရိုးမတစ်နေရာအားအကြမ်းဖက်စကစတပ်အင်အား ၆၀ ကျော်စစ်ကြောင်းထိုးရာ စကစတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံး


ရိုးမဧရာအဖွဲ့အခြေစိုက်ရာ အနောက်ရိုးမတစ်နေရာအားအကြမ်းဖက်စကစတပ်အင်အား ၆၀ ကျော်စစ်ကြောင်းထိုးရာ စကစတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးခဲ့ပါတယ်။ ဇူလိုင် ရက်နေ့ မွန်းလွဲပိုင်းအချိန် စကစတပ်များစစ်ကြောင်းထိုးဝင်ရောက်မှုကြောင့်ခုခံတိုက်ခိုက်ရင်း စခန်းကိုလက်လွှတ်ခဲ့ရတယ်လို့ ရိုးမဧရာကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။


"ARF အဖွဲ့၏ညီနောင်အဖွဲ့အစည်းဖြစ်သော ရိုးမဧရာအဖွဲ့အခြေစိုက်ရာ အနောက်ရိုးမတစ်နေရာအားအကြမ်းဖက်စကစ အင်အား ၆၀ ကျော်ခန့်စစ်ကြောင်းထိုးစီးနင်းလာရာ ရိုးမဧရာအဖွဲ့မှပြန်လည်ခုခံခဲ့သော်လည်း လက်နက်အင်အားမမျှသဖြင့် စခန်းအားစွန့်ခွါခဲ့ရပါတယ်"လို့ဖော်ပြပါတယ်။


စခန်းအားစွန့်ခွာခဲ့ရသော်လည်း အကြမ်းဖက်စကစအား ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်စကစဘက်က ၁၂ ဦး သေဆုံးခဲ့ပါတယ်။ ကာကွယ်ရေးတပ်ဘက် မှ ရဲဘော်အားလုံးထိခိုက်မှုမရှိ အောင်မြင်စွာ စခန်းကိုစွန့်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီတိုက်လေယာဉ်က ၎င်းတို့စစ်သားများအပေါ် ဗုံးမှားကျဲမှုကြောင့် စကစတပ်များ အများအပြား သေဆုံးလို့ KNDO အထူးကွန်မန်ဒို Venom စစ်ကြောင်းက  သတင်းထုတ်ပြန်


စစ်ကောင်စီတိုက်လေယာဉ်က ၎င်းတို့၏ စစ်သားများအပေါ် ဗုံးမှားကျဲမှု ကြောင့်စကစတပ်များအများအပြား သေဆုံးလို့ KNDO အထူးကွန်မန်ဒို Venom စစ်ကြောင်းက  သတင်းထုတ်ပြန်ပါတယ်။ ကရင်ပြည်နယ် ဥကရစ်ထ စခန်းကို စစ်ကူပေးရန်  စစ်ကောင်စီ၏ တိုက်လေယာဉ်က ကျဲချလိုက်သော ဗုံးဟာ ၎င်း၏ တပ်သားများအပေါ် ကျရောက်‌၍ သေဆုံးစေခဲ့ကြောင်း KNDO အထူးကွန်မန်ဒို Venom စစ်ကြောင်းက ဖော်ပြပါတယ်။


"ဥကရစ်ထတိုက်ပွဲဖြစ်စဉ်အတွင်း စခတို့၏အသက်ပေါင်းများစွာပေးဆပ်လိုက်ရသည်။ ဒလန်သည်အလွန်ကြောက်ဖို့ကောင်းသည်။ စစ်တပ်၏လေယာဉ်မှကျဲချသော ဗုံးများသည် ၎င်းတို့၏တပ်သားများကိုသေစေခဲ့သည်" လို့ဆိုထားပါတယ်။  စစ်တပ်ဥကရစ်ထစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်။ အကြမ်းဖက် စစ်တပ်လေကြောင်း၏ မှားယွင်းဗုံးကျဲမှုကြောင့် သေဆုံးသွားသော စစ်ကောင်စီတပ်သားများကို ရုပ်သံတွင်အများအပြားတွေ့မြင်ရပါတယ်။


========================


📌📌 ၇။ ညောင်ဦးမြို့နယ်၊ တိုက်ကုန်းရပ် အမျိုးသားဒီမိုက​​ရေစီအဖွဲ့ချုပ် အမျိုးသမီးလုပ်ငန်းကော်မတီ၏ ရပ်ကျေး အတွင်းရေးမှူးအကျဥ်းထောင်တွင်းဆုံးပါး


ညောင်ဦးမြို့နယ်၊ တိုက်ကုန်းရပ် အမျိုးသားဒီမိုက​​ရေစီအဖွဲ့ချုပ် အမျိုးသမီးလုပ်ငန်းကော်မတီ၏ ရပ်ကျေး အတွင်းရေးမှူးအကျဥ်းထောင်တွင်းဆုံးပါးကွယ်လွန်ခဲ့ပါတယ်။ ဇူလိုင် ရက်နေ့မှာ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ပါတယ်။


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တိုက်ကုန်းရပ် အမျိုးသားဒီမိုက​​ရေစီအဖွဲ့ချုပ် အမျိုးသမီးလုပ်ငန်းကော်မတီ၏ ရပ်ကျေး အတွင်းရေးမူး ဒေါ်ခင်ညိုသည် ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် အကျဉ်းထောင်အတွင်း၌ ကျန်းမာရေးဆိုးရွားလာခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့ နံနက် နာရီခွဲခန့်အချိန်တွင် ကွယ်လွန်သွားခဲ့ပါတယ်လို့ဖော်ပြပါတယ်။


ဒေါ်ခင်ညိုဟာ မေလ ၃၀ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၀၅၃) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment