26th AUG 2022 - Morning Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ လာမည့် တစ်နှစ်တာကာလမှာ နွေဦးတော်လှန်ရေးကို NUG အစိုးရက  အားကုန်ထည့်ပြီး ရုန်းကန်ကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ အကြမ်းဖက် စစ်တပ်ကြောင့် အိမ်မှထွက်ခွာခဲ့ရသူ မြန်မာပြည်သူများအားလုံး ၂၀၂၃ မှာ အိမ်ပြန်ကြမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို

📌 ၃။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကို ပြောင်းလဲပြင်ဆင်ရန်လိုအပ်တဲ့အချက်များ သုသေတနလုပ်ဆောင်နေ

📌 ၄။ လူမျိုးစုနဲ့ဘာသာမတူတဲ့လူနည်းစုတွေအပေါ်မှာပစ်မှတ်ထားတဲ့ မျိုးစောင့်ဥပဒေကိုအမြန်ဆုံးဖျက်ပစ်ဖို့ လွှတ်တော်ကိုတိုက်တွန်းမယ်လို့ လူ့ခွင့်ရေးရာဝန်ကြီးဆို

📌 ၅။ "S.O.F နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအဖြစ် ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့ပေါ်ရှိစကစတပ်များ တပ်စွဲထားတဲ့ မီးသတ်ရုံးနှင့် လုံခြုံရေးချထားသော ဘန်ကာအား ပစ်ခတ်တိုက်ခိုက်

📌 ၆။ ဝမ်ပေါင်ကုမ္ပဏီအနား ယနေ့ အကြမ်းဖက် စစ်တပ်က သံချပ်ကာ ကားနှစ်စီးထပ်ရောက်ကာ လမ်းဘေး ဝဲယာများကို လက်နက်နဲ့ပစ်ခတ်၍ ပြည်ကြီးပြန်မဲ့တရုတ်နိုင်ငံသားများကို အကာအကွယ်ပေး

📌 ၇။ မြိုင်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်၍ စကစတပ်များရဲ့ ကျည်နဲ့ကျည်ဘောက်များသိမ်းဆည်းရမိ

📌 ၈။ ဘောလခဲမြို့ စစ်ဗျူဟာတပ်ရင်းရေစုပ်စက်မော်တာကို  BPDF မှ လက်နက်ကြီးဖြင့် ပစ်ခတ်ရှင်းလင်းရာ  စစ်ကောင်စီတပ်သား တစ်ဦးပါ စနိုက်ပါထိမှန်သေဆုံး

📌 ၉။ ဂန့်ဂေါနယ် မြစ်သာဆည်ပေါ်မှ ထွက်လာတဲ့စစ်ကြောင်းကို ထီးလင်းနယ်  တောင်လုံးဘုရားနားအနီးတွင်  လက်နက်ကြီးလက်နက်ငယ်များဖြင့် ခြုံခိုတိုက်ခိုက်

📌 ၁၀။ မြိုင်-ပခုက္ကူလမ်းပိုင်းမှာ မြိုင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လမ်းပိုင်းစစ်ဆေးနေစဥ် ဒုဗိုလ်မှူးကြီးတွေ့၍ မေးမြန်းရာ ပြန်လည်ခုခံတိုက်ခိုက်သောကြောင့် ပစ်ဖမ်းရာကသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လာမည့် တစ်နှစ်တာကာလမှာ နွေဦးတော်လှန်ရေးကို NUG အစိုးရက  အားကုန်ထည့်ပြီး ရုန်းကန်ကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


လာမည့် တစ်နှစ်တာကာလမှာ နွေဦးတော်လှန်ရေးကို NUG အစိုးရက  အားကုန်ထည့်ပြီး ရုန်းကန်ကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။ သြဂုတ်လ ၂၅ ရက် ကျင်းပတဲ့ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ် (၂၆/၂၀၂၂) မှာဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။


"ကော်မတီအနေဖြင့် လာမည့်ကာလအတွင်း တစ်နှစ်ပြည့်မြောက်တော့မည် ဖြစ်ပါကြောင်း၊ တော်လှန်ရေးကာလအတွင်း မိမိတို့အနေဖြင့် လူ့စွမ်းအားအရင်းအမြစ်၊ငွေကြေးအရင်းအမြစ်တို့ မပြည့်စုံသည့်ကြားကပင် ယခုလို အခြေအနေမျိုးအထိ ရောက်ရှိလာပါကြောင်း၊ သို့သော်လည်း မပြည့်စုံသည့်ကြားမှပင် ကြိုစားအားထုတ်မှုနှစ်ဆဖြင့် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မြေပြင်တွင် ကြုံတွေ့နေရသော အခက်အခဲနှင့် စိန်ခေါ်မှုများကို ဝန်ကြီးဌာနများအချင်းချင်း ပူးပေါင်းဖြေရှင်းကြရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ကာကွယ်ရေးနှင့် ပြည်ထဲရေး ဝန်ကြီးဌာနများမှ အဓိက ပူးပေါင်းဆောင်ရွက်မှုများ နီးနီးကပ်ကပ် လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လာမည့် တစ်နှစ်တာကာလသည် မိမိတို့အနေဖြင့် အားကုန်ထည့်ပြီး ရုန်းကန်ကြရမည်ဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။


တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၅/၂၀၂၂) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး အထူးဒေသအတွင်း ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ထားရှိသည့်ကိစ္စရပ်များအပေါ်  တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်၍ ဒုတိယဥက္ကဌ()၊ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ အကြမ်းဖက် စစ်တပ်ကြောင့် အိမ်မှထွက်ခွာခဲ့ရသူ မြန်မာပြည်သူများအားလုံး ၂၀၂၃ မှာ အိမ်ပြန်ကြမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို


အကြမ်းဖက် စစ်တပ်ကြောင့် အိမ်မှထွက်ခွာခဲ့ရသူ မြန်မာပြည်သူများအားလုံး ၂၀၂၃ မှာ အိမ်ပြန်ကြမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။ သြဂုတ်လ ၂၅ ရက် လူမှုကွန်ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။


"ရိုဟင်ဂျာများအပါအဝင် အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက် အကြမ်းဖက်မှုကြောင့် အိမ်မှထွက်ခွာရသူ မြန်မာပြည်သူများအားလုံး ဒို့အိမ်ပြန်ကြမယ်။ ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်လို့ ဒို့အိမ်ပြန်ကြမယ်။ ၂၀၂၃ မှာ ဒို့အိမ်ပြန်ကြမယ်"လို့ဝန်ကြီးကဆိုပါတယ်။ အကြမ်းဖက် စစ်ကောင်စီက ၂၀၂၃ မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ပြောထားပြီးတော့ လက်ရှိမှာ တိုင်းနဲ့ပြည်နယ်အနှံစစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၃။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကို ပြောင်းလဲပြင်ဆင်ရန်လိုအပ်တဲ့အချက်များ သုသေတနလုပ်ဆောင်နေ


ပြစ်မှုဥပဒေကို ပြောင်းလဲပြင်ဆင်ရန်လိုအပ်တဲ့အချက်များ သုသေတနလုပ်ဆောင်နေလို့လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။ သြဂုတ်လ ၂၅ ရက် ရိုဟင်ဂျာပြည်သူများအပေါ် ရက်စက်စွာ ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့်နေ့ ()နှစ်ပြည့် နှစ်ပတ်လည်မိန့်ခွန်း မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။


"၁၉၈၂ ခုနှစ်ဥပဒေက ရိုဟင်ဂျာများအပေါ်မှာ ခွဲခြားမှုတွေ အများကြီးဖြစ်စေပါတယ်။ဒါနဲ့ပတ်သက်လို့ ဒီဥပဒေကိုပြောင်းလဲတဲ့အခါ ဘာတွေပြောင်းလဲဖို့လိုအပ်မလဲ။ဘယ်အချက်တွေပြောင်းလဲဖို့လိုအပ်မလဲစတဲ့အချက်တွေကို ကျွမ်းကျင်ပညာရှင်များနဲ့ကျနော်တို့ သုတေသနလုပ်ဆောင်နေပါတယ်"လို့ဆိုပါတယ်။ လူ့အခွင့်ရေးဝန်ကြီးဌာန ဟာ လူသားအားလုံးရဲ့လူ့အခွင့်အရေးရပိုင်ခွင့်တွေကို အသိအမှတ်ပြုပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူအပြစ်ပေးနိုင်ဖို့လည်းမှတ်တမ်းတင်ပြုစုလျက်ရှိနေပါတယ်။



========================


📌📌 ၄။ လူမျိုးစုနဲ့ဘာသာမတူတဲ့လူနည်းစုတွေအပေါ်မှာပစ်မှတ်ထားတဲ့ မျိုးစောင့်ဥပဒေကိုအမြန်ဆုံးဖျက်ပစ်ဖို့ လွှတ်တော်ကိုတိုက်တွန်းမယ်လို့ လူ့ခွင့်ရေးရာဝန်ကြီးဆို


လူမျိုးစုနဲ့ဘာသာမတူတဲ့လူနည်းစုတွေအပေါ်မှာပစ်မှတ်ထားတဲ့ မျိုးစောင့်ဥပဒေကိုအမြန်ဆုံးဖျက်ပစ်ဖို့ လွှတ်တော်ကိုတိုက်တွန်းမယ်လို့လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။ သြဂုတ်လ ၂၅ ရက် ရိုဟင်ဂျာပြည်သူများအပေါ် ရက်စက်စွာ ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့်နေ့ ()နှစ်ပြည့် နှစ်ပတ်လည်မိန့်ခွန်း မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။


"အရင်အစိုးရ လက်ထက်တုန်းကပြဌာန်းခဲ့တဲ့ မျိုးစောင့်ဥပဒေဆိုတာရှိပါတယ်။ဒီမျိုးစောင့်ဥပဒေမှာ လူမျိုးစုနဲ့ဘာသာမတူတဲ့လူနည်းစုတွေပေါ်မှာ ပစ်မှတ်ထားတဲ့ဟာတွေပါဝင်ပါတယ်။ဒါ့အပြင်အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုကိုအားပေးတာတွေ အပိုဒ်မှာပါပါတယ်။ဒါကြောင့် ဒီမျိုးစောင့်ဥပဒေလို့ပြဌာန်းထားတဲ့ ဥပဒေတွေကို အမြန်ဆုံး ပယ်ဖျက်နိုင်ဖို့အတွက် ဥပဒေပြုရေးတာဝန်ဖြစ်တဲ့ လွှတ်တော်နဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ အမြန်ဆုံးဖျက်သိမ်းဖို့လုပ်ဆောင်လျက်ရှိပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဟာ ဥပဒေများကို ပြင်ဆင်ခြင်း၊ဖြည့်စွက်ခြင်းနဲ့ပယ်ဖျက်ခြင်းတို့ကို လွှတ်တော်ကျင်းပကာ ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၅။ "S.O.F နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအဖြစ် ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့ပေါ်ရှိစကစတပ်များ တပ်စွဲထားတဲ့ မီးသတ်ရုံးနှင့် လုံခြုံရေးချထားသော ဘန်ကာအား ပစ်ခတ်တိုက်ခိုက်


S.O.F နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအဖြစ် ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့ပေါ်ရှိစကစတပ်များ တပ်စွဲထားတဲ့ မီးသတ်ရုံးနှင့် လုံခြုံရေးချထားသော ဘန်ကာအား ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ သြဂုတ်လ ၂၅ ရက် နံနက်(:၁၀)နာရီ အချိန်မှာ မီးသတ်ရုံးနဲ့ဘန်ကာကို ပစ်ခတ်ခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)ကဆိုပါတယ်။


"သြဂုတ်လ၂၅ရက် နံနက်(:၁၀)နာရီ အချိန်တွင် ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့ပေါ်ရှိ စစ်ရေးပစ်မှတ်ဖြစ်သော ရန်သူစစ်ခွေး(၂၀)ဦးခန့် တပ်စွဲထားသည့် မီးသတ်ရုံးနှင့် လုံခြုံရေးချထားသော ဘန်ကာအား M-16 ရိုင်ဖယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရှေ့ထွက်မိုင်းတစ်လုံး အနီးကပ် ထပ်မံဖောက်ခွဲခဲ့ပါတယ်"လို့ဆိုပါတယ်။


၎င်းတိုက်ခိုက်မှုကြောင့် လုံခြုံရေးဆောင်ရွက်နေသော စစ်ခွေး()ဦး ကျည်ထိမှန် သေဆုံးကြောင်း မြေပြင်သတင်း ပေးပို့မှုအရ သိရပါတယ်။ ၎င်းတိုက်ခိုက်မှုသည် တောင်ပိုင်းစစ်ဒေသ၏ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးစီမံချက် အကောင်အထည်ဖော်မှု ဖြစ်တယ်လို့ဆိုပါတယ်။ စစ်ဆင်ရေးအား ရန်ကုန်စစ်ဆင်ရေးဧရိယာ ( ) အခြေပြု S.O.F Squad - 3 (THIRD SQUAD) မှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၆။ ဝမ်ပေါင်ကုမ္ပဏီအနား ယနေ့ အကြမ်းဖက် စစ်တပ်က သံချပ်ကာ ကားနှစ်စီးထပ်ရောက်ကာ လမ်းဘေး ဝဲယာများကို လက်နက်နဲ့ပစ်ခတ်၍ ပြည်ကြီးပြန်မဲ့တရုတ်နိုင်ငံသားများကို အကာအကွယ်ပေး


ဝမ်ပေါင်ကုမ္ပဏီအနား ယနေ့ အကြမ်းဖက် စစ်တပ်က သံချပ်ကာ ကားနှစ်စီးထပ်ရောက်ကာ လမ်းဘေး ဝဲယာများကို လက်နက်နဲ့ပစ်ခတ်၍ ပြည်ကြီးပြန်မဲ့တရုတ်နိုင်ငံသားများကို အကာအကွယ်ပေးခဲ့ပါတယ်။ သြဂုတ်လ၂၅ ရက် နံနက်ပိုင်းမှာစကစတပ်များဟာ ဝမ်ပေါင်ကုမ္ပဏီနားကိုရောက်လာတယ်လို့ ချင်းတွင်းရိုးမမဟာမိတ်တပ်ပေါင်းစုကအတည်ပြုပါတယ်။


"ယနေ့နံနက် နာရီခန့်မှာရွှေတောင်ဦးအောင်ဇေယျကုန်းမှကင်ဒါတစီးနှင့်စကစတပ်များတင်ဆောင်ကာပုသိမ်မုံရွာလမ်းမကြီးပေါ်သီု့ကင်းများချထားပြီးသံချပ်ကာကားနှစ်စီးထပ်ရောက်လာကာဝမ်ပေါင်ကုမ္ပဏီထိလမ်းဘေးဝဲယာများကိုလက်နှက်ကြီးငယ်များနှင့်ပစ်ခတ်လမ်းကြောရှင်းခဲ့ပါတယ်"လို့ဆိုပါတယ်။


ဝမ်းပေါင် 5/1 လမ်းဆံသို့ကားသုံးစီးရပ်ထားကာပြည်ကြီးပြန်မည့်တရုတ်နိုင်ငံသားများကိုလာကြိုတာလို့ဆိုပါတယ်။ ထိုကဲ့သို့ တရုတ်နိုင်ငံသားများကို လုံခြုံရေးပေး၍ အကာအကွယ်ပေးခဲ့တာနှစ်ကြိမ်ရှိပြီဖြစ်ပါတယ်။


========================


📌📌 ၇။ မြိုင်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်၍ စကစတပ်များရဲ့ ကျည်နဲ့ကျည်ဘောက်များသိမ်းဆည်းရမိ


မကွေးတိုင်း မြိုင်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်၍ စကစတပ်များရဲ့ ကျည်နဲ့ကျည်ဘောက်များသိမ်းဆည်းရမိတယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၂၃ ရက်နေ့မှာ ထိတွေ့မှုဖြစ်ခဲ့တယ်လို့ Burmese Peacock Defense Force ကဆိုပါတယ်။


"သြဂုတ်လ၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြိုင်နယ်မြောက်ပိုင်းမှ တိုက်ပွဲတွင်ကျည်နှင့်ကျည်Boxများသိမ်းဆည်းရမိခဲ့တယ်"လို့ဆိုပါတယ်။ စကစတပ်များဟာ မကွေးတိုင်းတွင်း နယ်မြေစိုးမိုးမှုကို ယခုအချိန်မှာ အသည်းအသန်ဆောင်ရွက်နေရတာလို့သတင်းရရှိပါတယ်။


========================


📌📌 ၈။ ဘောလခဲမြို့ စစ်ဗျူဟာတပ်ရင်းရေစုပ်စက်မော်တာကို  BPDF မှ လက်နက်ကြီးဖြင့် ပစ်ခတ်ရှင်းလင်းရာ  စစ်ကောင်စီတပ်သား တစ်ဦးပါ စနိုက်ပါထိမှန်သေဆုံး


ဘောလခဲမြို့ စစ်ဗျူဟာတပ်ရင်းရေစုပ်စက်မော်တာကို  BPDF မှ လက်နက်ကြီးဖြင့် ပစ်ခတ်ရှင်းလင်းရာ  စစ်ကောင်စီတပ်သား တစ်ဦးပါ စနိုက်ပါထိမှန်သေဆုံးခဲ့ပါတယ်။ ဩဂတ်စ်လ ၂၂ ရက်နေ့ မနက် နာရီခန့်တွင် ဘောလခဲမြို့ စစ်ကောင်စီတပ်ရင်းများ အတွက် သောက်သုံးရေ အဓိက အားထားရယူ ဖြန့်ဝေပေးနေသော ရေစုပ်စက်မော်တာကို ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်မတော် BPDF( တပ်ရင်းအမှတ် ၁၁၀၅) မှလက်နက်ကြီးဖြင့် သွားရောက် ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။


ထိုသို့ ပစ်ခတ် ရှင်းလင်းရာတွင် ( BPDF )မှ စနိုက်ပါ(Sniper) ဖြင့် ပစ်ခတ်ခဲ့ရာ ရေစုပ်စက်မော်တာအနီးရှိ  လုံခြုံရေးယူပေးလျက်ရှိသော စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ သော်လည်း  BPDF အနေဖြင့် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။ ထိုဖြစ်စဉ်တွင် စစ်ကောင်စီဘက်က ရေစုပ်စက်မော်တာကြီး( )လုံး ပျက်စီး ဆုံးရှုံးခြင်း၊စစ်ကောင်စီတပ်သားဦး သေဆုံးခြင်းနှင့်အခြား ထိခိုက်ဒဏ်ရာရရှိမှုများစွာလည်းဖြစ်စေခဲ့တယ်လို့သတင်းရရှိပါတယ်။



========================


📌📌 ၉။ ဂန့်ဂေါနယ် မြစ်သာဆည်ပေါ်မှ ထွက်လာတဲ့စစ်ကြောင်းကို ထီးလင်းနယ်  တောင်လုံးဘုရားနားအနီးတွင်  လက်နက်ကြီးလက်နက်ငယ်များဖြင့် ခြုံခိုတိုက်ခိုက်


ဂန့်ဂေါနယ် မြစ်သာဆည်ပေါ်မှ ထွက်လာတဲ့စစ်ကြောင်းကို ထီးလင်းနယ်  တောင်လုံးဘုရားနားအနီးတွင်  လက်နက်ကြီးလက်နက်ငယ်များဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။ ဩဂုတ်လ ၂၄ ရက်နေ့ နံနက် နာရီ ၄၅ မိနစ်အချိန်တွင် မြစ်သာဆည်ပေါ်မှထွက်လာ​​တဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တယ်လို့ People's Defence Force Htilin (YRPA) ကဖော်ပြပါတယ်။


" ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၈နာရီ ၄၅ မိနစ်အချိန်တွင် မြစ်သာဆည်ပေါ်မှထွက်လာ​​ပြီး ပဇင်းချောင်ရွာတွင် ညအိပ်စခန်းချတပ်စွဲထားခဲ့သော စစ်ကြောင်းသည် ထန်းပင်ကုန်းဘက်သို့ တစ်ကြောင်း၊ ကွမ်းဇဲဘက်သို့တစ်ကြောင်းခွဲ၍ ထီးလင်းမြို့သို့ တက်ခဲ့ကြပါတယ်။ကွမ်းဇဲဘက်သို့တက်လာသော စစ်ကြောင်းအား People's Defence Force Htilin (YRPA) မှ တပြင်းကိုင်းလယ်ပြင်သို့အရောက် တောင်လုံးဘုရားနားအနီးတွင်  လက်နက်ကြီးလက်နက်ငယ်များဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။ ရန်သူဘက်မှ အထိအခိုက်ကျရှူံးမှုများ ရှိနိုင်သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။


========================


📌📌 ၁၀။ မြိုင်-ပခုက္ကူလမ်းပိုင်းမှာ မြိုင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လမ်းပိုင်းစစ်ဆေးနေစဥ် ဒုဗိုလ်မှူးကြီးတွေ့၍ မေးမြန်းရာ ပြန်လည်ခုခံတိုက်ခိုက်သောကြောင့် ပစ်ဖမ်းရာကသေဆုံး


မြိုင်-ပခုက္ကူလမ်းပိုင်းမှာ မြိုင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လမ်းပိုင်းစစ်ဆေးနေစဥ် ဒုဗိုလ်မှူးကြီးတွေ့၍ မေးမြန်းရာ ပြန်လည်ခုခံတိုက်ခိုက်သောကြောင့် ပစ်ဖမ်းရာကသေဆုံးခဲ့ပါတယ်။ သြဂုတ်လ ၂၅ ရက်မှာ မြိုင်-ပခုက္ကူလမ်းပိုင်းမှာ ဒုဗိုလ်မှူးကြီးကိုတွေ့ရှိတာလို့မြိုင် PDF ကဆိုပါတယ်။


"မြိုင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟာ မြိုင်-ပခုက္ကူလမ်းပိုင်းတွင် စစ်ဆေးရေးများပြုလုပ်နေစဉ် ပုံဖော်ပြပါ ဒု-ဗိုလ်မှုးကြီးအား တွေ့ရှိ၍ စစ်ဆေးမေးမြန်းနေစဉ် ရဲဘော်များအား ပြန်လည်တိုက်ခိုက်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းစီးရာဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါတယ်"လို့ဆိုပါတယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် ဖြစ်ပွားရာ အချိန်များနှင့် တချို့အချက်အလက်များကို ဖော်ပြခြင်းမပြုတော့ဘူးလို့မြိုင် ပကဖကဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment