16th JAN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့အထူးငွေတိုက်စာချုပ်များ အမေရိကန်ဒေါ်လာ ၄၅ သန်းဖိုးထိရောင်းချပေးပြီးဖြစ်တယ်လို့ဆို

📌 ၂။ ကာစီနိုလုပ်ငန်း ရင်းနှီးမြုပ်နှံလိုတဲ့ ပြည်တွင်း၊ ပြည်ပကလုပ်ငန်းရှင်တွေကို NUG အစိုးရက ဖိတ်ခေါ်မယ်

📌 ၃။ Free Online Education Institution Myanmar (FOEIM) ကျောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ပူပန်မှု မရှိဘဲ ပညာသင်ကြားရေးကို ဆက်လက်ဆောင်ရွက်သွားရန် ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

📌 ၄။ NUG အစိုးရရဲ့  ပွဲဦးထွက် Early Partnership Programမိုးကုတ် ကျောက်မျက်တူးဖော်ခွင့်ဟာ နှစ်ရှည်လုပ်ကိုင်ခွင့်ကိုချထားပေးမှာဖြစ်တယ်လို့ ဆို

📌 ၅။ တပြည်လုံး ဖြန့်ကျက်နိုင်ဖို့ အတွက် Federal Wings ရဲ့ နွေဦးအောင်လံ ကမ်ပိန်းကနေ ၂ပတ်ကျော်ကာလအတွင်း လှူဒါန်းရရှိငွေ အမေရိကန်ဒေါ်လာ ၁၅၀၀၀ ကျော်ပဲရှိသေး

📌 ၆။ မြောင်မြို့နယ်မှာမဲစာရင်းလာကောက်လို့ဖမ်းမိထားတဲ့ ထွေအုပ်ဝန်ထမ်း ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အရေးယူနိုင်ရေးဆောင်ရွက်

📌 ၇။ PDF တပ်ရင်း ၃၇၀၂ ဒရုန်းတပ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီ၏ ပစ်မှတ် () ခုအား ဒရုန်းဖြင့်()ကြိမ်တိုက်ခိုက်ရာ အားလုံး ၁၀ ဦးသေဆုံး

📌 ၈။ ရွှေဘိုခရိုင်ရဲမှုးနေအိမ် ဗုံးပစ်တိုက်ခိုက်ခံရ

📌 ၉။ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီ ထောက်ခံသူ မိသားစုဝင် ရှစ်ဦးကို ပျူစောထီးများကသတ်ဖြတ်ခဲ့

📌 ၁၀။ မိုးကုတ်မြို့နယ်ပကဖမှ သင်တန်းအပတ်စဉ် ၃ အတွက် ရဲဘော်သစ်များ‌ ခေါ်ယူ

📌 ၁၁။ ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူလမ်းကို ခရီးသည်တင်ယာဥ်များ လုံးဝသွားလာခြင်းမပြုရန် KNU ဒူးပလာယာခရိုင်က တားမြစ်စာထုတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့အထူးငွေတိုက်စာချုပ်များ အမေရိကန်ဒေါ်လာ ၄၅ သန်းဖိုးထိရောင်းချပေးပြီးဖြစ်တယ်လို့ဆို


အမျိုးသားညီညွတ်ရေးအစိုးရရဲ့အထူးငွေတိုက်စာချုပ်များ အမေရိကန်ဒေါ်လာ ၄၅ သန်းဖိုးထိရောင်းချပေးပြီးဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၁၅ ရက်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောပါတယ်။


"၂၀၂၁ ခုနှစ်ကတည်းက ငွေတိုက်စာချုပ်တွေ ထုတ်ဝေရောင်းချခဲ့တာ ဒီနေ့ ဒီအချိန်အထိဆိုရင် အမေရိကန်ဒေါ်လာ ၄၅ သန်းဖိုးလောက် ရောင်းချခဲ့ပြီးဖြစ်ပါတယ်။ ဆက်ပြီးလည်းရောင်းချနေဆဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အထူးငွေတိုက်စာချုပ်များကို ၂၀၂၁ ခုနှစ် နိုဝင်ဘယလမှ စတင်ကာ အမေရိကန်ဒေါ်လာ၁၀၀တန်မှ ၅၀၀၀ တန်အထိ ရောင်းချပေးခဲ့ပြီး ပြည်သူလူထုက တစ်ခဲနက်ဝယ်ယူအားပေးခဲ့ကြပါတယ်။


========================


📌📌 ၂။ ကာစီနိုလုပ်ငန်း ရင်းနှီးမြုပ်နှံလိုတဲ့ ပြည်တွင်း၊ ပြည်ပကလုပ်ငန်းရှင်တွေကို NUG အစိုးရက ဖိတ်ခေါ်မယ်


ကာစီနိုလုပ်ငန်း ရင်းနှီးမြုပ်နှံလိုတဲ့ ပြည်တွင်း၊ ပြည်ပက လုပ်ငန်းရှင်တွေကို NUG အစိုးရက ဖိတ်ခေါ်မယ်လို့ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၁၅ ရက်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောပါတယ်။


"ကာစီနိုဆိုတဲ့ လုပ်ကိုင်ခွင့် ကိစ္စရပ်တွေလည်း တော်လှန်ရေးလွန်မြောက်တဲ့ကာလမှာတည်ဆဲဥပဒေနဲ့အညီပေါ့။ကျနော်တို့ NUG အစိုးရအနေနဲ့အ ခြေခံကောင်းချမှတ်ပြီး ပြည်တွင်းပြည်ပကလုပ်ငန်းရှင်တွေကို ကြိုတင်ဖိတ်ခေါ်ပြီး ကျနော်တို့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဥ်တွေလည်း ရေးဆွဲထားပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ အဆိုပါ ကာစီနိုလုပ်ငန်းကို ၂၀၁၉ ခုနှစ် တည်ဆဲ ဖြစ်သော လောင်းကစားဥပဒေနဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်မှာလည်းဖြစ်ပါတယ်။


========================


📌📌 ၃။ Free Online Education Institution Myanmar (FOEIM) ကျောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ပူပန်မှု မရှိဘဲ ပညာသင်ကြားရေးကို ဆက်လက်ဆောင်ရွက်သွားရန် ပညာရေးဝန်ကြီးဌာန ထုတ်ပြန်


Free Online Education Institution Myanmar (FOEIM) ကျောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ပူပန်မှု မရှိဘဲ ပညာသင်ကြားရေးကို ဆက်လက်ဆောင်ရွက်သွားရန် ပညာရေးဝန်ကြီးဌာန ထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီ (၁၅) ရက်မှာ ဆရာ၊ကျောင်းသား၊မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်တစ်ရပ်ကို ပညာရေးဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။


Free Online Education Institution Myanmar (FOEIM) ဖြစ်စဉ်အတွက် ကြားနာစုံစမ်းရေးအဖွဲ့၏ အပြီးသတ်အစီရင်ခံစာကို အမျိုးသားညီညွတ်ရေးအစိုးရထံသို့ တင်သွင်းခဲ့ပြီးဖြစ်ပါသည်။ ကြားနာစုံစမ်းရေး အဖွဲ့၏ စုံစမ်းတွေ့ရှိမှုအစီရင်ခံစာကို မိဘပြည်သူများသိရှိစေရန် မကြာမီ ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာနသည် တိုင်ကြားသူများ၊ တိုင်ကြားခံရသူ နှင့် သင်ကြားရေး ဆရာ၊ဆရာမများကို တွေ့ဆုံပြီး နွေဦးတော်လှန်ရေးကိုမျက်နှာမူ၍ ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းသွားမှာဖြစ်တယ်လို့ဆိုပါတယ်။


 ကျောင်းသား၊ကျောင်းသူများ ပညာရေးအခွင့်အလမ်းမဆုံးရှုံးရန်နှင့် လက်ရှိသင်ယူနေမှုများကို အာမခံချက်ရှိအောင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါ၍ မိဘအုပ်ထိန်းသူများ၊ ဆရာ၊ဆရာမများ ကျောင်းသူကျောင်းသားများအနေဖြင့် စိတ်ပူပန်မှု မရှိဘဲ ပညာသင်ကြားရေးကို ဆက်လက်ဆောင်ရွက်သွားရန် မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်လို့ပညာရေးဝန်ကြီးဌာနကဖော်ပြပါတယ်။


========================


📌📌 ၄။ NUG အစိုးရရဲ့  ပွဲဦးထွက် Early Partnership Programမိုးကုတ် ကျောက်မျက်တူးဖော်ခွင့်ဟာ နှစ်ရှည်လုပ်ကိုင်ခွင့်ကိုချထားပေးမှာဖြစ်တယ်လို့ ဆို


NUG အစိုးရရဲ့  ပွဲဦးထွက် Early Partnership Programမိုးကုတ် ကျောက်မျက်တူးဖော်ခွင့်ဟာ နှစ်ရှည်လုပ်ကိုင်ခွင့်ကိုချထားပေးမှာဖြစ်တယ်လို့ ဦးစိုးသူရထွန်းကပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၁၅ ရက်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းတဲ့ သတင်းစာရှင်းလင်းပွဲမှာလျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဦးစိုးသူရထွန်းကပြောပါတယ်။


"ဒီကျောက်မျက်တူးဖော်ခွင့် ဒီဟာရဲ့ ရည်မှန်းချက်က တော်လှန်ရေးအတွက် ရန်ပုံငွေ ဖြည့်တင်းဖို့ ဖြစ်သလို သယံဇာတကို စနစ်တကျ လုပ်ကိုင်တဲ့ စနစ်ကို တည်ထောင်ဖို့ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ သူ့ကို နှစ်ရှည်တူးဖော်ခွင့်ပေါ့။၁၀နှစ်နဲ့အထက်ကိုစဥ်းစားပါတယ်။ လုပ်ကွက်တွေကိုလည်း စနစ်တကျဖြစ်အောင်လုပ်ထားပါတယ်"လို့ဆိုပါတယ်။


NUG အစိုးရရဲ့  ပွဲဦးထွက် Early Partnership Program တခုအဖြစ် ကမ္ဘာသိ မိုးကုတ်ရတနာနယ်မြေမှာ ကျောက်မျက်တူးဖော်ခွင့် ( Mining Right )ကို မကြာမီ ရင်းနှီးမြုပ်နှံလိုသူ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များကို ခေါ်ယူသွားမှာဖြစ်ပါတယ်။ အဆိုပါမိုးကုတ်ရတနာနယ်မြေမှာ ကျောက်မျက်တူးဖော်ခွင့်နဲ့ပတ်သက်လို့ လုပ်ငန်းခေါ်ယူခြင်းကိုဇန်နဝါရီလကုန်ကို ရည်မှန်းထားတယ်လို့သိရပါတယ်။ ၄င်းကျောက်မျက်တူးဖော်ခွင့်က အကျိုးတူပူးပေါင်းရာမှာ အစိုးရက၅၁ရာခိုင်နှုန်းနဲ့ခွင့်ပြုတဲ့လုပ်ငန်းရှင်ကို ၄၉ရာခိုင်နှုန်းအားခွဲဝေပြီး ရှယ်ယာစနစ်နဲ့ပဲ လုပ်ဆောင်စေမှာဖြစ်ပါတယ်။


========================


📌📌 ၅။ တပြည်လုံး ဖြန့်ကျက်နိုင်ဖို့ အတွက် Federal Wings ရဲ့ နွေဦးအောင်လံ ကမ်ပိန်းကနေ ၂ပတ်ကျော်ကာလအတွင်း လှူဒါန်းရရှိငွေ အမေရိကန်ဒေါ်လာ ၁၅၀၀၀ ကျော်ပဲရှိသေး


တပြည်လုံး ဖြန့်ကျက်နိုင်ဖို့ အတွက် Federal Wings ရဲ့ နွေဦးအောင်လံ ကမ်ပိန်းကနေ ၂ပတ်ကျော်ကာလအတွင်း လှူဒါန်းရရှိငွေ အမေရိကန်ဒေါ်လာ ၁၅၀၀၀ ကျော်ပဲရှိသေးတယ်လို့ သတင်းရရှိပါတယ်။ ဇန်နဝါရီလအတွင်းမှာ နွေဦးအောင်လံ ကမ်ပိန်းကနေအသိပေးဆိုပါတယ်။


