5th NOV 2022 - Morning Daily News by Radio NUG

၂၀၂၂ နိုဝင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ

📌 ၂။ နိုင်ငံတကာမှ နိုင်ငံခေါင်းဆောင်များပါဝင်တက်ရောက်တဲ့ Global Townhall 2022 မှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အမှာ စကားပြောကြား

📌 ၃။ အာဆီယံအရပ်ဘက်အဖွဲ့အစည်းများညီလာခံမှာ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးကမြန်မာနိုင်ငံ အကျပ်အတည်းနှင့်ပတ်သက်၍ အချက်ငါးချက်တောင်းဆို ဆွေးနွေး

📌 ၄။ အလင်းဝင်လာတဲ့ သူတွေနဲ့ CDM ပြုလုပ်လာတဲ့ သူတွေအတွက် ဥပဒေအရ အကာအကွယ်ပေးဖို့ ဥပဒေမူကြမ်းရေးဆွဲ ပြီးပြီဖြစ်၍ NUCC ထံတင်ပြထား

📌 ၅။ NUGPay သုံးစွဲသူမှ အခြားသုံးစွဲလိုသူအတွက် Account ဖွင့်ပေးနိုင်ပြီဖြစ်

📌 ၆။ ပန်ဆယ်လိုရဲ့ အမှောင်ရက် ၁၀၀ စာအုပ်ကိုရီးယားရဲ့ရုပ်သံလွှင့်ဌာန KBS အစီအစဥ်မှာ ဖော်ပြခံရ

📌 ၇။ ရောမ နဲ့ မီလန် မြို့မှာ "မသောက်မိသော မိုးခါးရေ" ရုပ်ရှင်ကိုပြသမယ်

📌 ၈။ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စု၏ စစ်ကြောင်းမှ အနီးနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့၍အသက် ၁၃ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာလ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၄/၂၀၂၂)ကိုကျင်းပခဲ့ပါတယ်။


အစည်းအဝေးကို ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားရာတွင် အစည်းအဝေးသည်ပုံမှန်တွေ့ဆုံခြင်းဖြစ်၍ လိုအပ် ချက်များကို ဖြည့်ဆည်းကြခြင်းဖြစ်ကာ ပါဝင်ဆွေးနွေးမှုများသည် အကျိုးထူးနိုင်ပါကြောင်း၊တစ်နှစ်မဟာဗျူဟာစတင်ဆောင်ရွက်နေပြီး လုပ်ငန်းများကို အစီအစဉ်များချမှတ်ဆောင်ရွက်ခြင်းဖြစ်သဖြင့် ပိုမိုထိရောက်မည် ဖြစ်ပါကြောင်း၊ ထိန်းချုပ်နယ်မြေများ၌ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း"ပြောကြားခဲ့ပါတယ်။


ထို့နောက်တက်ရောက်လာကြသည့် ဒုတိယဝန်ကြီးများမှ နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ပါတယ်။ ဆက်လက်၍ ဝန်ကြီးဌာနများမှ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဦးဆောင်ကာ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၂။ နိုင်ငံတကာမှ နိုင်ငံခေါင်းဆောင်များပါဝင်တက်ရောက်တဲ့ Global Townhall 2022 မှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အမှာ စကားပြောကြား


နိုင်ငံတကာမှ နိုင်ငံခေါင်းဆောင်များပါဝင်တက်ရောက်တဲ့ Global Townhall 2022 မှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အမှာ စကားပြောကြားခဲ့ပါတယ်။ Sustaining Peace and Development in a Divided World ခေါင်းစဥ်ဖြင့်ကျင်းပတဲ့ Global Townhall 2022 ပွဲမှာ နိုဝင်ဘာ ရက် ဒီကနေ့မှာပြောကြားခဲ့တာဖြစ်ပါတယ်။


အဆိုပါ ပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နည်းတူ အခြားသော နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသူများလည်းတက်ရောက်ကြပါတယ်။ အခမ်းအနားကို တက်ရောက်ဖို့ လူ ၅၀၀၀ ကျော်ဟာ မှတ်ပုံတင် စာရင်းသွင်းခဲ့ကြပါတယ်။


========================


📌📌 ၃။ အာဆီယံအရပ်ဘက်အဖွဲ့အစည်းများညီလာခံမှာ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးကမြန်မာနိုင်ငံ အကျပ်အတည်းနှင့်ပတ်သက်၍ အချက်ငါးချက်တောင်းဆို ဆွေးနွေး


အာဆီယံအရပ်ဘက်အဖွဲ့အစည်းများညီလာခံမှာ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းကမြန်မာနိုင်ငံ အကျပ်အတည်းနှင့်ပတ်သက်၍ အချက်ငါးချက်တောင်းဆိုဆွေးနွေးခဲ့ပါတယ်။


နိုဝင်ဘာလ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ အာဆီယံ အရပ်ဘက် အဖွဲ့အစည်းများညီလာခံ/ အာဆီယံလူထုတွေ့ဆုံပွဲ၏ ဒုတိယအကြိမ် မျက်နှာစုံညီ ဆွေးနွေးပွဲကို ကျင်းပခဲ့ရာမှာအမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကပါဝင်ဆွေးခဲ့ပါတယ်။


ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီးက


) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာပြည်သူလူထုအား အမှန်တကယ် ကိုယ်စား ပြုသည့် တရားဝင် ရွေးကောက်တင်မြောက်ထားသော အစိုးရအဖြစ် အသိအမှတ်ပြုရန်နှင့် တရားမဝင် စစ်အာဏာရှင်တို့အား သံတမန်ရေးရာ အဆင့်အတန်း ပေးအပ်ခြင်းမပြုရန်၊


) အာဆီယံဘုံသဘောတူညီချက် ရပ်ကို ကျော်လွန်၍ သံတမန်ဆက်ဆံရေး စာမျက်နှာ အသစ်တစ်ခုကို စတင်ရန်၊ ဤအကျပ်အတည်းတွင် စစ်အာဏာရှင်၏ ညှင်းပန်း နှိပ်စက်မှု များကို ခံစားရပြီး လျစ်လျူရှုခြင်းခံနေရသည့် မတူကွဲပြားသော မြန်မာနိုင်ငံသားများကို ဖိတ်ခေါ်၍ ဆွေးနွေးပွဲအသစ်တစ်ခု ပြုလုပ်ပေးရန်၊


) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းအဖွဲ့တို့ ပူးပေါင်း၍ လျင်မြန်ပြီး သင့်လျော်သည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တုံ့ပြန်များ ဆောင်ရွက်ရန်၊


) အာဆီယံအနေဖြင့် စစ်အာဏာရှင်တို့ကြေညာထားသော ရွေးကောက်ပွဲကို တရားမဝင် ကြောင်း ကြေညာ၍ လူသိရှင်ကြားပယ်ချရန်၊


) မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို ဖော်ဆောင်မည့် လုပ်ငန်း စဉ်ကို မြှင့်တင်ရန်တို့ ဆွေးနွေးပြောကြားခဲ့ပါတယ်။


အဆိုပါဆွေးနွေးပွဲသို့  ASEAN Intergovernmental Commission on Human Rights (AICHR) အင်ဒိုနီးရှားသမ္မတနိုင်ငံ ကိုယ်စားလှယ်ဖြစ်သူ H.E. Yuyun Wahyuningrum နှင့် မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြံပေးကောင်စီဟောင်းတစ်ဦးဖြစ်သူ Jerald Joseph တို့လည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၄။ အလင်းဝင်လာတဲ့ သူတွေနဲ့ CDM ပြုလုပ်လာတဲ့ သူတွေအတွက် ဥပဒေအရ အကာအကွယ်ပေးဖို့ ဥပဒေမူကြမ်းရေးဆွဲ ပြီးပြီဖြစ်၍ NUCC ထံတင်ပြထား


စစ်ကောင်စီတပ်ကအလင်းဝင်လာတဲ့ သူတွေနဲ့ CDM ပြုလုပ်လာတဲ့ သူတွေအတွက် ဥပဒေအရ အကာအကွယ်ပေးဖို့ ဥပဒေမူကြမ်းရေးဆွဲ ပြီးပြီဖြစ်၍ NUCC ထံတင်ပြထားတယ်လို့တရားရေးဝန်ကြီးဌာနရဲ့အတွင်းဝန် ဦးမင်းနောင်ခိုင်ကဆိုပါတယ်။ နိုဝင်ဘာ ရက် ညပိုင်းကျင်းပတဲ့ ပြည်သူ့စစ်သားဇနီးများရဲ့ စကားသံအစီအစဥ် စကားဝိုင်းမှာတရားရေးဝန်ကြီးဌာနရဲ့အတွင်းဝန် ဦးမင်းနောင်ခိုင်ကပြောပါတယ်။


"ပြည်သူ့သားကောင်းလို့ခေါ်တဲ့ စစ်သား၊ ရဲတွေရဲ့ အလင်းဝင်လာတဲ့ CDM ပြုလုပ်လာတဲ့ သူတွေနဲ့ သူတို့ရဲ့မိသားစုတွေကို ဥပဒေနဲ့အညီ အကာအကွယ်ပေးဖို့ ဘဝအာမခံချက်တွေ ပေးဖို့ ကျနော်တို့တွေ ဥပဒေပြဌာန်းပြီးတော့ကို ဆောင်ရွက်နေတာရှိတယ်။ဒီဥပဒေဟာ NUCC ထဲကိုရောက်သွားပြီ။အကြမ်းဖျင်းရေးဆွဲ ပြီးစီးပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။


အဆိုပါ ဥပဒေမူကြမ်းထဲတွင် အကြမ်းဖက် စစ်တပ်အောက်တာဝန်ထမ်းဆောင်သူများကို ဥပဒေအရ တပ်ပြေးအဖြစ်သတ်မှတ်ထားပြီးတော့ CDMဝင်လာသူများကို ပြည်သူ့ဝန်ထမ်းအဖြစ် တရားဝင်သတ်မှတ်မှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၅။ NUGPay သုံးစွဲသူမှ အခြားသုံးစွဲလိုသူအတွက် Account ဖွင့်ပေးနိုင်ပြီဖြစ်


NUGPay သုံးစွဲသူမှ အခြားသုံးစွဲလိုသူအတွက် Account ဖွင့်ပေးနိုင်ပြီဖြစ်ပါတယ်။ နိုဝင်ဘာ ရက်နေ့မှာ NUG Pay ကနေအသိပေးဖော်ပြထားပါတယ်။ "ကိုယ့်ရဲ့ NUGPay နဲ့ တခြားသူတွေ အတွက် Account ဖွင့်ပေးလို့ရပါတယ်https://nugpay.app website မှာ NUGPay အကောင့်ဖွင့်ဖို့ activation code တွေ ရောင်းချနေပါပြီ။ 


ကိုယ့်ရဲ့ NUGPay မှ တဆင့် မိသားစု၊ မိတ်ဆွေတွေနဲ့ ချစ်ရသူတွေ အတွက် activation code ဝယ်ပေးရင်း တော်လှန်ရေးမှာ ပါဝင်လိုက်ပါ"လို့ဆိုထားပါတယ်။ NUGPay နဲ့ activation code ဝယ်ယူမှုပုံစံအသေးစိတ် အချက်အလက်ကို NUG Payရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။ လက်ရှိမှာ NUG Pay သုံးစွဲသူ ၁၅၀၀၀ ခန့်ရှိပြီဖြစ်ကာ ငွေသားလွှဲပြောင်းမှုပုံစံမှာ စိတ်အချရဆုံးနဲ့အလျင်အမြန်ဆုံးဖြစ်ပါတယ်။


========================


📌📌 ၆။ ပန်ဆယ်လိုရဲ့ အမှောင်ရက် ၁၀၀ စာအုပ်ကိုရီးယားရဲ့ရုပ်သံလွှင့်ဌာန KBS အစီအစဥ်မှာ ဖော်ပြခံရ


ပန်ဆယ်လိုရဲ့ အမှောင်ရက် ၁၀၀ စာအုပ်ကိုရီးယားရဲ့ရုပ်သံလွှင့်ဌာန KBS အစီအစဥ်မှာ ဖော်ပြခံခဲ့ရပါတယ်။ အဆိုပါ စာအုပ်ဟာ ကိုရီးယားနိုင်ငံမှာ ရောင်းအား အကောင်းဆုံး စာအုပ်အဖြစ်လည်း ရောင်းရခဲ့ပါတယ်။


ကိုရီးယားလူငယ်များနဲ့ စာပေယဥ်ကျေးမှုအကြောင်း ရိုက်ကူးထားသော Documentaryအစီအစဥ်မှာ ကိုရီးယားဘာသာပြန် စာအုပ်မိတ်ဆက်အဖြစ်ဖော်ပြခံရတာဖြစ်ပါတယ်။ ကိုရီးယား ဘာသာပြန်ထားတဲ့ အမှောင်ရက်၁၀၀ စာအုပ်ကို ကိုရီးယား ကျောင်းသားလူငယ်များ စာအုပ်တိုက်ဖြစ်တဲ့ Morace al LLCက ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း အဆိုပါစာအုပ်တိုက်မှ NUGအစိုးရရဲ့ လုပ်ဆောင်ချက်များနဲ့ မြန်မာပြည်သူများရဲ့ နွေဦးတော်လှန်ရေးမှာ စိတ်အားထက်သန် ဇွဲရှိမှုတို့ကို မိတ်ဆက်သွားမှာ ဖြစ်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ ရောမ နဲ့ မီလန် မြို့မှာ "မသောက်မိသော မိုးခါးရေ" ရုပ်ရှင်ကိုပြသမယ်


ရောမ နဲ့ မီလန် မြို့မှာ "မသောက်မိသော မိုးခါးရေ" ရုပ်ရှင်ကိုပြသမယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာလအတွင်းမှာ ရုပ်ရှင်ပြသရေးကော်မတီက အသိပေးဆိုပါတယ်။


မသောက်မိသောမိုးခါးရေရုပ်ရှင်ကို အီတလီနိုင်ငံ မီလန်မြို့ နှင့် ရောမမြို့များတွင် ပြသသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ဒါရိုက်တာကိုပေါက် ရိုက်ကူးပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရုံပြည့်ရုံလျှံ အားပေးနေကြသော မသောက်မိသောမိုးခါးရေရုပ်ရှင်ကို အီတလီနိုင်ငံ မီလန်မြို့တွင် နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းနှင့် ရောမမြို့  နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းအချိန်များတွင်အီတလီဘာသာစာတန်းထိုးဖြင့် ပြသသွားမည်ဖြစ်ပါတယ်"လို့ဆိုပါတယ်။


အီတလီနိုင်ငံတွင်လည်း မသောက်မိသော မိုးခါးရေ ရုပ်ရှင်ကို လာရောက်ကြည့်ရှုပြီး နွေဦးတော်လှန်ရေးအတွက် တက်ကြွစွာ အားဖြည့်ပါဝင်ပေးနိုင်ပြီလို့ဆိုပါတယ်။ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးထားတဲ့ မသောမိသော မိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းတိုဟာ CDMဗိုလ်ကြီးတစ်ဦးကို အခြေ ခံရိုက်ကူးထားပြီး သရုပ်ဆောင်မဟုတ်သော တော်လှန်ရေးနယ်မြေမှရဲဘော်များနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။


========================


📌📌 ၈။ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စု၏ စစ်ကြောင်းမှ အနီးနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့၍အသက် ၁၃ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး သေဆုံး


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စု၏ စစ်ကြောင်းမှ အနီးနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့၍ အသက် ၁၃ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး သေဆုံးခဲ့ပါတယ်။


နိုဝင်ဘာလ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စု၏ စစ်ကြောင်းမှ အနီးနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်ခဲ့ပါတယ်။ အဆိုပါပစ်ခတ်မှုကြောင့် ဇီးကနားကျေးရွာတွင် နေထိုင်သော အသက် ၁၃ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး သေဆုံးခဲ့ပြီး အသက် နှစ်အရွယ် ကလေး တစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ AAPPကဖော်ပြပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၄၁၃) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment