22nd SEP 2022 - Morning Daily News by Radio NUG

၂၀၂၂ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ဖြစ်စဥ်ကို တနိုင်ငံလုံးက ဓမ္မဘက် တော်သား ပြည်သူများနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ တော်လှန်ရေးအောင်မြင်စေရေးအတွက် မြို့နယ်များ၏ ဆောင်ရွက်ချက်များဟာ များစွာ အရေးပါ၍ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ဟန်ချက်ညီစွာ ဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီး ပြောကြား

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်းကြီးဌာန (NUG-MoE) နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) တို့ပူးပေါင်း၍ နွေဦးတော်လှန်ရေး ကြားကာလဖွင့်လှစ်မည့် အခမဲ့ Online စာသင်ကျောင်း အတွက် ပထမအကြိမ်ဆွေးနွေး

📌 ၄။ အာဏာရှင်တွေဟာ လူမျိုးရေး ပဋိပက္ခ အသွင်ကိုဖော်ဆောင်ပြီး အာဏာတည်မြဲအောင် ကိုယ့် နိုင်ငံသားတွေအချင်းချင်း သွေးခွဲမှုကိုလုပ်ဆောင်တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှလှစိုးဆို

📌 ၅။ တောကြီးမြွေပွေးတပ်ဖွဲ့ မှ (T-V 2) လို့ ကိုယ်ပိုင်နာမည်ပေးထားတဲ့ တာဝေးပစ် လက်နက်ကြီးကိုထုတ်လုပ်အောင်မြင်

📌 ၆။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သားတစ်ဦး M16 သေနတ်နဲ့ G3 သေနတ် တို့နဲ့အတူ အလင်းဝင်ခိုလှုံလာ၍ ဂုဏ်ပြုဆုငွေများချီးမြှင့်

📌 ၇။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ တောင်စုကျေးရွာအတွင်းကိုခမရ  ၃၅၁ မှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ချက်စရာ ဆန်ပြန်ယူတဲ့ ဒေသခံအမျိုးသမီး ထိမှန်သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ဖြစ်စဥ်ကို တနိုင်ငံလုံးက ဓမ္မဘက် တော်သား ပြည်သူများနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ဖြစ်စဥ်ကို တနိုင်ငံလုံးက ဓမ္မဘက် တော်သား ပြည်သူများနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။ စက်တင်ဘာလအတွင်း အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်ကထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

"ဒီတစ်ပတ်အတွင်းမှာတော့ တော်တော်လေး စိတ်ထိခိုက် ဝမ်းနည်းစရာကောင်းတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းက ကိစ္စရပ် ကြုံတွေ့ခဲ့ရတာမို့ တနိုင်ငံလုံးက ဓမ္မဘက် တော်သား ပြည်သူများနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်လို့ ဦးစွာပြောကြားလိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ ဒီတော်လှန်ရေးကာလတစ်လျှောက် အင်မတန်ဆိုးရွားလွန်းတဲ့ အကြမ်း ဖက်သတ်ဖြတ် မှုတွေကို ကျူးလွန်ခဲ့ရာမှာ ဒီတစ်ခေါက်ဖြစ်စဉ်ကတော့ အဆိုးဝါးဆုံး ဖြစ်စဉ်များထဲက ကျွန်တော်တို့ ရင်နာရလွန်းတဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာမှာ စာသင်ကျောင်းထဲ ပညာသင်ကြားနေတဲ့ ကလေးငယ်များကို Mi35 ရဟတ်ယာဥ်နှစ်စီးနဲ့ အကြမ်းဖက် စစ်တပ်က ပစ်ခတ်ခဲ့ရာ ကလေးငယ် ဦးသေဆုံးခဲ့ပါတယ်။

"ပညာသင်ကြားနေတဲ့ လူမမယ်ကလေးတွေရှိတဲ့ စာသင် ကျောင်းပေါ်ကို လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှု လုပ်တယ်ဆိုတဲ့လုပ်ရပ်ဟာ လူမဆန်လွန်းတဲ့ ကြမ်း ကြုတ်တဲ့ရာဇဝတ်မှုကို ကျူးလွန်ခြင်း ဖြစ်တာမို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း မြန်မာနိုင်ငံမှာ ကြုံတွေခံစားနေရတဲ့ ဆိုးဝါးလွန်းတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ အပြစ်မဲ့ပြည်သူတွေ၊ ကလေး သူငယ်တွေ အပေါ်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအပေါ်မှာ မျက်စိမှိတ် လျစ်လျူရှုမနေသင့်တော့တဲ့ အချိန်ကိုရောက်နေပါပြီလို့ ပြောကြားလိုပါတယ်"လို့ ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ တော်လှန်ရေးအောင်မြင်စေရေးအတွက် မြို့နယ်များ၏ ဆောင်ရွက်ချက်များဟာ များစွာ အရေးပါ၍ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ဟန်ချက်ညီစွာ ဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီး ပြောကြား


တော်လှန်ရေးအောင်မြင်စေရေးအတွက် မြို့နယ်များ၏ ဆောင်ရွက်ချက်များဟာ များစွာ အရေးပါ၍ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ဟန်ချက်ညီစွာ ဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကပြောပါတယ်။ စက်တင်ဘာ ၂၁ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရာမှာ ဝန်ကြီးကပြောကြားခဲ့ပါတယ်။

"တော်လှန်ရေးအောင်မြင်စေရေးအတွက် မြို့နယ်များ၏ ဆောင်ရွက်ချက်များသည် များစွာ အရေးပါပါကြောင်း၊ ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ဟန်ချက်ညီစွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အလားတူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများကိုလည်း လစ်ဟင်းမှုမရှိစေရန် ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း"ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး တက်ရောက်လာသော ပအဖ/ပလဖ အဖွဲ့ဝင်များကမြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ အခွန်ကောက်ကိစ္စရပ်များ၊ တရားရေးစနစ် ပီပီပြင်ပြင်လည်ပတ်နိုင်ရေးအတွက် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များ၊ ထိန်းချုပ်နယ်မြေများအတွင်းကျေးရွာအုပ်ချုပ်ရေးယန္တရားများကို ခိုင်ခိုင်မာမာ လည်ပတ်နေသည့်အခြေနေများ စသည်တို့ကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီး အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အတွင်းဝန်နှင့် ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်းကြီးဌာန (NUG-MoE) နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) တို့ပူးပေါင်း၍ နွေဦးတော်လှန်ရေး ကြားကာလဖွင့်လှစ်မည့် အခမဲ့ Online စာသင်ကျောင်း အတွက် ပထမအကြိမ်ဆွေးနွေး


အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်းကြီးဌာန (NUG-MoE) နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့ပူးပေါင်း၍ နွေဦးတော်လှန်ရေး ကြားကာလဖွင့်လှစ်မည့် အခမဲ့ Online စာသင်ကျောင်း အတွက် ပထမအကြိမ်ဆွေးနွေးခဲ့ကြပါတယ်။

စက်တင်ဘာ၂၁ ရက်မှာ ဆွေးနွေးပွဲကို ပညာရေးဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။

ဆွေးနွေးပွဲတွင် အမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဌ ခွန်မြင့်ထွန်း၊အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်းကြီးဌာန (NUG-MoE) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်းကြီးဌာန (NUG-MoE) အဆင့်မြင့်ပညာရေးဒုဝန်ကြီး ဒေါတ်တာစိုင်းခိုင်မျိုးထွန်း၊အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်းကြီးဌာန (NUG-MoE) အခြေခံပညာရေးဒုဝန်ကြီး ဆရာမ Ja Htoi Pan နှင့် ကဏ္ဍအသီးသီး မှ ပါဝင်လှုပ်ရှားဆောင်ရွက်နေကြသောတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

အဓိကဆွေးနွေးချက်များမှာ

) အခြေခံပညာကဏ္ဍအတွက် Federal equivalency system and competency standards ကိစ္စ နှင့် Social Studies Resource များလုပ်ဆောင်ရန် စီစဉ် နေသောကိစ္စ ကို တင်ပြခြင်း (FES&CS focal & SS focal)

) အဆင့်မြင့်ပညာကဏ္ဍအတွက် မြန်မာ့နွေဦးတက္ကသိုလ် (Myanmar Nway Oo University, MNOU) ဖွင့်လှစ်နိုင်ရေး ကိစ္စကိုတင်ပြခြင်း (MNOU ကိုယ်စားလှယ်များ)

)သက်မွေးပညာ ကဏ္ဍ၏ လက်ရှိလုပ်ဆောင်နေသောအချက်များ အားတင်ပြခြင်း (VEC focal)

) ဆရာအတတ်ပညာရေးကဏ္ဍနှင့် မြန်မာနိုင်ငံ ဆရာအတတ်ပညာရေး ကွန်ရက် (Teacher Education Network, TEN) ကိစ္စတင်ပြခြင်း (TE focal)

စသည်တို့ကိုဆွေးနွေးခဲ့ကြပါတယ်။

PNFC'S ကြားကာလ အခမဲ့ Online စာသင်ကျောင်းဖွင့်လှစ်ရခြင်း၏ ရည်မှန်းချက်ပန်းတိုင်မှာစစ်အာဏာသိမ်းမှုကြောင့် ယိမ်းယိုင်သွားသော ကျောင်းပညာရေး စနစ်ကို တစ်ဖက်တစ်လမ်း ပြန်လည်ထိန်းကျောင်းရန် နှင့် တော်လှန်ရေးကာလ စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်၍ ကျောင်းသူကျောင်းသားများမှ အတန်းပညာများကို စဥ်ဆက်မပျက် လေ့လာသင်ယူနိုင်ရေးတွင် အထောက်အပံ့ဖြစ်စေရန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) မှ ကမကထပြု၍ အမျိုးသားညီညွတ်ရေးအစိုးရ-ပညာရေး ဝန်ကြီးဌာန (NUG-MoE) နှင့် ပူးပေါင်းကာ PNFC ကြားကာလ အခမဲ့ Online စာသင်ကျောင်း ဖွင့်လှစ်ခြင်းကို လက်တွေ့အကောင်အထည် ဖော်ဆောင်မှာဖြစ်ပါတယ်။


========================


📌📌 ၄။ အာဏာရှင်တွေဟာ လူမျိုးရေး ပဋိပက္ခ အသွင်ကိုဖော်ဆောင်ပြီး အာဏာတည်မြဲအောင် ကိုယ့် နိုင်ငံသားတွေအချင်းချင်း သွေးခွဲမှုကိုလုပ်ဆောင်တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှလှစိုးဆို


အာဏာရှင်တွေဟာ လူမျိုးရေး ပဋိပက္ခ အသွင်ကိုဖော်ဆောင်ပြီး အာဏာတည်မြဲအောင် ကိုယ့် နိုင်ငံသားတွေအချင်းချင်း သွေးခွဲမှုကိုလုပ်ဆောင်တယ်လို့ စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပြောကြားသော နှုတ်ခွန်းဆက်အမှာစကားမှာ အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာ  ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစင်နာလှလှစိုး ကပြောကြားခဲ့ပါတယ်။

"အာဏာရှင်တွေဟာ လူမျိုးရေး ပဋိပက္ခ အသွင်ကိုဖော်ဆောင်ပြီး သူတို့အာဏာတည်မြဲအောင် ကိုယ့် နိုင်ငံသားတွေအချင်းချင်း သွေးခွဲခဲ့တာကို သမိုင်းတလျောက်မြင်တွေ့ နိုင်မှာဖြစ်ပါတယ်" လို့ ဆိုပါတယ်။ လက်ရှိမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်များဟာ ရဟန်းသံဃာများကို ရာထူးနေရာများပေး၍လည်း သံဃာများအား ဂိုဏ်းခွဲထားကာ မထောက်ခံတဲ့ ရဟန်းသံဃာများကို အကျဥ်းထောင်များမှာဖမ်းဆီးထိန်းသိမ်းထားပါတယ်။


========================


📌📌 ၅။ တောကြီးမြွေပွေးတပ်ဖွဲ့ မှ (T-V 2) လို့ ကိုယ်ပိုင်နာမည်ပေးထားတဲ့ တာဝေးပစ် လက်နက်ကြီးကိုထုတ်လုပ်အောင်မြင်


တောကြီးမြွေပွေးတပ်ဖွဲ့ မှ (T-V 2) လို့ ကိုယ်ပိုင်နာမည်ပေးထားတဲ့ တာဝေးပစ် လက်နက်ကြီးကိုထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ စက်တင်ဘာ ၂၁ ရက်မှာ တောကြီးမြွေပွေးတပ်ဖွဲ့ မှအသိပေးဆိုပါတယ်။

"ကျွန်တော်တို့ တောကြီးမြွေပွေးတပ်ဖွဲ့ မှ ထုတ်လုပ်အောင်မြင်ထားတဲ့ (T-V 2) လို့ ကိုယ်ပိုင်နာမည်ပေးထားတဲ့ တာဝေးပစ် လက်နက်ကြီးကို Sep-21 မှာ ထုတ်လုပ်အောင်မြင်ခဲ့ပါတယ်"( June -9 ) မှာထုတ်လုပ်အောင်မြင်ခဲ့တဲ့ (၅၀၀ မမ) လို့ အမည်ပေးထားတဲ့ လက်နက်ကြီးကို July-28 စဥ့်ကိုင် -ရေလယ်ကျွန်းပွဲမှာ ထိရောက်စွာ ပစ်ခက်အသုံးပြုနိုင်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ ယခု ထုတ်လုပ်ထားတဲ့ လက်နက်ကြီး ကို အများပြား ထိရောက်စွာ ပစ်ခက်နိုင်ဖို့ ပြည်သူများ ကူညီထောက်ပံ့ပေးရန် လည်းဆိုထားပါတယ်။


========================


📌📌 ၆။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သားတစ်ဦး M16 သေနတ်နဲ့ G3 သေနတ် တို့နဲ့အတူ အလင်းဝင်ခိုလှုံလာ၍ ဂုဏ်ပြုဆုငွေများချီးမြှင့်


ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သားတစ်ဦး M16 သေနတ်တစ်လက်နဲ့ G3သေနတ်တို့နဲ့အတူ အလင်းဝင်ခိုလှုံလာ၍ ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ပါတယ်။ စက်တင်ဘာ၂၁ ရက်နေ့မှာ CDF-Kanpetlet မှ အလင်းဝင်လာတဲ့ ရဲတပ်သားသတင်းအချက်အလက်ကိုဖော်ပြပါတယ်။

"ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား ပြည့်ဖြိုးဇင်မှ မိမိတို့ထံ အလင်းဝင် လိုကြောင်း ဆက်သွယ်လာခဲ့ရာ မိမိတို့ CDF-Kanpetlet မှ သွားရောက်ကြိုဆိုခေါ်ဆောင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ 

ထိုက်သင့်သော ဂုဏ်ပြု ချီးမြှင့်ငွေကို ပေးအပ်ခဲ့ပြီး ၄င်း၏ သဘောဆန္ဒအရ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့တယ်လို့ဖော်ပြပါတယ်။ ၄င်းနှင့်အတူ ပါလာသော ပစ္စည်းများမှာ G3 ()လက်၊M16 () လက်၊ G3 ကျည်ဘောက် ()ခု၊ M16 ကျည်ဘောက် ()ခု၊7.62 ကျည် (၁၁၀) တောင့်၊9mm ကျည် ()တောင့်၊ကျည်ကာ () ထည် ဖြစ်ပါတယ်။ CDF-Kanpetlet မှ ပြည်သူနှင့်ပူးပေါင်းလိုသော မည်သည့် ရဲနှင့် တပ်မတော်သားကို မဆို နွေးထွေးစွာ ဖိတ်ခေါ်လျက်ရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ တောင်စုကျေးရွာအတွင်းကိုခမရ  ၃၅၁ မှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ချက်စရာ ဆန်ပြန်ယူတဲ့ ဒေသခံအမျိုးသမီး ထိမှန်သေဆုံး


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ တောင်စုကျေးရွာအတွင်းကို  ခမရ  ၃၅၁ မှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ချက်စရာ ဆန်ပြန်ယူတဲ့ ဒေသခံအမျိုးသမီး ထိမှန်သေဆုံးခဲ့ပါတယ်။ အကြမ်းဖက် စစ်တပ်ကြောင့် သေဆုံးသူများအချက်အလက်ကို စက်တက်ဘာ၂၁ ရက်မှာ AAPP က ဖော်ပြပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ တောင်စုကျေးရွာအတွင်းကို နတ်သံကွင်းတံတားရှိ ခမရ  ၃၅၁ မှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည်စသည် ဒေသခံအမျိုးသမီးတစ်ဦးဖြစ်သူ နော်သူးလေဖော ကို ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။

 တောင်စုကျေးရွာအတွင်းရှိ ဒေသခံများသည် အကြမ်းဖက်စစ်အုပ်စု၏တပ်မှ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းသည့်အတွက် ကျေးရွာအပြင်ဘက်တွင် တိမ်းရှောင်နေကြရပြီး နော်သူးလေဖောဟာ ကျေးရွာ အတွင်းကို  ဆန်ပြန်ယူပြီးနောက် ရွာအပြင်ဘက်ကို ပြန်ထွက်ချိန်၌ လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားခဲ့ခြင်း ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၃၀၃) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment