၂၀၂၃ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူသန်း ၅၀ ရဲ့ ဆန္ဒဟာ ဖက်ဆစ် စစ်တပ် အမြန်ဆုံးကျဆုံးဖို့သာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
📌 ၂။ မြေပြင်အုပ်ချုပ်ရေး အင်မတန်မှ အရေးကြီးလာပြီဖြစ်၍ အုပ်ချုပ်ရေးတည်ဆောက်ရာတွင် အားလုံး စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ကြရန် ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းမှ တိုက်တွန်း
📌 ၃။ မမများနဲ့ ပွဲကမယ်” မြေပြင်တော်လှန်ရေးစကားဝိုင်း ကျင်းပမယ်
📌 ၄။ NUG အစိုးရ တစ်ဖွဲ့လုံးအနေနဲ့ NDAA ဥပဒေအရ non lethal ခေါင်းစဉ်အောက်ကနေလေကြောင်းရန်ကာကွယ်စနစ်တွေကအစ ဘောင်ဝင်ရအောင်အမြန်အားထုတ်ဖို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်တိုက်တွန်း
📌 ၅။ စစ်ကောင်စီရဲ့ဂျင်းရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးအနေနဲ့ မဲမထည့်၊ အဖက်မလုပ်ပဲ သပိတ်မှောက်ကန့်ကွက်ဖို့ နှိုးဆော်
📌 ၆။ စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တစ်လနီးပါး ကြာမြင့်ခဲ့တဲ့တိုက်ပွဲ ကာကွယ်ရေးတပ်ဖွဲ့များ အောင်ပွဲ ပြန်လို့ ပြည်သူများသပြေပန်းနဲ့ကြို
📌 ၇။ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်း The Youth Force (Saw&Kyaukhtu) ထံသို့ ပြည်သူများမှ ရွှေထည်ပစ္စည်းများချွတ်၍ တော်လှန်ရေးအတွက် လှူဒါန်း
📌 ၈။ Shwebo Justice force မှ ထုတ်လုပ်သော လက်လုပ်သေနတ်များဖြန့်ဝေ
📌 ၉။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၌ အကြမ်းဖက်စစ်အုပ်စု၏ ခလရ ၄၁၆ မှ ရမ်းသန်းပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပဲစိုက်တောင်သူ ပေါင်ထိမှန်ကာ သွေးလွန်သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူသန်း ၅၀ ရဲ့ ဆန္ဒဟာ ဖက်ဆစ် စစ်တပ် အမြန်ဆုံးကျဆုံးဖို့သာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
ပြည်သူသန်း ၅၀ ရဲ့ ဆန္ဒဟာ ဖက်ဆစ် စစ်တပ် အမြန်ဆုံးကျဆုံးဖို့သာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။ ဇန်နဝါရီ ၁၃ ရက် ညပိုင်းမှာ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။
"ပြည်သူ့အမုန်းအဆုံးအထိရောက်သွားပြီ။အကြမ်းဖက် စစ်တပ်အတွက် မြန်မာပြည်မှာနေစရာမရှိတော့ပြီ။ပြည်သူသန်း၅၀ရဲ့ ဆန္ဒ ဖက်ဆစ် စစ်တပ် အမြန်ဆုံးကျဆုံးပါစေ။စစ်အာဏာရှင်စနစ် အမြန်ဆုံးနိဂုံးချုပ်ပါစေ"သာဖြစ်တယ်လို့ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၂။ မြေပြင်အုပ်ချုပ်ရေး အင်မတန်မှ အရေးကြီးလာပြီဖြစ်၍ အုပ်ချုပ်ရေးတည်ဆောက်ရာတွင် အားလုံး စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ကြရန် ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းမှ တိုက်တွန်း
မြေပြင်အုပ်ချုပ်ရေး အင်မတန်မှ အရေးကြီးလာပြီဖြစ်၍ အုပ်ချုပ်ရေးတည်ဆောက်ရာတွင် အားလုံး စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ကြရန် ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းမှ တိုက်တွန်းဆိုပါတယ်။ ဇန်နဝါရီ ၁၃ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲမှာ ဒုဝန်ကြီးကဆိုပါတယ်။
"တော်လှန်ရေးသည် တဖြည်းဖြည်းနှင့်အရှိန်အားကောင်းလာသကဲ့သို့ စစ်ကောင်စီဘက်မှလည်း အကြမ်းဖက်တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်လာသည်ကိုတွေ့ရကြောင်း၊ မြေပြင်အုပ်ချုပ်ရေးသည် အင်မတန်မှ အရေးကြီးလာပြီဖြစ်၍ အုပ်ချုပ်ရေးတည်ဆောက်ရာတွင် အားလုံး စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အစည်းအဝေး၌ ပွင့်ပွင့်လင်းလင်းဖြင့် ဆွေးနွေးတိုင်ပင်ပြီး အားသာချက်၊ အားနည်းချက်များကို သုံးသပ်ကာ ဆက်လက်၍ တော်လှန်ရေးအောင်မြင်သည်အထိ အားလုံးဝိုင်းဝန်းကြိုးစားကြပါရန်" တိုက်တွန်းဆိုပါတယ်။
ဆက်လက်ပြီး စစ်ကိုင်းခရိုင်နှင့် မုံရွာခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ခရိုင်အတွင်း နယ်မြေကွင်းဆင်းစစ်ဆေးမှုများအပေါ် လုပ်ငန်းဆောင်ရွက်မှုများ၊အကြံပြုချက်၊ သုံးသပ်ချက်များကို ချပြရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ဘဏ္ဍာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ အခွန် ကောက်ခံမှု၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအပါအဝင် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ဌာနဆိုင်ရာများမှ ရှင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ မမများနဲ့ ပွဲကမယ်” မြေပြင်တော်လှန်ရေးစကားဝိုင်း ကျင်းပမယ်
“မမများနဲ့ ပွဲကမယ်” မြေပြင်တော်လှန်ရေးစကားဝိုင်း ကျင်းပမယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၁၈ ရက် ည ၈ နာရီအချိန်မှာ စကားဝိုင်းကို တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။ အဆိုပါစကားဝိုင်းမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန် ဦးနိုင်ထူးအောင် ၊ KNDFမှ အတွင်းရေးမှူး ၂ မာဝီ၊ MDFမှ တပ်ရင်းမှူး ဗိုလ်စောဂျိမ်း၊ MDY PDFမှ ဒေါက်တာစိုးသူရဇော်တို့ပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်။ မမများနဲ့ပွဲကမယ် ရန်ပုံငွေရှာဖွေရာမှ ယခုတစ်ကြိမ်ရရှိသောငွေကြေးများကို အလယ်ပိုင်းတိုင်း ဒေသသို့ ပြန်လည်ထောက်ပို့ပေးအပ်သွားမှာဖြစ်ပါတယ်။
========================
📌📌 ၄။ NUG အစိုးရ တစ်ဖွဲ့လုံးအနေနဲ့ NDAA ဥပဒေအရ non lethal ခေါင်းစဉ်အောက်ကနေလေကြောင်းရန်ကာကွယ်စနစ်တွေကအစ ဘောင်ဝင်ရအောင်အမြန်အားထုတ်ဖို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်တိုက်တွန်း
NUG အစိုးရ တစ်ဖွဲ့လုံးအနေနဲ့ NDAA ဥပဒေအရ non lethal ခေါင်းစဉ်အောက်ကနေလေကြောင်းရန်ကာကွယ်စနစ်တွေကအစ ဘောင်ဝင်ရအောင်အမြန်အားထုတ်ဖို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်တိုက်တွန်းလိုက်ပါတယ်။ ဇန်နဝါရီ ၁၃ ရက်မှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က သုံးသပ်ဆိုပါတယ်။
"ဒီရက်ထဲ ချင်းပြည်နယ်မှာ ဆေးရုံအပါအဝင်၃ကြိမ် အခုကရင်ပြည်နယ်လှိုင်းဘွဲ့မှာ ချပ်ဂျ်ကျောင်းအပါဝင်ညက တစ်ကြိမ် တစ်ပြည်လုံးဗုံးကြဲသမျှပြောစရာရှိပါတယ်။မကြာခင် စစ်ကောင်စီက ငြိမ်းချမ်းရေးသူတော်ယောင် ဆောင်တဲ့အခါ အခု ကြမ်းကြုတ်ရက်စက်မှုတွေကိုမမေ့ပါနဲ့လို့။ထိခိုက်နစ်နာမှုတွေအတွက် စာနာစကားဆိုရုံမလုံလောက်ပါဘူး။လက်တွေ့ကျကျကူပေး ကာပေးကြရမှာပါ။NUG အနေနဲ့ဆန္ဒလည်းရှိ လက်တွေ့လည်းလုပ်ရမှာပါ။လူ/ကယ်/ပြန်ဌာနကမဆိုင်းမတွ ကူနေသလို NUG တစ်ဖွဲ့လုံးအနေနဲ့ NDAA ဥပဒေအရ non lethal ခေါင်းစဉ်အောက်ကနေ လေကြောင်းရန်ကာကွယ်စနစ်တွေကအစ ဘောင်ဝင်ရအောင်အမြန်အားထုတ်မှပါ"လို့ဆိုပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အပြစ်ပေးအရေးမယူသရွေ့ ဖက်ဆစ်တပ်က ဖက်ဆစ်အကျင့်အကြံပြုမူနေဦးမှာမို့ အပြစ်ပေးအရေးယူသည့်အထိ လုံခြုံရေးကောင်စီ အထွေထွေညီလာခံအပါဝင်နေရာတိုင်းမှာတိုင်တည်တောင်းဆိုဖို့ကိုလည်း ဦးမင်းကိုနိူင်ကဆိုပါတယ်။
========================
📌📌 ၅။ စစ်ကောင်စီရဲ့ဂျင်းရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးအနေနဲ့ မဲမထည့်၊ အဖက်မလုပ်ပဲ သပိတ်မှောက်ကန့်ကွက်ဖို့ နှိုးဆော်
စစ်ကောင်စီရဲ့ဂျင်းရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးအနေနဲ့ မဲမထည့်၊ အဖက်မလုပ်ပဲ သပိတ်မှောက်ကန့်ကွက်ဖို့ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ကနှိုးဆော်တိုက်တွန်းလိုက်ပါတယ်။ ဇန်နဝါရီ ၁၃ ရက်နေ့မှာ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ကအသိပေးဖော်ပြပါတယ်။
"အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအရ တရားဝင်မှုတစ်စုံတစ်ရာရဖို့ “ဂျင်းရွေးကောက်ပွဲ”ကို မကြာခင်အချိန်မှာ လုပ်ဆောင်ဖို့ရှိပါတယ်။ ရွေးကောက်ပွဲဘယ်လိုပဲလုပ်လုပ်၊ အစိုးရဖြစ်အောင်ဘယ်လိုပဲကြိုးစားကြိုးစား ဒီရွေးကောက်ပွဲဟာ တရားမဝင်တဲ့လူသတ်သမားတွေရဲ့ “ဂျင်းရွေးကောက်ပွဲ”ပဲဖြစ်ပြီး ပြည်သူတစ်ရပ်လုံးအနေနဲ့ မဲမထည့်၊ အဖက်မလုပ်ပဲ သပိတ်မှောက်ကန့်ကွက်ရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက် စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်မှာ အတုအယောင် ရွေးကောက်ပွဲ ကိုကျင်းပဖို့ ပြင်ဆင်နေလျက်ရှိပါတယ်။
“လူတစ်ယောက်ကနေစလို့ စစ်တပ်ကြီးတစ်တပ်အထိ ပိုက်ဆံမရှိရင် ဘာမှကိုလုပ်လို့ရမှာမဟုတ်ဘူး”ဆိုတဲ့ စကားအတိုင်း အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ငွေဖြတ်တောက်ရေးလှုပ်ရှားမှုတွေကို လည်းတက်ညီလက်ညီ ဝိုင်းဝန်းလုပ်ဆောင်ရမှာပဲဖြစ်ပါတယ်"လို့ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ကဆိုပါတယ်။
========================
📌📌 ၆။ စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တစ်လနီးပါး ကြာမြင့်ခဲ့တဲ့တိုက်ပွဲ ကာကွယ်ရေးတပ်ဖွဲ့များ အောင်ပွဲ ပြန်လို့ ပြည်သူများသပြေပန်းနဲ့ကြို
စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တစ်လနီးပါး ကြာမြင့်ခဲ့တဲ့တိုက်ပွဲ ကာကွယ်ရေးတပ်ဖွဲ့များ အောင်ပွဲ ပြန်လို့ ပြည်သူများသပြေပန်းနဲ့ကြိုဆိုခဲ့ပါတယ်။ ဇန်နဝါရီ ၁၂ ရက်မှာ Myanmar Defense Force ကအသိပေးဆိုပါတယ်။
"စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ကုန်းကြောင်း၊ရေကြောင်း ထိုးလားသည့် စစ်ကောင်စီ စစ်ကြောင်းများ နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ မှာ တစ်လနီးပါး ကြာမြင့်ခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များ အောင်ပွဲဆင်နိုင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၅၀ကျော် ကျဆုံးပြီး၊ စစ်ကောင်စီတပ်သားများထံမှ လက်နက်ကြီး၊ငယ်များ၊လည်း သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ကောင်စီတပ်များ အရှုံးနှင့်ပြန်ဆုတ်သွားပြီးနောက် အောင်ပွဲဖြင့်ပြန်လာကြသည့် တော်လှန်ရေးတပ်ဖွဲ့များကို ကနီမြို့နယ်အတွင်းရှိ ကျေးရွာ ၂၀နီးပါးမှ ပြည်သူ ထောင်ချီဟာ စုရပ် (၇)ခုမှာ စုဝေးကာ အောင်သပြေပန်းများ၊ အိုးစည်ဒိုးပတ် အကအခုန်များစွာဖြင့် သောင်းသောင်းဖြဖြကြိုဆိုကြပြီး၊ အစားအသောက်များ ဧည့်ခံ ကျွေးမွေးခြင်းနှင့်တော်လှန်ရေးထောက်ပံ့ငွေများလည်း လှူဒါန်းခဲ့တယ်လို့သတင်းရရှိပါတယ်။ ယခု အောင်ပွဲပြန် ကြိုဆိုပွဲသို့MDFနှင့် ဒေသတွင်း တော်လှန်ရေး ၆ဖွဲ့ခန့်မှ ပြည်သူ့ရဲဘော် (၁၀၀)ကျော် တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၇။ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်း The Youth Force (Saw&Kyaukhtu) ထံသို့ ပြည်သူများမှ ရွှေထည်ပစ္စည်းများချွတ်၍ တော်လှန်ရေးအတွက် လှူဒါန်း
ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်း The Youth Force (Saw&Kyaukhtu) ထံသို့ ပြည်သူများမှ ရွှေထည်ပစ္စည်းများချွတ်၍ တော်လှန်ရေးအတွက် လှူဒါန်းခဲ့ပါတယ်။ ဇန်နဝါရီ ၁၃ ရက်မှာ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်း The Youth Force (Saw&Kyaukhtu) ကအသိပေးဆိုပါတယ်။
"ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်း The Youth Force (Saw&Kyaukhtu) ထံသို့ ပြည်သူများမှ ရွှေထည်ပစ္စည်းများ ထည့်ဝင်လှူဒါန်းပေးခဲ့ကြပါတယ်။ပြည်သူများမှထည့်ဝင်လှူဒါန်းပေးကြသော ရွှေထည်ပစ္စည်းများအား ရောင်းချပြီး တော်လှန်ရေးအတွက် အကျိုးရှိရှိ သုံးစွဲ သွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်း The Youth Force (Saw&Kyaukhtu)ကို ပြည်သူများ ထည့်ဝင်လှူဒါန်းရာမှာ ရွှေလက်စွပ်၊ရွှေဆံညှပ်၊ရွှေဆွဲကြိုးတို့ပါဝင်ခဲ့ပြီး ပြည်သူများကယတိပြတ်လှူဒါန်းပေးအပ်ခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၈။ Shwebo Justice force မှ ထုတ်လုပ်သော လက်လုပ်သေနတ်များဖြန့်ဝေ
Shwebo Justice force မှ ထုတ်လုပ်သော လက်လုပ်သေနတ်များဖြန့်ဝေခဲ့တယ်လို့ဆိုပါတယ်။ ဇန်နဝါရီလအတွင်းမှာ SJF gun production မှအသိပေးဆိုပါတယ်။
"SJF gun production မှ ထုတ်လုပ်သောစကစတပ်များအား အမြစ်ဖြုတ်ရန်အတွက် ရွှေဘိုမြို့နယ်သို့ ရောက်ရှိသွားသောရဲဘော်ညီနောင်၃ဦး"လို့ဆိုထားပါတယ်။ Shwebo Justice forceဟာ ထုတ်လုပ်ရေးဘက်တွင်လည်း လက်လုပ် လက်နက်နဲ့ယမ်းများ၊ မိုင်းများကို တီထွင်ထုတ်လုပ်အောင်မြင်လျက်ရှိတယ်။
========================
📌📌 ၉။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၌ အကြမ်းဖက်စစ်အုပ်စု၏ ခလရ ၄၁၆ မှ ရမ်းသန်းပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပဲစိုက်တောင်သူ ပေါင်ထိမှန်ကာ သွေးလွန်သေဆုံး
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၌ အကြမ်းဖက်စစ်အုပ်စု၏ ခလရ ၄၁၆ မှ ရမ်းသန်းပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပဲစိုက်တောင်သူ ပေါင်ထိမှန်ကာ သွေးလွန်သေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ ၁၃ ရက်မှာ စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ AAPP ကဖော်ပြအသိပေးပါတယ်။
"ဇန်နဝါရီလ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၌ အကြမ်းဖက်စစ်အုပ်စု၏ ခလရ ၄၁၆ မှ ရမ်းသန်းပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သောကြောင့် အင်းတော်လေး ကန်ပတ်လမ်းအနီးရှိ လယ်ကွင်း၌ ပဲစိုက်နေသည့် တောင်သူ ဦးနိုင်ဝင်းမှာ ပေါင်ကို ထိမှန်ခဲ့ပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
ထို့ပြင် ဦးနိုင်ဝင်း၏ဇနီးဖြစ်သူမှာလည်း ဒဏ်ရာရရှိခဲ့ သောကြောင့် အင်းတော်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပါတယ်။ လတ်တလောမှာနွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၇၃၄) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment