26th AUG 2022 - Evening Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၂၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အခွန်ကောက်ခံမှုအပိုင်းမှာ ပြည်သူများ ဝန်မပိစေရန် ဆောင်ရွက်ကြဖို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတိုက်တွန်းပြောကြား

📌 ၂။ အရပ်သားတွေကို မှားယွင်းသတ်ဖြတ်တာဟာ ရာဇဝတ်မှုမြောက်လို့ ဥပဒေအရ အရေးယူခံရမှာဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်

📌 ၃။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းရဲ့ သစ်ထွင်းပန်းချီ ဆန်ရေ Project ၂၄ နာရီအတွင်း ကံစမ်းမဲလက်မှတ်စောင်ရေ တစ်ထောင်ကျော်ရောင်းရကာ အမေရိကန်ဒေါ်လာ 106,500 ရရှိထား

📌 ၄။ မကွေးတိုင်း ပခုက္ကူမြို့၊မြို့သစ်ရှိ အမှတ် () ချည်မျှင်နှင့်အထည် စက်ရုံရှိဗိုလ်မှူး အောင်ဇော်ဦးအား ဝင်ရောက်ဖမ်းဆီးရာ ပြန်လည်ပစ်ခတ်ခုခံ၍  ဗိုလ်မှူးနဲ့ ၄င်းဇနီးဖြစ်သူတို့သေဆုံး

📌 ၅။ “Spring Yangon Investment” တော်လှန်ရေးရန်ပုံငွေ အိမ်ယာစီမံကိန်းများကိုအစောဆုံးဝယ်ယူသူများ နှစ်သက်ရာမြေကွက်ကိုရွေးချယ်ကာ တော်လှန်ရေးကာလ ၄၀ ရာခိုင်နှုန်းသာပေးသွင်း၍ အရစ်ကျပေးချေဝယ်ယူနိုင်

📌 ၆။ လာမယ့်နွေဦးမှာ အကြမ်းဖက် ခေါင်းဆောင်မင်းအောင်လှိုင်ကို အလဲထိုးကြမယ်လို့ ဩစတြေးလျနိုင်ငံ NUG ကိုယ်စားလှယ်ဆို

📌 ၇။ ကျွန်းလှမြို့နယ် ဆည်အနောက်ဘက်ခြမ်းရှိ ကုန်းစည်းရွာအား စကစတပ်များ ယနေ့မနက် မီးရှို့ဖျက်ဆီး




ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အခွန်ကောက်ခံမှုအပိုင်းမှာ ပြည်သူများ ဝန်မပိစေရန် ဆောင်ရွက်ကြဖို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတိုက်တွန်းပြောကြား


အခွန်ကောက်ခံမှုအပိုင်းမှာ ပြည်သူများ ဝန်မပိစေရန် ဆောင်ရွက်ကြဖို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သြဂုတ်လ၂၅ ရက်နေ့တွင်ကျင်းပခဲ့တဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။


"အခွန်ကောက်ခံမှုအပိုင်းတွင်လည်း ပြည်သူများ ဝန်မပိစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆက်လက်ပြောကြားလိုသည်မှာ တရားစီရင်ရေးကဏ္ဍ အခက်အခဲများကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ နိဂုံးဝန်ကြီးဌာနအလိုက် ဆောင်ရွက်စရာများအပြင် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း ညီညွတ်စွာ ဆောင်ရွက်သွားကြပါရန်"ဝန်ကြီးချုပ်ကဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရသို့  အခွန်ဆောင်သော လုပ်ငန်းငယ်များရှိနေပြီး အခွန်ဌာနမှ လုံခြုံရေးကို အဓိကထားဆောင်ရွက်ပေးလျက်ရှိနေပါတယ်။


========================


📌📌 ၂။ အရပ်သားတွေကို မှားယွင်းသတ်ဖြတ်တာဟာ ရာဇဝတ်မှုမြောက်လို့ ဥပဒေအရ အရေးယူခံရမှာဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်


အရပ်သားတွေကို မှားယွင်းသတ်ဖြတ်တာဟာ ရာဇဝတ်မှုမြောက်လို့  ဥပဒေအရ အရေးယူခံရမှာဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားလိုက်ပါတယ်။ သြဂုတ်လ၂၆ ရက်နေ့မှာ Radio NUG ကမေးမြန်းမှုနှင့်ပတ်သက်ပြီး လူ့အခွင့်ရေးရာဝန်ကြီးက အခုလိုရှင်းလင်းပြောကြားထားပါတယ်။


(((((((လူ့အခွင့်ရေးရာဝန်ကြီး-ဦးအောင်မျိုးမင်း))))))))


ဆောမြို့နေ ဦးခင်မောင်လင်းနှင့် မိသားစုဝင်များ ကို သြဂုတ်လ ၂၁ ရက်နေ့ည တနင်္ဂနွေနေ့ () နာရီခန့်အချိန်တွင်  ဒလံရှင်းလင်းသုတ်သင်ရေး ခေါင်းစဥ်ဖြင့် လက်နက်ကိုင် လူတစ်စုမှ  ဝင်ရောက် ပစ်ခတ်သတ်ဖြတ်သဖြင့်   သေဆုံးသူ ဦးနှင့် ဒဏ်ရာရှိသူ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်များဟာ အမှန်တရားအတွက်တိုက်ပွဲဝင်တာဖြစ်တဲ့အတွက် မိမိလုပ်ရပ်တိုင်းအပေါ်မှာ တာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အတွင်းဝန် ဦးနိုင်ထူးအောင်ကလည်း ယခုလို Radio NUGကိုဖြေကြားပါတယ်။


((((((အတွင်းဝန်  ဦးနိုင်ထူးအောင်))))))


မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၃၀) နဲ့ (၅၇)လမ်းထောင့်မှာသြဂုတ်လ၂၃ရက်နေ့က လင်မယားနှစ်ဦးကိုTiger Force Mandalay အဖွဲ့က မှားယွင်းပစ်ခတ်၍ လင်မယားနှစ်ဦးစလုံးသေဆုံးခဲ့ပြီးတော့ လူမမယ် ကလေးငယ်မိန်းကလေးတစ်ဦးကျန်ရစ်ခဲ့ပါတယ်။


========================


📌📌 ၃။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းရဲ့ သစ်ထွင်းပန်းချီ ဆန်ရေ Project ၂၄ နာရီအတွင်း ကံစမ်းမဲလက်မှတ်စောင်ရေ တစ်ထောင်ကျော်ရောင်းရကာ အမေရိကန်ဒေါ်လာ 106,500 ရရှိထား


ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းရဲ့ သစ်ထွင်းပန်းချီ ဆန်ရေ Project ၂၄ နာရီအတွင်း ကံစမ်းမဲလက်မှတ်စောင်ရေ တစ်ထောင်ကျော်ရောင်းရကာ အမေရိကန်ဒေါ်လာ 106,500 ရရှိထားတယ်လို့ သြဂုတ်လ ၂၆ ရက်မှာ တော်လှန်ရေးရန်ပုံငွေရှာဖွေပေးတဲ့ မပန်ဆယ်လိုကဆိုထားပါတယ်။


"ဆန်ရေ Project ရဲ့ တစ်နေ့တာလျာထား Target ကို ပြည့်မီရုံအပြင် ကျော်လွန်ပါတယ်။ 24 Hours အတွင်း လက်မှတ်အစောင် 1065 စောင် ရောင်းရထားပြီး အမေရိကန်ဒေါ်လာ 106,500 ရရှိထားပါပြီ။ ကိုထိန်လင်းကတော့ သူ့မိတ်ဆွေဝယ်ယူထားတဲ့ လက်မှတ်လေးကို ကြည့်ပြီး စိတ်လှုပ်ရှားပျော်ရွှင်နေပုံပါပဲ"လို့ ဆိုပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း ကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီကာရဲ့ မဲလက်မှတ်တွေကို တစ်စောင်ကို USD 100 နဲ့ ရောင်းချပေးလျက်ရှိပါတယ်။ မဲလက်မှတ်ရောင်းချရငွေ အားလုံးကို ဘေးဒဏ်သင့်ပြည်သူတွေအတွက်မတရားမှုကို တော်လှန်ဖို့နဲ့  အပြည့်အဝ ပြန်လည်လှူဒါန်းသွားမှာ ဖြစ်ပါတယ်"


========================


📌📌 ၄။ မကွေးတိုင်း ပခုက္ကူမြို့၊မြို့သစ်ရှိ အမှတ် () ချည်မျှင်နှင့်အထည် စက်ရုံရှိဗိုလ်မှူး အောင်ဇော်ဦးအား ဝင်ရောက်ဖမ်းဆီးရာ ပြန်လည်ပစ်ခတ်ခုခံ၍  ဗိုလ်မှူးနဲ့ ၄င်းဇနီးဖြစ်သူတို့သေဆုံး


မကွေးတိုင်း ပခုက္ကူမြို့၊မြို့သစ်ရှိ အမှတ် () ချည်မျှင်နှင့်အထည် စက်ရုံရှိဗိုလ်မှူး အောင်ဇော်ဦးအား ဝင်ရောက်ဖမ်းဆီးရာ MA1 နဲ့ပြန်လည်ပစ်ခတ်ခုခံ၍ ကာကွယ်ရေးတပ်များက ပစ်ခတ်ရာ ဗိုလ်မှူးနဲ့ ၄င်းဇနီးဖြစ်သူတို့သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force ကဆိုပါတယ်။


"သြဂုတ်လ၂၆ ရက် မနက် () နာရီဝန်းကျင်ခန့်တွင် မကွေးတိုင်း ပခုက္ကူမြို့၊မြို့သစ်ရှိ အမှတ် () ချည်မျှင်နှင့်အထည် စက်ရုံရှိဗိုလ်မှူး အောင်ဇော်ဦးအား ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ထိုသို့ဖမ်းဆီးရာတွင် အညံ့မခံဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မျာအား MA(1) ဟုယူဆရသော လက်နက် ဖြင့်ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ လက်နက်ချ အဖမ်းခံရန် အော်ပြောသောလည်း ဆက်လက်ပစ်ခတ်သောကြောင့် မိမိတို့တပ်ဖွဲ့များမှ ပစ်ခတ်ရာ အမျိုးသမီးမှာနေရာတင်သေဆုံးပြီး ဗိုလ်မှူးအောင်ဇော်ဦးမှာ ဒဏ်ရာများရရှိပြီး ဆေးရုံသို့ ပို့ဆောင်ရာတွင် ဆေးရုံမှာသေဆုံးကြောင်းသိရပါတယ်"လို့ဆိုပါတယ်။


မြို့ထဲမှ စစ်ကူများ ထွက်လာသောသတင်းကြောင့်တပ်ဖွဲ့များပြန်လည်ဆုတ်ခွာခဲ့ကာထိုအချိန်ထိ ခုခံပစ်ခတ်နေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။ ဆက်စပ်ပစ္စည်းအနေဖြင့် Laptop()လုံး၊လူကြီးခရီးစဥ်မှတ်စု စာအုပ် ()အုပ် ၊ကား ()စီးအား သိမ်းဆည်းရရှိခဲ့ပါတယ်။ ပြည်သူ့စစ်ခေါင်းဆောင်များ၏ အချက်အလက်များပါရရှိထားပြီး အရေးယူမှုများ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ ဗိုလ်မှူးအောင်ဇော်ဦးမှာ CDM များအား စက်ရုံမှ နှင်ထုတ်ခြင်း၊ကိုယ်ထိလက်ရောက်ပြုလုပ်ခြင်းများအထိ နာမည်ဆိုးဖြင့် ကျော်ကြားသူလည်းဖြစ်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၅။ “Spring Yangon Investment” တော်လှန်ရေးရန်ပုံငွေ အိမ်ယာစီမံကိန်းများကိုအစောဆုံးဝယ်ယူသူများ နှစ်သက်ရာမြေကွက်ကိုရွေးချယ်ကာ တော်လှန်ရေးကာလ ၄၀ ရာခိုင်နှုန်းသာပေးသွင်း၍ အရစ်ကျပေးချေဝယ်ယူနိုင်


Spring Yangon Investment” တော်လှန်ရေးရန်ပုံငွေ အိမ်ယာစီမံကိန်းများကိုအစောဆုံးဝယ်ယူသူများ နှစ်သက်ရာမြေကွက်ကိုရွေးချယ်ကာ တော်လှန်ရေးကာလ ၄၀ ရာခိုင်နှုန်းသာပေးသွင်း၍ အရစ်ကျပေးချေဝယ်ယူနိုင်မယ်လို့သတင်းကောင်းပါးအပ်ပါတယ်။ သြဂုတ်လ၂၆ ရက်နေ့မှာ End of Dictator Ship ကအသိပေးဖော်ပြပါတယ်။


"အာဏာရှင်နိဂုံး အဆုံးသတ်ရန်အတွက် အရေးကြီးလှသော တော်လှန်ရေး ရန်ပုံငွေများ ရရှိရန်  အများပြည်သူသို့ ရောင်းချပေးမည့် စီမံကိန်းများမှာနွေဦးရိပ်မွန် စီမံကိန်း @Mind Dhamma” နှင့်နွေဦးမော်ကွန်းသစ် စီမံကိန်း @Thanthumaတို့ဖြစ်ပါတယ်။မြေပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပြီး၊ ကာလပေါက်စျေး၏ သုံးပုံတစ်ပုံခန့် တန်ဖိုးဖြင့်သာ ရောင်းချ ပေးမှာ ဖြစ်ပါတယ်။ ထို့အပြင် ငွေပေးချေမှုကိုလည်း တော်လှန်ရေး ကာလအတွင်း နှင့် တော်လှန်ရေး ကာလအပြီးဟု ပိုင်းခြားပေးသွင်းရမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


နွေဦးမော်ကွန်းသစ် မြေကွက် ပေ၄၀ ပေ၆၀ အား ဥပမာစျေးနှုန်း USD ၉၆၀၀၀ကျသင့်သော်လည်းအမှန်တကယ်ရောင်းချပေးမယ့်စျေးနှုန်း USD ၃၂၀၀၀ သာ ကျသင့်မှာဖြစ်ကာ တော်လှန်ရေးကာလ ၄၀ ရာခိုင်နှုန်းသာပေးချေ၍ သုံးလပေးသွင်းရမှာဖြစ်ပါတယ်။ ကျန်တန်ဖိုးငွေ ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးကာလအပြီး စီမံကိန်းစတင်သောအခါမှသာပေးသွင်းရမယ်လို့ EOD ကဆိုပါတယ်။


တော်လှန်ရေး ကာလအပြီး စီမံကိန်းစတင်သောအခါ လမ်း၊ ရေ၊ လျှပ်စစ်မီး၊ ကလေးကစားကွင်း၊ ပန်းခြံ နှင့် စည်ပင်သာယာ ဝန်ဆောင်မှုများကို တည်ဆောက် ပေးမှာ ဖြစ်ကာ အိမ်ကိုတော့ ဝယ်ယူသူမှ ဆောက်လုပ်ရေး စံနှုန်းများနှင့်အညီ စိတ်ကြိုက်ဆောက်ယူရမှာ ဖြစ်ပါတယ်။ အိမ်ယာများကို EOD ကိုယ်စားလှယ်များက ဝယ်ယူရမှာ ဖြစ်ပြီး မကြာမီ ရက်ပိုင်းအတွင်း စာရင်းပေးသွင်း ဝယ်နိုင်တော့မှာ ဖြစ်ပါတယ်။


========================


📌📌 ၆။ လာမယ့်နွေဦးမှာ အကြမ်းဖက် ခေါင်းဆောင်မင်းအောင်လှိုင်ကို အလဲထိုးကြမယ်လို့ ဩစတြေးလျနိုင်ငံ NUG ကိုယ်စားလှယ်ဆို


လာမယ့်နွေဦးမှာ အကြမ်းဖက် ခေါင်းဆောင်မင်းအောင်လှိုင်ကို အလဲထိုးကြမယ်လို့ ဩစတြေးလျနိုင်ငံ NUG ကိုယ်စားလှယ်ဦးထွန်အောင်ဆွေကဆိုပါတယ်။ သြဂုတ်လအတွင်းမှာ ဩစတြေးလျနိုင်ငံ NUG မြန်မာကိုယ်စားလှယ် ဦးထွန်းအောင်ဆွေက လူမှုကွန်ရက်မှာ အသိပေးဆိုထားပါတယ်။


"ဒီနွေဦးမှာ မင်းအောင်လှိုင်ကို အလဲထိုးကြမယ်"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို စတင်ခဲ့ပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရကလည်း နွေဦးတော်လှန်ရေးကို ၂၀၂၃ သြဂုတ်လမတိုင်မီ အပြီးသတ်ဆင်နွှဲဖို့ဆုံးဖြတ်ချက်ချထားတယ်လို့သိရပါတယ်။


========================


📌📌 ၇။ ကျွန်းလှမြို့နယ် ဆည်အနောက်ဘက်ခြမ်းရှိ ကုန်းစည်းရွာအား စကစတပ်များ ယနေ့မနက် မီးရှို့ဖျက်ဆီး


ဩဂုတ်လ၂၆ ရက်တွင် စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ဆည်အနောက်ဘက်ခြမ်းရှိ ကုန်းစည်းရွာအား စကစတပ်များ  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။ သြဂုတ်လ ၂၆ ရက် မနက်၇နာရီမှာကျွန်းလှမြို့နယ် ဆည်အနောက်ဘက်ခြမ်းရှိ ကုန်းစည်းရွာအား အကြမ်းဖက်စစ်တပ် (361-369) များမှ  မီးတင်ရှို့နေတယ်လို့ ကနဦးသတင်းရပါတယ်"လို့ ဆိုပါတယ်။ စကစတပ်များဟာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့အရပ်သားနေအိမ် သုံးသောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးတော့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ချင်းပြည်နယ်နဲ့ကရင်နီဒေသတို့မှာ ကျေးရွာရှိနေအိမ်များ အများဆုံးမီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။


========================


📌📌 ၈။ ရေလယ်ကျွန်းဒေသရှိ မင်းရွာကျေးရွာတိုက်ပွဲမှာ ရေစကြို ပကဖနဲ့ PDF များတိုက်ခိုက်လို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းမှူးနဲ့တပ်ဖွဲ့ဝင်၂၁ ဦးသေဆုံး


မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မင်းရွာကျေးရွာတိုက်ပွဲမှာ ရေစကြို ပကဖနဲ့PDFများတိုက်ခိုက်လို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းမှူးနဲ့တပ်ဖွဲ့ဝင်၂၁ ဦးသေဆုံးခဲ့ပါတယ်။ သြဂုတ်လ ၂၆ ရက်မှာ စစ်ရေးသတင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်ကဆိုပါတယ်။


"သြဂုတ်လ (၂၄) ရက်နေ့မနက် :၃၀ အချိန်ခန့်တွင် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မင်းရွာကျေးရွာတွင် () လကြာ တပ်စွဲထားသော စကစတပ်နဲ့ပျူများ အထိုင်စခန်းကို မိမိတို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ ထိတွေ့တိုက်ပွဲ ဖြစ်ပွားချိန် မိနစ် (၂၀) အတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။


မဟာမိတ်ရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စခ၊ ပခ များဘက်မှ စစ်ကြောင်းမှုး အရာရှိတစ်ဦးအပါအဝင် အကောင် (၂၁) ဦးသေဆုံးကာ ပြင်းထန်ဒဏ်ရာရသူ ၁၂ ဦးရှိခဲ့ပါတယ်။ မဟာမိတ်တပ်ဖွဲ့များဘက်မှ ပြည်သူ့ချစ်ရဲဘော် () ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ယခုစစ်ဆင်ရေးကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် (ပကဖ) နှင့်အတူ မဟာမိတ် ၁၆ ဖွဲ့ကပါဝင်ခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment