4th OCT 2022 - Evening Daily News by Radio NUG

 

၂၀၂၂ အောက်တိုဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ခုခံတော်လှန်စစ်၏  ပွဲသိမ်းအောင်ပွဲကို အလျင်အမြန် ဆင်နွှဲကြရန် တုံ့ဆိုင်းနေလို့မရဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား

📌 ၂။ နွေဦးရဲ့ ဘဏ္ဍာရေး ရှာဖွေမှုပုံစံ မျိုးစုံဟာ ဆုတ်ယုတ်ချိနဲ့သွားတာ တစ်ခုမှ မရှိခဲ့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို

📌 ၃။ စစ်ဖက်ဆိုင်ရာတရားရုံးတွေဟာ အကြမ်းဖက်စစ်ကောင်စီက လိုအပ်သလိုဆောင်ရွက်နိုင်တဲ့ ယန္တရားတစ်ခုသာသာ ဖြစ်နေပြီလို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြား

📌 ၄။ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများကိုလစ်ဟင်းမှုမရှိစေရန်ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြဖို့ ဒုဝန်ကြီး ခူးထဲဘူဆို

📌 ၅။ NGO INGO များကို အကြမ်းဖက် စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထား၍ ရခိုင်ပြည်ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာဖူလုံမှုမရှိဖြစ်နေ

📌 ၆။ ကန့်ဘလူမြို့နယ်၊ချပ်ကုန်းရွာတွင်ညအိပ်ခဲ့သောအကြမ်းဖက် စစ်တပ် စစ်ကြောင်း ယနေ့မနက်ပြန်လည်ထွက်ခွာရာမှာ စစ်ဘေးရှောင်ရွာသား () ဦးကိုလမ်းမှဖမ်းဆီးခေါ်ဆောင်သွား

📌 ၇။ တန့်ဆည်-ကံထူးမ လမ်းပိုင်းအား ညနေ နာရီမှ  နံနက် နာရီအတွင်း အများပြည်သူဖြတ်သန်းသွားခြင်းမပြုဖို့ တန့်ဆည်ပကဖ သတိပေး

📌 ၈။ ရဲဘော် ဇေယျ အတွက် NUG Bond ဝယ်ယူ၍ Black Wolf PDF-MDY မှ ဂုဏ်ပြု


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ခုခံတော်လှန်စစ်၏  ပွဲသိမ်းအောင်ပွဲကို အလျင်အမြန် ဆင်နွှဲကြရန် တုံ့ဆိုင်းနေလို့မရဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား


ခုခံတော်လှန်စစ်၏  ပွဲသိမ်းအောင်ပွဲကို အလျင်အမြန် ဆင်နွှဲကြရန် တုံ့ဆိုင်းနေလို့မရဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလက အောက်တိုဘာ၄ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရ၏ ( ၇၀ ) ကြိမ်မြောက်အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။


"စစ်ပွဲ ကြာရှည်လာလေလေ အောက်ခြေပြည်သူလူထုက ပိုပြီး အထိနာလေလေ ဖြစ်တတ်ပါတယ်။ထို့ကြောင့် ခုခံတော်လှန်စစ်၏  ပွဲသိမ်းအောင်ပွဲကို အလျင်အမြန် ဆင်နွှဲကြရန် တုံ့ဆိုင်းနေလို့ မရပါ။ ဒါကို နိုင်ငံတကာအသိုင်းအဝိုင်းတွင်လည်း သိစေအပ်ပါတယ်။ သက်ဆိုင်ရာ လူမျိုးစုမဟာမိတ်အဖွဲ့အစည်းများအားလုံးလည်း သိမှတ်စေရန် လိုပါတယ်"လို့ဆိုပါတယ်။


"အထူးသဖြင့် စစ်ကောင်စီသည် လေကြောင်း တိုက်ခိုက်မှုအား အဓိက အသုံးပြုနေသည်ကို တွေ့မြင်နေရပြီး လေကြောင်းထိုးစစ်ကြောင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူလူထုအား ပစ်မှတ်ထားမှုကြောင့် နေ့စဉ်လိုလို အရပ်သားသေကြေမှု မြင့်မားနေသည်ကို ခါးသီးစွာ ကြားသိမြင်တွေ့နေရပါတယ်။ ထူးခြားသည့် အချက်မှာ စစ်ကောင်စီသည် မြေပြင်ကြည်းတပ်အင်အား အင်မတန်ဆုတ်ယုတ်နေသည်ကို ထပ်မံတွေ့ရှိရပြီး အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် မြေပြင်ခုခံစစ်အား ကြံ့ကြံ့ခံထားပြီး လေကြောင်းထိုးစစ်ကြောင့် အရပ်သားပြည်သူ လူထုသေကြေမှု နည်းနိုင်သမျှ နည်းနိုင်ရန် ခုခံကာကွယ်ကြဖို့ လိုပါတယ်"လို့ယာယီသမ္မတ ဒူဝါလရှီးလထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ နွေဦးရဲ့ ဘဏ္ဍာရေး ရှာဖွေမှုပုံစံ မျိုးစုံဟာ ဆုတ်ယုတ်ချိနဲ့သွားတာ တစ်ခုမှ မရှိခဲ့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို


နွေဦးရဲ့ ဘဏ္ဍာရေး ရှာဖွေမှုပုံစံ မျိုးစုံဟာ ဆုတ်ယုတ်ချိနဲ့သွားတာ တစ်ခုမှ မရှိခဲ့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က အောက်တိုဘာ ရက် လူမှုကွန်ရက်မှာ ပြောကြားခဲ့ပါတယ်။


"အမြင်အမျိုးမျိုး၊ ဝေဖန်စောကြောမှုအဖုံဖုံ၊ သံသယကုက္ကုစ္စအထွေထွေကြားထဲကနေပဲ နွေဦးတော်လှန်ရေးဟာ ပန်းတိုင်နဲ့ နီးသထက်နီးလာခဲ့ပြီ။ဒီအရွေ့ရဲ့ အဓိက မောင်းနှင်အားဟာ ယုံကြည်ပြည်သူရဲ့ လိုက်ပါမှုပါပဲ။နွေဦးရဲ့ ဘဏ္ဍာရေး ရှာဖွေမှုပုံစံ မျိုးစုံဟာ ဆုတ်ယုတ်ချိနဲ့သွားတာ တစ်ခုမှ မရှိခဲ့ဘူး။  လုပ်သမျှ အရာထင်၊ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်၊ အားရစရာတွေချည်းပဲ။ GoFundMe ကအစပြုလို့၊ ယုံကြည်ရာခြေတလှမ်း၊ PRF ပရောဂျက်တွေလည်း ဝက်ဝက်ကွဲအောင်မြင်ခဲ့ကြတယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ အထူးငွေတိုက်စာချုပ်များရောင်စချငွေအပါအဝင် EOD ရှယ်ယာများရောင်းချရငွေနဲ့တော်လှန်ရေး ရန်ပုံငွေကို အဓိကလည်ပတ်လျက်ရှိပါတယ်။


"မမများနဲ့လည်း အတူကခုန်ခဲ့ကြတယ်။ စစ်ကိုင်းဆိုစစ်ကိုင်းဟေ့၊ ကရင်နီဆိုလည်း သွေးတွေကရဲတောက်လို့။ အောက်ချင်းငှက်တို့ ပျော်စံရာဖက် လှည့်ကြဦးစို့ ဆိုလည်း လာထား။ ဒရာဂွန်ဆိုလည်း ဖလိုင်းခဲ့ကြတယ်။ အမေ့ထီး၊ အမေ့ဝတ်စုံ၊ ဆန်ရေ ဆိုလည်း အံ့မခန်း အောင်မြင်ချက်က ကမ္ဘာကတောင် ဩချရပါတယ်။ဘွန်းရောင်းတယ်၊ နွေဦးထီရောင်းတယ်၊ အခွန်ကောက်တယ်၊ NUG-Pay ကစလို့   EOD ရှယ်ယာတွေ၊ မြေကွက်တွေ  ရောင်းပြန်တော့လည်း ရန်ကုန်၊မန္တလေးက ဖက်စစ်တပ်မြေတွေကို တော်လှန်စိတ်နဲ့ မတွန့်မဆုတ် အောင်ပွဲကိုရည်မျှော် အကုန်ပုံအောလိုက်ပါခဲ့ကြတယ်။လွယ်လွယ်နဲ့တော့ နွေဦးစံပယ်တွေ ဘယ်ပွင့်လိမ့်မလဲ"လို့ ဝန်ကြီးဦးတင်ထွန်းနိုင်ကထပ်လောင်းပြောကြားပါတယ်။


========================


📌📌 ၃။ စစ်ဖက်ဆိုင်ရာတရားရုံးတွေဟာ အကြမ်းဖက်စစ်ကောင်စီက လိုအပ်သလိုဆောင်ရွက်နိုင်တဲ့ ယန္တရားတစ်ခုသာသာ ဖြစ်နေပြီလို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြား


စစ်ဖက်ဆိုင်ရာတရားရုံးတွေဟာအကြမ်းဖက်စစ်ကောင်စီက လိုအပ်သလိုဆောင်ရွက်နိုင်တဲ့ ယန္တရားတစ်ခုသာသာ ဖြစ်နေပြီလို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက လူ့အခွင့်အရေးစကားသံအစီအစဉ်မှာ  ထည့်သွင်းပြောကြားခဲ့ပါတယ်။


"ယခုအခါ စစ်ဘက်ဆိုင်ရာတရားရုံးဟာ ၎င်းရဲ့ မူလရည်ရွယ်ချက်တွေပျောက်ပြီး ပြည်သူလူထုကို မတရား ဖမ်းဆီးစီရင်ချက်ချတာတွေ၊ တရားရေးဆိုင်ရာ အခွင့်အရေးတွေ မပေးတာတွေကို အကြမ်းဖက်စစ်ကောင်စီက လိုအပ်သလိုဆောင်ရွက်နိုင်တဲ့ ယန္တရားတစ်ခုသာ ဖြစ်နေပါတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၅၆၉) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၅၀၃) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၈၄) ဦးရှိပြီဖြစ်ပါတယ်။


========================


📌📌 ၄။ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများကိုလစ်ဟင်းမှုမရှိစေရန်ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြဖို့ ဒုဝန်ကြီး ခူးထဲဘူဆို


အောက်တိုဘာ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဒုဝန်ကြီး ခူးထဲဘူက အခုလိုပြောကြားခဲ့ပါတယ်။


"တော်လှန်ရေးအောင်မြင်စေရေးအတွက် မြို့နယ်များ၏ ဆောင်ရွက်ချက်များသည် များစွာ အရေးပါပါကြောင်း၊  ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ဟန်ချက်ညီစွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  အုပ်ချုပ်ရေးယန္တရားများ၌ ပူးပေါင်းပါဝင်၍ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများကိုလည်း လစ်ဟင်းမှုမရှိစေရန် ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြရမှာဖြစ်တယ်"လို့ဆိုပါတယ်။


ဆက်လက်ပြီး  ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော မြို့နယ် ပအဖ အဖွဲ့ဝင်များကမြေပြင်ဆောင်ရွက်နေမှုများ၊  ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များ၊ ထိန်းချုပ်နယ်မြေများ ရရှိရေးနှင့် အုပ်ချုပ်ရေးယန္တရားများကို ခိုင်ခိုင်မာမာ လည်ပတ်နိုင်မည့်အခြေအနေများ စသည်တို့ကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ အစည်းအဝေးသို့ ဒုတိယပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီး အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အမြဲတမ်းအတွင်းဝန်နှင့် ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၅။ NGO INGO များကို အကြမ်းဖက် စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထား၍ ရခိုင်ပြည်ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာဖူလုံမှုမရှိဖြစ်နေ


စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍စစ်ဘေးရှောင်များအကူအညီပေးနေတဲ့ NGO INGO များကို အကြမ်းဖက် စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထား၍ ရခိုင်ပြည်ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာဖူလုံမှုမရှိဖြစ်နေတယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာလအတွင်း မြောက်ဦးမြို့၊ မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်ကြသော စစ်ဘေးရှောင်ပြည်သူများမှာ စားနပ်ရိက္ခာမလုံလောက်သည့်အတွက် ဆန်ပြုတ်ကြိုသောက်ခဲ့ရသေးတယ်လို့ ဒေသခံများထံကစုံစမ်းသတင်းရရှိပါတယ်။ လက်ရှိရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၀၈ စု လူဦးရေအားဖြင့် ၄၅၀ ခန့် အသစ်ထပ်တိုးလာတဲ့အတွက်လည်း စားစရာ၊နေထိုင်စရာ အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။


ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများမှာ ပြည်နယ်စစ်ကောင်စီ၏ ကူညီထောက်ပံ့မှုကို မရရှိကြသည့်အပြင် စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ပေးနေကြသော နိုင်ငံတကာ NGO, INGO အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများကိုလည်း စစ်ကောင်စီမှ ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ ရပ်တန့်ထားခဲ့ပါတယ်။ အဆိုပါ လုပ်ရပ်ဟာ ရခိုင်ပြည်သူလူထုကို အစာရေစာပြတ်လပ်ပြီးသေဆုံးအောင်လုပ်နေတာလို့လည်း ရခိုင့်တပ်တော်က ပြောရေးဆိုခွင့်ရှိသူခိုင်သုကပြောကြားထားပါတယ်။


========================


📌📌 ၆။ ကန့်ဘလူမြို့နယ်၊ချပ်ကုန်းရွာတွင်ညအိပ်ခဲ့သောအကြမ်းဖက် စစ်တပ် စစ်ကြောင်း ယနေ့မနက်ပြန်လည်ထွက်ခွာရာမှာ စစ်ဘေးရှောင်ရွာသား () ဦးကိုလမ်းမှဖမ်းဆီးခေါ်ဆောင်သွား


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ချပ်ကုန်းရွာတွင်ညအိပ်ခဲ့သောအကြမ်းဖက် စစ်တပ် စစ်ကြောင်း ယနေ့မနက်ပြန်လည်ထွက်ခွာရာမှာ စစ်ဘေးရှောင်ရွာသား () ဦးကိုလမ်းမှဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အောက်တိုဘာ ရက် မနက်ပိုင်းမှာ ချပ်ကုန်းရွာမှ ပြန်လည်ထွက်ခွာသော စကစတပ် စစ်ကြောင်းဟာ ရွာသား၃ဦးကို ဖမ်းဆီးသွားတယ်လို့ ကိုးတောင်ဘို့တော်လှန်ရေးအင်အားစုကအတည်ပြုပါတယ်။


"ကန့်ဘလူမြို့နယ်၊ချပ်ကုန်းရွာတွင်ညအိပ်ခဲ့သောစကစတပ်များဟာယနေ့နံနက်တွင် တောင်ဘက်ရှိဇော်ချောင်းရွာသို့ဝင်ရောက်သွားပါတယ်။ချပ်ကုန်းရွာမှစစ်ဘေးရှောင်ရွာသား()ဦးကိုလမ်းမှဖမ်းဆီးခေါ်ဆောင်သွားတယ်"လို့ဆိုပါတယ်။ အကြမ်းဖက် စကစတပ်များဟာ ကိုးတောင်ဘို့နယ်မြေတစ်ကြောမှာ မကြာခဏစစ်ကြောင်းထိုး မွှေနှောက်မှုတို့ရှိနေပါတယ်။


========================


📌📌 ၇။ တန့်ဆည်-ကံထူးမ လမ်းပိုင်းအား ညနေ နာရီမှ  နံနက် နာရီအတွင်း အများပြည်သူဖြတ်သန်းသွားခြင်းမပြုဖို့ တန့်ဆည်ပကဖ သတိပေး


အောက်တိုဘာ () ရက်နေ့မှစပြီး တန့်ဆည်-ကံထူးမ လမ်းပိုင်းအား ညနေ နာရီမှ နံနက် နာရီအတွင်း အများပြည်သူဖြတ်သန်းသွားခြင်းမပြုဖို့ တန့်ဆည်ပကဖ သတိပေးထုတ်ပြန်လိုက်ပါတယ်။ အောက်တိုဘာ ရက်နေ့မှာ လမ်းပိုင်းဆိုင်ရာ သတိပေးချက်ကို တန့်ဆည်ပကဖက အသိပေးခဲ့ပါတယ်။


"ခရီးသွား မိဘပြည်သူများအောက်တိုဘာ () ရက်နေ့မှစပြီးတန့်ဆည်-ကံထူးမ လမ်းပိုင်းအား ညနေ (6:00) မှ နံနက် (6:00) အတွင်း လုံးဝ ဖြတ်သန်းသွားလာခြင်းမပြုရန် လေးလေးစားစားတောင်းဆိုအပ်ပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ လက်ရှိမှာ တန့်ဆည်မြို့နယ်အတွင်း အင်အားတိုးချဲ့ချထားလျက်ရှိပြီးတော့ နယ်မြေစိုးမိုးရေးကိုလည်း ဖိအားပေးလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၈။ ရဲဘော် ဇေယျ အတွက် NUG Bond ဝယ်ယူ၍ Black Wolf PDF-MDY မှ ဂုဏ်ပြု


ရဲဘော် ဇေယျ အတွက် NUG Bond ဝယ်ယူ၍ Black Wolf PDF-MDY မှ ဂုဏ်ပြုခဲ့ကြောင်းကို အောက်တိုဘာ ရက်နေ့မှာ OurSpringHeroes ကအသိပေးဆိုပါတယ်။


" တိုင်းပြည်နဲ့ပြည်သူအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွား‌ခဲ့တဲ့ သူရဲကောင်းရဲဘော် ဇေယျ ကို နွေဦးပြည်သူအပေါင်းက ဦးညွတ်အလေးပြုရင်း ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့ အနေနဲ့  Black Wolf PDF-MDY က "ဒို့နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်အား ပေးအပ်ဂုဏ်ပြုလိုက်ပါတယ်"လို့ဆိုထားပါတယ်။


၂၀၂၂ ခုနှစ် မတ်လ ၁၁ ရက်နေ့ မြို့ပြ mission တစ်ခုပြုလုပ်ပြီး အပြန်လမ်းတွင် အကြမ်းဖက်စစ်တပ်နှင့်ထိပ်တိုက်တွေ့ဆုံပြီး အပြန်အလှန်တိုက်ခိုက်ရင်း MDY-PDF တပ်ရင်း- တပ်ခွဲ- တပ်စုမှူး ရဲဘော်ဇေယျ သည် မြင့်မြတ်စွာကျဆုံးခဲ့ပါတယ်။ ပြည်သူများအနေဖြင့် နွေဦးသူရဲကောင်းများအားရည်စူးပြီး သူတို့ရဲ့ကျန်ရစ်သူမိသားစုအတွက်  "ဒို့နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်တွေကို ဆက်သွယ်ဝယ်ယူလှူဒါန်းပေးနိုင်တယ်လို့လည်းသတင်းရရှိပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment