24th SEP 2022 - Evening Daily News by Radio NUG


၂၀၂၂ စက်တင်ဘာလ ၂၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့  LDF တွေနဲ့ ချိတ်ဆက်နိုင်ရေး အထူးအလုပ်အဖွဲ့တစ်ခု ဖွဲ့စည်း လုပ်ဆောင်နေပြီး ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ကာကွယ်ရေးဝန်ကြီးဆို

📌 ၂။ နွေဦးတော်လှန်ရေးမှာပြည်သူလူထုအားလုံးပါဝင်နေရခြင်းမှာ နိုင်ငံရဲ့အနာဂါတ် ကောင်းမွန်ဖို့အတွက် ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်

📌 ၃။ နိုင်ငံခြားသံတမန်များနဲ့ လက်ယက်ကုန်းဖြစ်ရပ်က ကာယကံရှင်များ တွေ့ဆုံမှုကို လုပ်ဆောင်ဖြစ်ခဲ့တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၄။ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်းပတ်ကျေးရွာကို အကြမ်းဖက် စစ်တပ်ကယနေ့မနက် မီးရှို့ဖျက်ဆီး

📌 ၅။ ကန့်ဘလူမြို့နယ်မြောက်ပိုင်းသို့ ယနေ့မနက် အကြမ်းဖက် စစ်တပ်က မွှေနှောက်သောင်းကျန်းနေ

📌 ၆။ ဆောမြို့နယ်မှမီးဖွားစရိတ်ဂုဏ်ပြုငွေ တစ်ကြိမ်မှမရဖူးသူ CDM ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံကြေးပေးအပ်မယ်

📌 ၇။ မတူပီအခြေစိုက် ခလရ (၁၄၀) တပ်ရင်းမှမတူပီ-ဟားခါးလမ်းဖက်ကို နယ်မြေရှင်းလင်းရေးပြုလုပ်လာ၍ CDF- Matupi က ယနေ့မနက်ပစ်ခတ်ရာ စကစတပ်ဘက်က သုံးဦးသေဆုံး

📌 ၈။ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်လက်ထားရှိရေး ကုလသမဂ္ဂရုံးချုပ်ရှေ့ဆန္ဒပြ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့  LDF တွေနဲ့ ချိတ်ဆက်နိုင်ရေး အထူးအလုပ်အဖွဲ့တစ်ခု ဖွဲ့စည်း လုပ်ဆောင်နေပြီး ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ကာကွယ်ရေးဝန်ကြီးဆို


စက်တင်ဘာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်များသို့ပြောကြားရာမှာ ကာကွယ်ရေးဝန်ကြီးကအခုလို ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။


"ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဆိုရင် LDF တွေနဲ့ ချိတ်ဆက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူတွေပါတဲ့ အထူးအလုပ်အဖွဲ့တစ်ခု ဖွဲ့စည်း လုပ်ဆောင်နေတာရှိတယ်။ LDF ခေါင်းဆောင်များအနေနဲ့ ဒီအလုပ်အဖွဲ့ကိုဖြစ်ဖြစ်၊ ဝန်ကြီး၊ ဒုဝန်ကြီး၊ အတွင်းဝန်တို့ကို တိုက်ရိုက်ပဲဖြစ်ဖြစ် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းလည်း တပါတည်း အသိပေးလိုတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၀ ကျော်၊ မြို့နယ်ပကဖပေါင်း၂၅၀၊မြို့ပြပြောက်ကျားနဲ့ LDFလူငယ်တပ်ဖွဲ့များ၄၀၁ဖွဲ့ရှိကြောင်းသတင်းရရှိပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနဟာ လတ်တလောမှာ တပ်ရင်းတပ်ဖွဲ့များကို မှတ်ပုံတင်ပေးခြင်းနဲ့ လက်နက်တပ်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးမှာပြည်သူလူထုအားလုံးပါဝင်နေရခြင်းမှာ နိုင်ငံရဲ့အနာဂါတ် ကောင်းမွန်ဖို့အတွက် ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်


စက်တင်ဘာ၂၄ ရက်ကျင်းပတဲ့ ပအိုးဝ်အမျိုးသား ဖက်ဒရယ်ကောင်စီ PNFC နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့်  ကြားကာလ အခြေခံပညာ အခမဲ့ အွန်လိုင်းစာသင်ကျောင်း ဖွင့်ပွဲအခမ်းအနား မှာ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုဆိုလိုက်ပါတယ်။


"နွေဦးတော်လှန်ရေးပေါ်ပေါက်နေရခြင်းဟာ နွေဦးတော်လှန်ရေးမှာ ကျနော်တို့ပါဝင်နေရခြင်းဟာ၊နွေဦးတော်လှန်ရေးမှာ ဆရာ၊ဆရာမတွေ၊ CDM ကျောင်းသားတွေပါဝင်နေကြခြင်းဟာ နိုင်ငံရဲ့အနာဂါတ်အတွက်၊ကျနော်တို့မျိုးဆက်တွေရဲ့အနာဂါတ်အတွက်ပဲ ဖြစ်ပါတယ်။အနာဂါတ်မှာ ဘယ်လိုနည်းနဲ့မှ စစ်အာဏာရှင်နဲ့မကောင်းနိုင်ဘူးဆိုတာ ကျနော်တို့အားလုံးသိခဲ့ကြပြီးဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခု နှစ် ဖေဖော်ဝါရီ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက် စစ်အာဏာရှင်စနစ်ဆန့်ကျင်လှုပ်ရှားတဲ့ ကျောင်းသားလူငယ်များပါမကျန် လက်နက်နဲ့ဖြိုခွင်းသတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၃။ နိုင်ငံခြားသံတမန်များနဲ့ လက်ယက်ကုန်းဖြစ်ရပ်က ကာယကံရှင်များ တွေ့ဆုံမှုကို လုပ်ဆောင်ဖြစ်ခဲ့တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို


နိုင်ငံခြားသံတမန်များနဲ့ လက်ယက်ကုန်းဖြစ်ရပ်က ကာယကံရှင်များ တွေ့ဆုံမှုကို လုပ်ဆောင်ဖြစ်ခဲ့တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက စက်တင်ဘာ၂၄ ရက် လူမှုကွန်ရက်မှ အသိပေး‌ ပြောဆိုထားပါတယ်။


"နိုင်ငံခြားသံတမန်များနဲ့ လက်ယက်ကုန်းဖြစ်ရပ်က ကာယကံရှင်များ တွေ့ဆုံမှုကို လုပ်ဆောင်ဖြစ်ပါတယ်။ပြည်သူများရင်ထဲကလာတဲ့ အသံတွေကို တိုက်ရိုက်ကြားပြီးရင်တော့ အကြမ်းဖက်တပ်ရဲ့ လိမ်ညာမှုတွေကို ပိုမိုသဘောပေါက်မှာပါ။ ပြည်သူတွေက ရှင်းရှင်းဘဲ မေးခွန်းထုတ်သွားပါတယ်။"ရာဇဝတ်ဘေး ပြေးမလွတ်" ဆိုပေမဲ့ စစ်ရာဇဝတ်သားတွေ ပြေးလွတ်နေသေးတာကို ဘယ်လိုလုပ်ကြမှာလဲ။ ကိုယ်ကျိုးအတွက်ဘဲ ကြည့်နေကြမှာလား"  တဲ့။သံတမန်မဆန်ပေမဲ့ ပြည်သူစကားက သွေးထွက်အောင်မှန်တဲ့ စကားဘဲ"လို့ဝန်ကြီးကဆိုပါတယ်။


စက်တင်ဘာ ၁၆ ရက် စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့နယ်လက်ယက်ကုန်းရွာက စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က Mi35စစ်သုံးရဟတ်ယာဥ်နဲ့ ၄၅မိနစ်ကြာပစ်ခတ်ခဲ့ပါတယ်။ အဆိုပါဖြစ်စဥ်မှာ ပညာသင်ကြားနေတဲ့ ကလေးငယ် ဦးသေဆုံးကာ မြေပြင်ထိုးစစ်ကြောင့် အရပ်သား ဦးသေဆုံးခဲ့ပါတယ်။


========================


📌📌 ၄။ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်းပတ်ကျေးရွာကို အကြမ်းဖက် စစ်တပ်ကယနေ့မနက် မီးရှို့ဖျက်ဆီး


"ယနေ့ နံနက် နာရီခန့်မှ စတင်ပြီး စခများ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်းပတ်ကျေးရွာကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးခဲ့ပါတယ်။ နံနက် နာရီခန့်မှာ တော့ မီးတင်ရှို့နေပြီလို့ မြေပြင်က သတင်းပေးပို့လာပါတယ်"လို့ SSTF( MRDA တပ်ခွဲ - ခင်ဦး )ကအတည်ပြုဆိုပါတယ်။


ရွာသူရွာသားတွေ လည်း ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ စစ်ကောင်စီတပ်များဟာ စစ်ကိုင်းတိုင်းမှာကျေးရွာများကို မီးရှို့ဖျက်ဆီးမှုအများဆုံးဖြသ်ပြီးတော့ တစ်နိုင်ငံလုံးရှိ ပြည်နယ်နဲ့တိုင်းများမှာ စကစတပ်များမီးရှို့ဖျက်ဆီး၍ နေအိမ် ၃၆၀၀၀ ခန့်မီးလောင်ဆုံးရှုံးပြီးဖြစ်ပါတယ်။


========================


📌📌 ၅။ ကန့်ဘလူမြို့နယ်မြောက်ပိုင်းသို့ ယနေ့မနက် အကြမ်းဖက် စစ်တပ်က မွှေနှောက်သောင်းကျန်းနေ


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မြောက်ပိုင်းသို့ ယနေ့မနက်မှာ အကြမ်းဖက် စစ်တပ်က မွှေနှောက်သောင်းကျန်းကာ နွားလှန်သွားသော ဂုံညင်းရှိုရွာသား () ဦးကို ဖမ်းဆီးသွားပါတယ်။ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ ကန့်ဘလူမြို့နယ်မြောက်ပိုင်း ဂုံညင်းရှို၊ကြခတ်အိုက်ရွာများကို စကစတပ်များဝင်ရောက်ခဲ့တာလို့ ကိုးတောင်ဘို့တော်လှန်ရေးအင်အားစုကအတည်ပြုပြောပါတယ်။


"မနေ့ညက ကောလင်းမြို့နယ် လက်ပံရှိုရွာမှာ ညအိပ်ခဲ့သော စစ်ခွေးနောက်တစ်ဖွဲ့ဟာ မနက်၆နာရီခန့်မှာ လက်ပံရှိုရွာကထွက်လာပြီး မနက် နာရီကျော်မှာ ကန့်ဘလူမြို့နယ်မြောက်ပိုင်း ဂုံညင်းရှို၊ကြခတ်အိုက်ရွာများကို ဝင်ရောက်လာပါတယ်။ နွားလှန်သွားသော ဂုံညင်းရှိုရွာသား () ဦး ဖမ်းခံရပြီး ဦးထွန်းရီ၏သားနှင့်ဒေါ်စန်းမြ၏သားမောင်ဖိုးသကြားတို့ဖြစ်ပါတယ်"လို့ ဆိုပါတယ်။ လက်ရှိအဆိုပါစကစတပ်အုပ်စုမှာ ဂုံညင်းရှိုရွာဘုန်းကြီးကျောင်းထဲတွင် (၅၀) ကျော် တပ်စွဲထားပြီး ကြခတ်အိုက်ကျေးရွာမှာ (၂၀) ဝန်းကျင်ခန့်ရှိကာစုစုပေါင်းအင်အား(၇၀)ကျော်ခန့်ပါလာပါတယ်။


========================


📌📌 ၆။ ဆောမြို့နယ်မှမီးဖွားစရိတ်ဂုဏ်ပြုငွေ တစ်ကြိမ်မှမရဖူးသူ CDM ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံကြေးပေးအပ်မယ်


ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ မီးဖွားစရိတ်ဂုဏ်ပြုငွေ တစ်ကြိမ်မှမရဖူးသူ CDM ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံကြေးပေးအပ်မယ်ဘို့သတင်းရရှိပါတယ်။ စက်တက်ဘာ ၂၄ ရက်မှာ ဆော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးဆိုပါတယ်။


"၂၀၂၁ အောက်တိုဘာလရှေ့ပိုင်း၌ CDM ဝင်ရောက်ခဲ့ကာ ၂၀၂၁ နိုဝင်ဘာနောက်ပိုင်းမီးဖွားထားသူများ၊ ၂၀၂၂ စက်တင်ဘာနောက်ပိုင်းမီးဖွားမည့်သူများဖြစ်ပြီး မီးဖွားစရိတ်ဂုဏ်ပြုငွေ တစ်ကြိမ်မှမရဖူးသူ CDM ကိုယ်ဝန်ဆောင်/မိခင်ဖခင်များအနေနှင့် လျှောက်လွှာပါအချက်အလက်များဖြည့်စွက်ပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်"လို့ဆိုထားပါတယ်။ လတ်တလောမှာ ဆောမြို့နယ်မှ CDMကိုယ်ဝန်ဆောင်များအနေနဲ့ တိကျသော အချက်အလက်များနဲ့အတူ လျှောက်လွှာဖောင်များကို အောက်တိုဘာ ရက်နေ့နောက်ဆုံးထားလျှောက်နိုင်မှာဖြစ်ပါတယ်။


========================


📌📌 ၇။ မတူပီအခြေစိုက် ခလရ (၁၄၀) တပ်ရင်းမှမတူပီ-ဟားခါးလမ်းဖက်ကို နယ်မြေရှင်းလင်းရေးပြုလုပ်လာ၍ CDF- Matupi က ယနေ့မနက်ပစ်ခတ်ရာ စကစတပ်ဘက်က သုံးဦးသေဆုံး


စက်တင်ဘာ၂၄ ရက် မနက် (:၀၀) နာရီခန့်မှာထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ CDF- Matupiကထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့စက်တင်ဘာလ (၂၄) ရက်နေ့မှာ မတူပီအခြေစိုက် ခလရ (၁၄၀) တပ်ရင်းမှမတူပီ-ဟားခါးလမ်းဖက်ကို နယ်မြေရှင်းလင်းရေးပြုလုပ်လာပါတယ်။ဒါကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF- Matupi တို့ မနက် (:၀၀) နာရီခန့်တွင် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဖက်မှ () ဦးသေ၊ အများအပြားဒဏ်ရာရရှိခဲ့ပါတယ်"လို့ ဆိုပါတယ်။


CDF- Matupi ဖက်မှအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒါ့အပြင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်ပြီး မိဘပြည်သူများအနေဖြင့် မတူပီ-ဟားခါးလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် CDF -Matupi ကအသိပေးဆိုပါတယ်။


========================


📌📌 ၈။ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်လက်ထားရှိရေး ကုလသမဂ္ဂရုံးချုပ်ရှေ့ဆန္ဒပြ


အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ မြန်မာပြည်သူတွေနဲ့ ကမ္ဘောဒီးယားပြည်သူတွေ ပူးပေါင်းပြီးတော့တောင်းဆိုဆန္ဒပြ ပွဲကိုကျင်းပခဲ့ပါတယ်။


ဆန္ဒပြပွဲကို ကုလသမဂ္ဂရုံးချုပ်ရှေ့မှာရှိတဲ့ Dag Hammarskjöld Plaza မှာ ပြုလုပ်ခဲ့ကြတာဖြစ်ပြီးတော့ ကုလသမဂ္ဂဆိုင် ရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအပြင် လူ့အခွင့်ရေး၊ တရားမျှတမှုရှိရေး၊ ဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီပြန်လည်ထွန်းကားရေး၊ အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေနဲ့ အပြစ်မဲ့ပြည်သူတွေလွတ်မြောက်ရေးတို့အတွက် ဘန်နာများကိုင်စွဲကာ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြတောင်းဆိုမှု စက်တင်ဘာ ၂၃ ရက်မှာ NYCBC က ဦးဆောင်ကျင်းပကာ လူဦးရေ အများအပြားတက်ရောက်ခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment