30th NOV 2022 - Evening Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ၃၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုကဆန့်ကျင်ဖို့ အင်မတန်အရေးကြီးတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလအသိပေးပြောကြား

📌 ၂။ အကြမ်းဖက်စစ်ကောင်စီဘက်က နည်းလမ်းပေါင်းစုံနဲ့ တော်လှန်ရေး အင်အားစုတွေကြား သွေးကွဲစေမယ့်နည်းလမ်းတွေ သုံးလာမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်သတိပေးပြောကြား

📌 ၃။ အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ LGBTQ မူဝါဒဆိုင်ရာ အနှစ်ချူပ်အား ဆွေးနွေးတင်ပြမယ်

📌 ၄။ “Spring Yangon Investment-1 နောက်ဆုံး အရစ်ငွေပေးချေရမယ့်ရက်များ အသိပေးကြေညာ

📌 ၅။ အင်းတော်ရဲစခန်းရှေ့ ဖြတ်သွားတဲ့ အသက် ၆၀ အရွယ် နန်းကင်ရွာသားကို စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်သတ်

📌 ၆။ ထီးချိုင့်မြို့နယ်မှာ ကျေးရွာတွေကို ယနေ့လည်း အကြမ်းဖက် စစ်တပ်က အကြီးအကျယ် မီးရှို့ဖျက်ဆီး၍ မွှေနှောက်သောင်းကျန်း

📌 ၇။ ထိုင်းနိုင်ငံမဲဆောက်မှာ ကားမှောက်လို့ မြန်မာလုပ်သား ဦးသေဆုံး၊ ၄၄ ဦးဒဏ်ရာရ

📌 ၈။ ပြည်သူတွေပေးတဲ့အနွေးဓာတ်နဲ့ စစ်သုံးအနွေးထည်နှင့် စောင်များတပ်ခွဲများထံ ဖြန့်ဝေထားပြီးဖြစ်တယ်လို့ ကလေးခရိုင် အမှတ် () တပ်ရင်းအသိပေးဆို

📌 ၉။ မြန်မာအမျိုးသမီးများအား အကြမ်းဖက်ခံနေရမှု ပပျောက်ရေးအတွက်  အီတလီနိုင်ငံရှိ Italia-Birmania.Insieme မှ ရံပုံငွေဂီတဖျော်ဖြေရေးပွဲကျင်းပမယ်



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုကဆန့်ကျင်ဖို့ အင်မတန်အရေးကြီးတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလအသိပေးပြောကြား


စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုကဆန့်ကျင်ဖို့ အင်မတန်အရေးကြီးတယ်လို့ နိုဝင်ဘာနောက်ဆုံးပတ်အတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။


"စစ်ကောင်စီဟာ အခြေနေအရပ်ရပ်မှာ ယိမ်းယိုင်နေပြီဖြစ်ပါတယ်။ ယိမ်းယိုင်နေတော့ သူ့မှာ ရွေးစရာ တစ်ခုပဲကျန်တော့တယ် အဲ့တာကတော့ အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ သူ ကြေညာထားပြီး ဖြစ်ပါတယ်။ ၂၀၂၃ မှာ၊ အဲ့လိုလုပ်လာတဲ့ဟာကို ကမ္ဘာက ဒါကိုလက်မခံဖို့ ယုံပြီးတော့ မလိုက်နာဖို့ ပြည်သူလူထုကလည်း ကောင်းကောင်းသဘောပေါက်ပြီး ဆန့်ကျင်ဖို့ အင်မတန်အရေးကြီးပါတယ်။ အဲဒီကိစ္စကိုလည်း ကျွန်တော်တို့ စီမံချက်ချပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် နွေဦးတော်လှန်ရေးဟာ အမှန်တကယ် ပြည်သူလူထုက နိုင်ကိုနိုင်မယ့် တစ်တိုင်းပြည်လုံးပါဝင်တဲ့တော်လှန်ရေးဖြစ်တယ်လို့ ယာယီသမ္မတ ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီဘက်က နည်းလမ်းပေါင်းစုံနဲ့ တော်လှန်ရေး အင်အားစုတွေကြား သွေးကွဲစေမယ့်နည်းလမ်းတွေ သုံးလာမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်သတိပေးပြောကြား


အကြမ်းဖက်စစ်ကောင်စီဘက်က နည်းလမ်းပေါင်းစုံနဲ့ တော်လှန်ရေး အင်အားစုတွေကြား သွေးကွဲစေမယ့်နည်းလမ်းတွေ သုံးလာမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက နိုဝင်ဘာ၂၉ ရက် အစိုးရ ကက်ဘိနက်အစည်းအဝေးမှာ သတိပေးပြောကြားလိုက်ပါတယ်။


"တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ အကြမ်းဖက်စစ်ကောင်စီဘက်က နည်းလမ်းပေါင်းစုံနဲ့ တော်လှန်ရေး အင်အားစုတွေကြား သွေးကွဲစေမယ့်၊ ဝေဝေဝါးဝါးဖြစ်စေမယ့် နည်းလမ်းတွေ သုံးလာမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုများကို ငြိမ်းချမ်းရေးအကြောင်းပြ၍ လှည့်ဖျားခေါ်ယူ ဆွေးနွေးမှုများပြုလျက်ရှိပါတယ်။ ဒါ့အပြင် အကြမ်းဖက်ကောင်စီရဲ့ ဝါဒဖြန့်ရုပ်သံများမှလည်း မဟုတ်မမှန်သတင်းများ လုပ်ကြံ ထုတ်လွှင့်ပြသလျက်ရှိပါတယ်။


========================


📌📌 ၃။ အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ LGBTQ မူဝါဒဆိုင်ရာ အနှစ်ချူပ်အား ဆွေးနွေးတင်ပြမယ်


ဒီဇင်ဘာ ရက်နေ့ (ကြာသာပတေး) မြန်မာစံတော်ချိန် :၀၀ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်မှုမှာ အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ LGBTQ မူဝါဒဆိုင်ရာ အနှစ်ချူပ်အား ဆွေးနွေးတင်ပြမယ်လို့သတင်းရရှိပါတယ်။


အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သော “LGBTQ မူဝါဒဆိုင်ရာ အနှစ်ချူပ်တင်ပြမည့်အစီအစဉ်အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ရက်နေ့ (ကြာသာပတေး) မြန်မာစံတော်ချိန် :၀၀ နာရီတွင် ဝန်ကြီးဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ Live တင်ဆက်သွားမှာဖြစ်ပြီးတော့   စိတ်ပါဝင်စားသူများအား တက်ရောက်ရန်ဖိတ်ကြားထားပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးမှာ “LGBTQ များဟာလည်း တော်လှန်ရေးအင်အားစုများနဲ့အတူတကွပူးပေါင်းပါဝင်ခဲ့ပါတယ်။


========================


📌📌 ၄။ “Spring Yangon Investment-1 နောက်ဆုံး အရစ်ငွေပေးချေရမယ့်ရက်များ အသိပေးကြေညာ


“Spring Yangon Investment-1 နောက်ဆုံး အရစ်ငွေပေးချေရမယ့်ရက်များကို နိုဝင်ဘာ ၃၀ ရက်နေ့မှာ EOD ကအသိပေးဖော်ပြပါတယ်။


"Spring Investment ရဲ့ ပထမဆုံးပရောဂျက်ဖြစ်တဲ့ Spring Yangon Investment-1 ကို ၂၀၂၂ စက်တင်ဘာလ ရက်မှာ စတင် ရောင်းချ ပေးခဲ့ပါတယ်။နွေဦးမော်ကွန်းသစ်@ Thanthumar နှင့်နွေဦးရိပ်မွန်@ Min Dhamma စီမံကိန်းတို့ ပါဝင်ပြီး မြေကွက်များ၏ ၉၉% ရောင်းချထားပြီး ဖြစ်ပါတယ်"လို့ဆိုပါတယ်။ အထက်ပါ သံသုမာ နှင့် မင်းဓမ္မ မြေကွက်များအတွက် အရစ်ကျ စနစ်ဖြင့် ပေးချေမှုများကို 30 Nov 2022  တွင် ပြီးပြတ်အောင် ပေးသွင်းရမည်ဟု မူလက ကြေငြာခဲ့ပါတယ်။


ကျန်ရှိနေသေးသော အရစ်ကျ ငွေပေးချေမှုများ အတွက် မိမိတို့ရဲ့ သက်ဆိုင်ရာ ကိုယ်စားလှယ်များကို ဆက်သွယ်ပြီး 30 Nov 2022  မြန်မာစံတော်ချိန် ၁၂ နာရီမတိုင်မီ အရစ်ကျ order များတင်ပေးစေဖို့နဲ့ 31 Dec 2022 မတိုင်မီ ကိုယ်စားလှယ်ထံ ငွေပေးချေပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်လို့ဖော်ပြထားပါတယ်။ 30 Nov အလွန်တွင်လည်း ကျန်ရှိနေသည့် မင်းဓမ္မမြေကွက် ကွက်ကို အပြီးပြတ် ငွေပေးချေသည့် ပုံစံဖြင့် ဝယ်ယူနိုင်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ အင်းတော်ရဲစခန်းရှေ့ ဖြတ်သွားတဲ့ အသက် ၆၀ အရွယ် နန်းကင်ရွာသားကို စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်သတ်


စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အင်းတော်ရဲစခန်းရှေ့ ဖြတ်သွားတဲ့ အသက်၆၀အရွယ်နန်းကင်ရွာသားကို စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ နိုဝင်ဘာ၃၀ရက်နေ့မှာ အင်းတော် တော်လှန်ရေးအင်အားစုက အတည်ပြုဆိုပါတယ်။


"နိုဝင်ဘာ၂၉ ရက်ည နာရီအချိန်တွင် ရဲစခန်းရှေ့ ဖြတ်သွားသော အသက် ၆၀ အရွယ် ပြည်သူတစ်ဦးသေနတ်နဲ့ပစ်ခံရပါတယ်။ ပစ်ခံရသူမှာ နန်းကင်ရွာသားဖြစ်ပြီး ယောက္ခမဖြစ်သူ၏နာရေးအပြီး မြို့ထဲသို့ ဟင်းသွားပို့ရာ ရဲစခန်းရှေ့အရောက် သေနတ်နဲ့နှစ်ချက်ပစ်ခံလိုက်ရတာပါ"လို့ဆိုထားပါတယ်။ အဆိုပါအရပ်သားပြည်သူပစ်ခံရပြီးနောက် ဒဏ်ရာဖြင့်လဲကျသွားပြီး အင်းတော်ရဲစခန်းထဲသို့ ဆွဲခေါ်သွားကြောင်း သတင်းရရှိပါတယ်။ စစ်အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရတဲ့ လူဦးရေ နှစ်ထောင်ကျော်ရှိပြီ ဖြစ်ပါတယ်။


========================


📌📌 ၆။ ထီးချိုင့်မြို့နယ်မှာ ကျေးရွာတွေကို ယနေ့လည်း အကြမ်းဖက် စစ်တပ်က အကြီးအကျယ် မီးရှို့ဖျက်ဆီး၍ မွှေနှောက်သောင်းကျန်း


စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ ကျေးရွာတွေကို ယနေ့လည်း အကြမ်းဖက် စစ်တပ်က အကြီးအကျယ် မီးရှို့ဖျက်ဆီး၍ မွှေနှောက်သောင်းကျန်းလျက်ရှိတယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းကစလို့ အင်းတိန်ရွာကို မီးထပ်ရှို့နေတယ်လို့ ထီးချိုင့် တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။ 


"စကစတပ်များအင်းတိန်ရွာကို မီးထပ်ရှို့နေပါတယ်။ဆားတွင်းဘက်သို့လက်နက်ကြီးနဲ့ပစ်ခတ်သလို ဆားတွင်း ဘုရားနားကျရောက်ပေါက်ကွဲပါတယ်"လို့ဆိုပါတယ်။ နာရီ ၄၅ အချိန် အနီးနားရှိလေသာရွာသို့ လက်နက်ကြီးနဲ့ပစ်ခတ်ဝင်ရောက်သွားခဲ့တယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ၂၈ ရက်က လေသာရွာကိုလေကြောင်းကတိုက်ခိုက်ခဲ့ပြီး အလယ်တောစံပြကျေးရွာကိုလည်း စကစတပ်များက မီးရှို့ခဲ့ရာ လူနေအိမ်(၈၆)အိမ် နှင့်ကျွဲ၊နွား၊ လယ်ယာသုံးစက်ကိရိယာများ နှင့်အိမ်မွေးတိရိစ္ဆာန်များ ၊ဆန်၊စပါး တင်းပေါင်း ထောင်ချီလောင်ကျွမ်းခဲ့ပါတယ်။


========================


📌📌 ၇။ ထိုင်းနိုင်ငံမဲဆောက်မှာ ကားမှောက်လို့ မြန်မာလုပ်သား ဦးသေဆုံး၊ ၄၄ ဦးဒဏ်ရာရ


နိုဝင်ဘာ ၂၉ ရက်နေ့ နာရီအချိန် မဲဆောက်-တာ့ခ်အဝေးပြေးလမ်း မိုင်တိုင် 68+300 ကီလိုမီတာမှာ မြန်မာ  MOU လုပ်သား ၄၅ ဦးတင်ဆောင်လာသောကားတစ်စင်းတိမ်းမှောက်သွားခဲ့တာ‌ကြောင့် မြန်မာလုပ်သား ဦးသေဆုံး၊ ၄၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ တိမ်းမှောက်သွားတဲ့ကားဟာ ဘရိတ်ပေါက်၍ လမ်းဘေးကွန်ကရစ်အကာများကို တိုက်မိကာ တိမ်းမှောက်ခဲ့တာလို့သတင်းရရှိပါတယ်။ လတ်တလောစာရင်းအရ သေဆုံးသူ၃ဦးရှိပြီးတော့ ၄၄ ဦး ထိခိုက်ဒဏ်ရာရရှိသူထဲမှာ စိုးရိမ်ရသူတချိူ့လည်းပါဝင်ပါတယ်။


========================


📌📌 ၈။ ပြည်သူတွေပေးတဲ့အနွေးဓာတ်နဲ့ စစ်သုံးအနွေးထည်နှင့် စောင်များတပ်ခွဲများထံ ဖြန့်ဝေထားပြီးဖြစ်တယ်လို့ ကလေးခရိုင် အမှတ် () တပ်ရင်းအသိပေးဆို


ပြည်သူတွေပေးတဲ့အနွေးဓာတ်နဲ့ စစ်သုံးအနွေးထည်နှင့် စောင်များတပ်ခွဲများထံ ဖြန့်ဝေထားပြီးဖြစ်တယ်လို့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကလေးခရိုင် အမှတ် () တပ်ရင်းကဖော်ပြအသိပေးပါတယ်။


"ပြည်သူပေးတဲ့ အနွေးဓာတ်တွေလက်ခံရရှိပါတယ်။ စစ်သုံးအနွေးထည်နှင့် စောင်များ၀ယ်ယူရန် လိုအပ်တဲ့ငွေပမာဏပြည့်မီပြီးပါပြီ။ ကနဦး စစ်သုံးအနွေးထည်များကို တပ်ခွဲများထံ ဖြန့်ဝေထားပြီးပါပြီ။စစ်သုံးစောင်များ ထပ်မံ၀ယ်ယူဖြန့်ဝေဖို့ ကြိုးစားနေပါတယ်။ ကူညီပံ့ပိုးကြတဲ့ ပြည်သူများအပေါ် ကျေးဇူးတင်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့ စစ်သုံးစောင်နဲ့ အနွေးထည်များ လိုအပ်လျက်ရှိနေပါတယ်။


========================


📌📌 ၉။ မြန်မာအမျိုးသမီးများအား အကြမ်းဖက်ခံနေရမှု ပပျောက်ရေးအတွက်  အီတလီနိုင်ငံရှိ Italia-Birmania.Insieme မှ ရံပုံငွေဂီတဖျော်ဖြေရေးပွဲကျင်းပမယ်


ဒီဇင်ဘာလ ရက်နေ့ (အင်္ဂါနေ့) နာရီအချိန်မှာ မြန်မာအမျိုးသမီးများအား အကြမ်းဖက်ခံနေရမှု ပပျောက်ရေးအတွက်  အီတလီနိုင်ငံ ရောမမြို့ရှိ Italia-Birmania.Insieme မှ ရံပုံငွေဂီတဖျော်ဖြေရေးပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲမှာ ရောမမြို့မှ မြန်မာမိသားစုများက တိုင်းရင်းသားအကများနဲ့ ပါဝင်သွားမှာဖြစ်ပြီး (GMSR) Global Myanmar Spring Revolution - ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး မှ ထုတ်ဝေထားသည့် အမျိုးသမီးများ အကြမ်းဖက်ခံရမှု တားဆီးရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးဆိုင်ရာ ပိုစတာများနှင့်အတူ တက်ရောက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ ရံပုံငွေဂီတဖျော်ဖြေရေး တက်ရောက်မည့် အီတလီရောက်မြန်မာများအတွက် အထူးနှုန်းထားများနှင့် ပါဝင်အားဖြည့်နိုင်မှာ ဖြစ်တယ်လို့သတင်းရရှိပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment