3rd JUL 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အာဆီယံ မူငါးချက်ဟာ ကျရှုံးသွားပြီလို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို

📌 ၂။ လူသားချင်းစာနာထောက်ထားရေးအကူအညီများရရှိရန် နိုင်ငံတကာနဲ့ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ အသိပေးပြောကြား

📌 ၃။ ဥကရစ်ထ အောင်ပွဲရယူနိုင်ဖို့ ၄၈ နာရီအတွင်း ထောက်ပို့ငွေ စုစုပေါင်း  (၄၆) သိန်းကျော် ရရှိ၍ PDF ရဲဘော်များထံ ပေးပို့

📌 ၄။ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေအတွင်း ရှိ စကစ စခန်းများကို  KNLA မှ တစ်ပြိုင်နက်တည်းသိမ်းယူရာ တပ်ရင်းမှူးအပါအဝင် စကစတပ်သားများအကျအဆုံးများ

📌 ၅။ ချောင်းဦးနှင့် ငါးယှန်ရွာအကြားရှိ ထန်းတောထဲတွင် စကစတပ်များ ဝိုင်းဖွဲ့ထိုင်နေစဥ် ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းနဲ့ပစ်ချရာ အသေအပျောက်များရှိခဲ့

📌 ၆။ ဒီပဲယင်းမြို့နယ်အနောက်ဘက်ခြမ်းက ဆပ်ပြာကျင်းရွာကို အကြမ်းဖက် စစ်တပ်ကလေယာဥ်နဲ့လာရောက်ပစ်ခတ်

📌 ၇။ အကြမ်းဖက် အာဏာလု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြုတ်ကျရေး ဆွီဒင်နိုင်ငံမှာ လူထုဆန္ဒပြပွဲကိုမြန်မာပြည်ဖွားများ ကျင်းပခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အာဆီယံ မူငါးချက်ဟာ ကျရှုံးသွားပြီလို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို


ဇူလိုင် ရက်နေ့  CNN သတင်းဌာနမှာ ဖော်ပြတဲ့ ဆောင်းပါးမှာ နိုင်ငံခြားရေးဝန်ကြီးကရေးသားပြောကြားထားတာပါ။


"လက်ရှိအာဆီယံ မူငါးချက်ဟာ ကျရှုံးသွားပါပြီ။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံကိုကူညီဖို့နဲ့ အရပ်သားအစိုးရ ပြန်လည်ထူထောင်ဖို့ ပိုမိုထိရောက်တဲ့ မဟာဗျူဟာတစ်ရပ် လိုအပ်ပါတယ်"လို့ဖော်ပြပါတယ်။


အာဆီယံ ဘုံသဘောတူညီချက်များထဲမှ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူများအားလုံးလွှတ်ပေးရေးနဲ့ အားလုံးပါဝင်သော တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ရေးကို အကြမ်းဖက် စစ်ကောင်စီကယနေ့အချိန်ထိ လုပ်ဆောင်မှုမရှိဘူးဖြစ်ပါတယ်။ လက်ရှိမှာ လူပေါင်းတစ်သောင်းကျော်ကို စစ်အုပ်စုဟာ ဖမ်းဆီးချုပ်နှောင်ထားပြီး လူပေါင်းနှစ်ထောင်ကျော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၂။ လူသားချင်းစာနာထောက်ထားရေးအကူအညီများရရှိရန် နိုင်ငံတကာနဲ့ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ အသိပေးပြောကြား


CDF CDM-SIYIN တစ်နှစ်ပြည့်အခမ်းအနားမှာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ ဝန်ကြီးဒေါက်တာဆာဆာက အခုလိုပြောခဲ့ပါတယ်။


"လူသားချင်းစာနာထောက်ထားရေးကို နိုင်ငံတကာနဲ့အများကြီး ကျနော်တို့ချိတ်ဆက်နေတယ်။ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ကချင်ပြည်နယ်၊စစ်ကိုင်း၊မကွေးအတွက်ရော ဒါတွေကိုထောက်ပံပေးနိုင်ဖို့ နယ်စပ်ဖြတ်ကျော် အကူအညီတွေရဖို့ အပြည်ပြည်ဆိုင်ရာနဲ့သက်ဆိုင်ရာအစိုးရအဖွဲ့နဲ့ချိတ်ဆက်လုပ်နေပါတယ်"လို့ဝန်ကြီးကပြောပါတယ်။


အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနအောက်တွင် ဦးစီးဌာန ၁၂ ဌာနရှိကာ လူသားချင်းစာနာထောက်ထားရေး ဌာန ပါဝင်ကြောင်း၊လက်ရှိအချိန်အထိ အကူအညီထောက်ပံ့မှု သိန်းပေါင်းတစ်သောင်းကျော် ထောက်ပံ့ပေးခဲ့ပြီလို့ ဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၃။ ဥကရစ်ထ အောင်ပွဲရယူနိုင်ဖို့ ၄၈ နာရီအတွင်း ထောက်ပို့ငွေ စုစုပေါင်း  (၄၆) သိန်းကျော် ရရှိ၍ PDF ရဲဘော်များထံ ပေးပို့


ဥကရစ်ထ အောင်ပွဲရယူနိုင်ဖို့ ၄၈ နာရီအတွင်း ထောက်ပို့ငွေ စုစုပေါင်း (၄၆) သိန်းကျော်ရရှိ၍ PDF ရဲဘော်များထံ ပေးပို့မယ်လို့ ဇူလိုင် ရက်နေ့ လူမှုကွန်ရက်မှာ ဒုဝန်ကြီး ဦးမင်းဇေယျာဦးကရေးသားအသိပေးပါတယ်။


"NUGPay မိသားစုရဲ့ ဥကရစ်ထ အောင်ပွဲရယူနိုင်ဖို့ ၄၈ နာရီအတွင်း နတ်ပေး စမ်းသပ်ရင်း ထောက်ပို့ငွေ စုစုပေါင်း DMMK (၄၆) သိန်းကျော် ရရှိခဲ့ပြီး PDF ရဲဘော်များထံ ပေးပို့ရန်ဆက်လက် ဆောင်ရွက်သွားပါမယ်"လို့ ဒုဝန်ကြီးကဖော်ပြပါတယ်။


NUGPay မိသားစုမှ စုပေါင်း ထောက်ပို့ မှတ်တမ်း ဂုဏ်ပြုလွှာကို ဆက်လက်ဖော်ပြပေးသွားမယ်လို့လည်းသိရပါတယ်။ ကရင်ပြည်နယ် ဝေါလေရှိ ဥကရစ်ထစခန်းသိမ်းတိုက်ပွဲဟာ စကစတပ်များ အကျအရှုံးများနေတဲ့ တိုက်ပွဲလည်း ဖြစ်ပါတယ်။


========================


📌📌 ၄။ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေအတွင်း ရှိ စကစ စခန်းများကို  KNLA မှ တစ်ပြိုင်နက်တည်းသိမ်းယူရာ တပ်ရင်းမှူးအပါအဝင် စကစတပ်သားများအကျအဆုံးများ


ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်စီမံအုပ်ချုပ်မှုနယ်မြေအတွင်း ရှိ စကစ စခန်းများကို  KNLA မှ တစ်ပြိုင်နက်တည်းသိမ်းယူရာ တပ်ရင်းမှူးအပါအဝင် စကစတပ်သားများအကျအဆုံးများပြားခဲ့တယ်လို့ ဇူလိုင် ရက်နေ့မှာ စစ်ရေးသတင်းကို KNU ဗဟိုက ထုတ်ပြန်ခဲ့ပါတယ်။ ဇူလိုင်လ () ရက်နေ့ နံနက်ပိုင်းတွင် ကေအဲန်ယူ-မုန်းမြို့နယ်အတွင်း ရှိ အကြမ်းစစ်ကောင်စီ၏ စခန်းများ ဖြစ် သော ကြောင်ပြာစခန်း၊ အောင်းလောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်း နှင့် ကျောင်းစုစခန်းတို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။


ထိုစခန်းများမှ အများပြည်သူ သွားလာလှုပ်ရှားမှုများပြုလုပ်ရာတွင် ဟန့်တားနှောင့်ယှက်စစ်ဆေးမှုများပြုလုပ်လျက်ရှိကာ နယ်မြေစိုးမိုးနိုင်ရန် လုပ်ဆောင်နေသည့်နေရာများဖြစ်တယ်လို့ဆိုပါတယ်။ အောင်းလောင်းစိန်စခန်း၊ကျွန်းပင်ဆိပ်စခန်း၊ကော့ပြင်းစခန်းနှင့်ကျောင်းစုစခန်းသိမ်းတိုက်ပွဲများတွင်အကြမ်းဖက်စစ်ကောင်စီ၏အမြဲတမ်းပြည်သူ့စစ်နှင့်စစ်ကောင်စီတပ်ပူးပေါင်းစခန်းချသည့်စခန်းများမှ ပြည်သူ့စစ် () ဦးသေဆုံးကာ ကျန်သူများမှာ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ကြတယ်လို့ဖော်ပြပါတယ်။


ထိုစခန်းများအား အပြီးတိုင်ရှင်းလင်းနိုင်ခဲ့ကာ သေနတ် လက် နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကာ ကြောင်ပြာစခန်းသိမ်းတိုက်ပွဲမှာမှု နှစ်ဖက်အထိအခိုက် အကျအဆုံးများရှိနေပြီး စစ်ကောင်စီတပ်ဖက်မှ တပ်ရင်းမှူးအပါအဝင်သေဆုံးခဲ့ကာ ထိခိုက်ကျဆုံးမှုအရေအတွက်မှာမူ အတည်ပြုနိုင်ရန် ကြိုးစားလျက်ရှိတယ်လို့ထုတ်ပြန်ပါတယ်။ အပြီးသတ် စခန်းရှင်းလင်းရေးလုပ်ဆောင်မည့်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူပေးခဲ့သည့်အတွက် အပြီးသတ် ရှင်းလင်းနိုင်ခြင်း မရှိသေးဘူးလို့ဆိုပါတယ်။


 ထိုသို့လေကြောင်းပစ်ကူပေးရာတွင်လည်း တိမ်းရှောင်ပြေးလွှားသည့် အရပ်သားများနေရာများအပေါ်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိုကဲ့သို့ ပစ်ခတ်မှုကြောင့် စောဘီးချယ်နှင့် မိသားစု စုစုပေါင်း ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။


========================


📌📌 ၅။ ချောင်းဦးနှင့် ငါးယှန်ရွာအကြားရှိ ထန်းတောထဲတွင် စကစတပ်များ ဝိုင်းဖွဲ့ထိုင်နေစဥ် ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းနဲ့ပစ်ချရာ အသေအပျောက်များရှိခဲ့


ချောင်းဦးနှင့် ငါးယှန်ရွာအကြားရှိ ထန်းတောထဲတွင် စကစတပ်များ ဝိုင်းဖွဲ့ထိုင်နေစဥ် ကာကွယ်ရေးတပ်ဖွဲ့များကဒရုန်းနဲ့ပစ်ချရာ အသေအပျောက်များရှိခဲ့တယ်လို့ဇူလိုင် ရက်နေ့မှာ စစ်ရေးသတင်းကို CDSOM မြောင်ကထုတ်ပြန်ခဲ့ပါတယ်။


"ဇူလိုင်လ () ရက်နေ့မှ ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာတွင် တပ်စွဲထားသော အကြမ်း ဖက်စစ်အုပ်ဟာ  ဇူလိုင်လ ရက်နေ့ ညနေ (:၁၅) နာရီအချိန်တွင် ချောင်းဦးနှင့် ငါးယှန်ရွာအကြားရှိ ထန်းတောထဲတွင် အကြမ်းဖက်စစ်တပ်များ အပင်အောက် ဝိုင်းဖွဲ့ထိုင်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဒရုန်းဖြင့် အီနာဂါချခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါ ဒရုန်းစစ်ဆင်ရေးများတွင် အကြမ်းဖက်စစ်အုပ်စုမှ ၁၂ ဦးနှင့် အထက် သေဆုံးခဲ့ကြောင်းဆိုပါတယ်။ ဒရုန်းစစ်ဆင်ရေးများအား CDSOM Drone Team CDSOM မြောက်ပိုင်းတိုက်ခိုက် ရေးနှင့်ကာကွယ်ရေးအဖွဲ့ 012 CDSOM မြောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေးအဖွဲ့ BSK Young Fighter People's Defence Force of Myaung Shwe - Ao Revolution Force Chaung U Middle Wolves Army ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - CHUPDFအပါအဝင် ညီနောင်မဟာမိတ်အဖွဲ့ (၁၂) ဖွဲ့မှ လက်တွဲညီညီ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၆။ ဒီပဲယင်းမြို့နယ်အနောက်ဘက်ခြမ်းက ဆပ်ပြာကျင်းရွာကို အကြမ်းဖက် စစ်တပ်ကလေယာဥ်နဲ့လာရောက်ပစ်ခတ်


ဇူလိုင် ရက်နေ့မှာ လေယာဉ်နှစ်စီးနဲ့ဆပ်ပြာကျင်းရွာကိုလာရောက်ပစ်ခတ်ခဲ့တာလို့ ဒီပဲယင်းအခြေစိုက် ကောင်းကင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။


"ဒီပဲယင်းမြို့နယ်အနောက်ဘက်ခြမ်းက ဆပ်ပြာကျင်းရွာကိုစကစတပ်တွေက ဇူလိုင် ရက် လေယာဉ်နှစ်စီးနဲ့ ရွာပေါ်ကိုအကြာကြီးဝဲပြီးသေနတ်တွေနဲ့ လာပစ်တယ်။ရွာသူရွာသားတွေက လေယာဉ်သံကြားတာနဲ့ လွတ်မြောက်ရာအကုန်ထွက်ပြေးကြလို့ အထိအခိုက်တော့မရှိလိုက်ပါဘူး။အိမ်တွေကိုတော့ ထိခိုက်မှုရှိပါတယ်။ ရွာသူရွာသားအားလုံးဘေးကင်းကြပါတယ်"လို့ဆိုပါတယ်။ စစ်ကိုင်းတိုင်းတွင်း မြို့နယ်အချို့မှ ရွာများကို စကစတပ်များဟာ တိုက်ပွဲ ဖြစ်ပွာခြင်းမရှိဘဲ လေကြောင်းမှ ပစ်ခတ်ခြင်း၊ ကင်းထောက်ဝဲပျံခြင်းတို့ရှိပါတယ်။


========================


📌📌 ၇။ အကြမ်းဖက် အာဏာလု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြုတ်ကျရေး ဆွီဒင်နိုင်ငံမှာ လူထုဆန္ဒပြပွဲကိုမြန်မာပြည်ဖွားများ ကျင်းပခဲ့


ဇူလိုင် ရက် နေ့ မှာ ဆွီဒင်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာပြည်ဖွား လူမျိုး / ဘာသာ အဖွဲ့ပေါင်းစုံစုစည်းကာ ဆန္ဒဖော်ထုတ် တောင်းဆိုမှုများကိုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို SWEDISH MYANMAR SUPPORTING COMMUNITY (SMSC) အဖွဲ့က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီးတော့ တက်ရောက်လာသူဦးရေ ၅၀ ကျော်ရှိခဲ့ပါတယ်။ SMSC အဖွဲ့က ဆန္ဒပြပွဲကို အစီအစဉ်အတိုင်းကျင်းပခဲ့ကြပြီး တက်ရောက်လာသူများထဲမှ မိမိတို့ကိုးကွယ်ရာဘာသာများအလိုက် ဆုတောင်းမေတ္တာများ ပို့သခြင်းများ၊ တော်လှန်ရေး သီချင်းများ သီဆိုခြင်းများ၊  ကြွေးကြော်သံများဖြင့် တောင်းဆိုမှုများကို အားပါးတရ အော်ဟစ်တောင်းဆိုခဲ့ကြခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment