1st MAY 2023 - Morning Daily News by Radio NUG


၂၀၂၃ မေလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးအင်းလျားကွန်ဒို ဝယ်ယူကြသူအားလုံးကို အထူးကျေးဇူးတင်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို

📌 ၂။ နွေဦးတော်လှန်ရေးမှာ ကရင်နီလူငယ်တွေရဲ့ ပါဝင်မှုနဲ့ စွန့်လွှတ်စွန့်စားမှုကလည်း တော်လှန်ရေးစံနမူနာပြတွေ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို

📌 ၃။  မြန်မာပြည်သားအားလုံး ကိုယ့်ဒေသကိုယ် လွတ်လွတ်လပ်လပ် စီမံအုပ်ချုပ်ခွင့်ရှိတဲ့ ဖက်ဒရယ်စနစ် အမြန်အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား

📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၅။ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့် နေရာတွင် အမှန်တရားကို ရှေးရှု၍  မှန်ကန်မျှတသည့် တရားစီရင်ရေးစနစ်တစ်ခု ထူထောင်ပေးရန် တရားရေးဝန်ကြီးဆို

📌 ၆။ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် နယ်စပ်ဒေသသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များ မြောက်စလုံးရွာ တိုက်ပွဲတွင်  (၃၀) ဦး သေဆုံး

📌 ၇။ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာတွင်ရှိသော အမှတ်(၆၀၀၅) တင့်ကားတပ်ရင်းအား ဒရုန်း ၆စင်းနဲ့ဗုံးသီး ၅လုံးကြဲချရာ စကစတပ်က နှစ်ဦးသေဆုံး

📌 ၈။ ကော်ပရာစစ်ကြောင်းရဲ့ နယ်မြေလုံခြုံရေး ယူထားသော နေရာမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရာ "စကစဘက်မှ တပ်ရင်းအမှတ် (၂၀၇) ဗိုလ်မှူးတစ်ဦး io တစ်ဦးနှင့် စုစုပေါင်း ()ဦးသေဆုံး

📌 ၉။ ကန့်ဘလူနဲ့ ခါးစည်းခံပြည်သူများအတွက် ဆုတောင်းဆန္ဒဖော်ထုတ်ပွဲ ဂျပန်နိုင်ငံမှာ ကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးအင်းလျားကွန်ဒို ဝယ်ယူကြသူအားလုံးကို အထူးကျေးဇူးတင်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆို


နွေဦးအင်းလျားကွန်ဒို ဝယ်ယူကြသူအားလုံးကို အထူးကျေးဇူးတင်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုပါတယ်။


ဧပြီ ၃၀ရက်နေ့မှာ နွေဦးအင်းလျားကွန်ဒိုနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။


အသက်တွေစွန့်၊ ဘဝတွေပေး နေရတာ၊ အချိန်ကာလက စကားပြောနေပြီ၊ အမြန်ပြည်သူ့ ဆန္ဒတွေပြည့်ဝစေဖို့ လိုအပ်ချက်တွေအမြန်ဖြည့်ဆည်းရန်ယုံကြည်အာမခံနိုင်ပါတယ်၊ ပါဝင်ကြသူတွေ၊ အားပေးကြသူတွေကိုအထူးကျေးဇူးတင်ပါတယ်လို့ဆိုပါတယ်။


နွေဦးအင်းလျားကွန်ဒို အရောင်းဖွင့်ပြီး ၁၂ နာရီ အတွင်း ဒေါ်လာ .၀၆ သန်းဖိုး ဝယ်ယူအားပေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ နွေဦးအင်းလျားကွန်ဒိုကို ဧပြီ၂၉ရက်မှာအရောင်းစတင်ဖွင့်လှစ်ခဲ့ပါတယ်။


နွေဦးအင်းလျားကွန်ဒိုကို ပါရမီလမ်းမပေါ်ရှိ အကြမ်းဖက် စစ်တပ်ပိုင်မြေအား ဥပဒေနဲ့ အညီသိမ်းယူပြီး ဧက ၃၀ အနက်မှ ဦးထွန်းငြိမ်းလမ်းဘက် နေရာကို ကွန်ဒိုတိုက်ခန်းများ ဆောက်လုပ်မယ့် စီမံကိန်းဖြစ်ပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးမှာ ကရင်နီလူငယ်တွေရဲ့ ပါဝင်မှုနဲ့ စွန့်လွှတ်စွန့်စားမှုကလည်း တော်လှန်ရေးစံနမူနာပြတွေ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို


နွေဦးတော်လှန်ရေးမှာ ကရင်နီလူငယ်တွေရဲ့ ပါဝင်မှုနဲ့ စွန့်လွှတ်စွန့်စားမှုကလည်း တော်လှန်ရေး စံနမူနာပြတွေဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။


ဧပြီလအတွင်း ကျင်းပတဲ့ ကရင်နီ ပွိုင့်5ကမ်ပိန်းမှာ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ ပါဝင်ရခြင်းအကြောင်းကို ပြောကြားခဲ့ပါတယ်။


"ကရင်နီဒေသမှာရှိတဲ့လူငယ်တွေ GZ တွေနဲ့ ကရင်နီလူငယ်တွေရဲ့ ပါဝင်မှုနဲ့ စွန့်လွှတ်စွန့်စားမှုကလည်း ဒီတော်လှန်ရေးမှာ စံနမူနာပြတွေလို့ ပြောချင်ပါတယ်။ ဒါကြောင့်လည်းပဲ ကရင်နီဒေသဟာဆိုရင် လွိုင်ကော်တောင်မကျန်တော့ဘူးလို့ ပြောလို့ရတယ်။ စိုးမိုးထားနိူင်တာပေါ့။ အခုလိုပြောလို့ သူတို့ဘက်က ဗုံးလာကြဲမယ်ဆိုလည်း သူတို့ဘက်က လုပ်နေတာပါပဲ။ ရက်ရက်စက်စက်။ဒါတွေကို တွန်းလှန်နိူင်ဖို့၊ တော်လှန်နိုင်ဖို့ ကျနော်တို့က ပွိုင့်5လိုတယ်"လို့ဝန်ကြီးက ဆိုပါတယ်။


ကရင်နီလွတ်မြောက်နယ်မြေအဖြစ် ဖော်ဆော်နိုင်ဖို့ ဗျုဟာကျတဲ့ KNDF ရဲ့ ကရင်နီ ပွိုင့်5 ပစ္စည်းတပ်ဆင်ရေး ပရောဂျက်ဟာ လက်ရှိမှာစတင်နေပြီးဧပြီ ၂၃ ကနေ မေ ၁၃ ထိအမေရိကန်ဒေါ်လာ ၄သိန်း ကမ်ပိန်းပဲ ဖြစ်ပါတယ်။


========================


📌📌 ၃။  မြန်မာပြည်သားအားလုံး ကိုယ့်ဒေသကိုယ် လွတ်လွတ်လပ်လပ် စီမံအုပ်ချုပ်ခွင့်ရှိတဲ့ ဖက်ဒရယ်စနစ် အမြန်အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား


မြန်မာပြည်သားအားလုံး ကိုယ့်ဒေသကိုယ် လွတ်လွတ်လပ်လပ် စီမံအုပ်ချုပ်ခွင့်ရှိတဲ့ ဖက်ဒရယ်စနစ် အမြန်အကောင်အထည်ဖော်ဖို့လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကပြောပါတယ်။


ဧပြီ ၃၀ရက်မှာသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတင်းလွှာအတွဲ () အမှတ် () ပြည်ထောင်စုဝန်ကြီး စကားသံမှာ ဆိုထားပါတယ်။


"ဖက်ဒရယ် ဒီမိုကရေစီဆိုတာ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် သီးသန့်မဟုတ်ဘူး။ ဖက်ဒရယ်ဆိုတာ ဗမာတွေအတွက်လည်း လိုတယ်။ မြန်မာပြည်သားအားလုံး ကိုယ့်ဒေသကိုယ် လွတ်လွတ်လပ်လပ် စီမံအုပ်ချုပ်ခွင့်ရှိတဲ့ ဖက်ဒရယ်စနစ် အမြန်အကောင်အထည်ဖော်ဖို့လိုတယ်။ ဒါမှသာလျှင် အာဏာရှင်သံသရာက လွတ်မှာပါ"လို့ ဝန်ကြီးပြောပါတယ်။


လက်ရှိမှာ စစ်အာဏာရှင် ကို တိုင်းရင်းသားတော်လှန်ရေးအင်အားစုအားလုံး အတူတကွ ပူးပေါင်းတော်လှန်လျက်ရှိပါတယ်။


========================


📌📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


ဧပြီ ၃၀ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၇/၂၀၂၃)ကို ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင် အခက်အခဲများနှင့် ပတ်သက်၍  သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့် နေရာတွင် အမှန်တရားကို ရှေးရှု၍  မှန်ကန်မျှတသည့် တရားစီရင်ရေးစနစ်တစ်ခု ထူထောင်ပေးရန် တရားရေးဝန်ကြီးဆို


တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့် နေရာတွင် အမှန်တရားကို ရှေးရှု၍  မှန်ကန်မျှတသည့် တရားစီရင်ရေးစနစ် တစ်ခု ထူထောင်ပေးရန်တရားရေးဝန်ကြီး ဦးသိန်းဦးက ပြောပါတယ်။


ဧပြီ (၂၉) ရက် မြေပြင်တရားသူကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး အမှတ်စဉ်(/၂၀၂၃)အခမ်းအနားမှာ တရားရေး ဝန်ကြီး ဦးသိန်းဦးက ပြောပါတယ်။


"တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့် နေရာတွင် အမှန်တရားကို ရှေးရှု၍ လူထု၏ အကျိုးစီးပွားကိုကြည့်ပြီး မှန်ကန်မျှတသည့် တရားစီရင်ရေးစနစ်တစ်ခု ထူထောင်ပေးရန် တာဝန်ရှိကြောင်း၊ တရားစီရင်ရေးလုပ်ငန်းအား ခွဲခြားကြည့်ပါက အပိုင်း ()ပိုင်းရှိရာ လက်ရှိကာလ၌  တရားစီရင်ရေးမစမီ ရမန်ယူခြင်းကိစ္စရပ်များတွင်လည်းကောင်း၊ တရားစီရင်ရေးယန္တရား ဆောင်ရွက်စဉ် သက်သေများ ခေါ်ယူစစ်ဆေးရာတွင် လည်းကောင်း သက်သေခံပစ္စည်းများ တရားရုံးတင်ပို့ရာတွင် လည်းကောင်း အခက်အခဲများရှိနိုင်ကြောင်း၊  ထိုသို့သော ကိစ္စရပ်များမှာ တော်လှန်ရေး ကာလအတွင်း မလွဲမသွေ ကြုံတွေ့ရမည်ဖြစ်ပြီး စိတ်ဓါတ် မကျဘဲ အချင်းချင်းညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် အခက်အခဲများကို ကျော်လွှားကာ အောင်မြင်မှုများ ရယူရမည်ဖြစ်ကြောင်း"ဝန်ကြီးကပြောပါတယ်။


အခမ်းအနားသို့ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင် တွဲဖက်အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးရန်ကြီးအောင်၊ ဦးနိုင်မျိုးထွန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်လင်းထက်စံ၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ ညွှန်ကြားရေးမှူးများ အကြံပေးပုဂ္ဂိုလ်များ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိသူများ မြေပြင်တရားရုံး (၂၅)ရုံးမှ တရားသူကြီးများနှင့် ဆက်သွယ်ရေးတာဝန်ခံများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၆။ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် နယ်စပ်ဒေသသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များ မြောက်စလုံးရွာ တိုက်ပွဲတွင်  (၃၀) ဦး သေဆုံး


ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်  နယ်စပ်ဒေသသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များ မြောက်စလုံးရွာ တိုက်ပွဲတွင်  (၃၀) ဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ ဗျူဟာအမှတ် () က စစ်ရေးသတင်းကို ဧပြီ ၃၀ရက်မှာ အတည်ပြုဆိုပါတယ်။                                                                                                 


 "ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်  နယ်စပ်ဒေသသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီ   (စကခ ()   ခလရ  (၂၄၈ ၂၄၇ / PNO ပူးပေါင်းတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့ ဝင်များထိတွေ့တိုက်ပွဲများသည် အချိန်ကာလအားဖြင့် () လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဧပြီလအတွင်းတွင် ထိတွေ့မူပေါင်း (၁၀)ကြိမ်ထက်မနည်း ရှိခဲ့ပြီး  ဧပြီ၂၄ရက် မြောက်စလုံးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်များ အရာရှိ၊တပ်ကြပ်ကြီး အပါအဝင် (၃၀) ဦး သေဆုံးကာ အများအပြား  ဒဏ်ရာရရှိခဲ့သည့်အပြင် လက်နက် (၁၂ ) လက်နှင့်အတူ ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


ဧပြီ၂၆ရက်တွင် မိုးဗြဲမြို့ ညောင်ဝိုင်း ရပ်ကွက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ ဖြစ်သည့်  တပ်မ(၆၆ )တို့အား တန်ပြန်ချေမှုန်းခဲ့ရာ စစ်ကောင်စီတပ်ကြပ်ကြီး အပါအဝင် တပ်သား (၂၀ )ဦး သေဆုံးပြီး ( )ဦး အရှင် ဖမ်းမိခဲ့သည့် အပြင် လက်နက် (၁၂) လက်နှင့်အတူ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါတယ်။


ဧပြီ ၁၄ရက်တွင် ဖယ်ခုံမြို့နယ်နှင့် လွိုင်ကော်မြို့နယ်  နယ်စပ်ရှိ ဆောင်ကမ်းကျေးရွာတွင် လမ်းမကြီးပေါ် ရေကစားနေသော စစ်ကောင်စီ တပ်တို့အား  ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အရာရှိတစ်ဦး အပါအ ဝင် () ဦးသေဆုံးခဲ့ပါတယ်။


========================


📌📌 ၇။ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာတွင်ရှိသော အမှတ်(၆၀၀၅) တင့်ကားတပ်ရင်းအား ဒရုန်း ၆စင်းနဲ့ဗုံးသီး ၅လုံးကြဲချရာ စကစတပ်က နှစ်ဦးသေဆုံး


စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာတွင်ရှိသော အမှတ်(၆၀၀၅) တင့်ကားတပ်ရင်းအား ဒရုန်း ၆စင်းနဲ့ဗုံးသီး ၅လုံးကြဲချရာ စကစတပ်က နှစ်ဦးသေဆုံးခဲ့ပါတယ်။


ဧပြီ၃၀ရက်မှာ စစ်ရေးသတင်းကို စစ်ကိုင်းခရိုင် တပ်ရင်း ၆ကအသိပေးဆိုပါတယ်။


"ဧပြီ၂၉ ရက်နေ့ နေ့လည် ၂နာရီ ၅၂မိနစ်ခန့်တွင်စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာတွင်ရှိသော အမှတ်(၆၀၀၅) တင့်ကားတပ်ရင်းအား ဒရုန်း ၆စင်းနဲ့ဗုံးသီး ၅လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စကစ()ဦး သေဆုံးပြီး ၆ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သတင်းရရှိပါတယ်"လို့ဆိုပါတယ်။


အလားတူဧပြီ၂၉ ရက်နေ့ ညနေ ၆နာရီ ၄မိနစ်ခန့်တွင် စစ်ကိုင်းမြို့နယ် မာလဲတောကျေးရွာတွင် ပျူများနှင့် စကစတပ်များ ခန့်မှန်း အင်အား အယောက်တစ်ရာ အထိုင်ချနေသော နေရာအား ဒရုန်း ၆စီး နဲ့ဗုံးသီး ၇လုံးဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူများ ရှိပြီး သေဆုံးသူ အတိကျမသိရှိရသေးဘူးလို့သိရပါတယ်။


စစ်ဆင်ရေးတွင် စစ်ကိုင်းခရိုင် တပ်ရင်း () တပ်ခွဲ() မှ ဒရုန်းတာဝန်ခံဦးစီး၍ စစ်ကိုင်းခရိုင် တပ်ရင်း () အညာညီနောင်တပ်ပေါင်းစု (ABCF) Phoenix(SGG) Unicorn Guerilla Young wolf Myinmu Revolution Force(MMRF) Fight for Federal Thunder Bird အညာသားလေး (SGG) စစ်ကိုင်းမြို့နယ် ပကဖ နှင့် မြင်းမူး ပကဖ တို့မှ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပါတယ်။


========================


📌📌 ၈။ ကော်ပရာစစ်ကြောင်းရဲ့ နယ်မြေလုံခြုံရေး ယူထားသော နေရာမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရာ "စကစဘက်မှ တပ်ရင်းအမှတ် (၂၀၇) ဗိုလ်မှူးတစ်ဦး io တစ်ဦးနှင့် စုစုပေါင်း ()ဦးသေဆုံး


ကရင်ပြည်အတွင်း ကော်ပရာစစ်ကြောင်းရဲ့ နယ်မြေလုံခြုံရေးယူထားသော နေရာမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရာ "စကစဘက်မှ တပ်ရင်းအမှတ် (၂၀၇) ဗိုလ်မှူးတစ်ဦး io တစ်ဦးနှင့် စုစုပေါင်း ()ဦးသေဆုံးခဲ့ပါတယ်။


ဧပြီ၃၀ရက်မှာ စစ်ရေးသတင်းကို ကော်ပရာစစ်ကြောင်းကအတည်ပြုဆိုပါတယ်။


"ဧပြီ၂၉ရက် အကြမ်းဖက်စစ်ကောင်စီသည် လက်နက်ကြီးဖြင့်အကြိမ်ရေ (၉၀)အထက်၊ Missile ဖြင့် ()ကြိမ် ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးစားခဲ့ရာ နယ်မြေလုံခြုံရေးယူထားသော မိမိတို့ ပူးပေါင်းတပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါတိုက်ပွဲအတွင်းစကစဘက်ကတပ်ရင်း(၂၀၇) ဗိုလ်မှုး()ဦး၊ io ()ဦး အပါအဝင် ရန်သူ ()ဦးသေဆုံးပြီး ()ဦးထိခိုက်ဒဏ်ရာရကာကပစကျည် (၆၇)တောင့်၊ MA5 ()လက်၊ MA5 ကျည်ဘောက် ()ဘောက်၊ 9mm ကျည် (၁၅) တောင့်၊ MAကျည်ဘောက် ()ဘောက်၊ စကားပြောစက် ()လုံး၊ အီနာဂါ ()လုံး၊ RPG ()လုံး၊ RPG ပို့ယမ်း ()တောင့်၊ ဓား ()လက်၊ Jammer ကျောပိုးစက် ()လုံး စသည်တို့အား သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။


ရန်သူဘက်မှ (၁၅နာရီ၄၅မိနစ်) တွင် () ကြိမ်၊ (၁၅နာရီ ၅၀မိနစ်)တွင် ()ကြိမ် YAK(130) Jet Fighter ဖြင့် ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှု လုံးဝမရှိခဲ့ဘူးလို့ ကော်ပရာစစ်ကြောင်းကဆိုပါတယ်။


========================


📌📌 ၉။ ကန့်ဘလူနဲ့ ခါးစည်းခံပြည်သူများအတွက် ဆုတောင်းဆန္ဒဖော်ထုတ်ပွဲ ဂျပန်နိုင်ငံမှာ ကျင်းပ


ကန့်ဘလူနဲ့ ခါးစည်းခံပြည်သူများအတွက် ဆုတောင်းဆန္ဒဖော်ထုတ်ပွဲ ဂျပန်နိုင်ငံမှာ လူငယ်များကျင်းပခဲ့ပါတယ်။


ဧပြီ၃၀ရက် ဂျပန်နိုင်ငံရောက်လူငယ်များက ဦးဆောင်ကျင်းပခဲ့တယ်လို့ GMSR Organizer Team (Japan)က သတင်းရရှိပါတယ်။


"မအားလပ်တဲ့ကြားက အမိမြေအတွက် ကိုယ်ပိုင် တန်ဖိုးရှိတဲ့အချိန်တွေပေးပြီး အတူတကွလာရောက်တောင်းဆိုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းကို လေးစားကျေးဇူးတင်ပါတယ်။စစ်ကြောင်းကို ရာသီဥတုဆိုးရွားနေတဲ့ကြားထဲမှ မာန်အပြည့်နဲ့ ချီတက်ပေးခဲ့ကြတဲ့ မြန်မာ့အရေးတွင် ဘယ်တော့မှသွေးမအေးတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားညီအကိုမောင်နှမ တစ်ဦးတစ်ယောက်ချင်းစီအား လေးစားကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်"လို့ဆိုထားပါတယ်။


ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးပွဲကို ဂျပန်နိူင်ငံတွင် ကျင်းပနေကြဖြစ်ပြီးတော့ ဂျပန်ရောက် မြန်မာလူငယ်များပူးပေါင်းခဲ့ကြပါတယ်။


 အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment