24th DEC 2022 - Evening Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၂၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ US Congress က  Justice for Victims of War Crimes Act ဟာ မြန်မာပြည်ရဲ့ စစ်ရာဇဝတ်ကောင်တွေနဲ့ဆက်စပ်သူတွေကိုပါ ဦးတည်လာမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေး

📌 ၂။ အမေရိကန် ကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ NDAA ကို သမ္မတ ဘိုင်ဒင်လက်မှတ်ထိုးအတည်ပြု

📌 ၃။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ခြမ်းကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ပြေးဒုက္ခသည်ပေါင်း ၄၀,၀၀၀ သောင်းထက်မနည်းရှိလာ

📌 ၄။ KNDF အနေနဲ့ မိုဆိုဖြစ်စဉ်အား ကရင်နီတစ်မျိုးသားလုံး ဝမ်းနည်းဖွယ်ရာ သမိုင်းဖြစ်စဉ်အဖြစ် မှတ်တမ်းတင်

📌 ၅။ မြိုင်မြို့နယ် ဖောင်းကွဲရွာအနီးတွင် ဒရုန်းများ အသုံးပြုပြီး Drop ဗုံးချတိုက်ခိုက်ရာ စကစတပ်က တစ်ဦးသေ၊လေးဦးထိခိုက်ဒဏ်ရာရ

📌 ၆။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သစ်တောပြုန်းတီးမှုသတိပေးချက် စုစုပေါင်း ၂၂,၀၀၀ ကျော် လေ့လာတွေ့ရှိ

📌 ၇။ ကလေးခရိုင်နည်းပညာနှင့်ဒရုန်းတပ်ရင်းမှပြုလုပ်ထားတဲ့ ဒရုန်းအကြီးတစီးစာ သိန်း ၅၀၀ Project ၂၆ ရာခိုင်နှုန်းအထိသာရရှိသေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ US Congress က  Justice for Victims of War Crimes Act ဟာ မြန်မာပြည်ရဲ့ စစ်ရာဇဝတ်ကောင်တွေနဲ့ဆက်စပ်သူတွေကိုပါ ဦးတည်လာမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေး


US Congress က  Justice for Victims of War Crimes Act ဟာ မြန်မာပြည်ရဲ့ စစ်ရာဇဝတ်ကောင်တွေနဲ့ဆက်စပ်သူတွေကိုပါ ဦးတည်လာမယ်လို့ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကဆိုလိုက်ပါတယ်။


"ဒီနေ့မှာ President Biden က NDAA ၂၀၂၃ ကို ဥပဒေအဖြစ် လက်မှတ်ထိုးအတည်ပြုလိုက်ပါတယ်။ မြန်မာ့အရေးနဲ့တိုက်ရိုက်သက်ဆိုင်တဲ့ Burma Act ကို စတင်အကောင်အထည်ဖော်တော့မှာဖြစ်ပါတယ်။ President နဲ့အတူ ဒီ Law ကို အတည်ပြုနိုင်အောင် ကြိုးပမ်းခဲ့သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ထို့အတူ US Congress က  Justice for Victims of War Crimes Act ကို ဒီနေ့ အတည်ပြုပြီး President ဆီ တင်လိုက်ပါတယ်။ စစ်ရာဇဝတ်မှုနဲ့ ပတ်သက်ဆက်နွယ်သူတွေကို ဘယ်နေရာမှာနေနေ ဘယ်နိုင်ငံသားဖြစ်ဖြစ် အရေးယူ အပြစ်ပေးနိုင်ဖို့ဖြစ်ပါတယ်။ ရုရှစစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေနဲ့ဆက်စပ်တဲ့ ဒီမူကြမ်းဟာ မြန်မာပြည်ရဲ့ စစ်ရာဇဝတ်ကောင်တွေနဲ့ဆက်စပ်သူတွေကိုပါ ဦးတည်လာမှာပါ"လို့ဆိုပါတယ်။


အမေရိကန်နိုင်ငံမှာ အကြမ်းဖက် စစ်တပ်ထောက်ခံသူနဲ့ ဆက်စပ်သူတွေရှိပါက Justice for Victims of War Crimes Act အရ တရားစွဲဆို အရေးယူခံရမှာဖြစ်ပါတယ်။


========================


📌📌 ၂။ အမေရိကန် ကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ NDAA ကို သမ္မတ ဘိုင်ဒင်လက်မှတ်ထိုးအတည်ပြု


မြန်မာ့ဒီမိုကရေစီအရေး အကူအညီပေးမယ့် အမေရိကန် ကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ NDAA ကို ဒီဇင်ဘာ ၂၃ ရက်နေ့မှာပဲ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အတည်ပြုလက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။


အမေရိကန်နိုင်ငံရဲ့ ၂၀၂၃ အတွက် အမျိုးသားကာကွယ်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့် အက်ဥပဒေမှာ The Burma Act မြန်မာနိုင်ငံအက်ဥပဒေ ကိုထည့်သွင်း ခဲ့ပြီး မြန်မာနိုင်ငံက PDF EAO တွေ နဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှု အဖွဲ့အစည်းတွေကို အကူအညီပေးသွားမယ်လို့ ထည့်သွင်းဖေါ်ပြထားပါတယ်။


ဒါပေမယ့်လို့ အကူအညီပေးမှုဟာ လက်နက်ကူညီတာမျိုး မဟုတ်ဘဲ တခြား ဆက်သွယ်ရေး ကွပ်ကဲထိန်းချုပ်ရေး ဆိုင်ရာ အကူအညီတွေ၊ EAO PDF အဖွဲ့တွေ အကြား တခြား လုပ်ငန်း ဆောင်ရွက်မှု အကူအညီတွေ နဲ့ နိုင်ငံတကာ ကယ်ဆယ်ရေး ညှိနှိုင်းဆောင်ရွက် အကူအညီ တွေ  ပေးအပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


========================


📌📌 ၃။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ခြမ်းကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ပြေးဒုက္ခသည်ပေါင်း ၄၀,၀၀၀ သောင်းထက်မနည်းရှိလာ


ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ခြမ်းကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ပြေးဒုက္ခသည်ပေါင်း ၄၀,၀၀၀ သောင်းထက်မနည်းရှိလာတယ်လို့ ဒီဇင်ဘာလအတွင်း ISP Myanmar က အချက်အလက်များကို ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။


ပဋိပက္ခဖြစ်စဉ်တွေကြောင့် ချင်းပြည်နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည်ပေါင်း ၉၉,၅၅၀ ဦးထက်မနည်း ရှိခဲ့တယ်လို့ဖော်ပြပါတယ်။ ဟားခါးမြို့နယ်မှာ ပြည်တွင်းစစ်ပြေးဒုက္ခသည် ၃၅,၀၀၀ ဦးထက်မနည်း ရှိပြီး အများဆုံးဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ခြမ်းကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ စစ်ပြေးဒုက္ခသည်ပေါင်း ၄၀,၀၀၀ ထက်မနည်း ရှိလာတယ်လို့သတင်းရရှိပါတယ်။


စစ်အာဏာသိမ်းမှုအလွန်မှ ယခုနှစ် နိုဝင်ဘာလအထိ ချင်းပြည်နယ်က မြို့နယ် ကိုးခုလုံးမှာ လက်နက်ကိုင်တိုက်ပွဲပေါင်း ၅၉၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေက စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ၊ စစ်ကောင်စီနဲ့ EAOs တွေအကြားမှာ ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။


========================


📌📌 ၄။ KNDF အနေနဲ့ မိုဆိုဖြစ်စဉ်အား ကရင်နီတစ်မျိုးသားလုံး ဝမ်းနည်းဖွယ်ရာ သမိုင်းဖြစ်စဉ်အဖြစ် မှတ်တမ်းတင်


မိုဆိုကျေးရွာအတွင်း အရပ်သားပြည်သူများ အစုအလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရခြင်း ()နှစ်ပြည့် အောက်မေ့သတိရခြင်းကို  ဒီဇင်ဘာလ (၂၃) ရက်နေ့မှာ KNDF ကဖော်ပြပါတယ်။


"ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့ ခရစ္စမတ် အကြိုနေ့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများအား အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်သည့် ဝမ်းနည်းဖွယ်ရာ ဖြစ်စဉ်မှာ ယနေ့ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် () နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။အထက်ပါ ဖြစ်စဉ်အတွင်း မြေစာပင်ဖြစ်ခဲ့ရသော ပြည်သူများနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူပူဆွေးကြေကွဲရပါတယ်။ KNDF အနေဖြင့်မိုဆိုဖြစ်စဉ်အား ကရင်နီတစ်မျိုးသားလုံး ဝမ်းနည်းဖွယ်ရာ သမိုင်းဖြစ်စဉ်အဖြစ် မှတ်တမ်းတင်ပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်မှ အရှင်လတ်လတ် မီရှို့သတ်ဖြတ်ခဲ့သော အရပ်သားပြည်သူ (၄၀) ကျော် နှင့် လက်ပြန်ကြိုးတုတ်ကာ ကွပ်မျက်ခံရသော (၁၀၀၄) တပ်ရင်းမှ နယ်ခြားစောင့်တပ်သား () ဦးသည် အပြစ်မဲ့ ကရင်နီပြည်သူပြည်သားများဖြစ်သဖြင့် မိမိတို့ KNDF  မှ ယခုဖြစ်စဉ်အား အစဉ်အမြဲ အောက့်မေ့ သတိရပြီး တရားမျှတမှုရရှိသည်အထိ လုပ်ဆောင်သွားမယ်လို့ထုတ်ပြန်ပါတယ်။


ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာ သို့ စစ်ကြောင်းထိုးလာသော တပ်မ (၆၆) လက်အောက်ခံ  ခမရ (၁၀၈) ဓနုဖြူတပ်ရင်းသည်  စစ်ရှောင်ပြည်သူများ နှင့်  ဆီတင်ဆောင်ထားသည့် ကားများအားဖမ်းဆီးပြီး က ​ေလးငယ် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူများအား သွေးအေးအေးဖြင့်  မီးရှို့သတ်ဖြတ်ခဲ့သလို အခင်းဖြစ်ပွားစဉ် လာရောက် ဖြန်ဖြေတားဆီး ရန်ရောက်လာသော နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် ()ဦး ကိုလည်း လက်ပြန်ကြိုးတုတ် သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၅။ မြိုင်မြို့နယ် ဖောင်းကွဲရွာအနီးတွင် ဒရုန်းများ အသုံးပြုပြီး Drop ဗုံးချတိုက်ခိုက်ရာ စကစတပ်က တစ်ဦးသေ၊လေးဦးထိခိုက်ဒဏ်ရာရ


မကွေးတိုင်းမြိုင်မြို့နယ် ဖောင်းကွဲရွာအနီးတွင် ဒရုန်းများ အသုံးပြုပြီး Drop ဗုံးချတိုက်ခိုက်ရာ စကစတပ်က တစ်ဦးသေ၊လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒီဇင်ဘာ ၂၄ ရက်မှာ မြိုင် ပကဖကအတည်ပြုဆိုပါတယ်။ မြိုင် ပကဖက စကစတပ် စစ်ကြောင်းအား Pakokku Thurain , MRTF တို့ဖြင့် ပူးပေါင်းကာ မြိုင်မြို့နယ် ဖောင်းကွဲရွာအနီးတွင် ဒရုန်းများ အသုံးပြုပြီး ဗုံးချတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ တိုက်ခိုက်မှူကြောင့် စကစတပ်များထဲမှ တစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သစ်တောပြုန်းတီးမှုသတိပေးချက် စုစုပေါင်း ၂၂,၀၀၀ ကျော် လေ့လာတွေ့ရှိ


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သစ်တောပြုန်းတီးမှုသတိပေးချက်နှင့်ပတ်သက်၍ ဒီဇင်ဘာလအတွင်းမြန်မာနိုင်ငံတွင် အာဏာသိမ်းကာလအတွင်း သစ်တောပြုန်းတီးမှုသတိပေးချက်များကို စောင့်ကြည့်လေ့လာခြင်း ရှေ့ပြေးသုတေသနအစီရင်ခံစာအရ အခုလိုသိရှိရပါတယ်။


(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့အထိ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သစ်တောပြုန်းတီးမှုသတိပေးချက် စုစုပေါင်း ၂၂,၆၀၇ ခု လေ့လာတွေ့ရှိခဲ့တယ်လို့ဖော်ပြပါတယ်။ သစ်တောပြုန်းတီးမှု သတိပေးချက်အများစုသည် တိုင်းဒေသကြီး၏ အလယ်ပိုင်းဒေသများရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများနှင့် ကြိုးဝိုင်းတောများတွင် တွေ့ရှိရတယ်လို့ အစီရင်ခံစာကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ နည်းပညာအဖွဲ့သည် ကမ္ဘာ့သစ်တောစောင့်ကြည့်ရေး (Global Forest Watch GFW) ပလက်ဖောင်းကို အသုံးပြု၍ စစ်ကိုင်းတိုင်းဒေသကြီးအား ရှေ့ပြေးဧရိယာအဖြစ် သတ်မှတ်ကာ တိုင်းဒေသကြီးအတွင်းရှိ သစ်တောပြုန်းတီးမှု သတိပေးချက်များကို စတင်လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပါတယ်။


========================


📌📌 ၇။ ကလေးခရိုင်နည်းပညာနှင့်ဒရုန်းတပ်ရင်းမှပြုလုပ်ထားတဲ့ ဒရုန်းအကြီးတစီးစာ သိန်း ၅၀၀ Project ၂၆ ရာခိုင်နှုန်းအထိသာရရှိသေး


ဒီဇင်ဘာလ ၂၄ ရက်မှာ ကလေးခရိုင်နည်းပညာနှင့်ဒရုန်းတပ်ရင်းက အခုလို အသိပေးဆိုပါတယ်။


"ကျနော်တို့ ကလေးခရိုင်နည်းပညာနှင့်ဒရုန်းတပ်ရင်းမှပြုလုပ်ထားတဲ့ ဒရုန်းအကြီးတစီးစာ သိန်း ၅၀၀ Project ဟာ အခု ဆိုရင် 26% ထိသာ ရရှိထားပါသေးတယ်။အခုပြုလုပ်ထားတဲ့ Project ဟာ အောင်မြင်မှ ဖြစ်မယ့် Project ဖြစ်တဲ့ အတွက် ပြည်တွင်းပြည်ပ မှ မိဘပြည်သူများ အနေနှင့် ပါဝင်ကူညီပေးကြဖို့ တိုက်တွန်းအပ်ပါတယ်"လို့ဆိုပါတယ်။ PDF KALAY T&D ဟာ စစ်အာဏာရှင် စနစ်ကို ခုခံတော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတစ်ရပ်လည်းဖြစ်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment