21st AUG 2022 - Morning Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၂၁ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ၏ထုတ်ပြန်ချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ လွန်စွာစိတ်ပျက်

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးဌာန MoPFI နှင့် CTER အရေးပေါ်ကယ်ဆယ်ရေးဆက်စပ်ဆောင်ရွက်မှုအဖွဲ့ (ကရင်နီ) တို့ ပူးပေါင်း၍ NUG Bond for Karenni ကို စတင်ရောင်းချ

📌 ၃။ စစ်ကောင်စီရဲ့ ပြုသမျှ နုနေရမှာ အဆုံးသတ်မဟုတ်ဘူးလို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်

📌 ၄။ ပြည်သူ့လှူဒါန်းငွေနဲ့ရောက်လာတဲ့ RPG PRA တပ်မတော် တပ်ရင်း () သို့ ယနေ့လွှဲပြောင်းပေးအပ်

📌 ၅။ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်၊ စစ်ကိုင်းခရိုင်တပ်ရင်း () နှင့်ဒေသခံပကဖများမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများအရှင်ဖမ်းဆီးရမိ

📌 ၆။ စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်ကပြူရွာပေါင်းဝရွာများကိုစကစတပ်ကရဟတ်ယာဥ်များနဲ့ပစ်ခတ်တိုက်ခိုက်

📌 ၇။ စစ်ထောက်လှမ်းရေးတစ်ဦးအားမြိုင်-ပခုက္ကူလမ်းပိုင်းမှာ မြိုင်ပကဖက ဖမ်းဆီးရမိ၍ စစ်ဆေးနေစဥ် ခုခံထွက်ပြေးသဖြင့် အသေပစ်ခတ်ဖမ်းဆီးမိ



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ၏ထုတ်ပြန်ချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ လွန်စွာစိတ်ပျက်


ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ၏ထုတ်ပြန်ချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ လွန်စွာစိတ်ပျက်မိတယ်လို့ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကကြေညာချက်အမှတ် (၁၉/၂၀၂၂) နဲ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ၏ထုတ်ပြန်ချက်အပေါ်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရသည် လွန်စွာစိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားလိုပါတယ်လို့ဆိုပါတယ်။


အဆိုပါကြေညာချက်မှာ အထူးသံတမန်သည် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံမှု ပါရှိပြီး ကျယ်ကျယ်ပြန့်ပြန့်သတိပေးချက်များကြားမှ မစ္စနိုလင်းဟေဇာ၏တွေ့ဆုံမှုဖြစ်တယ်လို့ဆိုပါတယ်။ အထူးသံတမန်က အစည်းအဝေးသည် စစ်အာဏာရှင်တို့အားမည်သည့်နည်းဖြင့်မျှ တရားဝင်ခွင့်ပေးခြင်းမဟုတ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ခြင်းအား ကျွန်ုပ်တို့ အသိအမှတ်ပြုပါတယ်။


ယခုတွေ့ဆုံမှုသည် အကြမ်းဖက်မှုများရပ်စဲရေး၊ လူ့အခွင့်အရေးအားလေးစားမှု၊ လိုအပ်နေသူများ အားလုံးထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများရရှိရေးများအတွက် ထပ်မံတောင်း ဆိုမှုပြုခြင်းသာဖြစ်တယ်လို့ဖော်ပြပါတယ်။ အထူးသံတမန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် အရပ်သား နေအိမ်များကို မီးရှို့ ခြင်းများကို အဆုံးသတ်ရန်လည်း တောင်းဆိုခဲ့ပြီးတော့ ထိုတောင်းဆိုချက်များအတွက် အမျိုးသားညီညွတ်ရေးအစိုးရ က အသိအမှတ်ပြုပါတယ်လို့ဆိုပါတယ်။


သို့သော် ထိုသို့ထပ်ခါတလဲလဲ တောင်းဆိုမှုများသည် အသေးစိတ် ဆက်လက်ဆောင်ရွက်ရမည့်အကျိုးဆက်များနှင့် မဖြစ်မနေချိတ်ဆက်ထားခြင်းရှိရမည်ဖြစ်ကာ အရပ်သားနေအိမ်များမီးရှို့ခြင်းကို အဆုံးသတ်ရန် အထူးသံတမန်ကတောင်းဆိုပြီးလျှင်ပြီးချင်းမှာပင် မကွေးတိုင်းအတွင်းရှိအိမ်ခြေ ၆၀၀ ရှိသောရွာကြီးတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာပြည်သူလူထု၏တရားဝင်ကိုယ်စားပြုပြီး အကြမ်းဖက် စစ်အာဏာရှင်များအပေါ် တရားဝင်မှုကိုအပ်နှင်း၍မရနိုင်ကြောင်း အထူးသံတမန်သည် သတိပြုသင့်တယ်လို့ဆိုပါတယ်။ အထူးသံတမန်သည် စစ်ရာဇ၀တ်ကောင်၊ သူ၏ဝန်ကြီးတို့နှင့် လက်ဆွဲနှုတ်ဆက်ကာ ဓာတ်ပုံရိုက်ခွင့်ပြု ခြင်းအားဖြင့်  ကြိုတင်ခန့်မှန်းထားသည့်အတိုင်းပင် အကြမ်းဖက်စစ်ကောင်စီ၏ဝါဒဖြန့်မှုအတွက် ကြားခံအဖြစ် အသုံးချခြင်း ခံခဲ့ရတယ်လို့ဖော်ပြပါတယ်။


အထူးသံတမန်က သူမ၏ထုတ်ပြန်ကြေညာချက်တွင်မြန်မာပြည်သူများတွင် ကြောက်ရွံ့ခြင်းနှင့် လိုချင်တောင့်တရမှုကင်းဝေးသော ဒီမိုကရေစီနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည်ဟု အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ဆွေးနွေးပွဲဟာပြည်သူများ၏ ဆန္ဒနှင့် ပြည်သူများ၏ လိုအပ်ချက်များကို အခြေခံ၍ အရပ်သား အုပ်ချုပ်မှုသို့ ပြန်လည်ရောက်ရှိရန်အတွက် ထိရောက်ပြီး ငြိမ်းချမ်းသည့် မြန်မာတို့ကိုယ်တိုင် ဦးဆောင်သော နိုင်ငံရေးလမ်းကြောင်းကို ပံ့ပိုးကူညီရန်ပိုမိုကျယ်ပြန့်သော ကုလသမဂ္ဂ ကြိုးပမ်းမှု၏ အစိတ်အပိုင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါတယ်။


စစ်အာဏာရှင်တို့၏ ရက်စက်ကြမ်းကြုတ်မှုများ၊ ကုလသမဂ္ဂ၏အရေးယူဆောင်ရွက်မှုများ မရှိသော်လည်း မြန်မာပြည်သူများသည် ၎င်းတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို နေ့စဉ်နှင့်အမျှ ကျင့်သုံးခဲ့ပြီး ဒီမိုကရေစီနှင့် အရပ်သားအုပ်ချုပ်ရေးတို့အတွက် အခွင့်အရေးဆိုင်ရာအခြေပြုသော တော်လှန်ရေးကြီးတစ်ရပ်ကို ဆင်နွှဲခဲ့သည်မှာ ၁၈ လကျော်ရှိခဲ့ပြီဖြစ်ပါတယ်။


အထူးသံတမန်က ပေးလိုက်ရသည့် မိမိ၏ နိုင်ငံရေးအရအနေအထားရပ်တည်ချက်ကိုနှိမ့်ချ ရင်းနှီး လိုက်ရမှုအတွက် 'ပွင့်ပွင့်လင်းလင်းပြောဆိုမှုများဖြင့် ဆက်လက်ထိတွေ့ဆက်ဆံရန်အစီရင်ခံစာတွင် ဖော်ပြထားသော သဘောတူညီချက်ထက်ကျော်လွန်ပြီး စစ်အာဏာရှင်တို့ထံမှ လိုက်လျောမှုတစ်စုံတစ်ရာ ရယူနိုင်ခြင်း ရှိမရှိကိုလည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။ 


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားအရေးကြီးလှသော အကျိုးသက်ဆိုင်သူအဖြစ်ဖော်ပြပြီး အထူးသံတမန်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်သူမ၏ လက်ရှိအခြေအနေမှ မကြာမီအိမ်ပြန်နိုင်မည်ဟုမျှော်လင့်ကြောင်း ဖော်ပြခဲ့ပါတယ်။ ထိုသို့ဖော်ပြခြင်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား သီးသန့်ချုပ်နှောင်ထားဆဲဖြစ်ပြီး အထူးသံတမန် လာရောက်ကြောင်း ကြေညာ သည့်နေ့တွင်ပင် စစ်အာဏာရှင်တို့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အားနိုင်ငံရေးအရထောင်ဒဏ် ချမှတ်ခြင်းအား ခြောက်နှစ် ထပ်မံထည့်သွင်းချမှတ်ခဲ့ခြင်း အပေါ်လျစ်လျူရှုခဲ့ခြင်းပင် ဖြစ်တယ်လို့ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီ၏ မကြာသေးမီက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူလေးဦးအား တရားလက်လွတ်ကွပ်မျက်မှုအတွက် အထူးသံတမန်ကနောင်တွင် ကွပ်မျက်မှုအားလုံးကို ဆိုင်းငံ့ထားရန်တောင်းဆိုခဲ့သော်လည်း အဆိုပါရက်စက်ကြမ်းကြုတ်မှုများ၏ နောက်ကွယ်တွင်ရှိနေသည့် တရားမ၀င်တံခါးပိတ် စစ်ခုံရုံးများ၏ စီရင်မှုဖြင့် ကွပ်မျက်ခြင်းမှာ လူသတ်မှုဖြစ်ကြောင်း ဖော်ပြမထားပါ။ အထူးသံတမန်က တွေ့ဆုံမှု၏ ရည်ရွယ်ချက်မှာ စစ်အစိုးရနှင့် 'လက်တွေ့ကျသော ခြေလှမ်းများ' ကို ဆွေးနွေးရန် ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။


လူထုတော်လှန်ရေးကို ထောက်ခံအားပေးရန်နှင့် စစ်အာဏာရှင်တို့၏ အကြမ်းဖက်မှုများ ၊ထောက်ပံ့ ကူညီမှုများအား လက်နက်သဖွယ်အသုံးချနေမှု၊ နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်ညှဉ်းပမ်းနေမှု နှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေခြင်းများအားအဆုံးသတ်ရေးတို့အတွက် ကုလသမဂ္ဂ၏ကြိုးပမ်းမှု အားလုံးတွင် လက်တွေ့ကျကျမြင်နိုင်ရန်ပြသရမည်သာဖြစ်ပါတယ်။


အတိုချုပ်ပြောရပါက အကြမ်းဖက် စစ်အာဏာရှင်တို့အား ကျေနပ်စေရန်ချော့နေခြင်းများသာဖြစ်နေပါတယ်။ ပြည်သူလူထု၏ ယုံကြည်မှုကို ပြန်လည်ရရှိရန်အခွင့်အလမ်းအတွက် အထူးသံတမန်သည် အမျိုးသား ညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လူသိရှင်ကြား မိတ်ဖက်ဆက်ဆံရေးကို အားကောင်းစေရမည်ဖြစ်ပြီး၊ ပြည်သူလူထု၏ ဆန္ဒကို အမှန်တကယ် နားထောင်ကာ လေးစားလိုက်နာရန် လိုအပ်ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ကြေညာပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးဌာန MoPFI နှင့် CTER အရေးပေါ်ကယ်ဆယ်ရေးဆက်စပ်ဆောင်ရွက်မှုအဖွဲ့ (ကရင်နီ) တို့ ပူးပေါင်း၍ NUG Bond for Karenni ကို စတင်ရောင်းချ


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးဌာန MoPFI နှင့် CTER အရေးပေါ်ကယ်ဆယ်ရေးဆက်စပ်ဆောင်ရွက်မှုအဖွဲ့ (ကရင်နီ) တို့ ပူးပေါင်း၍ NUG Bond for Karenni ကို စတင်ရောင်းချလျက်ရှိပါတယ်။ သြဂုတ်လ၂၀ ရက်နေ့မှာ ယူနိုက်တက်ဘွန်းကအသိပေးဆိုပါတယ်။


"အာဏာရှင်စံနစ်ချုပ်ငြိမ်းရန် တော်လှန်ရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် ပါဝင် အားဖြည့်ဖို့ အခွင့်အလမ်းများ ရောက်ရှိလာပါပြီ။အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးဌာန MoPFI နှင့် CTER အရေးပေါ်ကယ်ဆယ်ရေးဆက်စပ်ဆောင်ရွက်မှုအဖွဲ့ (ကရင်နီ) တို့ ပူးပေါင်း၍ NUG Bond for Karenni ကို စတင်ရောင်းချနေပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်"လို့ ဆိုပါတယ်။


ငွေတိုက်စာချုပ် ရောင်းရငွေများအား ကရင်နီပြည်အတွင်း စစ်အာဏာချုပ်ငြိမ်းရေးအတွက် ကာကွယ်ရေး အသုံးစရိတ်နှင့် လူထုလုံခြုံရေးအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။ ကရင်နီပြည် အမြန်ဆုံးလွတ်မြောက်ဖို့နှင့် မြန်မာပြည်တစ်နိုင်ငံလုံး တော်လှန်ရေး အမြန်ဆုံး အောင်ပွဲ ခံနိုင်ရေးအတွက် NUG Bond for Karenni ငွေတိုက်စာချုပ်အား ဝယ်ယူအားပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီရဲ့ ပြုသမျှ နုနေရမှာ အဆုံးသတ်မဟုတ်ဘူးလို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်


စစ်ကောင်စီရဲ့ ပြုသမျှ နုနေရမှာ အဆုံးသတ်မဟုတ်ဘူးလို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်ပါတယ်။ သြဂုတ်လအတွင်းမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုကွန်ရက်မှာရေးသားပြောပါတယ်။


"ဖမ်းဆီးနှိပ်စက် သတ်ဖြတ် မီးရှို့ခံရ၊ပြုသမျှ နုနေရမှာ ဒါအဆုံးသတ်မဟုတ်ဘူး။နာကျည်းမှုတွေအထပ်ထပ်များ၊လူသားစာနာနေ့လို့ အော်နေလည်း ကမ္ဘာကြီးက မဆိုင်နေဆဲ။ပြည်သူအား အကြားမရှိတော့။ရဲရဲကြီး တုန့်ပြန်ကြတာ ငါတို့ဘာသာခုစွမ်းရည်နဲ့ အပြည့်ဇွဲ၊ပွဲဆက်ကကြ မကြာဘူးမိုးလင်းမှာမလွဲ"လို့ ဝန်ကြီးကဆိုပါတယ်။ စကစတပ်များဟာ စစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့ ချင်းပြည်နယ်က မြို့များရှိ ကျေးရွာများကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုများကျူးလွန်ပြီး ဒေသခံတို့ကိုသတ်ဖြတ်ခဲ့ကြပါတယ်။ လက်ရှိမှာ ပြည်သူ့ခုခံတွန်းလှန်စစ်မှ တိုက်စစ်သို့ ကူးပြောင်းရန် ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ရေးအရှိန်မြှင့်လျက်ရှိပါတယ်။


========================


📌📌 ၄။ ပြည်သူ့လှူဒါန်းငွေနဲ့ရောက်လာတဲ့ RPG PRA တပ်မတော် တပ်ရင် း(သို့ ယနေ့လွှဲပြောင်းပေးအပ်


ပြည်သူ့လှူဒါန်းငွေနဲ့ရောက်လာတဲ့ RPG PRA တပ်မတော် တပ်ရင်း (သို့ ယနေ့လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ သြဂုတ်လ၂၀ရက်မှာ ပြည်သူ့တော်လှန်ရေး တပ်မတော် ဗိုလ်ဂျပန်ကအသိပေးဆိုပါတယ်။


"ပြည်သူတွေ လှူဒါန်းငွေနဲ့ ရောက်ရှိလာတဲ့ ဖျက်အားပြင်း (RPG ကြီး) ကို လက်သံပြောင်လှသည့် PRA တပ်မတော် တပ်ရင်း()သို့ ယနေ့လွှဲပြောင်းပေးအပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ပြည်သူ့ မျက်နှာကလွဲပြီး ဘယ်မျက်နှာမှ မကြည့်နိုင်ဘူးဆိုတဲ့ PRA တပ်မတော် တပ်ရင်း () အနေဖြင့် စကစ ကိုဒီထက်မက ရင်ဆိုင်နိုင်လိမ့်မယ်လို့ဗိုလ် ဂျပန်ကဆိုပါတယ်။


========================


📌📌 ၅။ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်၊ စစ်ကိုင်းခရိုင်တပ်ရင်း () နှင့်ဒေသခံပကဖများမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများအရှင်ဖမ်းဆီးရမိ


စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်၊ စစ်ကိုင်းခရိုင်တပ်ရင်း () နှင့်ဒေသခံပကဖများမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများအရှင်ဖမ်းဆီးရမိတယ်လို့ဆိုပါတယ်။ ဩဂုတ်လ (၂၀) ရက်မှာ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်၊ စစ်ကိုင်းခရိုင်တပ်ရင်း ကအတည်ပြုဆိုပါတယ်။


"စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်၊ စစ်ကိုင်းခရိုင်ရင်း () ​ လူပ်ရှားဒေသတစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းမှ စစ်ကောင်စီတပ်သားတချို့ကို ဒေသခံ ပကဖများနှင့်အတူ ဖမ်းဆီးရရှိခဲ့ပါတယ်"လို့ ဆိုပါတယ်။


အဆိုပါဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများအား ဘေးကင်းရာသို့ပို့ဆောင်ခဲ့ပြီး ၎င်းတို့ကျူးလွန်ခဲ့သော လူအခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင် ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ အသေးစိတ်အချက်အလက်များကိုတော့ နယ်မြေလုံခြုံရေးအခြေအနေရ ဖော်ပြနိုင်ခြင်းမရှိသေးဘူးလို့ဆိုထားပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်ကပြူရွာပေါင်းဝရွာများကိုစကစတပ်ကရဟတ်ယာဥ်များနဲ့ပစ်ခတ်တိုက်ခိုက်


စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်ကပြူရွာပေါင်းဝရွာများကိုစကစတပ်ကရဟတ်ယာဥ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ သြဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ နာရီ ၃၅ အချိန်မှာ အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်နဲ့ပစ်ခတ်တာလို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုတပ်ဖွဲ့ကဆိုပါတယ်။


"သြဂုတ်လ ၂၀ ရက်နေ့  မွန်းလွဲ နာရီ ၃၅ အချိန်မှာ mi17/နှစ်စီး နာရီ ၅၅ အချိန်မှာ Mi35/နှစ်စီးနှင့် စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်ကပြူရွာပေါင်းဝရွာများကိုဝေဟင်မှဗုံးကြဲစက်လတ်ကြီးများဖြင့်ပစ်ခတ်ပါတယ်"လို့ဆိုပါတယ်။ လတ်တလောမှာ မြေပြင်ထိခိုက်မှုအခြေအနေ အတည်ပြုစုံစမ်းနေဆဲဖြစ်ပါတယ်။ သြဂုတ်လ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာကို လေကြောင်းပစ်ခတ်မှုနဲ့အတူမြေပြင်ပါစ်ကြောင်းထိုး၍ အရပ်သားအပါအဝင် အားလုံး ၁၈ ဦးသေဆုံးခဲ့ပါတယ်။


========================


📌📌 ၇။ စစ်ထောက်လှမ်းရေးတစ်ဦးအားမြိုင်-ပခုက္ကူလမ်းပိုင်းမှာ မြိုင်ပကဖက ဖမ်းဆီးရမိ၍ စစ်ဆေးနေစဥ် ခုခံထွက်ပြေးသဖြင့် အသေပစ်ခတ်ဖမ်းဆီးမိ


စစ်ထောက်လှမ်းရေးတစ်ဦးအားမြိုင်-ပခုက္ကူလမ်းပိုင်းမှာ မြိုင်ပကဖက ဖမ်းဆီးရမိ၍စစ်ဆေးနေစဥ် ခုခံထွက်ပြေးသဖြင့် အသေပစ်ခတ်ဖမ်းဆီးမိတယ်လို့ဆိုပါတယ်။ သြဂုတ်လ၂၀ ရက် ညနေပိုင်းမှာ စစ်ထောက်လှမ်းရေးဆိုသူအား မြိုင်ပကဖက  မြိုင်-ပခုက္ကူလမ်းပိုင်းမှာဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။


"မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ  စကစမှစေလွှတ်လိုက်သော စစထောက်လှမ်းရေးတစ်ဦးအား ဩဂုတ်လ ၂၀ ရက် ညနေ နာရီခန့်အချိန်တွင် မြိုင်-ပခုက္ကူလမ်းပိုင်း၌ ဖမ်းဆီးရမိခဲ့ပါတယ်။ယင်းစစ်ထောက်လှမ်းရေးဟာ ရဲဘော်များအား ပြန်လည်ခုခံထွက်ပြေးသဖြင့် မိမိအဖွဲ့မှ လိုက်လံပစ်ခတ်ခဲ့ရာ သေပစ်ခတ်ရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


ယင်းစစ်ထောက်လှမ်းရေးထံမှ သိမ်းဆည်းရမိသောပစ္စည်းများမှာ စာရွက်စာတမ်းများ၊ Go-pro Hero 9 ကင်မရာ () လုံးနှင့် စပ်ဆက်ပစ္စည်းများ၊ 4k video camera ()လုံး၊ BOYA M1 မိုက်ကရိုဖုန်း () ခု၊ DJI OM4 () ခု၊ Spy camera glass () ခု၊ Tripod () ခု၊ Go-pro Hero 9/10 waterproof () ခု၊ အားသွင်းကြိုးမျိုးစုံ၊ ပိုက်ဆံအိတ် () အိတ်၊ ဖုန်း ()လုံး နှင့် ကင်မရာစပ်ဆက်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment