8th AUG 2022 - Morning Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီကို လေကြောင်းကတန်ပြန် တိုက်ခိုက်ပါက ရေရှည်ခံနိုင်မှာမဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြော

📌 ၂။ (၃၄) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနား နှင့် စကားဝိုင်း ကို သြဂုတ်လ ရက် နာရီကျင်းပမယ်

📌 ၃။ InyaView@6.5  Mile ရဲ့ ရှယ်ယာများ ရက်ကျော်အတွင်း ဒေါ်လာ သိန်း သောင်းဖိုး ရောင်းချပြီးဖြစ်

📌 ၄။ The Youth Force (Saw&Kyaukhtu) တော်လှန်ရေး လှုပ်ရှားနယ်မြေအတွင်းရှိ ကလေးအများ ပညာသင်ကြားနိုင်ရေး ကာကွယ်ရေး ရံပုံငွေထဲမှ နေရာ () နေရာတွင် ပညာသင်ကြားနိုင်ရေးစီစဥ်ပေးခဲ့

📌 ၅။ မျိုးဆက် ခုစာပေါင်းစည်းမှုနဲ့ အထီးကျန်ဖက်ဆစ်မိစ္ဆာတွေရဲ့လည်မျိုကို ကျားခဲသလိုခဲဖို့ ဘွန်းနဲ့ EOD ရှယ်ယာများဝယ်ယူကြဖို့ ယူနိုက်ဘွန်းကတိုက်တွန်း

📌 ၆။ သြဂုတ်လ ရက်နေ့မှ ရက်အတွင်းအကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း  သတ်ဖြတ်မှု (၃၄) မှုကျူးလွန်ခဲ့ 

📌 ၇။ လျှပ်စီးပျောက်ကြားဝက်လက်မှ လက်လုပ် စနိုက်ပါထုတ်လုပ်အောင်မြင်

📌 ၈။ ကရင်ပြည်နယ် မြဝတီ -ဝေါ်လေ ကားလမ်းမ အနီး ကျူးကျော်လာသော စကစတပ်များနဲ့ ကော်ပရာစစ်ကြောင်းတို့ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စကစဘက်ကတပ်သား () ဦး ထိခိုက် ဒဏ်ရာရ

📌 ၉။ အိမ်ခြေ ၂၀၀ ခန့်ရှိသော ဒီပဲယင်းမြို့နယ် ကိုင်းကံရွာ အကြမ်းဖက်စစ်တပ် မီးရှို့၍ အိမ်ခြေ ၁၅၀ ကျော်မီးလောင်ဆုံးရှုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီကို လေကြောင်းကတန်ပြန် တိုက်ခိုက်ပါက ရေရှည်ခံနိုင်မှာမဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြော


စစ်ကောင်စီကို လေကြောင်းကတန်ပြန် တိုက်ခိုက်ပါက ရေရှည်ခံနိုင်မှာမဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သြဂုတ်လ ရက်မှာ ကျင်းပတဲ့ FEDERAL WINGS ဒရုန်းတပ်ဖွဲ့မိတ်ဆက်ပွဲအခမ်းအနားမှာပြောကြားလိုက်ပါတယ်။


"စစ်ကောင်စီက မြေပြင်မှာ အခုမနိုင်တဲ့အခါလေကြောင်းကနေလုပ်နေပါတယ်။ကျနော်တို့လည်းလေကြောင်းက ပြန်လုပ်ရင် သူတို့လည်းခံနိုင်မှာမဟုတ်ပါဘူး။ဒီတော်လှန်ရေးဟာ ငွေမရှိလည်းမရပါဘူး။ ထိုနည်းတူပဲနည်းပညာမရှိလည်းမရပါဘူး" လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။ လက်ရှိမှာ စကစတပ်များဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကရင်ပြည်နယ်၊ကရင်နီဒေသတို့မှာ အထိနာအကျအဆုံးများပြားလျက်ရှိပါတယ်။ ထို့အတွက်ကြောင့်လေကြောင်းတိုက်ခိုက်မှုများကို အဆမတန်အသုံးပြူလျက် အရပ်သားနေရာများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။


========================


📌📌 ၂။ (၃၄) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနား နှင့် စကားဝိုင်း ကို သြဂုတ်လ ရက် နာရီကျင်းပမယ်


(၃၄) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနား နှင့် စကားဝိုင်း ကို သြဂုတ်လ ရက် နာရီကျင်းပမယ်လို့သတင်းရရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၂ ခုနှစ် ဩဂုတ်လ () ရက်နေ့တွင် ကျရောက်မယ့် (၃၄)နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားနှင့် စကားဝိုင်းကိုရှစ်လေးလုံးလူထုအရေးတော်ပုံမှသည် နွေဦးတော်လှန်ရေးအောင်ပွဲဆီသို့ခေါင်းစဥ်နဲ့ကျင်းပသွားမှာဖြစ်ပါတယ်။ အခမ်းအနားမှာကိုမင်းကိုနိုင်၊ ဖဒိုကွယ်၊ ဦးရည်မွန်၊ ရဲဘော်သံခဲ၊ ဒေါ်အိသဥ္ဖာမောင် Moderator -  နော်စူစန်နာလှလှစိုးတို့တက်ရောက်မှာဖြစ်ပါတယ်။ အစီအစဉ်ကို NUG, PVTV နှင့် Radio NUG လူမှုကွန်ယက်စာမျက်နှာများမှတဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။


========================


📌📌 ၃။ InyaView@6.5  Mile ရဲ့ ရှယ်ယာများ ရက်ကျော်အတွင်း ဒေါ်လာ သိန်း သောင်းဖိုး ရောင်းချပြီးဖြစ်


InyaView@6.5  Mile ရဲ့ ရှယ်ယာများ ရက်ကျော်အတွင်း ဒေါ်လာ သိန်း သောင်းဖိုး ရောင်းချပြီးဖြစ်တယ်လို့ သြဂုတ်လ ရက်နေ့မှာ End of Dictator Shipက ဖော်ပြအသိပေးပါတယ်။


“EOD ရဲ့ ဒုတိယပရောဂျက်က မြက်ခင်းရိပ်သာလမ်းမှာ၊ အင်းလျားကန်ကို မေးတင်ဆောက်ထားတဲ့ မြေနဲ့အိမ်က ကာလတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂၀ လောက်ပေါက်တယ်။ ခု ကြိုပွိုင့်အနေနဲ့ ပြည်သူအတွက် သီးသန့်ဖွင့်တဲ့စျေး - ဒေါ်လာ သန်း နဲ့ ရှယ်ယာပေါင်း ၇၀၀၀၀ မှာ ရက်ကျော်အတွင်း ရှယ်ယာ ၂၃၂၅ ရောင်းပြီးသွားပြီ"လို့ဆိုပါတယ်။


မင်းအောင်လှိုင်ရဲ့ ပိုင်ဆိုင်မှုတွေထဲက ရန်ကုန်မြို့ မိုင်ခွဲရှိ မြေနဲ့ အိမ်ကို ဒေါ်လာသန်း၂၀ ကျော်တန်သော်လည်း ဒေါ်လာ၇သန်းနဲ့သာ EOD ကရောင်းချပေးနေတာဖြစ်ပါတယ်။ မြေနဲ့ အိမ်ရဲ့ ကာလတန်ဖိုးက ဒေါ်လာ သန်း ၂၀ ကျော်တန်ကြေးရှိသော်လည်း ကြိုပွိုင့်မို့ ဒေါ်လာ သန်းနဲ့ Financial Right ကို အစုရှယ်ရာ အနေနဲ့  တစ်စုကို ဒေါ်လာ ၁၀၀ နဲ့  ရှယ်ယာပေါင်းက သောင်းတိတိကိုရောင်းချပေးမှာဖြစ်ပါတယ်။


========================


📌📌 ၄။ The Youth Force (Saw&Kyaukhtu) တော်လှန်ရေး လှုပ်ရှားနယ်မြေအတွင်းရှိ ကလေးအများ ပညာသင်ကြားနိုင်ရေး ကာကွယ်ရေး ရံပုံငွေထဲမှ နေရာ () နေရာတွင် ပညာသင်ကြားနိုင်ရေးစီစဥ်ပေးခဲ့


The Youth Force (Saw&Kyaukhtu) တော်လှန်ရေး လှုပ်ရှားနယ်မြေအတွင်းရှိ ကလေးအများ ပညာသင်ကြားနိုင်ရေး ကာကွယ်ရေး ရံပုံငွေထဲမှ နေရာ () နေရာတွင် ပညာသင်ကြားနိုင်ရေးစီစဥ်ပေးနိုင်ခဲ့တယ်လို့ သြဂုတ်လ ရက်မှာ The Youth Force (Saw&Kyaukhtu)က ကြားကာလ ပညာသင်ကြားခြင်းအစီအစဥ်ကို အသိပေးခဲ့ပါတယ်။


"The Youth Force (Saw&Kyaukhtu) တော်လှန်ရေး လှုပ်ရှားနယ်မြေအတွင်းရှိ ကလေးအများ ပညာသင်ကြားနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ကလေးများအတွက် လိုအပ်သော ကျောင်းအသုံးအဆောင်ပစ္စည်းများကို မိမိတို့ ကာကွယ်ရေး ရံပုံငွေထဲမှ ကူညီထောက်ပံ့ပေးခဲ့ပြီး နေရာ () နေရာတွင် ပညာသင်ကြားနိုင်ရေးစီစဥ်ပေးနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


စစ်ဘေးရှောင်ကလေးအပါအဝင် ကျောင်းသား/သူ စုစုပေါင်း ၄၀၀ ကျော်  ပညာသင်ကြားခဲ့ကြပါတယ်။ ပညာသင်ကြားပေးခြင်းကို ဒေသအတွင်းရှိ CDM ဆရာ၊ ဆရာမများ နှင့် စေတနာ့ဝန်ထမ်းများမှ ဆောင်ရွက်ပေးကြပြီး  ပညာသင်ကြားပေးသော ဆရာ ဆရာမများအတွက် တစ်ဦးလျင် ငွေကျပ် (၃၀၀၀၀) စီ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။ ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ခြင်းအခမ်းအနားကို နေရာ နှစ်နေရာတွင် ကျင်းပနိုင်ခဲ့ပြီး ကျောင်းသား/သူ နှင့် ကျောင်းသားမိဘများ ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ မျိုးဆက် ခုစာပေါင်းစည်းမှုနဲ့ အထီးကျန်ဖက်ဆစ်မိစ္ဆာတွေရဲ့လည်မျိုကို ကျားခဲသလိုခဲဖို့ ဘွန်းနဲ့ EOD ရှယ်ယာများဝယ်ယူကြဖို့ ယူနိုက်ဘွန်းကတိုက်တွန်း


မျိုးဆက် ခုစာပေါင်းစည်းမှုနဲ့ အထီးကျန်ဖက်ဆစ်မိစ္ဆာတွေရဲ့လည်မျိုကို ကျားခဲသလိုခဲဖို့ ဘွန်းနဲ့EOD ရှယ်ယာများဝယ်ယူကြဖို့ ယူနိုက်ဘွန်းကတိုက်တွန်းလိုက်ပါတယ်။ သြဂုတ်လ ရက်နေ့မှာ ယူနိုက်တက်ဘွန်းကနေ အသိပေးတိုက်တွန်းခဲ့ပါတယ်။


"ကမ္ဘာကတောင် အံ့ဩရတဲ့ ပြည်တွင်း၊ ပြည်ပက Gen XYZ မျိုးဆက်တွေရဲ့ မရပ်မနားစီးဆင်းနေတဲ့ ငွေအား၊ နည်းပညာအား၊ စိတ်ဓါတ်အားအထောက်အပံ့တွေဟာ တော်လှန်ရေးအင်အားစုကြီးအတွက် ကျားကိုအတောင်ပံတပ်ပေးလိုက်သလို စွမ်းသထက်စွမ်းစေခဲ့ပါပြီ။ဒါကြောင့် မျိုးဆက် ခုစာပေါင်းစည်းမှုနဲ့ အထီးကျန်ဖက်ဆစ်မိစ္ဆာတွေရဲ့လည်မျိုကို ကျားခဲသလိုခဲဖို့ ဘွန်းဝယ်ကြပါ၊ EOD ရှယ်ယာဝယ်ကြပါ"လို့ဆိုပါတယ်။ အထူးငွေတိုက်စာချုပ်များရောင်းချရမှုဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှာ ဆအထိရောင်းအားခုန်တက်ခဲ့ပါတယ်။ လက်ရှိမှာ အထူးငွေတိုက်စာချုပ်ပေါင်း ၉၉၀၀၀ ကျော် ရောင်းချပြီးဖြစ်ကာ ငွေတိုက်စာချုပ်ရောင်းချရငွေ အမေရိကန်ဒေါ်လာ ၃၈ သန်းဖိုးရှိပြီဖြစ်ပါတယ်။


========================


📌📌 ၆။ သြဂုတ်လ ရက်နေ့မှ ရက်အတွင်းအကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း  သတ်ဖြတ်မှု (၃၄) မှုကျူးလွန်ခဲ့ 


သြဂုတ်လ ရက်နေ့မှ ရက်အတွင်းအကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း သတ်ဖြတ်မှု (၃၄) မှုကျူးလွန်ခဲ့ပါတယ်။ (..၂၀၂၂) မှ (..၂၀၂၂) ထိ ရက်အတွင်းအကြမ်းဖက်စစ်ကောင်စီ၏ ကျူးလွန်ခဲ့သောပြစ်မှုများအား အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့မှ စာရင်းပြုစုထုတ်ပြန်ခဲ့ပါတယ်။


ထုတ်ပြန်ချက်အရစစ်ကိုင်းတိုင်းအတွင်းမှာ ဖမ်းဆီးမှု (၆၂) မှုရှိခဲ့ပြီး မြင်းမူမြို့နယ်၊ လက်ပံကျင်းကျေးရွာ () မှု၊ ဒီပဲယင်းမြို့နယ်၊ လျှော်ဖြူကျေးရွာ (၁၀) မှု၊ကလေးမြို့နယ်၊ သာယာကုန်းကျေးရွာ (၅၀) မှုတို့ဖြစ်ပါတယ်။ သတ်ဖြတ်မှု (၃၄) မှုမှာခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာ () မှု၊ မြင်းမူမြို့နယ်၊ လက်ပံကျင်းကျေးရွာ (၂၈) မှု၊ ဒီပဲယင်းမြို့နယ်၊ အင်းပင်- ယဒင်ကျေးရွာ () မှု၊ ဒီပဲယင်းမြို့နယ်၊ ကိုင်းကံကျေးရွာ () မှု၊ ကလေးမြို့နယ်၊ သာယာကုန်းကျေးရွာ () မှုတို့ဖြစ်ပါတယ်။ မီးရှို့မှု () မှုမှာမြင်းမူမြို့နယ်၊ လက်ပံကျင်းကျေးရွာ () မှု၊ရေဦးမြို့နယ်၊ တင်းတိမ်ယံကျေးရွာ () မှု၊ ဒီပဲယင်းမြို့နယ်၊ အင်းပင်- ယဒင်ကျေးရွာ () မှု၊ ဒီပဲယင်းမြို့နယ်၊ ကိုင်းကံကျေးရွာ () မှု၊ကလေးမြို့နယ်၊ သာယာကုန်းကျေးရွာ () မှု၊  ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာ () မှုတို့ပါဝင်ပါတယ်။


========================


📌📌 ၇။ လျှပ်စီးပျောက်ကြားဝက်လက်မှ လက်လုပ် စနိုက်ပါထုတ်လုပ်အောင်မြင်


လျှပ်စီးပျောက်ကြားဝက်လက်မှ လက်လုပ် စနိုက်ပါထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ သြဂုတ်လ ရက်နေ့မှာ လျှပ်စီးပျောက်ကြားဝက်လက်မှ စနိုက်ပါသေနတ်ကို စမ်းသပ်ပစ်ခတ်ပြခဲ့ပါတယ်။


"Sniper အစစ်ကြီး မ၀ယ်နိုင်တော့ ကိုယ်တိုင် ကြိုးစားထုတ်လုပ်ရတာပေါ့။ 7.62 G3 ကျည် / G3 ပြောင်းအစစ်ဖြင့် ထုတ်လုပ်ထားပြီးပေ 1500 ရှိ ပစ်မှတ်ကို  လေ့ကျင့်ပစ်ခတ်ထားပါတယ်ဗျ"လို့ ဆိုပါတယ်။ ကျည်ပြေးနှုန်းက တစ်မိုင်လောက်ထိရောက်ရှိကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လျှပ်စီးပျောက်ကြားဝက်လက်အဖွဲ့ဟာ ကိုးလုံးကျည်ခြောက်လုံးပြူးသေနတ်ကို ထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။


========================


📌📌 ၈။ ကရင်ပြည်နယ် မြဝတီ -ဝေါ်လေ ကားလမ်းမ အနီး ကျူးကျော်လာသော စကစတပ်များနဲ့ ကော်ပရာစစ်ကြောင်းတို့ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စကစဘက်ကတပ်သား () ဦး ထိခိုက် ဒဏ်ရာရ


ကရင်ပြည်နယ် မြဝတီ -ဝေါ်လေ ကားလမ်းမ အနီး ကျူးကျော်လာသော စကစတပ်များနဲ့ ကော်ပရာစစ်ကြောင်းတို့ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စကစဘက်ကတပ်သား () ဦး ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ သြဂုတ်လ ရက်နေ့ မှာ စစ်ရေးထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ကော်ပရာစစ်ကြောင်းကဆိုပါတယ်။


"အကြမ်းဖက်စစ်ကောင်စီက (ဩဂုတ် ) ရက်နေ့ မနက် () နာရီခွဲတွင် ကျူးကျော်လာသော စစ်ကြောင်းအား ကော်ဘရာစစ်ကြောင်းမှ မြဝတီ -ဝေါ်လေ ကားလမ်းမ အနီး နေရာတစ်ခုတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။မနက် (၁၁) နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်များ ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်"လို့ ဆိုပါတယ်။ အဆိုပါ တိုက်ပွဲ အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သား () ဦး ထိခိုက် ဒဏ်ရာ ရရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ကော်ဘရာ စစ်သည်တော်များ တစ်စုံတစ်ရာ မထိခိုက်ခဲ့ပါ။


========================


📌📌 ၉။ အိမ်ခြေ ၂၀၀ ခန့်ရှိသော ဒီပဲယင်းမြို့နယ် ကိုင်းကံရွာ အကြမ်းဖက်စစ်တပ် မီးရှို့၍ အိမ်ခြေ ၁၅၀ ကျော်မီးလောင်ဆုံးရှုံး


အိမ်ခြေ ၂၀၀ ခန့်ရှိသော ဒီပဲယင်းမြို့နယ် ကိုင်းကံရွာ အကြမ်းဖက်စစ်တပ် မီးရှို့၍ အိမ်ခြေ၁ ၅၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ သြဂုတ်လ ရက်နေ့မှာ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးကဆိုပါတယ်။


"ယခုလ ရက်နေ့က ဒီပဲယင်းမြို့နယ် ကိုင်းကံရွာကို အကြမ်းဖက်စစ်တပ်မှ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီး အင်အားများချကာ ရုတ်တရက်စစ်ကြောင်းထိုးခဲ့ပါတယ်။ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော ပြည်သူအချို့ရှိခဲ့ပြီး ရွာသားအချို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။၆ ရက်နေ့မနက်မှာ အဆိုပါအကြမ်းဖက်စစ်တပ်မှ အကြောင်းမဲ့သက်သက် မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကိုင်းကံရွာ ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ ကိုင်းကံရွာက အိမ်ခြေ ၂၀၀ ခန့်ရှိပြီး စစ်တပ်မီးရှို့မှုကြောင့် အိမ်ခြေ ၁၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကာ ကျန်ရှိသော နေအိမ်အနည်းငယ်သည်လည်း အကြမ်းဖက်စစ်တပ်၏ မွှေနှောက်ဖျက်ဆီးခြင်းခံခဲ့ရပါတယ်"လို့ဆိုပါတယ်။


ရွာလုံးကျွတ်နီးပါးမီးရှို့ခံခဲ့ရသော ဒီပဲယင်းမြို့နယ် ကိုင်းကံရွာ မီးဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရန်အတွက်"ပြည်သူမှပြည်သူ ဖေးမလို့ကူ () ရက်တာ Campaign" စတင်မယ်လို့ဆိုပါတယ်။ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့အနေဖြင့် အဆိုပါမီးဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်အတွက် ရက်တာ အလှူခံသွားမှာဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment