24th SEP 2022 - Morning Daily News by Radio NUG

၂၀၂၂ စက်တင်ဘာလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ များက စစ်ရေးနဲ့ကာကွယ်ရေးဆိုင်ရာတာဝန်များပါ ကွပ်ကဲရေးမှူးတွေ ဦးဆောင်မှုနဲ့ပါဝင်မယ်လို့ ပြည်ထဲရေးဝန်ကြီးအသိပေး

📌 ၂။ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) မှ ကမကထပြု၍ အမျိုးသားညီညွတ်ရေးအစိုးရ-ပညာရေးဝန်ကြီးဌာန (NUG-MoE) နှင့် ပူးပေါင်းကာ ကြားကာလ အခြေခံပညာ အခမဲ့ Online စာသင်ကျောင်း ဖွင့်လှစ်

📌 ၃။ NUGPay သုံးစွဲသူ အယောက်တစ်သောင်းပြည့်မကြာခင် iOS စနစ်သုံး NUGPay Application စတင်မယ်

📌 ၄။ ကရင်နီ ဒေသအတွက် NUGPay ကနေ ပြည်သူထောက်ပံ့ကူညီမှုကို စက်တင်ဘာ ၃၀ ရက်နေ့ထိ လက်ခံသွားမယ်

📌 ၅။ NUG ရဲ့ ပညာရေးမှာ Grade-3 တက်နေတဲ့ အသက် ၁၀ နှစ်အရွယ်သမီးငယ်လေးမှ နားကပ်ချွတ်၍ PEOPLE'S DEFENCE FORCE-HTILIN (YRPA) ကို တော်လှန်ရေးအတွက် ပေးအပ်လှူဒါန်း

📌 ၆။ Click2 donte ကFace Book ကနေပထမဆုံးဝင်ငွေအဖြစ် ဒေါ်လာ ၄၀၀၀ ထောင်ကျော် ရရှိ

📌 ၇။ Federal Revolution Force (F.R.F) အဖွဲ့မှ တီထွင်ထုတ်လုပ်ထားသော တာဝေးပစ်လက်နက်ကြီးနှင့်လက်ပစ်မိုင်းများကို တိုက်ပွဲဖြစ်နေတဲ့နေရာများသို့ ပြန်လည်ဖြန့်ဝေမယ်

📌 ၈။ မန္တလေးမှ မြစ်ကြီးနားဘက်သို့ သယ်ဆောင်လာသော Myanmar Beer နှင့် Andaman Gold Beer အဖာရေ ၁၀၀၀ အား အင်းတော်မြို့နယ်လမ်းပိုင်းတွင် KIA PDF ပူးပေါင်းတပ်ဖွဲ့များမှ ဖမ်းဆီးရမိ

📌 ၉။ Ye Defence Force - YDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များမှ (၅၈၈) တပ်ရင်း အနီး  ဘုန်းကြီးကျောင်းတောင်ကုန်းတွင် တပ်စွဲထားသော စကစတပ် နှင့်လက်အောက်ခံ ပျူစောထီးများကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ သေနတ်သုံးလက်နဲ့ဓားတစ်လက်သိမ်းဆည်းရမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ များက စစ်ရေးနဲ့ကာကွယ်ရေးဆိုင်ရာတာဝန်များပါ ကွပ်ကဲရေးမှူးတွေ ဦးဆောင်မှုနဲ့ပါဝင်မယ်လို့ ပြည်ထဲရေးဝန်ကြီးအသိပေး


အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ များက စစ်ရေးနဲ့ကာကွယ်ရေးဆိုင်ရာတာဝန်များပါ ကွပ်ကဲရေးမှူးတွေ ဦးဆောင်မှုနဲ့ပါဝင်မယ်လို့ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က အသိပေးဆိုပါတယ်။ စက်တင်ဘာလအတွင်းမှာ ခရိုင်ပအဖများဖွဲ့စည်းထားမှုနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီး ကရှင်းလင်းပြောပါတယ်။


"ခရိုင်အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ ကိစ္စရပ်တွေလည်းကျနော်တို့ဆောင်ရွက်နေပြီ။ခရိုင်အုပ်ချုပ်ရေးရာမှာတော့ အုပ်ချုပ်ရေးတက်မဟုတ်ဘဲနဲ့ စစ်ရေးပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ခရိုင်မှာရှိနေတဲ့ ကွပ်ကဲရေးမှူးတွေရဲ့ ဦးဆောင်မှုနဲ့ စစ်ရေးနဲ့ကာကွယ်ရေးဆိုင်ရာ ကိစ္စတွေအတွက်ပါ လုပ်ဖို့အတွက် ခရိုင်ပအဖတွေပါဖွဲ့စည်းထားပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့နယ်မြေ ဖြစ်တဲ့ ကသာ၊ကောလင်း၊ကန့်ဘလူနယ်မြေများမှာ ကသုံးလုံးစီမံချက်နဲ့ ပြည်သူ့အုပ်ချုပ်ရေး၊ ပညာရေး၊ကျန်းမာရေးများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) မှ ကမကထပြု၍ အမျိုးသားညီညွတ်ရေးအစိုးရ-ပညာရေးဝန်ကြီးဌာန (NUG-MoE) နှင့် ပူးပေါင်းကာ ကြားကာလ အခြေခံပညာ အခမဲ့ Online စာသင်ကျောင်း ဖွင့်လှစ်


ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) မှ ကမကထပြု၍ အမျိုးသားညီညွတ်ရေးအစိုးရ-ပညာရေးဝန်ကြီးဌာန (NUG-MoE) နှင့် ပူးပေါင်းကာ ကြားကာလ အခြေခံပညာ အခမဲ့ Online စာသင်ကျောင်း ဖွင့်လှစ်မှာဖြစ်ပါတယ်။ စက်တင်ဘာလ (၂၄) ရက်မှာ PNFC ကြားကာလ အခြေခံပညာ အခမဲ့ Online စာသင်ကျောင်းဖွင့်လှစ်မှာဖြစ်ပါတယ်။


အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG-MoE) မှ ပြည်ထောင်စုဝန်ကြီး ‌‌‌ဒေါက်တာဇော်ဝေစိုး ၊ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG-MoE) မှ ဒုဝန်ကြီး ‌‌‌ဒေါက်တာစိုင်းခိုင်မျိုးထွန်း၊ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG-MoE) မှဒုဝန်ကြီးJa Htoi Panတို့တက်ရောက်မှာဖြစ်ပါတယ်။


စစ်အာဏာသိမ်းမှုကြောင့် ယိမ်းယိုင်သွားသော ပညာရေး စနစ်ကို တစ်ဖက်တစ်လမ်း ပြန်လည်ထိန်းကျောင်းရန် နှင့် တော်လှန်ရေးကာလ စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်၍ ကျောင်းသူကျောင်းသားများမှ အတန်းပညာများကို စဥ်ဆက်မပျက် လေ့လာသင်ယူနိုင်ရေးတွင် အထောက်အပံ့ဖြစ်စေရန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) မှ ကမကထပြု၍ 


အမျိုးသားညီညွတ်ရေးအစိုးရ-ပညာရေးဝန်ကြီးဌာန (NUG-MoE) နှင့် ပူးပေါင်းကာ “PNFC ကြားကာလ အခြေခံပညာ အခမဲ့ Online စာသင်ကျောင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ “PNFC ကြားကာလ အခြေခံပညာ အခမဲ့ Online စာသင်ကျောင်းမှ ပအိုဝ်းတိုင်းရင်းသားများ အတွက်သာမက ပြည်ထောင်စုနယ်မြေ အတွင်းရှိ တိုင်းရင်းသားများ အားလုံးအတွက် လိုအပ်မည့် ဖြည့်စွတ်ချက်များ ကိုလည်း ထည့်သွင်းရေး ဆွဲသွားမှာဖြစ်ပါတယ်။


========================


📌📌 ၃။ NUGPay သုံးစွဲသူ အယောက်တစ်သောင်းပြည့်မကြာခင် iOS စနစ်သုံး NUGPay Application စတင်မယ်


NUGPay သုံးစွဲသူ အယောက်တစ်သောင်းပြည့်မကြာခင် iOS စနစ်သုံး NUGPay Application စတင်မယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ၂၃ ရက် ညပိုင်းမှာ NUG Pay ကအသိပေးဆိုပါတယ်။


"ပြည်သူလူထုရဲ့ ဝန်းရံမှုတို့နဲ့ အတူ NUGPay သုံးစွဲသူ စုစုပေါင်း သောင်းပြည့်သွားပြီ ဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။Andriod စနစ် စတင် အသုံးပြုနိုင်ခဲ့တဲ့ ဂျူလိုင်လ ရက်နေ့မှ စတင်၍ ၈၄ ရက် အချိန်မှာ 


ပိုင်းလော့စမ်းသပ်ကာလ မျှော်မှန်းချက် ပြည့်မီသွားခြင်း ဖြစ်ပါတယ်။မကြာခင် ရက်သတ္တပတ်အတွင်းမှာ iOS စနစ်သုံး NUGPay Application စတင်မည် ဖြစ်ပြီး ပြည်သူ့အာဏာပြန်ယူနိုင်ရန် NUGPay မှ ပြည်သူနှင့် အတူ ဆက်လက် တော်လှန်သွားပါမယ်"လို့ဆိုပါတယ်။


NUGPay ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဘဏ္ဍာရေးယန္တရားက လွတ်ကင်းတဲ့ ငွေပေးချေမှု စနစ်တစ်ခုလည်း ဖြစ်ပါတယ်။ ပြည်သူများ အနေဖြင့် ယုံကြည်စိတ်ချရသောရသောတော်လှန်ရေး ကွန်ယက်များမှ တဆင့် NUGPay Agent များထံတွင် Account ဖွင့်လှစ်နိုင်ပြီးလက်ရှိ၌ မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ UK ဒေသများရှိ အေးဂျင့်များထံတွင် account ဖွင့်လှစ်နိုင်ပြီဖြစ်ပါတယ်။


========================


📌📌 ၄။ ကရင်နီ ဒေသအတွက် NUGPay ကနေ ပြည်သူထောက်ပံ့ကူညီမှုကို စက်တင်ဘာ ၃၀ ရက်နေ့ထိ လက်ခံသွားမယ်


ကရင်နီ ဒေသအတွက် NUGPay ကနေ ပြည်သူထောက်ပံ့ကူညီမှုကို စက်တင်ဘာ ၃၀ ရက်နေ့ထိ လက်ခံသွားမယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာလအတွင်း NUG Pay ကနေပြည်တော်တံခါးခေါက်ဖို့ ကရင်နီအတွက် ထောက်ပံ့စို့ကမ်ပိန်းစတင်ကြောင်းအသိပေးဆိုပါတယ်။


"တိုက်ပွဲဖြစ်နေသော ကရင်နီ ဒေသအတွက် NUGPay က ပြည်သူနဲ့ အတူ လှူဒါန်းမှုများအား စက်တင်ဘာ ၃၀ ရက်နေ့ထိ လက်ခံသွားမှာ ဖြစ်ပြီး တိုက်ပွဲဒေသများအရောက် ပေးပို့သွားမှာ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။ လက်ရှိ ကရင်နီဒေသမှာ စကစတပ်များနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်လျက်ရှိပါတယ်။


========================


📌📌 ၅။ NUG ရဲ့ ပညာရေးမှာ Grade-3 တက်နေတဲ့ အသက် ၁၀ နှစ်အရွယ်သမီးငယ်လေးမှ နားကပ်ချွတ်၍ PEOPLE'S DEFENCE FORCE-HTILIN (YRPA) ကို တော်လှန်ရေးအတွက် ပေးအပ်လှူဒါန်း


NUG ရဲ့ ပညာရေးမှာ Grade-3 တက်နေတဲ့ အသက် ၁၀ နှစ်အရွယ်သမီးငယ်လေးမှနားကပ်ချွတ်၍ PEOPLE'S DEFENCE FORCE-HTILIN (YRPA)ကို တော်လှန်ရေးအတွက် ပေးအပ်လှူဒါန်းခဲ့ပါတယ်။ စက်တင်ဘာ ၂၃ ရက်မှာ PEOPLE'S DEFENCE FORCE-HTILIN (YRPA) ကအသိပေးဆိုပါတယ်။

"NUG ရဲ့ ပညာရေးမှာ Grade-3 တက်နေတဲ့ အသက် ၁၀ နှစ်အရွယ် ကလေးမလေး က မိဘတွေဆင်ပေးထားတဲ့ ရွှေနားကပ်လေးကို ပြည်သူလူထုလုံခြုံရေး အတွက် ကာကွယ်ပေးနေကြတဲ့ PDF တွေအတွက်   လှူချင်လို့ပါ " ဆိုပြီးမိဘတွေဆီမှာ ခွင့်တောင်းတဲ့အခါ မိဘတွေက ဒီအချိန်မှာ  သမီးအတွက် နားကပ်အသစ် မဆင်ပေးနိုင်သေးကြောင်း ပြောပြီးလှူချင်ရင်တော့ သမီးသဘောပါ " ဆိုတော့အခုအချိန်မှာ သမီးအတွက် နားကပ်မဝတ်ရလဲအရေးမကြီးပါဘူး၊ စစ်အာဏာရှင် ကျရှုံးဖို့နဲ့ တော်လှန်ရေး အောင်မြင်ဖို့က အဓိက အရေးကြီးပါတယ် " တဲ့။ လေးစားအားကျစရာကောင်းတဲ့ စိတ်ထားလေ အလှူရှင် မိသားစုရဲ့တကယ်ကို လေးစားစရာ မြင်ကွင်းလေးပါ"လို့ ဆိုပါတယ်။


ဂန့်ဂေါခရိုင် တပ်ရင်း - ၃၉၀၂၊၃၉၀၄၊၃၉၁၀ / PEOPLE'S DEFENCE FORCE-HTILIN (YRPA) စိုးမိုးနယ်မြေအတွင်း ကျေးရွာအုပ်စု တစ်ခုရဲ့ UN သံအမတ်ကြီး ဦးကျော်မိုးထွန်း အား ထောက်ခံကြတဲ့ လူထုဆန္ဒထောက်ခံပွဲပြီးချိန်မှာ အဆိုပါသမီးငယ်လေးဟာ သူမရဲ့နားကပ်ကိုပေးအပ်လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။


========================


📌📌 ၆။ Click2 donte ကFace Book ကနေပထမဆုံးဝင်ငွေအဖြစ် ဒေါ်လာ ၄၀၀၀ ထောင်ကျော် ရရှိ


Click2 donte က Face Book ကနေပထမဆုံးဝင်ငွေအဖြစ် ဒေါ်လာ ၄၀၀၀ ထောင်ကျော် ရရှိခဲ့ပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့မှာ Click 2donate က အသိပေးဆိုပါတယ်။


"ဒီလမှာ ငွေရတဲ့နေရာတစ်ခုတိုးလာပါတယ်ခင်ဗျာ။ အဲ့ဒါကတော့ facebook ကနေရတာပါခင်ဗျာ။ star တွေပေးကြတာကနေ စုစုပေါင်း ၄၄၁၀ ဒေါ်လာရပါတယ်ခင်ဗျာ။ ငွေရောက်တာနဲ့ ဆက်ပြီးဖြန့်သွားမှာပါ"လို့ဆိုပါတယ်။ ဒါ့အပြင် app တွေနဲ့  youtube တွေကငွေတွေလည်းရနေပြီလို့ Click 2donate ကဖော်ပြပါတယ်။


Click 2donate ဟာသြဂုတ်လအတွင်းမှာ  အဖွဲ့ပေါင်း ၃၃ ဖွဲ့ကို  စုစုပေါင်း  (သိန်းပေါင်း ၂၄၀၀) ကျော် ပေးပို့နိုင်ခဲ့ပါတယ်။


========================


📌📌 ၇။ Federal Revolution Force (F.R.F) အဖွဲ့မှ တီထွင်ထုတ်လုပ်ထားသော တာဝေးပစ်လက်နက်ကြီးနှင့်လက်ပစ်မိုင်းများကို တိုက်ပွဲဖြစ်နေတဲ့နေရာများသို့ ပြန်လည်ဖြန့်ဝေမယ်


Federal Revolution Force (F.R.F) အဖွဲ့မှ တီထွင်ထုတ်လုပ်ထားသော တာဝေးပစ်လက်နက်ကြီးနှင့်လက်ပစ်မိုင်းများကို တိုက်ပွဲဖြစ်နေတဲ့နေရာများသို့ ပြန်လည်ဖြန့်ဝေမယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ၂၂ ရက် ဆက်သွယ်မေးမြန်းရာ Federal Revolution Force (F.R.F) အဖွဲ့မှတပ်ဖွဲ့ဝင်တစ်ဦးကအတည်ပြုဆိုပါတယ်။


"ထပ်မံထုတ်လုပ်ဖို့ဘတ်ဂျက်ပိုင်းကဘယ်လောက်လိုတယ်လို့တော့မရှိဘူးဗျ။များများထုတ်လုပ်နိုင်လေ ကောင်းလေပဲမို့ ဘတ်ဂျက်များများရရင် ရသလောက်အကုန်ထုတ်လုပ်သွားမှာပါဗျ။တခြားတိုက်ပွဲဖြစ်နေတဲ့နေရာတွေလဲပြန်ပြီးဖြန့်သွားမှာပါ"လို့ဆိုပါတယ်။


Federal Revolution Force (F.R.F) အဖွဲ့၏ ၆၀မမ(60mm) လက်နက်ကြီးအားအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ကာအကွာအဝေး ကိုက် ၁၀၀၀ အထိ ပစ်ခတ်နိုင်ခဲ့ပါတယ်။ ၆၀မမ(60mm)တာဝေးပစ်လက်နက်ကြီးနှင့်အတူ ရှေ့ထွက်မိုင်း၊လက်ပစ်မိုင်းတို့ကိုလဲအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါတယ်။


========================


📌📌 ၈။ မန္တလေးမှ မြစ်ကြီးနားဘက်သို့ သယ်ဆောင်လာသော Myanmar Beer နှင့် Andaman Gold Beer အဖာရေ ၁၀၀၀ အား အင်းတော်မြို့နယ်လမ်းပိုင်းတွင် KIA PDF ပူးပေါင်းတပ်ဖွဲ့များမှ ဖမ်းဆီးရမိ


မန္တလေးမှ မြစ်ကြီးနားဘက်သို့ သယ်ဆောင်လာသော Myanmar Beer နှင့် Andaman Gold Beer အဖာရေ ၁၀၀၀ အား အင်းတော်မြို့နယ်လမ်းပိုင်းတွင် KIA PDF ပူးပေါင်းတပ်ဖွဲ့များမှ ဖမ်းဆီးရမိခဲ့ပါတယ်။ စက်တက်ဘာ ၂၃ ရက်မှာ အင်းတော် တော်လှန်ရေးအင်အားစုကအသိပေးဆိုပါတယ်။


"စက်တင်ဘာလ ၂၂ ရက်နေ့တွင် မန္တလေးမှ မြစ်ကြီးနားဘက်သို့ သယ်ဆောင်လာသော Myanmar Beerနှင့်Andaman Gold Beer အဖာရေ ၁၀၀၀ အား အင်းတော်မြို့နယ်လမ်းပိုင်းတွင် KIAPDF ပူးပေါင်းတပ်ဖွဲ့များမှ ဖမ်းဆီးရမိခဲ့ပြီး အများပြည်သူရှေ့တွင်ဖျက်ဆီးခဲ့တယ်"လို့ဆိုပါတယ်။ နောက်နောင်တွင်လည်း စစ်ကောင်စီထုတ်ကုန်ပစ္စည်းများ ဖမ်းဆီးရမိပါက ဖျက်ဆီးသွားမှာဖြစ်ကြောင်းလည်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၉။ Ye Defence Force - YDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များမှ (၅၈၈) တပ်ရင်း အနီး  ဘုန်းကြီးကျောင်းတောင်ကုန်းတွင် တပ်စွဲထားသော စကစတပ် နှင့်လက်အောက်ခံ ပျူစောထီးများကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ သေနတ်သုံးလက်နဲ့ဓားတစ်လက်သိမ်းဆည်းရမိ


ရေးမြို့Ye Defence Force - YDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များမှ(၅၈၈) တပ်ရင်း အနီး  ဘုန်းကြီးကျောင်းတောင်ကုန်းတွင် တပ်စွဲထားသော စကစတပ် နှင့်လက်အောက်ခံ ပျူစောထီးများကို ယနေ့မနက်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ စက်တင်ဘာ၂၃ ရက် နံနက် နာရီခွဲ အချိန်တွင် (၅၈၈) တပ်ရင်း အနီးရှိ ကြိုးတံတား  ဘုန်းကြီးကျောင်းတောင်ကုန်းတွင် တပ်စွဲထားသော စကစ နှင့် သူ၏လက်အောက်ခံ ပျူစောထီးများကိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


"၂၃ရက်နံနက် နာရီခွဲ အချိန်တွင် (၅၈၈) တပ်ရင်း အနီးရှိ ကြိုးတံတား  ဘုန်းကြီးကျောင်းတောင်ကုန်းတွင် တပ်စွဲထားသော စကစ နှင့် သူ၏လက်အောက်ခံ ပျူစောထီးများကို ကျွန်တော်တို့ Ye Defence Force - YDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ သိမ်းဆည်းရရှိသော သေနတ်များမှာ -M16 (A1) တလက်၊-AK (47) တလက်၊ကိုးလုံးကျည် (ဂျောက်ဂျက်)တလက်၊ ငှက်ကြီးတောင် ဓား တစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။


 အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment