27th DEC 2022 - Evening Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၂၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ၂၀၂၃ ခုနှစ်ဟာ စစ်ကောင်စီရဲ့ ပင်မအရင်းကို တူးဖြိုပစ်ရမယ့် အချိန်ကို ရောက်ပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ အညာဒေသရှိ တော်လှန်ရေးအင်အားစုများကို ဒရုန်းနဲ့နည်းပညာများ ပေးအပ်ဖို့ရာတွင် အဖွဲ့ခွဲခြားသတ်မှတ်ခြင်းမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား

📌 ၃။ ၂၀၂၃ ခုနှစ်မှာ စစ်ရေးအရရော ဘဏ္ဍာရေးအရပါလှုပ်ရှားမှုတွေတွေ့လာရမယ်လို့ဆို

📌 ၄။ KNU တပ်မဟာ နယ်မြေရှိ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ရှေ့တန်းနှင့် လုံခြုံရေးစခန်းများရှိ ရဲဘော်များအား ကျန်းမာရေး စစ်ဆေး

📌 ၅။ ဒီပဲယင်းမြို့နယ်မှာ ဘုရားထွက်ရွာကိုယနေ့မနက်လည်း စကစတပ်များကမီးရှို့ဖျက်ဆီး

📌 ၆။ စစ်ကိုင်းဘက်မှမုံရွာဆီသို့ထွက်ခွာလာသောစကစတပ်များကိုဝမ်းပြည့်ကျေးရွာနှင့်အလ္လကပ္ပကျေးရွာကြားတွင်ညီနောင်မဟာမိတ်များကရှေ့ထွက်ပြောင်းများဖြင့်တိုက်ခိုက်ခဲ့

📌 ၇။ မွန်ပြည်နယ် ရေးမြို့ကျောင်းရွာ ၅၉၁ တပ်ရင်းမှ စစ်ကားအား ရေးဘီလူးအဖွဲ့မှယနေ့မနက် ပစ်ခတ်တိုက်ခိုက်ရာ စကစတပ်သား ဦးသေဆုံး

📌 ၈။ ဒုတိယနှစ်ကျောင်းသား ကိုအောင်ကျော်ခန့် ကို အကြမ်းဖက်စစ်အုပ်စုက အကြမ်းဖက်ပုဒ်မနဲ့ ထောင် (၁၅) နှစ်ချမှတ်

📌 ၉။ ပြည်တော်ပြန် အထောက်အပံ့တွေဖြစ်စေဖို့  ငွေစုစာချုပ်တွေနဲ့ EOD ရှယ်ယာတွေဝယ်ယူရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ၂၀၂၃ ခုနှစ်ဟာ စစ်ကောင်စီရဲ့ ပင်မအရင်းကို တူးဖြိုပစ်ရမယ့် အချိန်ကို ရောက်ပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


၂၀၂၃ ခုနှစ်ဟာ စစ်ကောင်စီရဲ့ ပင်မအရင်းကို တူးဖြိုပစ်ရမယ့် အချိန်ကို ရောက်ပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၂၇ ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၀) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ကဆိုပါတယ်။


"၂၀၂၃ ခုနှစ်ထဲမှာ ကျွန်တော်တို့အနေနဲ့ ပီပီပြင်ပြင် ပြတ်ပြတ်သားသား ဖြစ်မယ့် နိုင်ငံရေးရလဒ် တစ်ခုခုကို ထပ်မံပေါ်ထွက်အောင် ကြိုးစားရပါမယ်။ ဒီလို နိုင်ငံရေးရလဒ်မျိုးဟာ လူထုယုံကြည်မှုကိုရဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ဖက်ဒရယ်နိုင်ငံတစ်ခု ဖြစ်ထွန်းဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းသစ်ဖြစ်ဖို့လည်း ရည်ရွယ်ပါတယ်။ ဒါ့အပြင် စစ်ရေးရလဒ်မှာ စစ်ကောင်စီရဲ့ ဗဟိုချက်ကို ကိုင်လှုပ်နိုင်မယ့် အောင်မြင်မှုမျိုးကိုလည်း ဖန်တီးနိုင်ဖို့လိုတယ်လို့ ယူဆပါတယ်။ မြန်မာစကား ပုံမှာအရင်းလဲ အဖျား ထင်းဖြစ်ဆိုတဲ့ စကားရှိပါတယ်။ စစ်ကောင်စီရဲ့ လက်တံတွေ/ ဒေါက်တိုင်တွေထဲမှာ အဖျားသား အနားသားတွေကို ထိုးနှက်နေခြင်းထက် ပင်စည်အရင်းကို လှဲပစ်နိုင်ဖို့လည်း အရေးကြီးတယ်လို့ ယူဆပါတယ်။ ၂၀၂၃ ခုနှစ်ဟာ စစ်ကောင်စီရဲ့ ပင်မအရင်းကို တူးဖြိုပစ်ရမယ့် အချိန်ကို ရောက်ပြီလို့ ယုံကြည်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲအရပ်ရပ်သည် ကျွန်တော်တို့ အစိုးရအဖွဲ့ တစ်ခုတည်းရဲ့ အောင်ပွဲ မဟုတ်ဘဲ တော်လှန်ရေးအင်အားစုအားလုံးရဲ့ အောင်ပွဲ၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အောင်ပွဲဖြစ်တယ်လို့ ယာယီသမ္မတ ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ အညာဒေသရှိ တော်လှန်ရေးအင်အားစုများကို ဒရုန်းနဲ့နည်းပညာများ ပေးအပ်ဖို့ရာတွင် အဖွဲ့ခွဲခြားသတ်မှတ်ခြင်းမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား


ဒီဇင်ဘာ၂၆ ရက် Federal Wings ရဲ့ 'နွေဦးအောင်လံ' Fundraising Campaign ဖွင့်ပွဲအခမ်းအနားမှာ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က အခုလိုပြောကြားလိုက်ပါတယ်။


အညာဒေသရှိ တော်လှန်ရေးအင်အားစုများကို ဒရုန်းနဲ့နည်းပညာများ ပေးအပ်ဖို့ရာတွင် အဖွဲ့ခွဲခြားသတ်မှတ်ထားခြင်းမရှိသလို"Federal Wings ရဲ့ ဒရုန်းနဲ့နည်းပညာတွေကို ဘယ်အဖွဲ့ကိုပေးမယ်၊ဘယ်အဖွဲ့ကိုတော့မပေးဘူးဆိုတာတော့မရှိပါဘူး။ Federal Wingsရဲ့ ဒရုန်းတွေကို စနစ်တကျ ကိုင်တွယ်ပြီး တိုက်ပွဲ ဝင်နိုင်တဲ့ သူ ကိုင်တွယ်နိုင်တဲ့ သူကိုတော့ စည်းမျဥ်း စည်းကမ်းနဲ့အညီပေးအပ်သွားမှာဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


Federal Wingsရဲ့ ဒရုန်းနဲ့နည်းပညာဟာ စစ်ကောင်စီတပ်များရဲ့ ဒရုန်းဖျက် ဂျန်ဘာများကိုကျော်လွှားနိုင်ပြီး တိုက်ပွဲဝင်ဖို့ အကောင်းဆုံးနည်းပညာဖြစ်တယ်လို့ဝန်ကြီးကထပ်လောင်းဆိုပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးဟာ အရှိန်ရလာပြီဖြစ်ကာ နိုင်ငံတကာရဲ့ ထောက်ခံမှုနဲ့ ထောက်ပံ့မှုအားလည်းကောင်းလာပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကအသိပေးပြောပါတယ်။


========================


📌📌 ၃။ ၂၀၂၃ ခုနှစ်မှာ စစ်ရေးအရရော ဘဏ္ဍာရေးအရပါလှုပ်ရှားမှုတွေတွေ့လာရမယ်လို့ဆို


၂၀၂၃ ခုနှစ်မှာ စစ်ရေးအရရော ဘဏ္ဍာရေးအရပါလှုပ်ရှားမှုတွေတွေ့လာရမယ်လို့ NUG အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကဆိုပါတယ်။ "နှစ်သစ်မှာ အခြားစစ်ရေးအရရော ဘဏ္ဍာရေးအရရောလှုပ်ရှားမှုတွေခပ်စိပ်စိပ်တွေ့လာရဖို့ရှိပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် NUGရဲ့ ယာယီသမ္မတ နဲ့ ဝန်ကြီးချုပ်ပါ စစ်မြေပြင်တွင်ရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်များနဲ့ ပုံမှန် ထိတွေ့နေတယ်လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်နေ့မှာ ပြည်သူ့ခုခံ တွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြေညာခဲ့ပါတယ်။ လက်ရှိမှာ တစ်နှစ်တာ မဟာဗျူဟာ စီမံချက်ကိုရေးဆွဲလျက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ ပူးပေါင်းလျက်ရှိပါတယ်။


========================


📌📌 ၄။ KNU တပ်မဟာ နယ်မြေရှိ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ရှေ့တန်းနှင့် လုံခြုံရေးစခန်းများရှိ ရဲဘော်များအား ကျန်းမာရေး စစ်ဆေး


ဒီဇင်ဘာလ ၂၆ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူများနှင့် S.O.F ဆေးတပ်ဖွဲ့ရဲဘော်များပူးပေါင်း၍  KNU တပ်မဟာ နယ်မြေရှိ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ရှေ့တန်းနှင့် လုံခြုံရေးစခန်းများအား ကျန်းမာရေးစောင့်ရှောက်မှူလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


"KNU တပ်မဟာ နယ်မြေရှိ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ရှေ့တန်းနှင့် လုံခြုံရေးစခန်းများရှိ ရဲဘော်များအား သွေးအမျိုးအစားများစစ်ဆေးခြင်း၊ နှလုံးနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှူစစ်ဆေးခြင်း၊ အသည်းရောင်အသားဝါ Bပိုး/Cပိုးစစ်ဆေးခြင်းနှင့် HIV ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းအပြင် အခြားကျန်းမာရေးဆိုင်ရာ စစ်ဆေးမှူများပြုလုပ်ပေးခဲ့တယ်"လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.Fကဆိုပါတယ်။ ရဲဘော်များအားလိုအပ်သည့်ဆေးကုသမှုများ ပေးအပ်ခြင်းနှင့် ကျန်းမာရေးအသိပညာလုပ်ငန်းများနှင့် အစီအမံများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။


========================


📌📌 ၅။ ဒီပဲယင်းမြို့နယ်မှာ ဘုရားထွက်ရွာကိုယနေ့မနက်လည်း စကစတပ်များကမီးရှို့ဖျက်ဆီး


ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ ဘုရားထွက်ရွာကို စကစတပ်များက မီးရှို့ခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။


"ယမန်နေ့က ကြည်ရွာနဲ့ ဘုရားထွက်ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ကြတဲ့ စကစတပ်များဟာ ယနေ့နံနက် ဘုရားထွက်ရွာကိုထပ်မံမီးရှို့ဖျက်ဆီးနေကြပါတယ်"လို့ဆိုပါတယ်။ စကစတပ်များဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်နီဒေသ၊ ချင်းပြည်နယ် ရှိ ဒေသခံ ပြည်သူ့နေအိမ်များနဲ့ ဘာသာရေးအဆောက်အဦများကို မီးရှို့ဖျက်ဆီးရာ တစ်နိုင်ငံလုံးတွင် လေးသောင်းနီးပါး မီးလောင်ဆုံးရှုံးခဲ့ပြီးဖြစ်ပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းဘက်မှမုံရွာဆီသို့ထွက်ခွာလာသောစကစတပ်များကိုဝမ်းပြည့်ကျေးရွာနှင့်အလ္လကပ္ပကျေးရွာကြားတွင်ညီနောင်မဟာမိတ်များကရှေ့ထွက်ပြောင်းများဖြင့်တိုက်ခိုက်ခဲ့


ဒီဇင်ဘာ ၂၆ ရက်  နာရီ ၄၅ မိနစ်ခန့်တွင်လူမှု့ကူညီရေးကားများကိုအသုံးပြုကာစစ်ကိုင်းဘက်မှမုံရွာဆီသို့ထွက်ခွာလာသော စကစတပ်များကို တိုက်ခိုက်ခဲ့ ရာထိခိုက်မှုများရှိတယ်လို့ သိရပါတယ်။


"ဒီဇင်ဘာလ၂၇ ရက်ည နာရီ ၄၅ မိနစ်ခန့်တွင်လူမှု့ကူညီရေးကားများကိုအသုံးပြုကာစစ်ကိုင်းဘက်မှမုံရွာဆီသို့ထွက်ခွာလာသောစစ်ခွေးများကိုဝမ်းပြည့်ကျေးရွာနှင့်အလ္လကပ္ပကျေးရွာကြားတွင်ညီနောင်မဟာမိတ်များကရှေ့ထွတ်ပြောင်းများဖြင့်တိုက်ခိုက်ခဲ့ပါတယ်။မိုင်းစများသည်စစ်ခွေးကားကိုထိထိမိမိထိမှန်ခဲ့ပြီးကားမှန်များကွဲထွက်၍ကားမှာယိုင်ထိုးသွားခဲ့တယ်"လို့ PAFD ကအတည်ပြုဆိုပါတယ်။ ထိုတိုက်ခိုက်မှု့ကြောင့်စကစတပ်များမှာအထိနာ၍ထိခိုက်ကျဆုံးမှု့ရှိပြီးမည်မျှထိခိုက်ကျဆုံးသည်ကိုအတည်ပြုနိုင်ရန်စုံစမ်းလျက်ရှိတယ်လို့ဖော်ပြပါတယ်။


အဆိုပါစစ်ဆင်ရေးကိုPeople's Army To Fight Dictatorship(PAFD).တပ်ခွဲ DK PDF(MMU) People's knight Defense Force Myinmu (PKDF-MMU)  TAUNGTHA People Defense Force (TTAPDF) D.B.B.F-MMU မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၇။ မွန်ပြည်နယ် ရေးမြို့ကျောင်းရွာ ၅၉၁ တပ်ရင်းမှ စစ်ကားအား ရေးဘီလူးအဖွဲ့မှယနေ့မနက် ပစ်ခတ်တိုက်ခိုက်ရာ စကစတပ်သား ဦးသေဆုံး


ရေးမြို့ကျောင်းရွာ ၅၉၁ တပ်ရင်းမှ စစ်ကားအား ရေးဘီလူးအဖွဲ့မှယနေ့မနက် ပစ်ခတ်တိုက်ခိုက်ရာ ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းတွင် မွန်ပြည်နယ် ရေးမြို့ ကျောင်းရွာ ၅၉၁ တပ်ရင်းမှ စစ်ကားရွာထဲ ဝင်လာစဥ် ရေးဘီလူးအဖွဲ့ကဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတပ်သား ဦးသေဆုံးခဲ့‌ ကြောင်းကို ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ကအတည်ပြုဆိုပါတယ်။


"ကျောင်းရွာ ၅၉၁ တပ်ရင်းမှ စစ်ကားရွာထဲ ဝင်လာတာကို ကျနော်တို့ ရေးဘီလူးအဖွဲ့ကဝိုင်းပစ်တာဖြစ်ပါတယ်။ကားပေါ်မှာ စကစတပ်သားနှစ်ဦးကျပါတယ်။ကားကမရပ်ဘဲ မောင်းပြေးတော့လက်နက်လုဖို့အချိန်မရလိုက်ပါဘူး"လို့ဆိုပါတယ်။ ဒီဇင်ဘာ ၂၂ ရက်တွင်လည်း ရေးမြို့နယ်ရှိ ခမရ ၅၈၆ တပ်၏ ဂိတ်ဘန်ကာကို RPG ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှုတို့ရှိခဲ့ပါသေးတယ်။


========================


📌📌 ၈။ ဒုတိယနှစ်ကျောင်းသား ကိုအောင်ကျော်ခန့် ကို အကြမ်းဖက်စစ်အုပ်စုက အကြမ်းဖက်ပုဒ်မနဲ့ ထောင် (၁၅) နှစ်ချမှတ်


သူနာပြုသင်တန်းကျောင်း(မန္တလေး)မှ ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်ခန့် ကို အကြမ်းဖက်စစ်အုပ်စုက အကြမ်းဖက်ပုဒ်မနဲ့ ထောင်(၁၅) နှစ်ချမှတ်လိုက်ပါတယ်။


အမပူရမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အဖွဲ့ဝင် ဗကသကျောင်းသားရဲဘော်တစ်ဦးဖြစ်တဲ့  ကိုအောင်ကျော်ခန့် ကို အကြမ်းဖက်စစ်အုပ်စုက အကြမ်းဖက်ပုဒ်မ၅၀ညနဲ့ မနေ့ကဒီဇင်ဘာ၂၆ရက်နေ့မှာ အိုးဘိုထောင်တွင်းတရားရုံးမှ ထောင်ဒဏ် (၁၅)နှစ်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


ကိုအောင်ကျော်ခန့်မှာ သူနာပြုသင်တန်းကျောင်း(မန္တလေး)မှ ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်သလို မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ(‌ဗကသများအဖွဲ့ချုပ်) သတင်းနှင့်ပြန်ကြားရေးတာဝန်ယူကာ ဆောင်ရွက်ခဲ့ဖူးသူတစ်ဦးလည်းဖြစ်ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တတ်ကြွစွာပါဝင်ခဲ့သူဖြစ်တဲ့ကိုအောင်ကျော်ခန့်ကို ၂၀၂၂ ဇွန်လ ၅ရက်နေ့ညနေပိုင်းက မန္တလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။


========================


📌📌 ၉။ ပြည်တော်ပြန် အထောက်အပံ့တွေဖြစ်စေဖို့  ငွေစုစာချုပ်တွေနဲ့ EOD ရှယ်ယာတွေဝယ်ယူရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်း


ဒီဇင်ဘာနောက်ဆုံးပတ်မှာ EOD ရှယ်ယာကအခုလိုအသိပေးဆိုပါတယ်။


"ပြည်တော်ပြန်ဖို့ အထောက်အပံ့တွေဖြစ်စေဖို့  ငွေစုစာချုပ်တွေ၊ EOD ရှယ်ယာတွေ နဲ့ Spring Yangon နဲ့ Spring Mandalay မြေကွက်တွေ  ဝယ်ယူရင်းနှီးမြှုပ်နှံခြင်းဖြင့် အသက်နဲ့ခန္ဓာရင်းပြီး စစ်မိစ္ဆာကိုတွန်းလှန်နေတဲ့ PDF လေးတွေကို အစွမ်းကုန်ထောက်ပံ့လိုက်ကြပါစို့လားဗျာ"လို့ဖော်ပြထားပါတယ်။


"Spring Investment ရဲ့ ဒုတိယ ပရောဂျက်ဖြစ်တဲ့ Spring Mandalay Investment ကို ၂၀၂၂ အောက်တိုဘာလ ရက်မှာ စတင် ရောင်းချ ပေးခဲ့ပါတယ်။အထက်ပါ မြေကွက်များအတွက် အရစ်ကျ စနစ်ဖြင့် ပေးချေမှုများကို ၂၀၂၂ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြီးပြတ်အောင် ပေးသွင်းရမည်ဟု မူလက ကြေငြာခဲ့ပါတယ်။


တော်လှန်စိတ်ဖြင့် မြေကွက်ဝယ်ယူသူများ အဆင်ပြေစေရန် ကျန်ရှိနေသေးသော အရစ်ကျ ငွေပေးချေမှုများ အတွက် မိမိတို့ရဲ့ သက်ဆိုင်ရာ ကိုယ်စားလှယ်များကို ဆက်သွယ်ပြီး ၂၀၂၂ ဒီဇင်ဘာလ ၃၁ ရက် မြန်မာစံတော်ချိန် ၁၂ နာရီမတိုင်မီ အရစ်ကျ order များတင်ပေးစေဖို့နဲ့  ၂၀၂၃ ဇန်နဝါရီလ ၃၁ ရက် မတိုင်မီ ကိုယ်စားလှယ်ထံ ငွေပေးချေပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ရပါတယ်"လို့ဖော်ပြပါတယ်။ ဒါ့အပြင် နှစ်ကုန်မှာရကြတဲ့ ဘောနပ်စ်တွေကို စစ်ကောင်စီကိုဖြုတ်ချမယ့် လက်နက်တွေအဖြစ်ပြောင်းလဲပစ်ကြဖို့ကိုလည်း EOD ကတိုက်တွန်းထားပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment