19th JAN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အာဏာသိမ်းမှုကြောင့် မျိုးဆက်သစ် ရင်သွေးတွေအတွက် ပညာရေး လျှောက်လမ်းတွေ ပျက်စီးယိုယွင်းခဲ့ရတယ်လို့ ယာယီသမ္မတပြောကြား

📌 ၂။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ သံအမတ်နေရာ စစ်ကောင်စီကိုယ်စားပြုခွင့်မရဘဲ လစ်လပ်နေရာအဖြစ်သာ ဆက်လက်ကျင့်သုံးမယ်

📌 ၃။ ရေဦးနယ်မှာ ခရစ်ယာန်ဘုန်းကြီးကျောင်းနှင့် ဗုဒ္ဓဘာသာ ဗိမာန်တော်ကိုမီးရှို့ဖျက်ဆီးတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရင်းများကို NUG ထုတ်ပြန်

📌 ၄။ နွေဦးတော်လှန်ရေးမှာ ပြည်သူအစွမ်းသာအဓိကလို့ ဦးမင်းကိုနိုင်ပြောကြားလိုက်

📌 ၅။ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ၁၀၆ အကြမ်းဖက် စစ်တပ်ပိုင် မြေနေရာမှာတည်ဆောက်မယ့်အခန်းပေါင်း ၈၅၀ ပါဝင်တဲ့ ရဲရင့်နွေဦး ကွန်ဒိုကို နိုင်ငံခြားသားများလည်း ဝယ်ယူနိုင်

📌 ၆။ မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ  ရင်းငြိမ်ကျေးရွာ ပျူစောထီးခေါင်းဆောင်နေအိမ်သို့ဝင်စီးရာ ထွက်ပြေးလွတ်မြောက်သွားသော်လည်း SOF တပ်ဖွဲ့ကသေနတ်တစ်လက်သိမ်းဆည်းရမိ

📌 ၇။ အင်းတော်မြို့စကစရဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးအား ပြောက်ကျားအဖွဲ့တစ်ခုမှ လက်လုပ်မိုင်း လုံးဖြင့် ပစ်ခတ်

📌 ၈။ အရာတော် - မုံရွာလမ်းပေါ်မှ ကုန်သယ်ကားတစီးတွင် စစ်ကောင်စီနှင့် ဆက်စပ်ထုတ်ကုန်များ သိမ်းဆည်းရမိ၍ အရာတော် ပကဖက မီးရှို့ဖျက်ဆီး

📌 ၉။ တန့်ဆည်မြို့နယ် အင်္ကုက္ကားဘက်မှဆင်ငယ်ကျေးရွာဘက်သို့ကင်းပုန်းလာဝပ်သောပျူများကို ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်၍ အပြင်းအထန်ဒဏ်ရာရ

📌 ၁၀။ ကသာမြို့နယ်၊မိုးတားလေး ကျေးရွာ အောက်ပိုင်းသို့ စကစတပ် မှ လေယာဉ် () စီးဖြင့်ဗုံး၅လုံးထက်မနည်းကြဲချ၍ ထိခိုက်သေဆုံးသူများရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အာဏာသိမ်းမှုကြောင့် မျိုးဆက်သစ် ရင်သွေးတွေအတွက် ပညာရေး လျှောက်လမ်းတွေ ပျက်စီးယိုယွင်းခဲ့ရတယ်လို့ ယာယီသမ္မတပြောကြား


စစ်အာဏာသိမ်းမှုကြောင့် မျိုးဆက်သစ် ရင်သွေးတွေအတွက် ပညာရေး လျှောက်လမ်းတွေ ပျက်စီးယိုယွင်းခဲ့ရတယ်လို့ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။ ဇန်နဝါရီလ (၁၇) ရက် အစိုးရအဖွဲ့အစည်းအဝေးမှာယာယီသမ္မတ ဒူဝါလရှီးလကဆိုပါတယ်။


"၂၀၂၁ စစ်အာဏာသိမ်းမှုဟာ ကိုဗစ်ရောဂါ ကပ်ဘေးအတွင်းမှာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုဖြစ်ပါတယ်။ ဒီစစ်အာဏာသိမ်း ရာဇဝတ်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ပြည်သူလူထုရဲ့ အထွေထွေ စားဝတ်နေရေးနဲ့ ကျန်းမာရေး အဆင့်အတန်းဟာ ထိုးဆိုက် ကျဆင်းလာခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ကို ဦးဆောင်မယ့် မျိုးဆက်သစ် ရင်သွေးတွေအတွက် ပညာရေး လျှောက်လမ်းတွေ ပျက်စီးယိုယွင်းခဲ့ပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံရေးပြဿနာနဲ့ လက်နက်ကိုင် အကျပ်အတည်းတွေကြားထဲမှာ ပျက်စီးယိုယွင်းသွားတဲ့ ပြည်သူ့ဘဝတွေ မြောက်မြားစွာ ရှိတယ်လို့လည်း ယာယီသမ္မတကဆိုပါတယ်။


========================


📌📌 ၂။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ သံအမတ်နေရာ စစ်ကောင်စီကိုယ်စားပြုခွင့်မရဘဲ လစ်လပ်နေရာအဖြစ်သာ ဆက်လက်ကျင့်သုံးမယ်


ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ သံအမတ်နေရာ စစ်ကောင်စီကိုယ်စားပြုခွင့်မရဘဲ လစ်လပ်နေရာအဖြစ်သာ ဆက်လက်ကျင့်သုံးမယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၁၈ ရက် NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကို ဆက်သွယ်မေးမြန်းရာမှာ radio NUGအတည်ပြုဆိုပါတယ်။


ဒီဟာက အခုမှ ချတာမဟုတ်ပါဘူး။ အရင်ကတည်းက အထွေထွေညီလာခံမှာ ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့အတွက် ဆုံးဖြတ်တယ်။ ဒါပေမယ့် လူ့အခွင့်အရေးကောင်စီမှာ ဘယ်သူမှ မတက်ဖို့ ဆုံးဖြတ်ထားတာ အရင်တုန်းက ချထားခဲ့တဲ့ ဆုံးဖြတ်ချက်ကိုပဲ ဆက်လက်ပြီးတော့ ကျင့်သုံးမယ်လို့ကြေငြာတာဖြစ်ပါတယ်


ဇန်နဝါရီ ၁၇ ရက်ကကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အမြဲတမ်းကိုယ်စားလှယ်သံအမတ်နေရာကို နိုင်ငံကိုယ်စားပြုခွင့်ပေးမည်မဟုတ်ဘဲ ယမန်နှစ်အတိုင်း လစ်လပ်အဖြစ်ဆက်လက်ကျင့်သုံးမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါနေရာကို စစ်ကောင်စီကရရှိရန် ကြိုးပမ်းခဲ့တယ်လို့လည်း သတင်းရရှိပါတယ်။


========================


📌📌 ၃။ ရေဦးနယ်မှာ ခရစ်ယာန်ဘုန်းကြီးကျောင်းနှင့် ဗုဒ္ဓဘာသာ ဗိမာန်တော်ကိုမီးရှို့ဖျက်ဆီးတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရင်းများကို NUG ထုတ်ပြန်


စစ်ကိုင်းတိုင်းရေဦးနယ်မှာ ခရစ်ယာန်ဘုန်းကြီးကျောင်းနှင့် ဗုဒ္ဓဘာသာ ဗိမာန်တော်ကိုမီးရှို့ဖျက်ဆီးတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရင်းများကို NUG ထုတ်ပြန်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၈ ရက်နေ့မှာ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ဖော်ပြပါတယ်။


"စစ်ကိုင်းတိုင်းဒေသကြီး၊ရေဦးမြို့နယ်၊ချမ်းသာ ကျေးရွာမှ နှစ်ပေါင်း ၁၀၀ကျော် သက်တမ်းရှိ  ဗုဒ္ဓဘာသာ ဗိမာန်တော်ကြီးအပါအဝင် လူနေအိမ်များကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။အထက်ပါ ဘာသာရေးဆိုင်ရာသမိုင်းဝင်အမွေအနှစ်များအပါအဝင် လူနေအိမ်ခြေများကို မီးရှို့ဖျက်စီးအကြမ်းဖက်ခဲ့သူများမှာ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အခြေစိုက်၊အမှတ်(၃၆၄) ၊ခြေမြန်တပ်ရင်း နှင့် ရန်ကုန်တိုင်းမှော်ဘီအခြေစိုက် အမှတ်(၇၀၁) ခြေမြန်တပ်ရင်း ၊၇၀၃၊၇၀၄ နှင့် ခလရ  ၃၆၁ နှင့် ၃၆၉ တပ်ရင်းများမှ အင်အား ၁၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်၏ စစ်သားများဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။


ရေဦးမြို့နယ်၊ ချမ်းသာရွာအား ဝင်ရောက် မီးရှို့ အကြမ်းဖက်မှုသည် ယခုအကြိမ်အပါအဝင် လေးကြိမ်ရှိပြီဖြစ်ကြောင်းသိရပါတယ်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့အသိပေးဆိုပါတယ်။


========================


📌📌 ၄။ နွေဦးတော်လှန်ရေးမှာ ပြည်သူအစွမ်းသာအဓိကလို့ ဦးမင်းကိုနိုင်ပြောကြားလိုက်


နွေဦးတော်လှန်ရေးမှာ ပြည်သူအစွမ်းသာအဓိကလို့ ဦးမင်းကိုနိုင်ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၁၈ ရက်မှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကဆိုပါတယ်။


"ပြည်သူတစ်ဦးချင်းစီရဲ့ တန်ဖိုးတွေတခုချင်းပေါင်းကြည့်ပါ။မိမိနှိပ်လိုက်တဲ့ကလစ်တစ်ချက်၊ လိုင်းပေါ်တင်လိုက် shareလိုက်တဲ့postတခု၊အခိုင်မာရေးလိုက်တဲ့ comment တစ်ကြောင်း၊ သွေးစွန်းငွေလှုပ်ရှားမှုမျိုးမှာပါလိုက်တဲ့လုပ်အားတစ်ခု၊ သက်ရောက်မှုတွေက ကမ္ဘာကြီးကိုရော ဆိုင်ရာအဖွဲ့အစည်းတိုင်းကိုပါ လစ်လျူရှုမရ အရေးကြီးကိစ္စတွေမှာ ပြန်သုံးသပ် ပြန်ဆုံးဖြတ်ရအောင် စွမ်းနိုင်ခဲ့တာလက်တွေ့ပါ။

မနေ့တစ်နေ့ကပဲ ကြည့်    ဖက်ဆစ်တပ်စစ်ကောင်စီကအိမ်ရှင်တက်လုပ် ပဏ္ဏာယူဖို့အားခဲထားတဲ့ဒေသတွင်းအစည်းဝေး ဖိတ်ကြားချက်အပေါ် စစ်ကောင်စီမျှော်လင့်တဲ့တုန့်ပြန်မှုမရခဲ့တာ ဒီအတွက်ဆတ်ဆတ်ခါနာရခြင်းကအစ ပြည်သူ့အစွမ်းသာအဓိကပါ။NUG အစိုးရကိုငါတို့စွမ်းသမျှထောက်ခံပြရမယ်ဆိုတဲ့အသိနဲ့ ကူကြဝန်းကြတာ အခုနောက်ဆုံး ရဲရင့်နွေဦး ကွန်ဒိုနဲ့တိုက်ခန်းတွေ ကိုအားပေးကြတာ ချက်ချင်းကြိုပွိုင့် ၅၀၀စာရင်းသွင်းကြတာအဆုံး  အားလုံးအောင်ပါတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများပေါ်ပေါက်ခဲ့ပြီး ယနေ့တိုင် လူထုသပိတ်များ ဆင်နွှဲနေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၅။ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ၁၀၆ အကြမ်းဖက် စစ်တပ်ပိုင် မြေနေရာမှာတည်ဆောက်မယ့်အခန်းပေါင်း ၈၅၀ ပါဝင်တဲ့ ရဲရင့်နွေဦး ကွန်ဒိုကို နိုင်ငံခြားသားများလည်း ဝယ်ယူနိုင်


ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ၁၀၆ အကြမ်းဖက် စစ်တပ်ပိုင် မြေနေရာမှာတည်ဆောက်မယ့်အခန်းပေါင်း ၈၅၀ ပါဝင်တဲ့ ရဲရင့်နွေဦး ကွန်ဒိုကို နိုင်ငံခြားသားများလည်း ဝယ်ယူနိုင်မယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၁၈ ရက် ရဲရင့်နွေဦး ကွန်ဒိုနဲ့ပတ်သက်လို့ EOD ကအသိပေးဖော်ပြချက်အရသိရပါတယ်။


"ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ၁၀၆ အကြမ်းဖက် စစ်တပ်ပိုင် မြေနေရာကို ဥပဒေနဲ့ အညီသိမ်းယူပြီး ကွန်ဒိုတိုက်ခန်းများဆောက်လုပ်မှာဖြစ်ပါတယ်။ စတင်ရောင်းချမည့် နေ့ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်ဟု သတ်မှတ်ထားပါတယ်။အခန်းပေါင်း ၈၅၀ ခန့် ရောင်းချပေးမှာ ဖြစ်ပြီး။ အခန်းအမျိုးအစား အလိုက် အရေအတွက် အပြောင်းအလဲ ရှိနိုင်ပါတယ်။နိုင်ငံခြားသားများလည်း ဝယ်ယူနိုင်ပြီး တော်လှန်ရေးအလွန် ကာလတွင် နွေဦးရန်ကုန် မြေကွက်/တိုက်ခန်းများအား နိုင်ငံခြားသား ပိုင်ဆိုင်မှု ခွင့်ပြုသည့် သီးသန့် အမိန့်ဒီဂရီ ဥပဒေများ ပြဌာန်းပေးမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဝယ်ယူလိုသူများအနေနဲ့ ကွန်ဒိုတိုက်ခန်း တန်ဖိုး၏ ၄၀% ကို တော်လှန်ရေး ကာလအတွင်း ပေးချေပြီး၊ ကျန် ၆၀% ကို တော်လှန်ရေးလွန် ကာလတွင် ပေးချေ ရမှာဖြစ်ပါတယ်။


========================


📌📌 ၆။ မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ  ရင်းငြိမ်ကျေးရွာ ပျူစောထီးခေါင်းဆောင်နေအိမ်သို့ဝင်စီးရာ ထွက်ပြေးလွတ်မြောက်သွားသော်လည်း SOF တပ်ဖွဲ့ကသေနတ်တစ်လက်သိမ်းဆည်းရမိ


မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ  ရင်းငြိမ်ကျေးရွာ ပျူစောထီးခေါင်းဆောင်နေအိမ်သို့ဝင်စီးရာ ထွက်ပြေးလွတ်မြောက်သွားသော်လည်း SOFတပ်ဖွဲ့ကသေနတ်တစ်လက်သိမ်းဆည်းရမိခဲ့ပါတယ်။ ဇန်နဝါရီ ၁၈ ရက်မှာ S.O.F တပ်ဖွဲ့က စစ်ရေးသတင်းကိုအတည်ပြုဆိုပါတယ်။


"နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးအဖြစ် မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ  ရင်းငြိမ်ကျေးရွာ ပျူစောထီးခေါင်ဆောင် ကျားကြီးအား S.O.F တပ်ဖွဲ့ဝင်များမှ ၄င်း၏နေအိမ်တွင် ဝင်ရောက်စီးနင်းခဲ့ပါတယ်။မိသားစုဝင်များကို အကာအကွယ်ယူ၍ ပျူခေါင်းဆောင်မှာလွတ်မြောက်သွားခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


ထို့နောက် ၄င်းမိသားစုဝင်များအား မေးမြန်းစုံစမ်းကာ လွတ်ရာသို့ရှောင်တိမ်းခိုင်းခဲ့ပြီး ၄င်းနေအိမ်ရှိ ရိုင်ဖယ်အမျိုးအစားသေနတ်တစ်လက်နှင့် ကျည်အိမ်တစ်ခု၊ ကျည်ဆယ်တောင့်အား ရှာဖွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ၎င်းပျူခေါင်းဆောင်ကျားကြီးသည် ဒေသခံပြည်သူများ၊လူငယ်များနှင့် CDM ဝန်ထမ်းများအား မတရားသဖြင့် ခြိမ်းခြောက်ခြင်း၊ မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ ငွေကြေးတောင်းခံခြင်းများ ဆောင်ရွက်လျှက်ရှိပြီး၊ အကြမ်းဖက် စကစနှင့်ပူးပေါင်း၍ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။


========================


📌📌 ၇။ အင်းတော်မြို့စကစရဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးအား ပြောက်ကျားအဖွဲ့တစ်ခုမှ လက်လုပ်မိုင်း လုံးဖြင့် ပစ်ခတ်


အင်းတော်မြို့စကစရဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးအား ပြောက်ကျားအဖွဲ့တစ်ခုမှ လက်လုပ်မိုင်း လုံးဖြင့် ပစ်ခတ်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၇ ရက် ညနေပိုင်း နာရီအချိန်တွင် အင်းတော်မြို့ ရွေးကောက်ပွဲ ကော်မရှင်ရုံးအား ပြောက်ကျားအဖွဲ့တစ်ခုမှ လက်လုပ်မိုင်း လုံးနဲ့ပစ်ခတ်သွားတယ်လို့ အင်းတော် IR Team ကအတည်ပြုဆိုထားပါတယ်။


ဇန်နဝါရီ ၁၈ ရက် ညနေပိုင်း နာရီအချိန်တွင် အင်းတော်မြို့ ရွေးကောက်ပွဲ ကော်မရှင်ရုံးအား ပြောက်ကျားအဖွဲ့တစ်ခုမှ လက်လုပ်မိုင်း၂လုံးဖြင့် ပစ်ခတ်ခဲ့ပါတယ်။ လက်လုပ်မိုင်းဖြင့် ပစ်ခံရပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


စကစတပ်ဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်မှာ အင်းတော်သင်္ချိုင်းကုန်း ဘက်သို့ ၂လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အင်းတော်မြို့စျေးအရှေ့ပေါက်ကိုလည်း ၁လုံးကျရောက်ပေါက်ကွဲခဲ့ကာ ၃နှစ်အရွယ်ကလေးနှင့် အသက်၃၀ ဝန်းကျင် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ အရာတော် - မုံရွာလမ်းပေါ်မှ ကုန်သယ်ကားတစီးတွင် စစ်ကောင်စီနှင့် ဆက်စပ်ထုတ်ကုန်များ သိမ်းဆည်းရမိ၍ အရာတော် ပကဖက မီးရှို့ဖျက်ဆီး


အရာတော် - မုံရွာလမ်းပေါ်မှ ကုန်သယ်ကားတစီးတွင် စစ်ကောင်စီနှင့် ဆက်စပ်ထုတ်ကုန်များ သိမ်းဆည်းရမိ၍ အရာတော် ပကဖက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဇန်နဝါရီ ၁၈ ရက်မှာ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးဆိုပါတယ်။


"အရာတော် - မုံရွာလမ်းပေါ်မှ ကုန်သယ်ကားတစီးတွင် စစ်ကောင်စီနှင့် ဆက်စပ်ထုတ်ကုန်များဖြစ်သည့် Super Coffeemix နှင့် အခြားကုန်ခြောက်ပစ္စည်းများကို စစ်ဆေးတွေ့ရှိရသဖြင့် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်အတူ  သိမ်းယူ၍ ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။ စစ်ကိုင်းတိုင်းမှာ အကြမ်းဖက် စစ်တပ်ထုတ်ကုန်ဖြစ်သော မြန်မာဘီယာ၊မိုင်တဲဆင်းကတ်၊ငွေဖြည့်ကတ် စတဲ့ ထုတ်ကုန်များကို ရောင်းဝယ် ဖောက်ကားသယ်ဆောင်ခွင့်တားမြစ်ပိတ်ပင်ထားပါတယ်။


========================


📌📌 ၉။ တန့်ဆည်မြို့နယ် အင်္ကုက္ကားဘက်မှဆင်ငယ်ကျေးရွာဘက်သို့ကင်းပုန်းလာဝပ်သောပျူများကို ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်၍ အပြင်းအထန်ဒဏ်ရာရ


စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အင်္ကုက္ကားဘက်မှဆင်ငယ်ကျေးရွာဘက်သို့ကင်းပုန်းလာဝပ်သောပျူများကို ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်၍ အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။ ဇန်နဝါရီ ၁၈ ရက်မှာ စစ်ရေးသတင်းကို Guerrilla Warfare- K.P.K ကအသိပေးဖော်ပြပါတယ်။


"ဇန်နဝါရီ၁၈ရက်မနက်၁၀ နာရီအချိန်အင်္ကုက္ကားဘက်မှဆင်ငယ်ကျေးရွာဘက်သို့ကင်းပုန်းလာဝပ်သောပျူ ငါးဦးအားကျွန်ုပ်တို့ Guerrilla Warfare- K.P.KTSRTaze Tiger PLAတို့မှ ပူးပေါင်း၍ပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ထိတွေ့မှုဖြစ်စဥ်မှာပျူတစ်ဦး လက်တစ်ဖက်အပြင်းအထန်ထိခိုက်ကာ ကျန်တစ်ဦးမှာလည်း စိုးရိမ်ရ ထိခိုက်ဒဏ်ရာများနဲ့ဆေးရုံပေါ်ကုသနေရတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၁၀။ ကသာမြို့နယ်၊မိုးတားလေး ကျေးရွာ အောက်ပိုင်းသို့ စကစတပ် မှ လေယာဉ် () စီးဖြင့်ဗုံး၅လုံးထက်မနည်းကြဲချ၍ ထိခိုက်သေဆုံးသူများရှိ


စစ်ကိုင်းတိုင်း ကသာမြို့နယ်၊မိုးတားလေး ကျေးရွာ အောက်ပိုင်းသို့ စကစတပ် မှ လေယာဉ် () စီးဖြင့်ဗုံး၅လုံထက်မနည်းကြဲချ၍ ထိခိုက်သေဆုံးသူများရှိတယ်လို့ သတင်းရရှိပါတယ်။ ဇန်နဝါရီ ၁၈ ရက် ညနေ (:၁၅) အချိန်မှာ ၊မိုးတားလေး ကျေးရွာ အောက်ပိုင်းသို့ စကစ မှ လေယာဉ် () စီးဖြင့်ဗုံးကြဲချသွားတာလို့ ကသာပအဖကအတည်ပြုထားပါတယ်။


"ကသာမြို့နယ်၊မိုးတားလေး ကျေးရွာ အောက်ပိုင်းသို့ စကစ မှ လေယာဉ် () စီးဖြင့် ညနေ (:၁၅) နာရီ၌ ဗုံး () လုံးထက်မနည်း လာကျဲသွားပါတယ်။တိုက်ပွဲလုံးဝ မရှိပါ။ အိမ်အချို့ မီးလောင်နေတယ်လို့ ကနဦးသတင်းရရှိပါတယ်"လို့ဆိုပါတယ်။ ဗုံးကြဲသောနေရာသည် တိုက်ပွဲဖြစ်ပွါးရာနေရာမဟုတ်ဘဲ တိုက်ပွဲဖြစ်ပွါးရာနေရာဟာ  မိုးတားလေးရွာထိပ် ရွာနှင့်အလှမ်းဝေးပြီးဗုံးကြဲ ခံရသောနေရာသည် ရွာအမြီးဖြစ်တယ်လို့သိရပါတယ်။


ဇန်နဝါရီ ၁၈ ရက် နံနက် (၁၁:၁၅) မှ စ၍ ABSDF ဦးဆောင်သော ပူးပေါင်းတပ်များနှင့် စကစ တို့ ထိတွေ့တိုက်ပွဲ တစ်နေကုန်နီးပါး ဖြစ်နေပြီး စကစ ဘက်မှ အထိနာ‌လာသောကြောင့် ရမ်းသမ်း လေယာဉ်ဖြင့် ဗုံးလာကြဲခြင်းဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါ စကစတပ်လေယာဥ်ဟာ လူအုပ်အတွင်းနဲ့ အရပ်သားနေအိမ်များရှိရာသို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးသေဆုံးသူအရေအတွက်ကို စုံစမ်းနေဆဲပြီး သတင်းထွက်ပေါ်ချက်အရ အရပ်သားကိုးဦးထက်မနည်းသေဆုံးတယ်လို့ကြားသိရပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment