15th APL 2023 - Morning Daily News by Radio NUG



၂၀၂၃ ဧပြီလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကန့်ဘလူ ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ဧပြီ ၁၄ရက်နေ့အထိ သေဆုံးသူ ၁၇၀ နီးပါးရှိနေ

📌 ၂။ စစ်မျက်နှာတိုင်းမှာ စစ်ကောင်စီစစ်ကြောင်းတွေ အထိနာ၊ တပ်လန်သွားအောင် တော်လှန်ရေး ရဲဘော်တွေ စွမ်းဆောင်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးက ချီးကျူးဂုဏ်ပြု

📌 ၃။ ပြည်သူတွေအနေနဲ့ အာဏာရှင်အကြမ်းဖက်စစ်တပ်ကို အားသွန်ခွန်စိုက် ဆက်လက်တိုက်ထုတ်သွားမယ်လို့ အပြည့်အဝ ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား

📌 ၄။ ကန့်ဘလူမြို့နယ်တွင်ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အီတလီနိုင်ငံ၊ TG1 National Television Channel နှင့် ပြည်ထောင်စု၀န်ကြီး ဒေါ်ခင်မမျိုးတွေ့ဆုံ

📌 ၅။ စစ်တပ်က ပဇီကြီးကျေးရွာရှိ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ လေကြောင်းဖြင့် တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုမြောက်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၆။ ပဇီကြီး ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကြောင့် အနီးအနားကျေးရွာ()ရွာမှ တိမ်းရှောင်နေရသည့် လူဦးရေ (,၀၀၀) ကျော်ခန့်ရှိလာ

📌 ၇။ သပိတ်ကျင်းဘက်မှ တက်လာသောစကစများ လိုက်ပါလာတဲ့ ဖောကား၇ စီး တကောင်းပကဖ က မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်များထိခိုက်သေဆုံးမှုရှိ

📌 ၈။ တနင်္သာရီမြို့နယ်၊ သဲဖြူကျေးရွာသို့  စစ်ကြောင်းထိုးလာပြီး ယာယီတပ်စွဲထားတဲ့ စကစတပ်များ ကာကွယ်ရေးတပ်နဲ့ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးအကြမ်းဖက် စကစတပ်ဖက်မှ အနည်းဆုံး(၂၀)ကျော် သေဆုံးနိုင်

📌 ၉။ သင်္ကြန်အကျနေ့ စစ်ကိုင်းမြို့နယ်က ဗဟိုမဏ္ဍပ်မှာဗုံးပေါက်ကွဲ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကန့်ဘလူ ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ဧပြီ ၁၄ရက်နေ့အထိ သေဆုံးသူ ၁၇၀ နီးပါးရှိနေ


စစ်ကိုင်းတိုင်း၊ ကန့်ဘလူ ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ဧပြီ ၁၄ရက်နေ့အထိ သေဆုံးသူ ၁၇၀ နီးပါးရှိနေပြီ ဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က Twitterမှာ ဖော်ပြအသိပေးထားပါတယ်။


"ဧပြီလ ၁၄ ရက်နေ့အထိ သေဆုံးသူ ၁၇၀ နီးပါးရှိနေပြီဖြစ်တယ်"လို့ဆိုထားပါတယ်။


အဆိုပါ ပဇီကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ တရားမျှတမှုရရှိတဲ့အထိ ပြန်လည်ဖော်ဆောင်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောကြားထားပါတယ်။


ဧပြီ၁၁ရက်နေ့ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ အမျိုးသမီးနဲ့ကလေးငယ်များ အများဆုံးပါဝင်ခဲ့ပါတယ်။


========================


📌📌 ၂။ စစ်မျက်နှာတိုင်းမှာ စစ်ကောင်စီစစ်ကြောင်းတွေ အထိနာ၊ တပ်လန်သွားအောင် တော်လှန်ရေး ရဲဘော်တွေ စွမ်းဆောင်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးက ချီးကျူးဂုဏ်ပြု


စစ်မျက်နှာတိုင်းမှာ စစ်ကောင်စီစစ်ကြောင်းတွေ အထိနာ၊ တပ်လန်သွားအောင် တော်လှန်ရေး ရဲဘော်တွေ စွမ်းဆောင်နိုင်ခဲ့တယ်လို့  ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဧပြီ၁၃ရက်မှာ PDFရဲဘော်များသို့ မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောပါတယ်။


"ဒီကနေ့ စစ်ရေးအခြေအနေကို ကြည့်ရင် အကြမ်းဖက်စစ်ကောင်စီဟာ သူရဲ့ သေရေးရှင်ရေး အတွက် လက်ကျန်အင်အားကို စုပြီး မြေပြင်ထိုးစစ်တချို့ လုပ်နေတာ တွေ့ရမယ်။ အထူးသဖြင့် ကရင်နီ၊ စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ ကရင်ဒေသတွေမှာဖြစ်တယ်။ သို့သော် သူ့ရဲ့ထိုးစစ်အားလုံးဟာ သဲထဲရေသွန်ချည်းပဲ။ စစ်မျက်နှာတိုင်းမှာ စစ်ကောင်စီစစ်ကြောင်းတွေ အထိနာ၊ တပ်လန်သွားအောင် တော်လှန်ရေး ရဲဘော်တွေ စွမ်းဆောင်နိုင်ခဲ့ကြတယ်"လို့ဆိုပါတယ်။


ပြည်သူ့ခုခံတွန်းလှန်စစ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် (၂၉၆၅၀)ဦး သေဆုံးပြီး (၁၁၂၃၀)ဦး ထိခိုက်ဒဏ်ရာ ရသည် အထိ ချေမှုန်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ ပြည်သူတွေအနေနဲ့ အာဏာရှင်အကြမ်းဖက်စစ်တပ်ကို အားသွန်ခွန်စိုက် ဆက်လက်တိုက်ထုတ်သွားမယ်လို့ အပြည့်အဝ ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား


ဧပြီ ၁၃ရက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာမှ  အတာသင်္ကြန်အတွက် ဆုတောင်းနှုတ်ဆက်စကားမှာ ထည့်သွင်းပြောပါတယ်။


"အာဏာရှင်စနစ်ဆိုးအောက်မှာ သင်္ကြန်ကျရောက်ရတာ ဒီနှစ်နောက်ဆုံးဖြစ်ပါစေလို့ ပထမဦးစွာ ဆုတောင်းလိုက်ပါတယ်။ သင်္ကြန်ရဲ့ အနှစ်သာရဖြစ်တဲ့ နှစ်ဟောင်းက အညစ်အကြေးတွေကို မောင်းထုတ်စွန့်ပစ်ပြီး နှစ်သစ်မှာ ပိုမိုစုစည်းပြီး ပိုမိုအင်အားကောင်းတဲ့ ပြည်သူတွေအနေနဲ့ အာဏာရှင်အကြမ်းဖက်စစ်တပ်ကို အားသွန်ခွန်စိုက် ဆက်လက်တိုက်ထုတ်သွားမယ်လို့ အပြည့်အဝယုံကြည်ပါတယ်။ ပြည်သူတွေ ပိုပြီးစည်းလုံးညီညွတ်ကြပြီး ဖက်ဒရယ်ပြည်ထောင်စုပန်းတိုင်ကို ဆက်လက်ချီတက် အရောက်သွားကြပါစို့"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက် စစ်တပ်က နိုင်ငံတော်အာဏာကိုလုယူပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၄။ ကန့်ဘလူမြို့နယ်တွင်ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အီတလီနိုင်ငံ၊ TG1 National Television Channel နှင့် ပြည်ထောင်စု၀န်ကြီး ဒေါ်ခင်မမျိုးတွေ့ဆုံ


ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အီတလီနိုင်ငံ၊ TG1 National Television Channel နှင့် ပြည်ထောင်စု၀န်ကြီး ဒေါ်ခင်မမျိုးတွေ့ဆုံခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနက အသိပေးဆိုပါတယ်။


"ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အီတလီနိုင်ငံ၊ TG1 National Television Channel နှင့် ပြည်ထောင်စု၀န်ကြီးမှ အင်တာဗျူးဖြေကြားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု၏ စစ်ရာဇ၀တ်မှုများကို ထုတ်ဖော်ခဲ့ပါတယ်။ သတင်းစာများ၊ ရေဒီယိုသတင်းဌာနများနှင့်လည်း အင်တာဗျူးများပြုလုပ်ခဲ့တယ်"လို့ဖော်ပြပါတယ်။


 ဖြစ်စဉ်ဖြစ်ပွားပွားချင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရန် ၀န်ကြီးဌာနမှ ဘတ်ဂျက်သိန်းတစ်ရာ ကနဦးချမှတ်ဆောင်ရွက်ခဲ့ပြီး အလှူရှင်များ လှူဒါန်းလာမှုများကိုလည်း လက်ခံလွှဲပြောင်းမှုများ ပြုလုပ်လျက်ရှိတယ်။


 စစ်အုပ်စု၏ war crimes, crimes against humanity, genocide crimes များကို ဆက်လက်ဖွင့်ချပြီး၊ စစ်အုပ်စု၏ မြန်မာ့စီးပွားရေးကို ချုပ်ကိုင်ခြယ်လှယ်မှုများနှင် စီးပွားရေးပြစ်မှုများအား နိုင်ငံတကာဥပဒေများ၊ အရေးယူဆောင်ရွက်မှုများ အရှိန်မြင့်တက်လာစေရန် စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနမှဆက်လက်ဆောင်ရွက်သွားမယ်လို့လို့ပါတယ်။


========================


📌📌 ၅။ စစ်တပ်က ပဇီကြီးကျေးရွာရှိ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ လေကြောင်းဖြင့် တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုမြောက်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


စစ်တပ်က ပဇီကြီးကျေးရွာရှိ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ လေကြောင်းဖြင့်တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုမြောက်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားလိုက်ပါတယ်။


ဧပြီ ၁၃ရက် နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာများသို့သံအမတ်ကြီးက ရှင်းလင်းပြောကြားခဲ့ပါတယ်။


"လူမဆန်သော စစ်တပ်သည် ပဇီကြီးကျေးရွာအတွင်းရှိ ပြည်သူများ စုဝေးနေသည့် နေရာအပေါ် လေကြောင်းမှတဆင့် ဗုံးကျဲ တိုက်ခိုက်ခြင်းနှင့် MI-35 စစ်ရဟတ်ယာဉ်ဖြင့် ဝေဟင်မှ စက်သေနတ်ဖြင့် ပစ်ခတ်မှုတို့ကို မဆင်မခြင် အလွန်အကျွံပြုလုပ်ခဲ့ကြောင်း၊ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ညနေပိုင်းအချိန်တွင်လည်း ဖြစ်စဉ်ဖြစ်ပွားရာနေရာတွင် လိုအပ်သည့် ရှာဖွေမှုများနှင့် အရေးပေါ်ကူညီရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နေစဉ် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကို ထပ်မံပြုလုပ်ခဲ့ကြောင်း၊ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုမြောက်သည်မှာ သိသာထင်ရှားကြောင်း"သံအမတ်ကြီးက ဆိုပါတယ်။


ယခုတစ်ကြိမ်ဖြစ်စဉ်ဟာ စစ်တပ်မှ ပထမဦးဆုံးအကြိမ် ပြစ်မှုကျူးလွန်ခြင်း မဟုတ်တော့ကြောင်း၊ ယင်းမှာ လူမဆန်သော အကြမ်းဖက်စစ်တပ်မှ ကျူးလွန်ထားပြီးဖြစ်သည့် မြောက်များစွာသော နိုင်ငံတကာပြစ်မှုများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း သံအမတ်ကြီးက ထပ်လောင်းပြောပါတယ်။


========================


📌📌 ၆။ ပဇီကြီး ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကြောင့် အနီးအနားကျေးရွာ()ရွာမှ တိမ်းရှောင်နေရသည့် လူဦးရေ (,၀၀၀) ကျော်ခန့်ရှိလာ


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကြောင့် အနီးအနားကျေးရွာ()ရွာမှ တိမ်းရှောင်နေရသည့် လူဦးရေ (,၀၀၀) ကျော်ခန့်ရှိလာတယ်လို့ သတင်းရရှိပါတယ်။


ဧပြီလ ၁၄ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကနောက်ဆက်တွဲ အစီရင်ခံစာကိုအသိပေးဖော်ပြပါတယ်။


"၂၀၂၃ခုနှစ်၊ ဧပြီလ(၁၄)ရက်နေ့စာရင်းများအရ အနီးအနားကျေးရွာ()ရွာမှ တိမ်းရှောင်နေရသည့် လူဦးရေ (,၀၀၀) ကျော်ခန့်ရှိနေပြီး လျှိုများအကြားနှင့် သစ်ပင်များကြားတွင် ထွက်ပြေးပုန်းအောင်းနေကြသည့် ပြည်သူများကို သွားရောက်ထောက်ပံ့ကူညီပေးနိုင်ရန် ခက်ခဲနေတယ်"လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်ကောင်စီက အချိန်မရွေး လေကြောင်းက လာရောက်တိုက်ခိုက်နိုင်သဖြင့် သေဆုံးသွားသူများအတွက် ထုံးတမ်း စဉ်လာအရ သက်ပျောက်ဆွမ်းကပ်လှူသည့် ကိစ္စရပ်များ၊ အမျှအတန်းပေးဝေသည့် ကိစ္စရပ်များဆောင်ရွက်နိုင်ရန် အခက်အခဲများကြုံတွေ့ရပြီး အသက်ရှင်ကျန်ရစ်သည့် ကလေးငယ်များနှင့် အမျိုးသမီးများတွင် စိတ်ဒဏ်ရာ ကြီးကြီးမားမား ခံစားနေရတယ်လို့ ဆိုပါတယ်။


========================


📌📌 ၇။ သပိတ်ကျင်းဘက်မှ တက်လာသောစကစများ လိုက်ပါလာတဲ့ ဖောကား၇ စီး တကောင်းပကဖ က မိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်များထိခိုက်သေဆုံးမှုရှိ


သပိတ်ကျင်းဘက်မှတက်လာသောစကစများလိုက်ပါလာတဲ့ ဖောကား၇ စီး တကောင်းပကဖ ကမိုင်းဆွဲတိုက်ခိုက်ရာ စကစတပ်များထိခိုက်သေဆုံးမှုရှိတယ်လို့ ဧပြီ၁၄ရက်မှာ စစ်ရေးသတင်းကို တကောင်းပကဖ ကအတည်ပြုဆိုပါတယ်။


"သပိတ်ကျင်းဘက်မှ တက်လာသော ဖောကား၇စီးအား မနက်၅နာရီ၄၀မိနစ်တွင် ရွာလယ်ချောင်းတံတားအနီး၌ ရှေ့ဆုံးမှ ထွက်လာသော ကား၂စီးအား မိုင်း၃လုံးဖြင့်ဖောက်ခွဲတိုက်ရာ ရှေ့အစီးဒဲ့ထိမှန်ပြီး ထိုးရပ်သွားကာ နောက်ကားမှ အရှိန်ဖြင့် ဝင်တိုက်မိပြီး နောက်အစီးခေါင်းခြမ်း ပျက်ဆီးသွားပါတယ်"လို့ဆိုပါတယ်။


စကစတပ်များဟာ မိုင်းဆွဲတိုက်ခိုက်မှုမှာလည်း အထိနာပြီး နောက်အစီးမှ ဝင်တိုက်၍ ထိခိုက်မှုရှိသောကြောင့် ပိုမိုပြင်းထန်စွာ အထိအခိုက်အသေဆုံးများခဲ့တယ်လို့ဆိုပါတယ် စကစယာဉ်တန်းတွင် မိုင်းဆွဲတိုက်ခိုက်မှုမပြုလုပ်ခင် ကျွဲကူးကန်တစ်လျှောက်တွင် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် ပြန်လည်ပစ်ခတ်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။


========================


📌📌 ၈။ တနင်္သာရီမြို့နယ်၊ သဲဖြူကျေးရွာသို့  စစ်ကြောင်းထိုးလာပြီး ယာယီတပ်စွဲထားတဲ့ စကစတပ်များ ကာကွယ်ရေးတပ်နဲ့ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးအကြမ်းဖက် စကစတပ်ဖက်မှ အနည်းဆုံး(၂၀)ကျော် သေဆုံးနိုင်


တနင်္သာရီမြို့နယ်၊သဲဖြူကျေးရွာသို့  စစ်ကြောင်းထိုးလာပြီး ယာယီတပ်စွဲထားတဲ့စကစတပ်များ ကာကွယ်ရေးတပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီ ၁၄ရက်မှာ စစ်ရေးသတင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တနင်္သာရီတိုင်းကဆိုပါတယ်။


"တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သဲဖြူကျေးရွာသို့ မတ်လ(၂၈)ရက်တွင် စစ်ကြောင်းထိုးလာပြီး ယာယီတပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  မဟာမိတ်ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲပြင်းထန်ခဲ့ရာ ဧပြီလ (၁၂)ရက်နေ့တွင် အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ မဟာမိတ်ပူးပေါင်းအဖွဲ့မှ နယ်မြေရှင်းလင်းခဲ့ရာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ သုံးစွဲပြီးနှင့် ကျန်ရှိခဲ့သော ခဲယမ်းအချို့၊ယူနီဖောင်းများ သိမ်းဆည်းရမိခဲ့ပါတယ်။


အထက်ပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီမှ သဲဖြူရွာ ခရစ်ယာန်ဘုရားကျောင်းနှင့် လူနေအိမ်အချို့ကို ဖျက်ဆီးခဲ့ပြီး အကြမ်းဖက်စကစတပ်များဖက်မှ အနည်းဆုံး(၂၀)ကျော် သေဆုံးနိုင်ကြောင်းသိရပါတယ်။


========================


📌📌 ၉။ သင်္ကြန်အကျနေ့ စစ်ကိုင်းမြို့နယ်က ဗဟိုမဏ္ဍပ်မှာဗုံးပေါက်ကွဲ


သင်္ကြန်အကျနေ့ စစ်ကိုင်းမြို့နယ်က ဗဟိုမဏ္ဍပ်မှာဗုံးပေါက်ကွဲခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဧပြီ ၁၄ရက် ညနေ :၄၂ နာရီအချိန်မှာ စစ်ကိုင်းမြို့ ကမ်းနားလမ်းမှာရှိတဲ့သင်္ကြန်မဏ္ဍပ်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဒေသ သတင်းအရင်းအမြစ်များက ဖော်ပြပါတယ်။


ဗုံးပေါက်ကွဲမှု၊စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုတွေကြောင့် ဦး ထိခိုက်တယ်လို့ လတ်တလောသိရပါတယ်။


ဗုံးပေါက်ကွဲမှုဟာ မည်သူလုပ်ဆောင်မှန်းမသိရသေးသော်လည်း ၄င်း ဗဟိုမဏ္ဍပ်ဟာ စကစတပ်များ လုံခြုံရေးထူထပ်စွာ ချထားတဲ့နေရာလည်းဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment