23rd SEP 2022 - Evening Daily News by Radio NUG

၂၀၂၂ စက်တင်ဘာလ ၂၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပဲယင်းမြို့နယ် လက်ယက်ကုန်းဖြစ်စဥ်လိုမျိုး ထပ်မံမဖြစ်ပွားဖို့ ကာကွယ်နိုင်သမျှ နည်းလမ်းမျိုးစုံ ကြိုးစားရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာမှာ တပ်မ (၃၃) အပါအဝင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အခြေစိုက်တပ်များ ကျူးလွန်တဲ့ရာဇဝတ်မှုများကို လူ့အခွင့်ရေးဝန်ကြီးဌာန ထုတ်ပြန်

📌 ၃။ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က စစ်သုံးရဟတ်ယာဥ်နဲ့ တိုက်ခိုက်မှုဖြစ်စဥ်ကို နိုင်ငံတ ကာဥပဒေအရ အရေးယူနိုင်အောင် အမျိုးသားညီညွတ်ရေးအစိုးရလုပ်ဆောင်နေပြီလို့အသိပေးဆို

📌 ၄။ ကန့်ဘလူမြို့နယ်မြောက်ပိုင်း၊ကိုးတောင်ဘို့တွင်အထိုင်ချထားသောအင်အား ၇၀ ပါစစ်ကြောင်း  ကောလင်းမြို့နယ်ဘက်သို့ ထွက်ခွာရာ လမ်းမှာ မိုင်းဆွဲခံရ

📌 ၅။ ညောင်လေးပင်ခရိုင်၊ကျောက်တံခါးမြို့နယ်မှာ စကစတပ်များနဲ့ ကာကွယ်ရေးတပ်တို့ထိတွေ့တိုက်ပွဲမှာ စကစတပ်က သုံးယောက်ပွဲချင်းပြီးသေဆုံး၍ လက်နက်လေးလက်နဲ့ကျည်ဆန်များသိမ်းဆည်းရမိ

📌 ၆။ ကျားဖြူတပ်ခွဲ - PDF ရဲဘော်များမှရိုက်ကူးထားသော"ဆယ်လ်မွန်ငါးတို့အိမ်ပြန်ချိန်" ဇာတ်လမ်း  စက်တင်ဘာလကုန်ဖြန့်ချီပြသမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပဲယင်းမြို့နယ် လက်ယက်ကုန်းဖြစ်စဥ်လိုမျိုး ထပ်မံမဖြစ်ပွားဖို့ ကာကွယ်နိုင်သမျှ နည်းလမ်းမျိုးစုံ ကြိုးစားရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


စက်တင်ဘာ ၂၂ ရက်ကျင်းပတဲ့ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"မြေပြင်မှာနေ့စဉ်နဲ့အမျှ သတင်းကောင်း၊ သတင်းဆိုးတွေရှိနေကြောင်း၊ ဒီပဲရင်းလက်ယက်ကုန်းကိစ္စအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ အဆိုးဝါးဆုံး ဖြစ်စဉ်တစ်ရပ်ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်အတွက် ဆက်လက်လုပ်ဆောင်ရမယ်ကိစ္စများ မိမိတို့ဘက်မှ စီစဉ်ကြောင်း၊ နောက်ထပ်ယင်းဖြစ်စဉ်ကဲ့သို့မဖြစ်ရန် နိုင်ငံတကာမှအကူညီများလိုအပ်သလို မိမိတို့ဘက်မှလည်း ကာကွယ်နိုင်သမျှ နည်းလမ်းမျိုးစုံ ကြိုးစားနေကြရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ပြီး လုံခြုံရေးအစီအမံများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။


တစ်ဆက်တည်းမှာပဲ NUG ရဲ့ တရားရေးဖော်ဆောင်မှုမှာ  အချုပ်ထောင်များအခြေအနေကိုပြည်ထောင် စုဝန်ကြီးချုပ်မေးမြန်းခဲ့ပါတယ်။ တရားရေးမှ ဖမ်းဆီးခံရသူများအတွက် အချုပ်ထောင်များမည်ကဲ့သို့ စီမံနေသည်ကိုသိချင်ကြောင်း၊  တရားရေးကိစ္စများ ပိုမိုလုပ်ဆောင်ရမည့် အချိန်ရောက်နေကြောင်း၊ တရားရေးအနေနဲ့ မည်သည့်အခက်အခဲရှိနေသည်ကို သိရှိလိုကြောင်း၊ က၃လုံးဒေသအပြင် တိုးချဲ့မြို့နယ်များပါ ဆက်လက်လုပ်ဆောင်ရန်များရှိနေကြောင်း၊ ချင်း၊ ကရင်နီပြည်တို့မှ ဆောင်ရွက်မည့်ကိစ္စများအတွက် အားစိုက်ပူးပေါင်းလုပ်ကိုင်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကဆိုပါတယ်။လတ်တလောမှာ မြို့နယ် ၂၄ မြို့နယ်မှာ တရားရုံးများစတင်ထူထောင်နိုင်ပြီဖြစ်ပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်၍ ဒုတိယဥက္ကဌ () ၊ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာမှာ တပ်မ (၃၃) အပါအဝင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အခြေစိုက်တပ်များ ကျူးလွန်တဲ့ရာဇဝတ်မှုများကို လူ့အခွင့်ရေးဝန်ကြီးဌာန ထုတ်ပြန်


စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်အတွင်းရှိ မြို့ကြီးရွာ၊ ဇီးကုန်းရွာ၊ တင်းတိမ်ရံရွာ များကို စစ်ကောင်စီတပ်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၈၊၂၉၊ ၃၀ ရက်များတွင် စစ်ကြောင်းထိုးတိုက်ခဲ့ပြီး ရွာသား စုစုပေါင်း ၂၉ ဦး အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရပါတယ်။ 


စစ်ကောင်စီတပ်များရဲ့ မီးရှို့ဖျက်စီးမှုကြောင့် တင်းတိမ်ရံရွာအတွင်းရှိ အိမ်ခြေ ၃၁၄ လုံး၊ ဆိုင်ခန်းပေါင်း ၃၅၉ MPT ရုံးခန်း တစ်ခန်း၊ ဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင်ကျွမ်းခဲ့ပါတယ်။ အဆိုပါ အကြမ်းဖက်မှုကို ကျုးလွန်သူများမှာ တပ်မ (၃၃)အပါအဝင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အခြေစိုက်တပ်များ ဖြစ်ကြောင်းလူ့အခွင့်ရေးရာဝန်ကြီးဌာနကဖော်ပြပါတယ်။


========================


📌📌 ၃။ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က စစ်သုံးရဟတ်ယာဥ်နဲ့ တိုက်ခိုက်မှုဖြစ်စဥ်ကို နိုင်ငံတ ကာဥပဒေအရ အရေးယူနိုင်အောင် အမျိုးသားညီညွတ်ရေးအစိုးရလုပ်ဆောင်နေပြီလို့အသိပေးဆို


ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က စစ်သုံးရဟတ်ယာဥ်နဲ့ တိုက်ခိုက်မှုဖြစ်စဥ်ကို နိုင်ငံတကာ ဥပဒေအရ အရေးယူနိုင်အောင် အမျိုးသားညီညွတ်ရေးအစိုးရလုပ်ဆောင်နေပြီလို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကဆိုပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းဖြစ်စဥ်မှ အကြမ်းဖက် စစ်တပ် ကျူးလွန်တဲ့ သက်သေအထောက်အထားများကို NUG အစိုးရအနေနဲ့ ခိုင်ခိုင်မာမာရထားပြီးပြီလို့ Radio NUG ကို သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက အခုလိုပြောဆိုထားပါတယ်။


((((((( ဦးကျော်ဇော - သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ))))))


အကြမ်းဖက် စစ်တပ်ဖမ်းခေါ်သွားသော ကလေးငယ်နဲ့ဆရာ၊ဆရာမများအခြေအနေအမှန်သိရှိဖို့လိုအပ်နေတယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒီပဲယင်းကဘစက်တင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားသောဆရာမ ဦး နှင့် ကလေး ၁၁ ဦး စုစုပေါင်း ၂၀ ဦးတို့၏ အခြေအနေမှန်ကိုသိရှိရန် ကမ္ဘာ့ ကြက်ခြေနီအဖွဲ့၊ ကမ္ဘာ့ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့၊ တို့ မှ ဒဏ်ရာရကလေးငယ်များ မိသားစုနှင့် တွေ့ဆုံခွင့်ရနိူင်ရန် ကူညီပေးပါရန် မေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်လို့ဖော်ပြထားပါတယ်။


========================


📌📌 ၄။ ကန့်ဘလူမြို့နယ်မြောက်ပိုင်း၊ကိုးတောင်ဘို့တွင်အထိုင်ချထားသောအင်အား ၇၀ ပါစစ်ကြောင်း  ကောလင်းမြို့နယ်ဘက်သို့ ထွက်ခွာရာ လမ်းမှာ မိုင်းဆွဲခံရ


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မြောက်ပိုင်း၊ကိုးတောင်ဘို့တွင်အထိုင်ချထားသောအင်အား၇၀ပါစစ်ကြောင်း ယမန်နေ့ညက ကောလင်းမြို့နယ်ဘက်သို့ ထွက်ခွာရာ လမ်းမှာ မိုင်းဆွဲခံရတယ်လို့ ကိုးတောင်ဘို့တော်လှန်ရေးအင်အားစုကအတည် ပြုခဲ့ပါတယ်။


" ထိခိုက်မှုတော့မသိရသေးပါ။ယနေ့မနက် ကောလင်းမြို့နယ် ကြို့ခုံရွာနားတွင်ရှိနေပြီး တစ်ဝက်မှာ ကောလင်းမြို့နားကပ်သွားသည်ဟု သတင်းရရှိပါတယ်"လို့ဆိုပါတယ်။


စက်တင်ဘာ ၂၃ ရက်မနက်ကိုးတောင်ဘို့မှ ကိုင်းမအရှေ့ဘက်ထွက်ခွာသွားသော စကစတပ်စစ်ကြောင်းအဖွဲ့ဟာ ကောလင်းမြို့နယ်၊ထဲထီးရှိုရွာအနောက်ဘက် ကျောက်မဲတောင်ကိုရောက်နေကာအင်အား (၇၉) ယောက်နှင့်အတူ အရပ်သားပြည်သူဓားစာခံ () ယောက်ပါဝင်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ ညောင်လေးပင်ခရိုင်၊ကျောက်တံခါးမြို့နယ်မှာ စကစတပ်များနဲ့ ကာကွယ်ရေးတပ်တို့ထိတွေ့တိုက်ပွဲမှာ စကစတပ်က သုံးယောက်ပွဲချင်းပြီးသေဆုံး၍ လက်နက်လေးလက်နဲ့ကျည်ဆန်များသိမ်းဆည်းရမိ


စက်တင်ဘာ ၂၃ ရက်မှာ စစ်ရေးသတင်းကို Freedom Joker Assault Team ကထုတ်ပြန်ခဲ့ပါတယ်။


"ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်၊ကျောက်တံခါးမြို့နယ်မှာ စက်တင်ဘာ၂၀ရက် ၀၉:၅၈ နာရီဝန်းကျင်တွင်ပထမဆုံးဖျော်ဖြေတဲ့ပွဲဦးထွက်မှာလက်သံပြောင်လွန်းတဲ့ ဂျိုကာတို့အတွက်စကစတပ် များက သေနတ် လက်နဲ့တကွ MA ကျည် ၁၀၉ တောင့်၊ ကာဘိုင်ကျည် ၁၁၄ တောင့်အားဆပ်ကပ်ချီးမြှင့်ခဲ့သည့်အပြင်အားပေးမှုလွန်ကဲခြင်းကြောင့် ယောက်သေဆုံးသွားခဲ့ပါတယ်"လို့ ဆိုပါတယ်။ စကစတပ်များသုံးယောက်သေဆုံးခဲ့သော်လည်း တစ်ဦးမှာပြင်းထန်ဒဏ်ရာများနဲ့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ ကျားဖြူတပ်ခွဲ - PDF ရဲဘော်များမှရိုက်ကူးထားသော"ဆယ်လ်မွန်ငါးတို့အိမ်ပြန်ချိန်" ဇာတ်လမ်း  စက်တင်ဘာလကုန်ဖြန့်ချီပြသမယ်


ကျားဖြူတပ်ခွဲ - PDF ရဲဘော်များမှ တပ်ခွဲရံပုံငွေရရှိ‌ရေးအတွက်"ဆယ်လ်မွန်ငါးတို့အိမ်ပြန်ချိန်"ဇာတ်လမ်းရုပ်သံတိုကို စက်တင်ဘာလကုန်ဖြန့်ချီပြသမယ်လို့သတင်းရရှိပါတယ်။ လတ်တလောမှာ စက်တင်ဘာ ၂၃ ရက်မှစတင်ကာတပ်ခွဲရံပုံငွေလက်မှတ်များကို စတင်ရောင်းချပေးနေပြီလို့ ကျားဖြူတပ်ခွဲ - ကဆိုပါတယ်။


"ကျားဖြူတပ်ခွဲ - PDF ရဲဘော်များမှ တပ်ခွဲရံပုံငွေရရှိ‌ရေးအတွက်  "ဆယ်လ်မွန်ငါးတို့အိမ်ပြန်ချိန်" ဇာတ်လမ်းတိုကို () လပိုင်းအဆုံးမှာ ဖြန့်ချီမှာဖြစ်ပါတယ်ခင်ဗျာ။တပ်ခွဲရံပုံငွေလက်မှတ်ကို စက်တင်ဘာလ (၂၃) ရက်နေ့မှ စတင်ရောင်းချပေးသွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


တပ်ခွဲရံပုံငွေလက်မှတ်ကို ဝိုင်းဝန်းကူရောင်းပေးလိုသူများအ‌နေဖြင့် ကျားဖြူတပ်ခွဲ - ဖေ့ဘုတ်စာမျက်နှာလင့် ကနေတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ အဆိုပါ ဆယ်လ်မွန်ငါးတို့အိမ်ပြန်ချိန်ဇာတ်လမ်းတိုမှ ရရှိဝင်ငွေများအား ကရင်ပြည်နယ်၊ တောင်ပိုင်းတိုင်းစစ်ဒေသအတွင်းရှိ ကျားဖြူတပ်ခွဲ - ရဲဘော်ရဲဘက် ညီအစ်ကိုမောင်နှမများအတွက် လိုအပ်သောလက်နက်ခဲယမ်းများတပ်ဆင်မှာဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment