📌 (ချင်း တိုင်းရင်းသား - Daai ဒိုင်ရ် ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၂ နိုဝင်ဘာလ ( ၅ ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ
📌📌 ၁။ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အသစ်ပြန်လည် ဖွဲ့စည်းကြောင်း ကြေညာ
မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အောက်တိုဘာ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းကြောင်း မတူပီမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။ ပြည်သူလူထုအပေါ် စစ်ကောင်စီ၏ ခြိမ်းခြောက်မှုများကို တုန့်ပြန်ကာကွယ်နိုင်ရန်၊ CDM ကဏ္ဍကို အရှိန် မြှင့်တင် ဆောင်ရွက်နိုင်ရန်နှင့် CDM ဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ် တစ်ရပ်ကို ချမှတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက် တွင်ပါရှိသည်။
ကြားကာလ မတူပီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်သော်လည်း မြေပြင်လုပ်ငန်း လိုအပ်ချက်များအရ အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့တွင် မြို့နယ်အထွေထွေညီလာခံကျင်းပ၍ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ကိုယ်စားလှယ် စုစုပေါင်း ၂၁ ဦးဖြင့် ပြန်လည်ဖွဲ့စည်းသည်ဟု ထုတ်ပြန်ကြေညာသည်။
ယင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွင် ပြည်ထောင်စုနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ခံများ၊ CDF မတူပီ တာဝန်ခံများ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့ ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။
📌📌 ၂။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်ဖို့ စီစဉ်နေ
အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတရာထူးကို မျှော်မှန်းထားကြောင်း သတင်းရရှိတယ်လို့ Nikkei Asia သတင်းမှာ အောက်တိုဘာလ ၂၉ရက်က ဖော်ပြလာပါတယ်။ လူသိရှင်ကြားတစ်ခါမှ ထုတ်ဖော်ပြောတာမရှိပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ဖို့ အိပ်မက်ကို ကာလရှည်ကြာဆုပ်ကိုင်ထားကြောင်း၊ သေချာပေါက် သမ္မတဖြစ်အောင်လုပ်မှာဖြစ်ကြောင်း သူနဲ့ နီးစပ်တဲ့ တပ်မတော် အရာရှိထံက သိရတယ်လို့ ရေးသားထားပါတယ်။
အခုဆိုရင် စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လာမယ့် ၂ဝ၂၃ သြဂုတ်လမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရပ်တည်ချက်ကို ခိုင်မာအောင် စတင် လုပ်ဆောင်နေတာကြောင့် မကြာမီမှာ သူ့ရဲ့ သမ္မတဖြစ်ဖို့ အိပ်မက် လက်တွေ့ဖြစ်လာနိုင်ပုံရတယ်လို့ Nikkei Asiaက ဆိုပါတယ်။
လက်ရှိမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ဗိုလ်မှူးချုပ်ဟောင်း ခင်ရီက ဦးဆောင်နေတာဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ အခုပါတီတွင်း အငြိမ်းစားအရာရှိ အများအပြားကို ကိုယ်စားလှယ်လောင်းအဖြစ် ဒါမှမဟုတ် မဲဆွယ်စည်းရုံးရာမှာ ပါဝင်ကူညီဖို့ စီစဉ်နေတယ်လို့လည်း သတင်းက ဖော်ပြပါတယ်။
📌📌 ၃။ ထီးလင်းမြို့နယ်မှာ ၃ ရက်တာ တိုက်ပွဲအတွင်း စစ် ကောင်စီ တပ်သား ၉ ဦးထက်မနည်း သေ
အောက်တိုဘာ ၃၁ ရက် နေ့က နေ နိုဝင်ဘာ ၂ ရက် နေ့အထိ ၃ ရက်တာ တိုက်ပွဲအတွင်းမှာ စစ် ကောင်စီ တပ်သား ၉ ဦးထက်မနည်း သေဆုံး ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF-Htilin) က နိုဝင်ဘာ ၃ ရက် နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၃၁ ရက် နေ့နံနက် ထီးလင်းမြို့က နေ စစ် ကြောင်း နှစ် ကြောင်း ခွဲထွက်လာတဲ့ စစ် ကောင်စီတပ်နဲ့ ပျူ စောထီး စစ် ကြောင်းကို PDF ထီးလင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးချိန် ၄၅ မိနစ် ခန့်ကြာ အောင်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ နောက်မှာတော့ လက်နက် အင်အား လူအင်အား မမျှတမှု ကြောင့် လူစုခွဲပြီး ဆုတ်ခွာခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဆုတ်ခွာစဉ်မှာ PDF ထီးလင်းဘက်က ဒရုန်းတစ်လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
နောက်တစ် နေရာမှာ စစ် ကောင်စီ စစ် ကြောင်းဟာ မိုင်းကွင်းဘက်ကို နယ်ကျွံ ရောက်ရှိလာကြတဲ့အတွက် မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မိုင်းထိပြီး စစ် ကောင်စီ ထိခိုက် သေဆုံးများနိုင်တယ်လို့ သိရပါတယ်။ အဲဒီအနီးအနားမှာပဲ ထိ တွေ့တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး PDF ထီးလင်း ရဲ ဘောများ ဆုတ်ခွာခဲ့ရပြီး စစ် ကောင်စီ တပ်က ဆိုင်ကယ် ၁၄ စီး မီးရှို့ဖျက်ဆီးသွားတယ်လို့ ထုတ်ပြန်ပါတယ်။
စစ် ကောင်စီ တပ်ဟာ ကျားခဲရွာထဲဝင်ပြီး ပြည်သူပိုင် အိမ် မွေး တိရစ္ဆာန် တွေ သတ်ဖြတ်စား သောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ကျားခဲ ရွာထဲက နေအိမ် ၁၅ လုံးခန့်ကိုလည်း စစ် ကောင်စီက မီးရှို့ခဲ့ပြီး ၉ လုံးကို တော့ PDF ထီးလင်းရဲ ဘော် တွေက မီးငြှိမ်းသတ် ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကြောင်းတလျှောက် ပြည်သူများအထိအခိုက်မရှိစေရေး ကာကွယ်ပေးရင်း အင်တာနက်အခက်အခဲများကြောင့် စစ်ရေးအခြေအနေ အခုလို တိုက်ပွဲသတင်းထုတ်ပြန်ချက် နောက်ကျခဲ့ခြင်းဖြစ်ကြောင်း PDF ထီးလင်းက ဆိုပါတယ်။
📌📌 ၄။ စစ်တပ်ကို လေယာဉ်လောင်စာဆီတင်ပို့မှု တားဆီးပိတ်ပင်ဖို့ နိုင်ငံတကာကို AI တိုက်တွန်း
မြန်မာ စစ်တပ်ဆီ လေယာဉ်လောင်စာဆီတွေ မရောက်ဖို့ နိုင်ငံတကာက အရေးတကြီး တားဆီးပိတ်ပင်ရမယ်လို့ AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဒီနေ့ ဆော်သြလိုက်ပါတယ်။ မြန်မာစစ်တပ်ကို လေယာဉ်လောင်စာဆီ ထောက်ပံ့ပေးနေတဲ့ကွင်းဆက်မှာ ပါဝင်တဲ့ကုမ္ပဏီတွေကို ဖော်ထုတ်ထားတဲ့ အစီရင်ခံစာ ထုတ်ပြန်ချိန်မှာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က တိုက်တွန်းလိုက်တာပါ။
သေစေတဲ့ ကုန်စည် ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေကို အားပေးတဲ့ လောင်စာဆီ ပံ့ပိုးမှု ကွင်းဆက်တွေကို ဖော်ထုတ်ခြင်း Deadly Cargo: Exposing the Supply Chain that Fuels War Crimes in Myanmar အစီရင်ခံစာကို ထုတ်ပြန်တာပါ။ ၂၀၂၁ စစ်အာဏာ သိမ်းချိန်ကစလို့ ဝေးလံတဲ့ ဆိပ်ကမ်းတွေကနေ လောင်စာဆီတွေ ထွက်သွားတာက အစ အရပ်သားတွေသေကြေရတဲ့ ဥပဒေမဲ့ လေကြောင်းတိုက်ခိုက်မှုအထိ ကြားကအဆင့်တိုင်းကို အစီရင်ခံစာမှာ အသေးစိတ် ဖော်ပြထားပါတယ်။
အရပ်ဘက်လေကြောင်းသွားလာရေးအတွက်ပဲ သုံးရမယ့် လေယာဉ်လောင်စာဆီတွေကို စစ်တပ်ဘက် လွှဲပို့နေတာ ကိုလည်း AI က မှတ်တမ်းပြုစုထားပါတယ်။ စစ်ကောင်စီနဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေအကြောင်း စုံစမ်းဖော်ထုတ်နေတဲ့ JFM - Justice for Myanmar နဲ့ ပူးပေါင်းပြီး အစီရင်ခံစာ ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။
Justice for Myanmar ကလည်း အာဆီယံနဲ့ စင်ကာပူတို့အနေနဲ့ စစ်ကောင်စီရဲ့ အကြင်နာမဲ့မှုတွေကို အားပေးနေတဲ့ လေယာဉ်ဆီထောက်ပံ့နေတာကို ရပ်တန့်ပြီး မြန်မာလေယာဉ်ဆီကုမ္ပဏီတွေကို ဒဏ်ခတ်အရေးယူပါလို့ တိုက်တွန်းလိုက် ပါတယ်။
အရပ်သားပစ်မှတ်တွေကို လေကြောင်းကတိုက်ခိုက်တာတွေ များလာတာကို တားဆီးဖို့ လောင်စာဆီ ပေးပို့နေတာ ရပ်ဆိုင်းလိုက်ဖို့ ကုမ္ပဏီတွေကိုလည်း AI က တိုက်တွန်းပါတယ်။
No comments:
Post a Comment