15th JAN 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ၁၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့Early Partnership Program အားလုံးကို နွေဦးတော်လှန်ရေးအောင်မြင်မှုနဲ့ အာမခံတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြား

📌 ၂။ နိုင်ငံတကာရေးရာမှာ အကြမ်းဖက် စစ်ကောင်စီဟာ အထီးကျန်မက အထီးကျန်နေပြီလို့လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းပြောကြား

📌 ၃။ တော်လှန်ရေးရဲဘော်အချင်းချင်းပွတ်တိုက်မှုတွေကို မိတ်ဘက် ပဋိ ပက္ခအဖြစ် သက်မှတ် ဖြေရှင်းကြရန် ကာကွယ်ရေး ဒုဝန်ကြီး နိုင်ကောင်းရွက် တိုက်တွန်း

📌 ၄။ NUG ကို အခွန်ထမ်းပြီးကြောင်း Unique Identification number ပါတဲ့ certificate ကို ပြနိုင်ပါက  နောင်အနာဂါတ်မှာအခွန်ကင်းလွတ်ခွင့်ရရှိမယ်

📌 ၅။ ခင်ဦးမြို့နယ်အတွင်း (၁၀၃) ရွာမြောက် ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် (၁၁၄) ရွာမြောက် ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အားဖွဲ့စည်း

📌 ၆။ ပုလဲမြို့နယ်မှာ အကြမ်းဖက်စစ်တပ်များက ၄ရက်အတွင်း ကျေးရွာငါးရွာကို မီးရှို့ဖျက်ဆီး၍ သက်ကြီးရွယ်အိုတစ်ဦးကိုသတ်ဖြတ်

📌 ၇။ ကေအဲန်ယူ-မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကျေးရွာများအတွင်းသို့အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး (၃၈) လုံးခန့် ပစ်ခတ်ခဲ့

📌 ၈။ NYCBC က စီစဉ်ဆောင်ရွက်တဲ့   “We Must Win.“  ကံစမ်းမဲလက်မှတ်များရောင်းချပေးနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ Early Partnership Program အားလုံးကို နွေဦးတော်လှန်ရေးအောင်မြင်မှုနဲ့ အာမခံတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြား


အမျိုးသားညီညွတ်ရေးအစိုးရရဲ့Early Partnership Program အားလုံးကို နွေဦးတော်လှန်ရေးအောင်မြင်မှုနဲ့ အာမခံတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၁၅ ရက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကradio NUGကိုပြောပါတယ်။

"ကျနော်တို့ ငွေတိုက်စာချုပ်တွေရောင်းချခဲ့တယ်။နောက်တစ်ခုက အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ မတရားသိမ်းပိုက်ထားတဲ့ ပိုင်ဆိုင်မှုတွေကိုရောင်းချခဲ့တယ်။နောက် တပ်ပိုင်မြေမှာ မြေကွက်တွေအိမ်ယာစီမံကိန်းတွေရောင်းချခဲ့တယ်။ဒါတွေအားလုံးရဲ့အာမခံချက်က တော်လှန်ရေးနဲ့ပဲအာမခံတာပါ။ဒီတော်လှန်ရေးအောင်မြင်ရေးအတွက်ကို ပြည်သူလူထုတစ်ဦးချင်းစီက ရင်းနှီးမြုပ်နှံကြတာဖြစ်တယ်။အာမခံမှုကတော့ တော်လှန်ရေး အောင်မြင်မှုနဲ့ပဲ အာမခံရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။

ဒါ့အပြင် ပွဲဦးထွက် Early Partnership Program တခုအဖြစ် ကမ္ဘာသိမိုးကုတ်ရတနာနယ်မြေမှာ ကျောက်မျက်တူးဖော်ခွင့် ( Mining Right )ကို မကြာမီ ရင်းနှီးမြုပ်နှံလိုသူ ပြည်တွင်းပြည်ပကို ခေါ်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်။ တန်ဖိုးသင့် အိမ်ရာစီမံကိန်းနဲ့ အဆင့်မီ ကွန်ဒိုမီနီယံစီမံကိန်းများကို ဇန်နလရီလရဲ့ နောက်ဆုံးပတ်ထဲမှာ မိတ်ဆက်ရောင်းချခြင်းအား အကောင်အထည်ဖော်သွားမှာ ဖြစ်သလို မိုးကုတ်ရတနာနယ်မြေမှာ ကျောက်မျက်တူးဖော်ခွင့်နဲ့ပတ်သက်လို့ ဇန်နဝါရီလကုန်ကို ရည်မှန်းထားတယ်လို့သိရပါတယ်။

"ကျောက်မျက်တူးဖော်ခွင့်က အကျိုးတူပူးပေါင်းရာမှာ အစိုးရက၅၁ရာခိုင်နှုန်းပေါ့။ခွင့်ပြုတဲ့လုပ်ငန်းရှင်ကို ၄၉ဆိုပြီး ရှယ်ယာစနစ်နဲ့ပဲ လုပ်ဆောင်စေမှာဖြစ်ပါတယ်။ဒီလိုလုပ်တဲ့နေရာမှာ လုပ်ကွက် ကလုပ်ငန်းရှင်လည်း အကျိုးဖြစ်မယ်။ရင်းနှီးမြုပ်နှံငွေလည်း အရမ်းမများရဘူးပေါ့။လုပ်ကွက်တွေကိုလည်း စနစ်တကျသတ်မှတ်ထားပါတယ်"လို့ ရတနာမြေ ကျောက်မျက်တူးဖော်ခွင့်နဲ့ပတ်သက်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက ရှင်းလင်းပြောကြားပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က အမျိုးသားညီညွတ်ရေးအစိုးရကနေ ပထမဦးဆုံးဖွင့်လှစ်မယ့် နွေဦးဖွံဖြိုးရေးဘဏ်ကနေ ရှယ်ယာများကို အများပြည်သူသို့ ရောင်းချပေးမယ်လို့ ပြောပါတယ်။

"နွေဦးဖွံဖြိုးရေးဘဏ်နဲ့ပတ်သက်ပြီးတော့ ခေတ်မီနည်းပညာနဲ့ပေါ့။ ပုံမှသမရိုးကျဘဏ်စနစ်မဟုတ်ဘဲနဲ့ ကျနော်တို့က ဆောင်ရွက်သွားမှာဖြစ်တယ်။ဒါနဲ့ပတ်သက်ပြီး ICOလို့ခေါ်တဲ့နည်းပညာနဲ့စပ်လျဥ်းတဲ့ ရှယ်ယာတွေကို ကျနော်တို့ဘက်ကနေ စတင်ပြီးတော့ ပြည်သူလူထုကိုရောင်းချပြီးတော့ ဒီဘဏ်ကိုစတင်အကောင်အထည်ဖော်သွားမှာဖြစ်တယ်။တစ်ပြိုင်နက်တည်းမှာ ပြည်သူလူထုကနေပြီးတော့ အပ်နှံငွေတွေကိုလက်ခံသွားမှာဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။ နွေဦးဖွံဖြိုးရေးဘဏ်လုပ်ငန်းများကို ဖေဖော်ဝါရီလကုန်လောက် အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်ထားပြီး ဘဏ်နဲ့ပတ်သက်လို့ အများပြည်သူကို မကြာမီအသိပေးကြေညာမှာ ဖြစ်ပါတယ်။


========================


📌📌 ၂။ နိုင်ငံတကာရေးရာမှာ အကြမ်းဖက် စစ်ကောင်စီဟာ အထီးကျန်မက အထီးကျန်နေပြီလို့လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းပြောကြား


ဇန်နဝါရီ ၁၅ ရက်တွင်ကျင်းပတဲ့ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲဖွင့်ပွဲအခမ်းအနားမှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကအခုလိုပြောကြားခဲ့ပါတယ်။


"ဒီကာလဟာ NUG အစိုးရက တစ်နှစ်အတွင်းတိုင်ခိုက်သိမ်းပိုက်မယ့် တစ်နှစ်တာ one year plan ကို ချပြီး စနစ်တကျ နည်းဗျူဟာကျကျပြင်ဆင်ပြီးတော့ အမြစ်စွဲနေတဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖို့ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ တနှစ်တာကို ကျနော်တို့ သုံးသပ်မှုလုပ်တာမှာ အကြမ်းဖက် စစ်အုပ်စုဟာအာဏာသိမ်းဖို့ ကြိုးစားပေမယ့် မအောင်မြင်တာကိုအားလုံးအသိပဲ ဖြစ်ကြမှာပါ။အခုဆိုရင် နိုင်ငံတကာရေးရာမှာ အကြမ်းဖက် စစ်ကောင်စီဟာ အထီးကျန်မက အထီးကျန်နေပြီးတော့ နိုင်ငံတကာက အရေးယူပိတ်ဆို့မှုတွေ တစ်ဆင့်ထက်တစ်ဆင့်မြင့်တက်နေပြီဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ဒါ့အပြင် NUG အစိုးရရဲ့ တစ်နှစ်တာ မဟာဗျူဟာ စီမံချက်မှာ ကဏ္ဍ ခု၊ တိုက်ပွဲဝင်ပုံစံ ခု သတ်မှတ်ကာ စစ်ကောင်စီကို နိုင်ငံရေးအရ အနိုင်ရမှု၊ စစ်ကောင်စီကို ထောက်ခံအားပေးသော စီးပွားရေးများကိုဖယ်ရှားခြင်း၊နိုင်ငံတကာက စစ်ကောင်စီကို အသိအမှတ်ပြုမှုမရှိစေရန်ဆောင်ရွက်ခြင်းစတာတွေကိုပါ အကောင်အထည်ဖော် ဆောင်ရွက်နေပြီလို့ သိရပါတယ်။


========================


📌📌 ၃။ တော်လှန်ရေးရဲဘော်အချင်းချင်းပွတ်တိုက်မှုတွေကို မိတ်ဘက် ပဋိ ပက္ခအဖြစ် သက်မှတ် ဖြေရှင်းကြရန် ကာကွယ်ရေး ဒုဝန်ကြီး နိုင်ကောင်းရွက် တိုက်တွန်း


တော်လှန်ရေးရဲဘော်အချင်းချင်းပွတ်တိုက်မှုတွေကို မိတ်ဘက် ပဋိ ပက္ခအဖြစ် သက်မှတ် ဖြေရှင်းကြရန်ကာကွယ်ရေး ဒုတိယဝန်ကြီး နိုင်ကောင်းရွက်က ဇန်နဝါရီ ၁၅ ရက်ကျင်းပတဲ့ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲဖွင့်ပွဲအခမ်းအနားမှာ ပြောကြားလိုက်တာဖြစ်ပါတယ်ပါတယ်။


"အချင်းချင်းပွတ်တိုက်မှုတွေ ဒီကာလမှာရှိနိုင်ပါတယ်။ ဒီပွတ်တိုက်မှုတွေကို မိတ်ဘက် ပဋိ ပက္ခအဖြစ် သက်မှတ်ပြီး ကျနော်တို့မှာ တရားရုံးတွေရှိပါတယ်။ဒါတွေကို ကိုယ့်ချင်းချင်း နားလည်ဖြေရှင်းသွားရင် အောင်မြင်ပါမယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေး လက်နက် တပ်ဆင် ထုတ်လုပ်ရေးကို NUGကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့အားပေးကူညီဆောင်ရွက်သွားမှာဖြစ်ပြီး လက်နပ်တပ်ဆင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကာကွယ်ရေးဒုဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၄။ NUG ကို အခွန်ထမ်းပြီးကြောင်း Unique Identification number ပါတဲ့ certificate ကို ပြနိုင်ပါက  နောင်အနာဂါတ်မှာအခွန်ကင်းလွတ်ခွင့်ရရှိမယ်


NUG ကို အခွန်ထမ်းပြီးကြောင်း Unique Identification number ပါတဲ့ certificate ကို ပြနိုင်ပါက  နောင်အနာဂါတ်မှာအခွန်ကင်းလွတ်ခွင့်ရရှိမှာဖြစ်ကြောင်း ဇန်နဝါရီ ၁၅ ရက်မှာ NUG အစိုးရ ပြည်တွင်းအခွန်များဦးဌာန ကအသိပေးဖော်ပြပါတယ်။


"တော်လှန်ရေးကာလမှာ အခွန်ထမ်းပြည်သူတွေရဲ့လုံခြုံရေးက အဓိကပါ။လုပ်ငန်းရှင်များနှင့်အခွန်ထမ်းပြည်သူအားလုံး လုံခြုံစွာ အခွန်ပေးဆောင်နိုင်ဖို့ကိုလည်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သေချာစီမံထားပါတယ်။ အခွန်ဆောင်ပြီးချိန်တွင် ရရှိမည်ဖြစ်သော Unique Identification Number ကိုသာ အခွန်ထမ်း၏ မှတ်တမ်းအဖြစ် သတ်မှတ်ထားရှိမှာဖြစ်ပါတယ်။ရလာတဲ့ Unique Identification number ပါတဲ့ certificate ကိုသာ နောင်အခွန်ကင်းလွတ်ခွင့်အတွက် အသုံးပြုဖို့သိမ်းပေးထားပါ"လို့ဆိုထားပါတယ်။


ဒါ့အပြင်အခွန်ဆောင်သူများမှ မိမိတို့၏ ကိုယ်ရေးအချက်အလက်၊ မိမိတို့လုပ်ငန်းနှင့်သက်ဆိုင်သော အချက်အလက်များကို ပြည်တွင်းအခွန်များဦးစီးဌာနသို့ မဖြစ်မနေ ပေးရန် မလိုအပ်မှာမဟုတ်ဘူးလို့လည်းသိရပါတယ်။


========================


📌📌 ၅။ ခင်ဦးမြို့နယ်အတွင်း (၁၀၃) ရွာမြောက် ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် (၁၁၄) ရွာမြောက် ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အားဖွဲ့စည်း


စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း (၁၀၃) ရွာမြောက် ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် (၁၁၄)ရွာမြောက် ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အားဖွဲ့စည်းခဲ့ကြောင်းကို ဇန်နဝါရီ ၁၄ ရက်မှာ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးဖော်ပြပါတယ်။


"စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ (၁၀၃) ရွာမြောက် ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် (၁၁၄)ရွာမြောက် ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အား ဇန်နဝါရီ၁၄ရက်နေ့တွင် ပြည်သူလူထု၏ အများဆန္ဒနှင့်အညီ အဆိုပြုကာ ထောက်ခံ အတည်ပြု၍ အောင်မြင်စွာဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


စစ်ကိုင်းတိုင်းခင်ဦးမြို့နယ်မှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒ၊လမ်းညွှန်ချက်များနှင့်အညီ ပြည်သူလူထု၏ လူမှုဘဝနှင့် အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်၍ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်သွားရန်အတွက်ကျေးရွာများတွင် အုပ်ချုပ်ရေး၊ကာကွယ်ရေးအဖွဲ့များဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၆။ ပုလဲမြို့နယ်မှာ အကြမ်းဖက်စစ်တပ်များက ၄ရက်အတွင်း ကျေးရွာငါးရွာကို မီးရှို့ဖျက်ဆီး၍ သက်ကြီးရွယ်အိုတစ်ဦးကိုသတ်ဖြတ်


စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ အကြမ်းဖက်စစ်တပ်များက ရက်အတွင်း ကျေးရွာငါးရွာကို မီးရှို့ဖျက်ဆီး၍ သက်ကြီးရွယ်အိုတစ်ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ ဇန်နဝါရီ ၁၄ ရက်မှာ ပုလဲ မြို့နယ် ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုဆိုထားပါတယ်။


"ကျွန်တော်တို့ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်ကလောလောဆယ်လေးရက်အတွင်း သရက်ကန်၊ညောင်ရင်းကုန်း၊သပြေအေး၊ရွာသစ်()၊သရက်လှ ရွာငါးရွာ  မီးရှို့ခဲ့ပြီး အသက်(၆၇)နှစ်အရွယ် အမျိုးသားတဦး သတ်ဖြတ်မီးရှို့ခဲ့ပါတာ်"လို့ဆိုပါတယ်။


စကစတပ် စစ်ကြောင်းဟာရိတ်သိမ်းပြီးသား သီးနှံတွေကို ပျူများနဲ့သယ်ဆောင်သွားပြီးစစ်ဘေးရှောင်တဲ့ တောတွင်းနေရာတွေအထိရောက်လာကာ ကား၊လှည်း၊ဆိုင်ကယ်၊စက်ဘီး၊အိမ်ဆောင်ပရိဘောဂများအားမီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။


========================


📌📌 ၇။ ကေအဲန်ယူ-မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကျေးရွာများအတွင်းသို့အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး (၃၈) လုံးခန့် ပစ်ခတ်ခဲ့


ကေအဲန်ယူ-မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကျေးရွာများအတွင်းသို့အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး (၃၈) လုံးခန့် ပစ်ခတ်ခဲ့တယ်လို့ ဇန်နဝါရီ၁၄ရက်မှာ KNU ဗဟိုကသတင်းထုတ်ပြန်ခဲ့ပါတယ်။


"ဇန်နဝါရီလ (၁၁)ရက် နေ့မှစ၍ (၁၃) ရက်နေ့အထိအာဏာသိမ်းကြမ်းဖက်စစ်ကောင်စီတပ်မှ ကေအဲန်ယူ-မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး (၃၈)လုံးခန့် ပစ်ခတ် ခဲ့သည့်အပြင် ဒရုန်းဖြင့်လည်း ဗုံးသီး () လုံးထက်မနည်းပစ်ချခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်အခြေစိုက်စခန်းဖြစ်သည့် ခမရ(၃၅၁)/ခလရ(၆၀)တပ်မှ ကေအဲန်ယူ-မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကျေးရွာများဖြစ်သည့် နောင်ကုန်း,တမာခေါ, တောင်စု (ရှေ့,နောက်) သပြေကုန်း၊ မျက်ရဲ(ဗမာ) ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် အကြိမ်ရေ များစွာပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပစ်ခတ်မှုကြောင့် လူနေအိမ် () လုံးထက်မနည်းပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် စပါးကျီ () လုံး လည်းပျက်စီးခဲ့ပြီး ထိုသို့ပစ်ခတ်မှုများ ကြောင့်ဒေသခံပြည်သူများမှာ ကြောက်ရွံ့ကာ အသက်ဘေး လွတ်ရာသို့ထွက်ပြေး တိမ်းရှောင်ခဲ့ကြပါတယ်။


ဇန်နဝါရီလ (၁၁) ရက် နံနက်ပိုင်းအချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ မျက်ရဲ(ဗမာ) ကျေးရွာအတွင်းသို့ ဝင်ရောက်ပစ် ခတ်ရာတွင် ဒေသခံပြည်သူတစ်ဦးမှာ  သေနတ်ထိမှန်သေဆုံးခဲ့ရပြီး လက်နက်ကြီးထိမှန်မှုကြောင့်လည်း နောက်ထပ်ပြည်သူတစ်ဦးသေဆုံးခဲ့ရပါတယ်။


========================


📌📌 ၈။ NYCBC က စီစဉ်ဆောင်ရွက်တဲ့   “We Must Win.“  ကံစမ်းမဲလက်မှတ်များရောင်းချပေးနေ


"၂၀၂၃ မှာ စစ်အာဏာရှင်အဆုံးသတ် အမြစ်ဖြတ်နိုင်ဖို့ အတွက်"ငါတို့ နိုင်ကိုနိုင်ရမယ်" ဆိုတဲ့ ရည်ရွယ်ချက် နဲ့  NYCBC က စီစဉ်ဆောင်ရွက်တဲ့   “We Must Win.“  ကံစမ်းမဲလက်မှတ်လေးတွေကို စတင် ရောင်းချပေးနေပါပြီ။ စုစုပေါင်း လက်မှတ်က ( ၅၀၀ ) သာရှိပြီး ၊အခုဆိုရင် အစောင် ၂၀၀ လောက် ရောင်းချပြီးသွားပါပြီ။ တစောင် ကို ဒေါ်လာ ၂၀ နဲ့ ရောင်းချပေးတာဖြစ်သော်လည်း ပထမဆု ကို ဒေါ်လာ ၂၅၀၀ ပေးမှာဖြစ်ပါတယ်"လို့ဆိုထားပါတယ်။


အစောင်ရေ ၅၀၀ သာရောင်းချတာ ဖြစ်တာကြောင့် မဲပေါက်ဖို့ အခွင့်အရေးက ပိုများသလို တဖက်တလမ်းက လဲ စစ်အာဏာရှင်တွေကြောင့် ဒုက္ခပင်လည်ဝေနေတဲ့ ပြည်သူ တွေ ကို  ကူညီပံ့ပိုးနိုင်မှာဖြစ်ပါတယ်။ ကံစမ်းမဲလက်မှတ်ဝယ်ယူလိုသူများအနေနဲ့ NYCBCရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာမှာ ဆက်သွယ်မေးမြန်းဝယ်ယူနိုင်မှာဖြစ်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment