၂၀၂၂ ဇူလိုင်လ ၄ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ဆုံးဖြတ်
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင် ခံကောင်စီ (ICNCC) တို့တွေ့ဆုံ
📌 ၃။ ကနီမြို့နယ်၊ ကျေးရွာတစ်ရွာ၌ NUG ပညာရေးစုံညီပွဲတော် နှင့် အာစရိယ ပူဇော်ပွဲ ကျင်းပ
📌 ၄။ ဆားလင်းကြီးမြို့နယ်အတွင်းရှိ မီးရှို့ခံရသောကျေးရွာတစ်ရွာသို့ အိမ်ထောင်စုတစ်စုလျှင်ကျပ်ငါးသောင်း မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ကထောက်ပံ့ကူညီ
📌 ၅။ နှလုံးလှလူမိုက်ကြီးများအဖွဲ့ မြင်းခြံမှရေမြုပ်မိုင်းစမ်းသပ်ထုတ်လုပ်မှုအောင်မြင်
📌 ၆။ အင်းတကော် PDF က လက်လုပ်သေနတ်များထုတ်လုပ်အောင်မြင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ဆုံးဖြတ်
အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ဆုံးဖြတ်လိုက်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းကပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းအား THN freelance journalist မှ တွေ့ဆုံမေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။
"ကျနော်တို့အနေနဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲဖို့အချိန်တန်ပြီလို့ ကျနော်တို့ဆုံးဖြတ်လိုက်ပါတယ်။မင်းအောင်လှိုင်နဲ့စစ်ကောင်စီက မြေပြင်ကို မထိန်းချုပ်နိုင်တော့ဘူး။မြေပြင်ကလူထုလက်ထဲမှာ ရှိပြီဖြစ်တဲ့အတွက် အသွင်ကူးပြောင်းရေးကာလ စတင်နေပြီ"လို့ဝန်ကြီးကပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နယ်မြေစိုးမိုးမှုတွင် တိုင်းဒေသကြီးများဖြစ်သော စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း(မြောက်ပိုင်း)တို့ရှိ အဓိကလမ်းမကြီးများအား ၉၀ ရာခိုင်နှုန်းခန့်နှင့် ကျေးရွာအများစုကို၈၀ ရာခိုင်နှုန်းကိုPDF များက စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင် ခံကောင်စီ (ICNCC) တို့တွေ့ဆုံ
အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင် ခံကောင်စီ (ICNCC) တို့တွေ့ဆုံခဲ့ပါတယ်။ ဇူလိုင် ၂ ရက်နေ့မွန်းလွဲပိုင်းမှာ မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့တွေ့ဆုံဆွေးနွေးခဲ့တာပါ။
မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့အကြား ဆက်လက်ပူးပေါင်းလုပ်ဆောင်ရမယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရမဟာမိတ်ဆက်ဆံရေးကော်မတီကို အကြမ်းဖက်စစ်ကောင်စီကို ဖြုတ်ချနိုင်ရေး၊ အာဏာရှင်စနစ် အဆုံးသတ်နိင်ရေး စစ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ လူမှုရေးနဲ့ အုပ်ချုပ်ရေးကိစ္စရပ်တွေအတွက်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၃။ ကနီမြို့နယ်၊ ကျေးရွာတစ်ရွာ၌ NUG ပညာရေးစုံညီပွဲတော် နှင့် အာစရိယ ပူဇော်ပွဲ ကျင်းပ
ကနီမြို့နယ်၊ ကျေးရွာတစ်ရွာ၌ NUG ပညာရေးစုံညီပွဲတော် နှင့် အာစရိယ ပူဇော်ပွဲ ကျင်းပခဲ့ပါတယ်။ ဇူလိုင် ၃ ရက်နေ့မှာ ပညာရေးစုံညီပွဲတော်ကိုကျင်းပခဲ့ကာ ဆရာ၊ ဆရာမများကိုလည်း ကန်တော့ပွဲကျင်းပခဲ့တာလို့ ဒေသခံသတင်းအရင်းအမြစ်တွေကသိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ယင်းမာပင်မြို့နယ်မှာ မိုးရာသီအားကစားပွဲတော်ကျင်းပခဲ့ပါသေးတယ်။ စစ်ကိုင်းတိုင်းမှာ ပြည်သူ့ပညာရေးကျောင်းပေါင်းရာနဲ့ချီ ရှိကာ သင်ကြားလျက်ရှိသောကျောင်းသား၊ကျောင်းသူ ထောင်နဲ့ချီ ရှိပါတယ်။
========================
📌📌 ၄။ ဆားလင်းကြီးမြို့နယ်အတွင်းရှိ မီးရှို့ခံရသောကျေးရွာတစ်ရွာသို့ အိမ်ထောင်စုတစ်စုလျှင်ကျပ်ငါးသောင်း မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ကထောက်ပံ့ကူညီ
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ မီးရှို့ခံရသောကျေးရွာတစ်ရွာသို့ အိမ်ထောင်စုတစ်စုလျှင်ကျပ်ငါးသောင်း မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ကထောက်ပံ့ကူညီခဲ့ပါတယ်။ ဇူလိုင် ၃ ရက်နေ့မှာ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
"မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့မှ ဆားလင်းကြီးမြို့နယ်အတွင်းရှိ မီးရှို့ခံရသောကျေးရွာတစ်ရွာသို့ အိမ်ထောင်စုတစ်စုလျှင် ၅၀၀၀၀ကျပ်စီဖြင့် အိမ်ထောင်စု (၁၃) အိမ်တိတိကိုသွားရောက်ပြီးထောက်ပံကူညီပေးခဲ့ပါတယ်"လို့ဆိုပါတယ်။ ထပ်မံပြီး သွားရောက်ထောက်ပံ့ရမယ့်ကျေးရွာများကျန်ရှိနေသေးတယ်လို့လည်းသိရပါတယ်။ စကစတပ်များဟာ နယ်မြို့များမှာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးရာမှာ စစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့ချင်းပြည်နယ်တို့ပါဝင်ပါတယ်။
========================
📌📌 ၅။ နှလုံးလှလူမိုက်ကြီးများအဖွဲ့ မြင်းခြံမှရေမြုပ်မိုင်းစမ်းသပ်ထုတ်လုပ်မှုအောင်မြင်
နှလုံးလှလူမိုက်ကြီးများအဖွဲ့ မြင်းခြံမှရေမြုပ်မိုင်းစမ်းသပ်ထုတ်လုပ်မှုအောင်မြင်တယ်လို့သတင်းရရှိပါတယ်။ ဇူလိုင် ၃ ရက်နေ့မှာ စမ်းသပ်ထုတ်လုပ်မှုအောင်မြင်တဲ့ရေမြုပ်မိုင်းကို ဖောက်ခွဲပြသခဲ့ပါတယ်။
"မြင်းခြံခရိုင်အမှတ် (၅) တပ်ရင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့က ဇူလိုင် ၂ ရက် နေ့ရေမြုပ်မိုင်း (၅) လုံးအားစမ်းသပ်ခဲ့ရာ အောင်မြင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ နှလုံးလှလူမိုက်ကြီးများအဖွဲ့ မြင်းခြံအဖွဲ့ဟာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တော်လှန်နေတဲ့တော်လှန်ရေးအင်အားစုတစ်ဖွဲ့လည်းဖြစ်ပါတယ်။
========================
📌📌 ၆။ အင်းတကော် PDF က လက်လုပ်သေနတ်များထုတ်လုပ်အောင်မြင်
အင်းတကော် PDF က လက်လုပ်သေနတ်များထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ ဇူလိုင် ၃ ရက်နေ့မှာ သေနတ်များ တီထွင်အောင်မြင်ကြောင်း အင်းတကော်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။
"အာဏာရှင်လက်ကိုင်တုတ်များအား ပြတ်ပြတ်သားသား ချေမှုန်းရန် နီးကပ်လာပါသဖြင့် ရဲဘော်တစ်ဦးခြင်းစီအား မောင်းပြန်များမဆင်နိုင်သော်လည်း ကျနော်တို့ရဲဘော်လေးများ၏ကိုယ်စွမ်း ညာဏ်စွမ်းဖြင့် ကြိုးစားလုပ်ကိုင်အောင်မြင်နေပြီဖြစ်တဲ့လက်နက်တချို့အား ထောက်ပို့တပ်သားများ ကျေနပ်အားရမှုရှိနိုင်စေရန် တင်ပြပေးလိုက်ရပါတယ်"လို့ ဆိုပါတယ်။ တီထွင်အောင်မြင်သော လက်လုပ်သေနတ်များကို အင်းတကော် PDF က စမ်းသပ်ပစ်ခတ်ပြခဲ့ပါတယ်။
No comments:
Post a Comment