ဒီရက်ပိုင်း မှာစကစတပ်တွေ ရဲ့ ခြောက်ခြားသံတွေ ကြားလာရတာ ပျော်ရဲ့လား။ဆက်ပြီးတော့ Federal Wings ရဲ့ Drone တွေနဲ့ အတူ အိပ်မက်ဆိုးတွေ ထပ်ပေးကြမယ်။နွေဦးအောင်လံ Campaign' ဟာ ပတ်ကိုကျော်လွန်လာခဲ့ပါပြီ။အစပိုင်းမှာ လူသိနည်းခဲ့ပေမယ့် အခု တစတစ လာဝုန်းပေးကြသူတွေ များလာခဲ့လို့ Drone အဖွဲ့တွေ အားတက်ရပါတယ်။ တပြည်လုံး ဖြန့်ကျက်နိုင်ဖို့ အတွက် ကျန် ၂ပတ် မှာ အားကုန် ထည့်ပေးကြပါခင်ဗျ"လို့ဆိုထားပါတယ်။


Federal Wingsရဲ့ နွေဦးအောင်လံကမ်ပိန်းကို ဒီဇင်ဘာ၂၆ ရက်မှ ဇန်နဝါရီ ၂၆ ရက်နေ့အထိသတ်မှတ်ထားပြီးတော့ လတ်တလောမှာ ထောက်ပို့လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၁၅၅၁၅ ဒေါ်လာ ဇန်နဝါရီ ၁၃ ရက်နေ့အထိ ရရှိထားပါတယ်။


========================


📌📌 ၆။ မြောင်မြို့နယ်မှာမဲစာရင်းလာကောက်လို့ဖမ်းမိထားတဲ့ ထွေအုပ်ဝန်ထမ်း ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အရေးယူနိုင်ရေးဆောင်ရွက်


စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာမဲစာရင်းလာကောက်လို့ဖမ်းမိထားတဲ့ ထွေအုပ်ဝန်ထမ်း ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အရေးယူနိုင်ရေးဆောင်ရွက်နေတယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၁၅ ရက်မှာစကစရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း () ဦးနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။


 စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ဇန်နဝါရီလ (၁၄)ရက်နေ့က အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ အမျိုးသမီးဝန်ထမ်း()ဦး၊ အမျိုးသားဝန်ထမ်း()ဦး၊ စုစုပေါင်း ()ဦးသည် စစ်ကောင်စီကျင်းပပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအတွက် မဲစာရင်းကိစ္စဖြင့်လာရောက်ရာ စစ်ကိုင်းခရိုင် တပ်ရင်း( ) MRA မှ ဖမ်းဆီးရမိခဲ့တယ်လို့ဖော်ပြပါတယ်။ ဖမ်းဆီးရမိတဲ့၎င်းတို့ () ဦးအား စစ်ကိုင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အညီ အပြစ်ပေးအရေးယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၇။ PDF တပ်ရင်း ၃၇၀၂ ဒရုန်းတပ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီ၏ ပစ်မှတ် () ခုအား ဒရုန်းဖြင့်()ကြိမ်တိုက်ခိုက်ရာ အားလုံး ၁၀ ဦးသေဆုံး


PDF တပ်ရင်း ၃၇၀၂ ဒရုန်းတပ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီ၏ ပစ်မှတ် () ခုအား ဒရုန်းဖြင့်()ကြိမ်တိုက်ခိုက်ရာ အားလုံး ၁၀ ဦးသေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ ၁၅ ရက်မှာ စစ်ရေးသတင်းကို BAGOPDF ကအသိပေးဆိုပါတယ်။


"ဇန်နဝါရီ (၁၅) ရက်နေ့ နံနက် (:၅၀) နာရီတွင် နောင်ကုန်းရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားသော နေရာအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်()ဦးသေဆုံးခဲ့ပါတယ်။ နေ့လယ်(:၁၅)နာရီနှင့် (:၄၃)နာရီတို့တွင် လယ်ဝိုင်းကြီးရွာသစ်ရှိ စစ်ကောင်စီတပ်ဖွဲ့အား ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ အလားတူ ဇန်နဝါရီ(၁၃)ရက်နေ့ကလည်း နံကျောက်ကြီး- နတ်သံကွင်း လမ်းပေါ် ဘုံသတောတံတားရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား()ဦးနှင့် ပျူ‌စောထီး() ဦး သေဆုံးခဲ့ပါတယ်။


ဇန်နဝါရီ(၁၄)ရက်နေ့ကမူပျက်စီးသွားသည့် ဘုံသတောတံတားကို လာရောက်ပြင်ဆင်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအား နံနက် (:၄၄)နာရီ၊ (:၀၀)နာရီ၊ နေ့လယ် (:၁၀)နာရီနှင့် ညနေ (:၅၀)နာရီတို့တွင် ဒရုန်းဖြင့် ()ကြိမ် တိုက်ခိုက်ခဲ့ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်()သေဆုံးခဲ့ပြီး ()ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။ ထို့ပြင် ဇန်နဝါရီ(၁၄)ရက်နေ့ ညနေ(:၁၅)တွင် PDF တပ်ရင်း ၃၇၀၂၊ မြေပြင်တပ်ဖွဲ့ တပ်ခွဲ က ပဲနွယ်ကုန်း-နတ်သံကွင်း လမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ ထောက်ပို့အသုံးပြုနေသော နရွဲပင်တံတားကို ဖောက်ခွဲဖျက်စီးခဲ့ပါသေးတယ်။


========================


📌📌 ၈။ ရွှေဘိုခရိုင်ရဲမှုးနေအိမ် ဗုံးပစ်တိုက်ခိုက်ခံရ


စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ရဲမှုးနေအိမ် ဗုံးပစ်ခံရတယ်လို့ဆိုပါတယ်။ ဇန်နဝါရီ ၁၅ ရက်နေ့ မနက် နာရီ၃၀အချိန်မှာ Flying Dragon Force မှ ဗုံးပစ်တိုက်ခိုက်ခဲ့တယ်။


"အကြမ်းဖက်စစ်ကောင်စီဦးဆောင်တဲ့တရားမ၀င်ရွေးကောက်ပွဲကို ဆန့်ကျင်သောအနေ့ဖြင့်ရွှေဘိုခရိုင်ရဲမှုးနေအိမ်အားယနေ့မနက် Flying Dragon Forceမှ သံပုရာသီတစ်လုံး၀င်ရောက်ကျွေးခဲ့တယ်"လို့ဆိုပါတယ်။ စစ်ဆင်ရေးဆောင်ရွက်သူများပြည်သူများ၏ပို့သသောမေတ္တာကြောင့် အထိခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၉။ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီ ထောက်ခံသူ မိသားစုဝင် ရှစ်ဦးကို ပျူစောထီးများကသတ်ဖြတ်ခဲ့


ကန့်ဘလူမြို့နယ်၊ ငါးမြောင်ရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီ ထောက်ခံသူ မိသားစုဝင် ရှစ်ဦးကို ပျူစောထီးများကသတ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ ဇန်နဝါရီ ၁၅ ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ကဖော်ပြပါတယ်။


"စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီ ထောက်ခံသူ မိသားစုဝင် ရှစ်ဦးအား ယင်းဒေသရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီး တပ်ဖွဲ့များ ဇန်နဝါရီ ၁၄ ရက် နေ့မနက် နာရီ ၃၀ မိနစ်က ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်များအရ သိရပါတယ်။ယင်းနေ့ မနက်ပိုင်းက ကျေးရွာနေ NLD ပါတီ ထောက်ခံသည့် ဦးကျော်လှိုင်နှင့် ဒေါ်မြညွှန့်တို့ နှစ်ဦးအပါအဝင် မိသားစုဝင် ရှစ်ဦးအား ဓားဖြင့် မွှမ်းထားသည့် ဒဏ်ရာများအပြင် လည်ပင်း ပြတ်ရှ ဒဏ်ရာများနဲ့တွေ့ရရှိခြင်းဖြစ်တယ်"လို့ဖော်ပြပါတယ်။


သေဆုံးသူများမှာ ဦးကျော်လှိုင် + ဒေါ်မြညွန့် (၇၀ နှစ်) ဦးတင်မျိုးဝင်း (၄၅ နှစ်ဝန်းကျင်) ဒေါ်နှင်းမြခိုင် (၄၀ နှစ် ဝန်းကျင်) မစုမြတ်စံ (၁၅ နှစ်) မသိမ့်ရွှေဘုံစံ (၁၂ နှစ်) သားဖြစ်သူ ခန့်ဇေယျာမျိုး ( နှစ်) အမဖြစ်သူ ဒေါ်နှင်းမြလှိုင် (၄၂ နှစ်) တို့ ဖြစ်ကြပါတယ်။ သတ်ဖြတ်ခံခဲ့ရသူများ၏ နေအိမ်၌ ဒေသ NLD ပါတီရုံးဖွင့်ထားတယ်လို့ဆိုပါတယ်။


သတ်ဖြတ်မှုအများစုအား ဒေသခံ ပျူစောထီးတပ်ဖွဲ့များက ကျူးလွန်ခဲ့ခြင်းဖြစ်ကာ မိသားစုဝင် ရှစ်ဦးအား တစ်ပြိုင်တည်း ရက်စက်စွာ သတ်ဖြတ်ခဲ့သည့်အပြင် နေအိမ်ရှိ တန်ဖိုးကြီး ရွှေကဲ့သို့သော လက်ဝတ်ရတနာများအပြင် ငွေများကိုပါ ယူ ဆောင်သွားကြောင်း မြေပြင်သတင်းပေးပို့ချက်များအရ သိရတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၁၀။ မိုးကုတ်မြို့နယ်ပကဖမှ သင်တန်းအပတ်စဉ် ၃ အတွက် ရဲဘော်သစ်များ‌ ခေါ်ယူ


မိုးကုတ်မြို့နယ်ပကဖမှ သင်တန်းအပတ်စဉ် အတွက် ရဲဘော်သစ်များ‌ ခေါ်ယူနေတယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီလအတွင်းမှာ မိုးကုတ်မြို့နယ်ပကဖ ကအသိပေးဖော်ပြပါတယ်။


"မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သည် အခြေခံစစ်ပညာ သင်တန်းအမှတ်စဥ်၂ကို အောင်မြင်စွာလေ့ကျင့်သင်ကြားခဲ့ပြီးဖြစ်ပါတယ်။ သင်တန်းဆင်းရဲဘော်များလည်းပေးအပ်ထားသော တာဝန်များကိုထမ်းဆောင်နေကြပြီ ဖြစ်ပါတယ်။ယခုအခါ သင်တန်းအပတ်စဉ် ၃ကိုစီစစ်သင်ကြားပေးမည်ဖြစ်၍ တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ထမ်းဆောင်လိုသော ရဲဘော် ရဲဘက်များ အနေဖြင့် လျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်"လို့ဖော်ပြပါတယ်။


လျှောက်ထားလိုသူများအနေနဲ့ အသက် ၁၈ နှစ်မှ ၅၀ နှစ်အတွင်း ကျန်းမာရေးကောင်းမွန်သူ နွေဦးတော်လှန်ရေးအောင်မြင်သည့်အထိ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌 ၁၁။ ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူလမ်းကို ခရီးသည်တင်ယာဥ်များ လုံးဝသွားလာခြင်းမပြုရန် KNU ဒူးပလာယာခရိုင်က တားမြစ်စာထုတ်


ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူလမ်းကို ခရီးသည်တင်ယာဥ်များ လုံးဝသွားလာခြင်းမပြုရန် KNU ဒူးပလာယာခရိုင်က တားမြစ်စာထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီ ၁၆ ရက်နေ့ ရက်စွဲနဲ့ KNU ဒူးပလာယာခရိုင် ရဲ့ အတွင်းရေးမှူး ပဒိုစောလစ္စတန် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။


တားမြစ်စာအရ ကြာအင်းဆိပ်ကြီးနယ်မြေအတွင်းတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသောကြောင့် ခရီးသည်များအတွက် တားမြစ်ခြင်းခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ထို့အတွက် ဇန်နဝါရီလ ၁၆ ရက်ကနေ ဇန်နဝါရီ ၂၃ ရက်နေ့အထိ  ခရီးသည်တင်ယာဉ် ကြာအင်းဆိပ်ကြီး နဲ့ ဘုရားသုံးဆူလမ်းကို ခရီးသည်တင်ယာဥ်များ လုံးဝသွားလာခြင်းမပြုရန် သတိပေးတားမြစ်ထားပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment