1st MAY 2023 - Evening Daily News by Radio NUG


၂၀၂၃ မေလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရရှိနိူင်ရေးနဲ့ အလုပ်သမားများကိုကူညီပံပိုးပေးနိူင်ရေးကဏ္ဍာတွေမှာပါ ကြိုးစားဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ နွေဦးတော်လှန်ရေးတွင်တခဲနက် ရှေ့တန်းမှတိုက်ပွဲဝင် ပါဝင်နေကြသည့်  ပြည်တွင်းပြည်ပရှိ အလုပ်သမားလူထုကြီးအား အလေးအနက် ဂုဏ်ယူဦးညွှတ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပြောကြား

📌 ၃။ အလုပ်သမားအခွင့်အရေး.၊လူအခွင့်အရေး..၊တန်းတူညီမျှရေး..အားလုံးအတွက်စစ်အာဏာရှင်ကို ဝိုင်းဝန်းတွန်းလှန်ဖို့ လူ့အခွင့်ရေးရာဝန်ကြီးတိုက်တွန်း

📌 ၄။ လုပ်သားပြည်သူလူထုတစ်ရပ်လုံးအပေါ် မတရားခေါင်းပုံဖြတ်မှုများကို မှတ်တမ်းများ ရယူထားတယ်လို့ NUG တရားရေးဝန်ကြီးဌာနအသိပေး

📌 ၅။ အကြမ်းဖက်စစ်အုပ်စုအပေါ် ငွေကြေးစီးဆင်းမှု လုံးဝရပ်တန့်စေရန်အတွက် အလုံးစုံစီးပွားရေး ပိတ်ဆို့မှုကို မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုအပါအဝင် အဖွဲ့အစည်း ပေါင်း (၂၀၀) ဖြင့် အကောင်အထည်ဖော်ဆောင်လျက်ရှိ

📌 ၆။ မကွေးခရိုင်အမှတ်၂တပ်ရင်းမှလက်လုပ် Drone ဗုံးသီးများ ထုတ်လုပ်အောင်မြင်

📌 ၇။ဖူလုံသောလုပ်ခလစာ၊ ကောင်းမွန်သော လုပ်ငန်းခွင်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ဘန်နာကိုကိုင်စွဲကာ FGWM သမဂ္ဂများ ပြောက်ကျားသပိတ်ပြုလုပ်

📌 ၈။ "လွတ်လပ်ခါမှ အမျှဝေမယ်" ရုပ်ရှင်ကို အမေရိကန် နယူးယောခ့်မှာ ပြသမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရရှိနိူင်ရေးနဲ့ အလုပ်သမားများကိုကူညီပံပိုးပေးနိူင်ရေးကဏ္ဍာတွေမှာပါ ကြိုးစားဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


မေလ၁ရက်


အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရရှိနိူင်ရေးနဲ့ အလုပ်သမားများကိုကူညီပံပိုးပေးနိူင်ရေးကဏ္ဍာတွေမှာပါ ကြိုးစားဆောင်ရွက်နေတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မေလ၁ရက်နေ့ကျင်းပတဲ့ အလုပ်သမားနေ့ အထိမ်းအမှတ်အခမ်းအနားမှာပြော ကြားခဲ့တာဖြစ်ပါတယ်။


"ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း တော်လှန်ရေးကာလအတွင်းမှာရော တော်လှန်ရေးကာလပြီးတဲ့အချိန် တိုင်းပြည်ပြန်လည်တည်ဆောက်မယ့်ကာလတွေမှာပါ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရရှိနိူင်ရေး၊ အလုပ်သမားများကိုကူညီပံပိုးပေးနိူင်ရေးကဏ္ဍာတွေမှာပါ ကြိုးစားဆောင်ရွက်နေကြောင်း ပြောကြားလိုပါတယ်"လို့ဆိုပါတယ်။ 


ဒါ့အပြင် နွေဦးတော်လှန်ရေး နှစ်နှစ်တာကာလ ကြာမြင့်သည်အထိ ကျရာနေရာကနေတိုက်ပွဲဝင်နေကြတဲ့ အလုပ်သမားများကိုလည်း လေးစားဂုဏ်ယူတယ်လို့ ဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးတွင်တခဲနက် ရှေ့တန်းမှတိုက်ပွဲဝင် ပါဝင်နေကြသည့်  ပြည်တွင်းပြည်ပရှိ အလုပ်သမားလူထုကြီးအား အလေးအနက် ဂုဏ်ယူဦးညွှတ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပြောကြား


မေလ၁ရက်


မေလ၁ရက်နေ့ ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) အခမ်းအနားသို့ ပေးပို့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ သဝဏ်လွှာမှာ အခုလို ထည့်သွင်းဖော်ပြထားပါတယ်။


ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြသော ကာယ၊ ဉာဏ အလုပ်သမားများအားလုံးနှင့်တကွ တိုင်းရင်းသားပြည်သူပြည်သားများ ယနေ့ကျရောက်သည့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့(မေးဒေး)တွင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားရရှိ နိုင်ကြပြီး အလုပ်သမားများ၏ အခွင့်အရေးများ အပြည့်အဝပိုင်ဆိုင်ခံစားနိုင်ကာ အလုပ်ခွင် အတွင်း  ကျန်းမာဘေးကင်း လုံခြုံကြပါစေကြောင်း  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအနေဖြင့် အလေးအနက် ဆန္ဒပြုအပ်ပါတယ်လို့ဆိုပါတယ်။


မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့အာဏာသိမ်းမှုနောက် နိုင်ငံသားတို့၏ အခြေခံအခွင့်အရေးများသည် ဆိုးရွားစွာဆုံးရှုံးနေရပြီး အလုပ်သမားထုတို့သည်လည်း အာဏာရှင် လက်အောက်ခံတရားမဝင်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ အကျင့်ပျက်ခြစားမှုနှင့် ဥပဒေစိုးမိုးမှု လုံးဝပျက်စီးနေခြင်းကြောင့် ဖိနှိပ်မှုများ၊ ခေါင်းပုံဖြတ်မှုများ၊ ဖိအားပေးစေခိုင်းမှုများကဲ့သို့ အခြေခံအခွင့်အရေးများ လုံးဝဆုံးရှုံးလျက်ရှိပါသည်။ ယနေ့နွေဦးတော်လှန်ရေးသည် အလွှာ အသီးသီး၏ အခြေခံအခွင့်အရေးများ ပြည့်ပြည့်ဝဝ ရရှိခြင်းနှင့်အတူ လွတ်လပ်၍ ငြိမ်းချမ်း သာယာသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်သွားရန် အလုပ်သမားထုကြီး အပါအဝင် ဒီမိုကရေစီတော်လှန်ရေးအင်အားစုများက ကြိုးပမ်းလျက်ရှိပါတယ်လို့ဖော်ပြပါတယ်။


 မိမိတို့နိုင်ငံတွင် စစ်အာဏာရှင်စနစ်အား ရဲဝံ့စွာ ဆန့်ကျင်တွန်းလှန်ကာ လူမျိုးစု အသီးသီး၊ အလွှာအသီးသီးအတွက် အခြေခံရပိုင်ခွင့်နှင့် အခွင့်အရေးများကို ပြည့်ဝစွာ အာမခံချက် ပေးနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေး ကြိုးပမ်းခဲ့ကြသည့် ခေတ်အဆက်ဆက် အရေးတော်ပုံများတွင်သာမက ယခုနွေဦးတော်လှန်ရေးတွင်လည်း တခဲနက် ရှေ့တန်းမှတိုက်ပွဲဝင် ပါဝင်နေကြသည့်  ပြည်တွင်းပြည်ပရှိ အလုပ်သမားလူထုကြီးအား အလေးအနက် ဂုဏ်ယူဦးညွှတ်လျက် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)အခမ်းအနားသို့ ယခုသဝဏ်လွှာအား ဝမ်းမြောက်စွာ ပေးပို့အပ်ပါတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဆိုပါတယ်။


========================


📌📌 ၃။ အလုပ်သမားအခွင့်အရေး.၊လူအခွင့်အရေး..၊တန်းတူညီမျှရေး..အားလုံးအတွက်စစ်အာဏာရှင်ကို ဝိုင်းဝန်းတွန်းလှန်ဖို့ လူ့အခွင့်ရေးရာဝန်ကြီးတိုက်တွန်း


မေလ၁ရက်


အလုပ်သမားအခွင့်အရေး.၊လူအခွင့်အရေး..၊တန်းတူညီမျှရေး..အားလုံးအတွက်စစ်အာဏာရှင်ကို ဝိုင်းဝန်းတွန်းလှန်ဖို့လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက မေလ၁ရက်‌နေ့မှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။


"အလုပ်သမားအခွင့်အရေး.၊လူအခွင့်အရေး..၊တန်းတူညီမျှရေး..အားလုံးအတွက်စစ်အာဏာရှင်ကို ဝိုင်းဝန်းတွန်းလှန်ကြ"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်ကအာဏာလုယူပြီးနောက်ပိုင်း အခုပ်သမားအခွင့်ရေး များစွာဆုံးရှုံးခဲ့ရပြီးပြည်ပ ရင်းနှီးမြုပ်နှံမှုများပြန်လည်ထွက်ခွာ၍ အလုပ်လက်မဲ့နှုန်းများမြင့်တက်ခဲ့ပါတယ်။


========================


📌📌 ၄။ လုပ်သားပြည်သူလူထုတစ်ရပ်လုံးအပေါ် မတရားခေါင်းပုံဖြတ်မှုများကို မှတ်တမ်းများ ရယူထားတယ်လို့ NUG တရားရေးဝန်ကြီးဌာနအသိပေး


မေလ ၁ရက်

မေလ၁ရက်နေ့ ကမ္ဘာ့အလုပ်သမားနေ့တွင်လုပ်သားပြည်သူလူထုတစ်ရပ်လုံးအပေါ် မတရားခေါင်းပုံဖြတ်မှုများနှင့်ပတ်သက်၍ NUGတရားရေးဝန်ကြီးဌာနက အခုလိုလုပ်ဆောင်းထားကြောင်းကြေညာခဲ့ပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသား လုပ်သားပြည်သူ အားလုံးအတွက် တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများကို လိုက်နာဆောင်ရွက်သွားရန် ကတိပြုပါတယ်။ မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်တပ်၏ မတရားအာဏာသိမ်းပြီး‌နောက်ပိုင်းလုပ်သားပြည်သူများအပေါ် အလုပ်ရှင်များမှ မတရားခေါင်းပုံဖြတ်မှုများအား တွေ့ကြုံနေရသည်ကိုလည်း စိတ်မကောင်းစွာ ကြားသိ‌နေရပြီး ဖြစ်ပါတယ်။သို့ဖြစ်ပါ၍ လုပ်သားပြည်သူလူထုတစ်ရပ်လုံးအပေါ် မတရားခေါင်းပုံဖြတ်မှုများကို မှတ်တမ်း များ ရယူထား၍ အသွင်ကူးပြောင်းရေးကာလတွင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည် ဖြစ်ပြီး လုပ်သားပြည်သူလူထုတစ်ရပ်လုံး၏ ရပိုင်ခွင့်များနှင့် တရားမျှတမှုများကို ပြန်လည်ရှာဖွေ ပေးသွားမည်ဟု ကတိသစ္စာပြုအပ်ပါတယ်"လို့ဖော်ပြပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံ၏ လူ့အဖွဲ့အစည်းနှင့် စီးပွားရေးကို  တည်ဆောက် ရာတွင် အလွှာအသီးသီးမှ အလုပ်သမားများပါဝင်သည့် အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး အလုပ်သမားထုတစ်ရပ်လုံး၏ အခွင့်အရေးများကို ဆက်လက်ပံ့ပိုး ကာကွယ် ပေးသွားမယ်လို့ တရားရေးဝန်ကြီးဌာနကဆိုပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်အုပ်စုအပေါ် ငွေကြေးစီးဆင်းမှု လုံးဝရပ်တန့်စေရန်အတွက် အလုံးစုံစီးပွားရေး ပိတ်ဆို့မှုကို မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုအပါအဝင် အဖွဲ့အစည်း ပေါင်း (၂၀၀) ဖြင့် အကောင်အထည်ဖော်ဆောင်လျက်ရှိ


မေလ၁ရက်


မေလ၁ရက်‌ နေ့တွင်ကျရောက်သော(၁၃၃) နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနားသို့ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုမှ ပေးပို့သောသဝဏ်လွှာမှာ အခုလိုဖော်ပြအသိပေးဆိုထားပါတယ်။


"အကြမ်းဖက်စစ်အုပ်စုအပေါ် ငွေကြေးစီးဆင်းမှု လုံးဝရပ်တန့်စေရန်အတွက် အလုံးစုံစီးပွားရေး ပိတ်ဆို့မှု (Comprehensive Economic  Sanctions CES) ကို မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုအပါအဝင် အဖွဲ့အစည်း ပေါင်း (၂၀၀) ဖြင့် အကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။  အလုံးစုံသောစီးပွားရေးပိတ်ဆို့မှု CES ကို အကောင်အထည်ဖော်ရာတွင် စစ်တပ်၏ ဝင်ငွေစီးဆင်းမှုကို ဖြတ်တောက်နိုင်ရန်  အဓိကကျသည့် မဟာဗျူဟာ ဖြစ်သော ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများအားလုံးကို ပိတ်ဆို့ အရေးယူခြင်း၊ရေနံနှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်းများ၊  အပြည်ပြည်ဆိုင်ရာ အထည်ချုပ် လုပ်ငန်းများအပြင်အခြားစီးပွား ရေးလုပ်ငန်း များကို ထွက်ခွာသွားရန်အတွက် ပြည်တွင်း၊ ပြည်ပအားလုံးနှင့်အတူ တော်လှန်ရေး အင်အားစုအသီးသီးနှင့် ဟန်ချက်ညီညီ ပူးပေါင်း တိုက်ထုတ်သွား ရန်လိုအပ်ပါတယ်"လို့ဖော်ပြပါတယ်။


မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု အနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ရေးတွင် အမျိုးသားညီညွတ်ရေးကောင်စီ National Unity Consultative Council - NUCCနှင့် သက်ဆိုင်ရာ လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ(JCC)များတွင်  အခြားသော တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်း ဆောင်ရွက်နေပြီး အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းကာလအတွင်း ချိုးဖောက်ခံရနေရသည့်  အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေးများ ဆုံးရှုံးနေမှုများအတွက်   ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို  အပြည့်အဝရရှိသွားရန်  အလုပ်သမားထုတရပ်လုံးမှ ပြည်သူလူထုနှင့်အတူ တိုက်ပွဲဝင်သွားနိုင်ရန် ဆက်လက်ဖော်ဆောင်သွားမယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ မကွေးခရိုင်အမှတ်၂တပ်ရင်းမှလက်လုပ် Drone ဗုံးသီးများ ထုတ်လုပ်အောင်မြင်


မေလ၁ရက်


မကွေးခရိုင်အမှတ်၂တပ်ရင်းမှလက်လုပ်Droneဗုံးသီးများ ထုတ်လုပ်အောင်မြင်နေတယ်လို့ မေလ၁ ရက်နေ့မှာမကွေးခရိုင်အမှတ်၂တပ်ရင်းမှကအသိပေးဆိုထားပါတယ်။


"မကွေးခရိုင်အမှတ်၂တပ်ရင်းမှထုတ်လုပ်အသုံးပြုနေသောDroneဗုံးသီးများDroneဗုံးသီးတစ်လုံးလျှင်ငွေကျပ်(၅၀,၀၀၀)ဝန်းကျင်ခန့်ကုန်ကျစရိတ်ရှိပါတယ်"လို့ဆိုပါတယ်။


အဆိုပါထုတ်လုပ်ရေးကုန်ကျစရိတ်အတွက် ကူညီထောက်ပံလိုပါက မကွေးခရိုင်အမှတ်၂တပ်ရင်း PageChatBoxကဖြစ်စေt.me/pdfyng Telegram Accountကဖြစ်စေဆက်သွယ်ထောက်ပံ့နိုင်တယ်လို့သိရပါတယ်။


========================


📌📌 ၇။ဖူလုံသောလုပ်ခလစာ၊ ကောင်းမွန်သော လုပ်ငန်းခွင်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ဘန်နာကိုကိုင်စွဲကာ FGWM သမဂ္ဂများ ပြောက်ကျားသပိတ်ပြုလုပ်


မေလ၁ရက်


မေလ၁ရက်နေ့တွင် မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FGWMက ပြောက်ကျားသပိတ်ပြုလုပ်ခဲ့ပါတယ်။


"၁၃၃ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေးဒေး)နေ့မှာဖူလုံသောလုပ်ခလစာ၊ ကောင်းမွန်သော လုပ်ငန်းခွင်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ဆိုတဲ့ ဆောင်ပုဒ်ကို ဆွဲကိုင်ရင်း မြန်မာပြည်ဒီမိုကရေစီရေးမှာ ကျရာအခန်းကဏ္ဍကနေပါဝင်နေတဲ့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FGWM သမဂ္ဂများ ပြောက်ကျားသပိတ်ပြုလုပ်ပြီး မေဒေးနေ့မှာ တောင်းဆိုလိုက်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စစ်အုပ်စုဟာ အလုပ်သမားသမဂ္ဂများနဲ့ စုပေါင်းတောင်းဆိုခွင့်အပါအဝင် အလုပ်သမားအခွင့်အရေးများကို တားမြစ်ပိတ်ပင်ထားပါတယ်။


========================


📌📌 ၈။ "လွတ်လပ်ခါမှ အမျှဝေမယ်" ရုပ်ရှင်ကို အမေရိကန် နယူးယောခ့်မှာ ပြသမယ်


မေလ၁ရက်


" လွတ်လပ်ခါမှ အမျှဝေမယ်" ရုပ်ရှင်ကို အမေရိကန် နယူးယောခ့်မှာ ပြသမယ်လို့ မေလ၁ရက်နေ့မှာ New York City Burmese Community (NYCBC)ကအသိပေးဖော်ပြပါတယ်။


"လာမည့် မေလ ရက် ၂၀၂၃ (စနေနေ့)တွင် နယူးယောက် Kaufman Astoria Studio,35th Street,Queens,NY,11106 မှာ ပြသမည့် အနုပညာရှင် ကိုစိန်သီး, ကိုအောင်သော်တို့မှ ဦးဆောင်ရိုက်ကူးသောနွေဦးတော်လှန်ရေးကာလ  ဖြစ်ရပ်မှန် ရုပ်ရှင်  "လွတ်လပ်ခါမှ အမျှဝေမယ်" ဇာတ်ကားအတွက် ပွဲချိန် ၁၁:၃၀ / :၃၀/:၃၀ နှင့် ပွဲချိ၅:၃၀ လေး ကြိမ်တိတိပြသပါမယ်"လို့ဆိုပါတယ်။ 


တော်လှန်ရေးထောက်ပို့ချင်သူများ လက်မလွတ်စေရန်  အသိပေး နှိုးဆော်ထားပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment