၂၀၂၃ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေဆီကအခွန်ကောက်ခံရရှိမှု မြန်မာငွေကျပ် ၃ ဘီလီယံကျော်အထိရရှိ
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
📌 ၃။ နွေဦးတော်လှန်ရေးအသက်ဆက်နေတာဟာ တော်လှန်ရေးရဲ့ အသက်သွေးကြောဖြစ်တဲ့ ထောက်ပို့နဲ့ထောက်ပံ့ကူညီမှုတွေကြောင့်လို့ NUG နိူင်ငံခြားရေးဒုတိယဝန်ကြီး ဦးမိုးဇော်ဦးပြောကြား
📌 ၄။ ပုလဲမြို့ ၊မြို့ဦးရပ်ကွက်ဘဏ်ရုံးအနီးနား မဲစာရင်းလာကောက်တဲ့ စကစတပ်နဲ့ ဝန်ထမ်းများ ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်ခြင်းကိုခံရ
📌 ၅။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) က ပုံသေအချက်အလက် တရားဝင်ကြားဖြတ်ဖမ်းယူရေး နည်းပညာ ဂိတ်တစ်ခု ဝယ်ယူဖို့ အမှာစာတစ်စောင်ကို Cogynte ကုမ္ပဏီထံ ထုတ်ပေးခဲ့
📌 ၆။ စစ်အာဏာသိမ်းမှု မအောင်မြင်မှု ၂ နှစ်ပြည့်အခမ်းအနားအဖြစ် အမေရိကန် နယူးယောက်မြို့မှာ သံပုံးတီးရင်း ဆန္ဒထုတ်ဖော်တဲ့အခမ်းအနားကျင်းပမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေဆီကအခွန်ကောက်ခံရရှိမှု မြန်မာငွေကျပ် ၃ ဘီလီယံကျော်အထိရရှိ
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေဆီကအခွန်ကောက်ခံရရှိမှု မြန်မာငွေကျပ် ၃ ဘီလီယံကျော်အထိရရှိခဲ့တယ်လို့ဇန်နဝါရီ၁၅ရက်နေ့တွင်ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲမှာ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းကအသိပေးဆိုပါတယ်။
"ကျနော်တို့ စိုးမိုးနိုင်တဲ့နေရာတွေမှာ အခွန်မူဝါဒနဲ့အညီ ကောက်ခံနေတာရှိပါတယ်။ ဒီနေ့ ဒီအချိန်အထိ ဆိုလို့ရှိရင် အစုစုအရပ်ရပ် အခွန်ခေါင်းစဥ်အောက်ကနေ ကောက်ခံရရှိတာ မြန်မာငွေနဲ့၃ ဘီလီယံ ကျော်လောက်ရှိပါတယ်"လို့ဆိုပါတယ်။
အဆိုပါ စိုးမိုးနယ်မြေများမှ အခွန်ကောက်ခံရရှိမှုမှာ ယမန်နှစ်ကတည်းကဖြစ်ပြီး ကောက်ခံရရှိတဲ့နေရာများကိုတော့ လုံခြုံရေးအရ လှိူ့ဝှက်ထားမှာ ဖြစ်တယ်လို့ စီမံ၊ဘဏ္ဍာဒုဝန်ကြီး ဦးမင်းဇေယျာဦးကလည်းဆိုပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေး ရန်ပုံငွေအမေရိကန်ဒေါ်လာ သန်း၁၀၀ ကျော်ရှာဖွေနိုင်ခဲ့တယ်လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။
"၂၀၂၁ ခုနှစ် နိုဝင်ဘာက စတင်ရောင်းချခဲ့တဲ့ ငွေတိုက်စာချုပ်တွေဟာ အခုဆိုလို့ရှိရင် ပမေရိကန်ဒေါ်လာ ၄၅သန်းဖိုးအထိ ရောင်းချပြီးဖြစ်ပါတယ်။ နောက် မင်းအောင်လှိုင်ရဲ့ အိမ်ဖြစ်တဲ့
ရန်ကုန်မြို့က နွေဦးအင်းလျား အိမ်ရာကိုဒေါ်လာ၁၀သန်းနဲ့ရောင်းချခဲ့တာ ပြည်သူကလည်းတစ်ခဲနက်အားပေးလို့ မူလရည်မှန်းခဲ့တဲ့
၁၀သန်းဖိုး အပြည့်အဝရောင်းချနိုင်ခဲ့ပြီဖြစ်ပါတယ်။နောက်တစ်ခု ၆မိုင်ခွဲက မင်းအောင်လှိုင်ရဲ့နောက်အိမ်တစ်လုံးကိုလည်း ရှယ်ယာ ၇သန်းဖိုးရောင်းချခဲ့တာ အခုဆိုဒေါ်လာ၄သန်းဖိုးရောင်းချခဲ့ပြီးဖြစ်ပါတယ်။ဒီနေ့ဒီအချိန်အထိ NUGရဲ့ စီမံ ဘဏ္ဍာကနေ တော်လှန်ရေးအတွက် လိုအပ်တဲ့ဘဏ္ဍာရန်ပုံငွေရှာဖွေပေးခဲ့အမေရိကန်ဒေါ်လာသန်း၁၀၀ ကျော်ရရှိရှာဖွေပေးနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၂/၂၀၂၃) ကို ဇန်နဝါရီလ ၁၅ ရက် မှာကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ ဌာနနှင့် သက်ဆိုင်သည့်လုပ်ငန်း တာဝန်များ မူဝါဒ၊လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ မူဝါဒ၊ လမ်းညွှန်ချက်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ နွေဦးတော်လှန်ရေးအသက်ဆက်နေတာဟာ တော်လှန်ရေးရဲ့ အသက်သွေးကြောဖြစ်တဲ့ ထောက်ပို့နဲ့ထောက်ပံ့ကူညီမှုတွေကြောင့်လို့ NUG နိူင်ငံခြားရေးဒုတိယဝန်ကြီး ဦးမိုးဇော်ဦးပြောကြား
ဇန်နဝါရီ ၁၄ ရက်တွင်ကျင်းပခဲ့သော N U G ဒုတိယနိူင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးနှင့် Boston လူထုတွေ့ဆုံဆွေးနွေးပွဲမှာဒုတိယဝန်ကြီး ကအခုလိုဆိုခဲ့ပါတယ်။
"ဒီတော်လှန်ရေးဟာ ပွင့်ပွင့်လင်းလင်းပြောရရင် ထောက်ပံမှုတွေမရှိဘဲ ဘာမှလုပ်လို့မရဘူး။ကျနော်တို့ တော်လှန်ရေးကအသက်ဆက်နေတာ တော်လှန်ရေးရဲ့ အသက်သွေးကြောလို့ ပြောလို့ရတဲ့ ထောက်ပို့နဲ့ထောက်ပံ့ကူညီမှုပါ။ ဆက်ပြီးတော့လည်း ကူညီပေးကြပါ။ကျနော်တို့တော်လှန်ရေးဟာ ကျနော် မကြာခဏပြောသလို ကိုယ်ထူကိုယ်ထ တော်လှန်ရေးလည်းဖြစ်ပါတယ်"လို့ ဒုဝန်ကြီး ကဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီကို တုံ့ပြန်ရာမှာ နိုင်ငံခြားရေးနဲ့နိုင်ငံတကာ ဆက်ဆံရေးကလည်း အရေးကြီးပြီး လက်ရှိမှာ စစ်ကောင်စီကို နိုင်ငံတကာက သံတမာန်ရေးရာ လျှော့ချမှုတွေဆောင်ရွက်လာတာကိုတွေ့ရှိရပြီး NUGအစိုးရကို သံတမာန်ဆက်သွယ် အသိအမှတ်ပြုမှုတိုးမြှက့်လာတယ်လို့NUGနိုင်ငံခြားရေး ဒုဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၄။ ပုလဲမြို့ ၊မြို့ဦးရပ်ကွက်ဘဏ်ရုံးအနီးနား မဲစာရင်းလာကောက်တဲ့ စကစတပ်နဲ့ ဝန်ထမ်းများ ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်ခြင်းကိုခံရ
စစ်ကိုင်းတိုင်း ပုလဲမြို့ ၊မြို့ဦးရပ်ကွက်ဘဏ်ရုံးအနီးနားမဲစာရင်းလာကောက်တဲ့ စကစတပ်နဲ့ ဝန်ထမ်းများ ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်ခြင်းကိုခံခဲ့ရတယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းမှာ ဒေါင်းနက် -နယ်စည်းမခြားပြောက်ကျားတပ်နဲ့မဟာမိတ်များကတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုဆိုပါတယ်။
ဇန်နဝါရီ ၁၅ ရက်စစ်ကိုင်းတိုင်း ၊ပုလဲမြို့ပေါ်တွင်တပ်စွဲထားသောစကစတပ်နဲ့ရဲများအပါအဝင် အရပ်သားဝန်ထမ်းခြောက်ဦးခန့်မြို့ဦးရပ်ကွက်ဘဏ်ရုံးအနီးနား၌ပြည်သူ့ဆန္ဒမပါဝင်သော မသမာရွေးကောက်ပွဲအတွက်မဲစာရင်းလာကောက်ချိန် ယင်းမာပင်ခရိုင်အမှတ် (၁၀)တပ်ရင်းဒေါင်းနက်ရဲခေါင်တပ်စု မှလက်နက်ငယ်များဖြင့်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ထိတွေ့မှုတွင်အပြန်အလှန်ပစ်ခတ်မှု ဆယ်မိနစ်ခန့်ရှိခဲ့ပြီး ရန်သူဘက်မှအင်းအားများလာသောကြောင့် ရဲဘော်များအန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်လို့ဆိုပါတယ်။ စကစတပ်များ ထိခိုက်မှုရှိ၊မရှိအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၅။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) က ပုံသေအချက်အလက် တရားဝင်ကြားဖြတ်ဖမ်းယူရေး နည်းပညာ ဂိတ်တစ်ခု ဝယ်ယူဖို့ အမှာစာတစ်စောင်ကို Cogynte ကုမ္ပဏီထံ ထုတ်ပေးခဲ့
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ပုံသေအချက်အလက် တရားဝင်ကြားဖြတ်ဖမ်းယူရေး နည်းပညာ ဂိတ်တစ်ခု ဝယ်ယူဖို့ အမှာစာတစ်စောင်ကို Cogynte ကုမ္ပဏီထံ ထုတ်ပေးခဲ့တယ်လို့ ဇန်နဝါရီ ၁၅ ရက်မှာ Justice For Myanmar ကဖော်ထုတ် အသိပေးဆိုပါတယ်။
"လုံခြုံရေးနည်းပညာ စတော့အိတ်ချိန်းတစ်ခုဖြစ်တဲ့ NASDAQ စာရင်းဝင် အစ္စရေး ထောက်လှမ်းရေး နည်းပညာ ဝန်ဆောင်မှုကော်ပိုရေးရှင်း Cognyte Software Limited ဟာ မြန်မာနိုင်ငံကို တရားဝင် ကြားဖြတ်ဖမ်းယူရေးကိရိယာတွေ တင်သွင်းရောင်းချဖို့အတွက် နိုင်ငံပိုင် မိုဘိုင်းဖုန်းအော်ပရေတာ ဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တင်ဒါကို ၂၀၂၀ ခုနှစ်က အောင်မြင်ခဲ့ပါတယ်။ ခုလို တရားဝင်ကြားဖြတ်ဖမ်းယူရေးကိရိယာတွေ မြန်မာနိုင်ငံကို တင်သွင်းရောင်းချတာဟာ နိုင်ငံတကာ ဥပဒေနဲ့ အစ္စရေးဥပဒေတွေကို ချိုးဖောက်နိုင်ဖွယ် ရှိပါတယ်။ Justice For Myanmar ဆီကို လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေမှာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) က ပုံသေအချက်အလက် တရားဝင်ကြားဖြတ်ဖမ်းယူရေး နည်းပညာ ဂိတ်တစ်ခု ဝယ်ယူဖို့ အမှာစာတစ်စောင်ကို Cogynte ကုမ္ပဏီကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလက ထုတ်ပေးခဲ့တာ တွေ့ရပါတယ်"လို့ဖော်ပြပါတယ်။
အဆိုပါကြားဖြတ်ဖမ်းယူရေးစနစ်ဟာအများပြည်သူ ဖုန်းခေါ်ဆိုမှုတွေကို အချိန်နဲ့ တပြေးညီ စစ်တပ်ကနေကြားဖြတ်နားထောင်နိုင်စေမှာဖြစ်ပြီး၊ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီတာလည်း ဖြစ်တယ်လို့Justice For Myanmarကဆိုပါတယ်။
လွှတ်တော်ဥက္ကဌဟောင်း Avrum Burg အပါအဝင် လူပုဂ္ဂိုလ် ၆၀ ကျော်တို့ကို ကိုယ်စားပြုပြီး အစ္စရေးတရားလွှတ်တော်ရှေ့နေ Eitay Mack က မြန်မာနိုင်ငံကို တရားဝင်ကြားဖြတ်ဖမ်းယူရေး စနစ်တွေ တင်သွင်းဖို့ Cognyte ကုမ္ပဏီကို ထုတ်ပေးထားတဲ့ ဈေးကွက်ရှာဖွေရေးနဲ့ ပို့ကုန် လိုင်စင်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ အစ္စရေးအစိုးရကို တောင်းဆိုထားတဲ့ တရားရေးတိုင်ကြားချက် နဲ့ ဆက်စပ်ပေးစာတစ်စောင်တို့ကို တင်သွင်းခဲ့ပါတယ်။
========================
📌📌 ၆။ စစ်အာဏာသိမ်းမှု မအောင်မြင်မှု ၂ နှစ်ပြည့်အခမ်းအနားအဖြစ် အမေရိကန် နယူးယောက်မြို့မှာ သံပုံးတီးရင်း ဆန္ဒထုတ်ဖော်တဲ့အခမ်းအနားကျင်းပမယ်
စစ်အာဏာသိမ်းမှု မအောင်မြင်မှု ၂ နှစ်ပြည့်အခမ်းအနားအဖြစ် ဇန်နဝါရီလ (၂၈) ရက် စနေနေ့မနက် (၁၁)နာရီအတိမှာ နယူးယောက်မြို့ Times Square တွင်စုပေါင်းကျင်းပသွားမှာဖြစ်ပြီး အစီအစဥ်နဲ့ပတ်သက်လို့ NYCBC အမှုဆောင် တစ်ဦးဖြစ်သူ ကိုနေတင်မြင့်က Radio NUGကို ယခုလိုဆိုပါတယ်။
((((((ကိုနေတင်မြင့်-NYCBC အမှုဆောင် ))))))
စစ်အာဏာသိမ်းမအောင်မြင်မှုဟာ လာမယ့် ဖေဖော်ရီလ (၁) ရက်နေ့မှာ (၂)နှစ်တင်းတင်းပြည့်တော့မှာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်အထိ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသပိတ်များဟာ ပြည်တွင်း၊ ပြည်ပ နေရာအနှံ့ ဆင်နွှဲတိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment