၂၀၂၂ နိုဝင်ဘာလ ၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဆိုးဝါးရက်စက်လွန်းသော အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်တွင် နေနေရသော ပြည်သူများအနေဖြင့် နေ့ရက်တိုင်း အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းခိုင်သန်းပြောကြား
📌 ၂။ ၁၃ ကြိမ်မြောက် FESTIVAL DELLA DIPLOMAZIA ပွဲ တွင် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဗီဒီယို အမှာစကားပြောကြား
📌 ၃။ ပြည်တွင်း နေရပ်စွန့်ခွာနေရသူ အမျိုးသမီးနှင့် ကလေးငယ်များဟာ လူကုန်ကူးမှု၏ အဓိကသားကောင်များ ဖြစ်လာမည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ခြေရှိနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
📌 ၄။ မိုးမောက်မြို့ပေါ်က ခရစ်ယာန် မူကြိုကျောင်းကို အမြောက်နဲ့ ထု
📌 ၅။ ကောလင်းမြို့ တောင်မော်တိုက်နယ် မြောင်းကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က ယနေ့မနက် မီးရှို့ဖျက်ဆီး
📌 ၆။ စစ်ကိုင်းတိုင်းတွင်းက မြို့နယ်၁၆မြို့နယ်ရှိ လူနေအိမ်အလုံး တစ်ထောင်ကျော်ကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာတလအတွင်း မီးရှို့ဖျက်ဆီးခဲ့
📌 ၇။ PDF ရဲဘော်များနှင့် စစ်ဘေးသင့်ပြည်သူများအား အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူရန် ကျန်းမာရေးဝန်ကြီးဌာန NUG Pay သို့ထောက်ပို့ကူညီနိုင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဆိုးဝါးရက်စက်လွန်းသော အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်တွင် နေနေရသော ပြည်သူများအနေဖြင့် နေ့ရက်တိုင်း အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းခိုင်သန်းပြောကြား
နိုဝင်ဘာလ ၃ ရက်ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးကျင်းပရာမှာ ဝန်ကြီးချုပ်မန်းခိုင်သန်းက အခုလို ထည့်သွင်းပြောကြားလိုက်ပါတယ်။
"လူအင်အား ငွေအင်အား အချိန်ကာလ ကန့်သတ်ချက် ရှိနေသောအချိန်များတွင် ရှိတဲ့လူအင်အား ငွေအင်အား အရင်းအမြစ်များကို တော်လှန်ရေးအတွက် အဓိကထားပြီး ကြိုးစားအားထုတ်ရန်လိုကြောင်း ၊ဆိုးဝါးရက်စက်လွန်းသော အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်တွင် နေနေရသော ပြည်သူများအနေဖြင့် နေ့ရက်တိုင်း အရေးကြီးကြောင်း၊ တော်လှန်ရေးကို ဒီကာလအထိ တောင့်ခံပေးသောပြည်သူများနှင့် ဘဏ္ဍာငွေအတွက် ထောက်ပံ့ပေးသော ပြည်တွင်း ပြည်ပက ပြည်သူများအနေဖြင့် အချိန်ကာလကအရေးကြီးတယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်၍ ဒုတိယဥက္ကဌ(၁)၊ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၂။ ၁၃ ကြိမ်မြောက် FESTIVAL DELLA DIPLOMAZIA ပွဲ တွင် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဗီဒီယို အမှာစကားပြောကြား
မြန်မာပြည်သူတို့၏ ဒီမိုကရေစီအရေး ရုန်းကန်လှုပ်ရှားနေမှုများကို ၁၃ ကြိမ်မြောက် FESTIVAL DELLA DIPLOMAZIA ပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ထည့်သွင်းပြောကြားခဲ့ပါတယ်။
TRANSITIONS AND CONTRADICTIONS: Is no change an option? ခေါင်းစဥ်ဖြင့် ကျင်းပခဲ့သည့် အဆိုပါ ၁၃ ကြိမ်မြောက် FESTIVAL DELLA DIPLOMAZIA ပွဲ တွင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အနေဖြင့် မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများနှင့် မြန်မာပြည်သူတို့၏ ဒီမိုကရေစီအရေး ရုန်းကန်လှုပ်ရှားနေမှုများကို ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။ ၁၃ ကြိမ်မြောက် FESTIVAL DELLA DIPLOMAZIA ပွဲကိုအောက်တိုဘာ ၂၀ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။
========================
📌📌 ၃။ ပြည်တွင်း နေရပ်စွန့်ခွာနေရသူ အမျိုးသမီးနှင့် ကလေးငယ်များဟာ လူကုန်ကူးမှု၏ အဓိကသားကောင်များ ဖြစ်လာမည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ခြေရှိနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
နိုဝင်ဘာလအတွင်း (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီက ဆွေနွေးချက်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှအခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။
နေရပ်စွန့်ခွာသူများတွင် အမျိုးသမီးများနှင့် ကလေးငယ် များလည်း ပါဝင်ကြောင်း၊ ၎င်းတို့အား ပြည်တွင်းနေရပ်စွန့်ခွာသူများ ဖြစ်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေပြီး အလွန်ထိခိုက်လွယ်သည့် အခြေအနေတွင်ရှိကြောင်း၊ အထူးသဖြင့် အဆိုပါ ပြည်တွင်း နေရပ်စွန့်ခွာနေရသူ အမျိုးသမီးနှင့် ကလေးငယ်များအနေဖြင့် စားနပ်ရိက္ခာနှင့် အာဟာရမပြည့်ဝမှု၊ မသန့်ရှင်းမှုနှင့် ခိုလှုံရန် နေရာအခက်အခဲများအပြင် လူကုန်ကူးမှု၏ အဓိကသားကောင်များ ဖြစ်လာမည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ခြေရှိနေတယ်"လို့ဆိုပါတယ်။
ကုလသမဂ္ဂ၏ မှတ်တမ်းများအရ လက်ရှိအခြေအနေတွင် လူဦးရေ ၁.၄ သန်းကျော်အနေဖြင့် နေရပ်စွန့်ခွာခဲ့ရပြီး လူပေါင်း ၁၅.၂ သန်းကျော်သည် လူသားချင်းစာနာမှု အကူအညီ လိုအပ်လျက်ရှိပါတယ်။
========================
📌📌 ၄။ မိုးမောက်မြို့ပေါ်က ခရစ်ယာန် မူကြိုကျောင်းကို အမြောက်နဲ့ ထု
တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်များဟာ မိုးမောက်မြို့ပေါ်က ခရစ်ယာန် မူကြိုကျောင်းကို အမြောက်နဲ့ ထုခဲတယ်လို့ သတင်းရရှိပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့ညပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ အမြှောက်တပ်က ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် ကျောင်းသား ၄ ဦး ထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
"စကစ ဟာ အစွမ်းကုန်မိုက်ရှိုင်းနေပြီ၊ ဒီည ရှမ်းမြောက်ဒေသကွတ်ခိုင်ကျမ်းစာကျောင်းကို ဘာတိုက်ပွဲမှ မရှိပဲ အမြောက်နဲ့ထုတယ်။ ဟိုနေ့ကလဲ မိုးမောက်မြို့ပေါ်က ခရစ်ယာန် မူကြိုကျောင်းကို အမြောက်နဲ့ ထုတယ်"လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုထားပါတယ်။
ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ အမြှောက်တပ်က ရမ်းသမ်းပစ်ခတ်လိုက်တဲ့လက်နက်ကြီးဟာ ကွတ်ခိုင် ရပ်ကွက် (၅) ရှိ ကချင်ကျမ်းစာကျောင်း အပေါ်ထပ်ကအမျိုးသားအဆောင်မှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး တချိန်ထဲမှာပဲကျောင်းသား ၄ ဦးလည်း လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ပါတယ်။
========================
📌📌 ၅။ ကောလင်းမြို့ တောင်မော်တိုက်နယ် မြောင်းကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က ယနေ့မနက် မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း ကောလင်းမြို့ တောင်မော်တိုက်နယ်၊မြောင်းကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က ယနေ့မနက် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ နိုဝင်ဘာ ၄ ရက် နံနက် ၆ နာရီ ၄၀ ခန့်မှာ စကစတပ်များက လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ကောလင်းတော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။ မြောင်းကြီးကျေးရွာကို နံနက် 6:40 ခန့်တွင် မီးရှို့နေကြောင်း စတင်သတင်းရရှိပြီး 7:05 နာရီခန့်တွင် ပြည်သူနေအိမ်ပေါင်း 37 လုံး မီးရှို့ခံခဲ့ရပါတယ်"လို့ဆိုပါတယ်။
စုစုပေါင်းနေအိမ် ၃၇ လုံးမီးလောင်ဆုံးရှုံးကာပြည်သူများအိုးမဲ့အိမ်မဲ့ဖြစ်ကာ တိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။ စကစတပ်များဟာ ကောလင်းနယ်ကိုသာလွန်အင်အားနဲ့စစ်ကြောင်းထိုးကာ အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။
========================
📌📌 ၆။ စစ်ကိုင်းတိုင်းတွင်းက မြို့နယ်၁၆မြို့နယ်ရှိ လူနေအိမ်အလုံး တစ်ထောင်ကျော်ကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာတလအတွင်း မီးရှို့ဖျက်ဆီးခဲ့
နိုဝင်ဘာလအတွင်းပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ မီးသတ်ဦးစီးဌာနက အခုလို သတင်းထုတ်ပြန်ခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်က အောက်တိုဘာလအတွင်း မြန်မာနိုင်ငံတဝန်းမှာ ပြည်သူတွေရဲ့ နေအိမ်အလုံး ၁,၅၅၀ ကျော်ကို မီးရှို့ဖျက် ဆီးခဲ့ပြီးစစ်ကိုင်းတိုင်းထဲက လူနေအိမ် ၁,၀၄၄ လုံးအထိကို မီးရှို့ဖျက်ဆီးခံထားရပါတယ်။
စစ်ကိုင်းတိုင်းထဲက မင်းကင်းမြို့နယ်မှာ ၅၉ လုံး၊ ကန့်ဘလူမြို့နယ်မှာ ၂၄၉ လုံးအပါအဝင်စစ်ကိုင်းတိုင်းအတွင်းရှိတစ်ခြားမြို့ရွာများမှ ဖြစ်တယ်လို့ မီးသတ်ဦးစီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်တပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတင်မကဘဲ ဒေသခံပြည်သူတွေကိုပါ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၇။ PDF ရဲဘော်များနှင့် စစ်ဘေးသင့်ပြည်သူများအား အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူရန် ကျန်းမာရေးဝန်ကြီးဌာန NUG Pay သို့ထောက်ပို့ကူညီနိုင်
နိုဝင်ဘာ ၃ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနကတရားဝင် အသိပေးကြေညာချက်ကိုထုတ်ပြန်ခဲ့ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများ၏ အလှူငွေများကို လွတ်လပ်လုံခြုံစိတ်ချစွာ လက်ခံရယူနိုင်ရန် NUG Pay အကောင့်တစ်ခုကို ဖွင့်လှစ်ထားရှိပြီးဖြစ်ပါတယ်။NUG ကျန်းမာရေးဝန်ကြီးဌာန၏ NUG Pay အကောင့်ကို ministry of health* nugpay.app ဟူသော အကောင့်အမည်တစ်ခုတည်းနှင့်သာ ဖွင့်လှစ်ထားရှိပါတယ်"လို့ဆိုပါတယ်။
ပြည်သူများအနေဖြင့် မိမိတို့၏ NUG Pay App တွင် ကျန်းမာရေးဝန်ကြီးဌာန၏ NUG Pay အကောင့်အမည်ကို ရိုက်သွင်း၍လည်းကောင်း၊ ပူးတွဲပါ QR Code ကို Scanဖတ်၍လည်းကောင်း လှူဒါန်းငွေများကို လွတ်လပ်လုံခြုံစိတ်ချစွာ ထည့်ဝင်လှူဒါန်းနိုင်ပြီဖြစ်ပါတယ်။
ပြည်သူများ၏ လှူဒါန်းငွေများကို PDF ရဲဘော်များနှင့် စစ်ဘေးသင့်ပြည်သူများအား အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးရာတွင်လည်းကောင်း၊ ဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် မြေပြင်ရှေ့တန်း ကျန်းမာရေးဝန်ထမ်းများသို့ ချီးမြှင့်ငွေများ ပေးအပ်ရာတွင်လည်းကောင်း ပြန်လည်အသုံးပြုသွားမယ်လို့သတင်းရရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment