15th MAY 2023 - Morning Daily News by Radio NUG



၂၀၂၃ မေလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ CDMအောင်မြင်ရေးကော်မတီအစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတက်ရောက်

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၃။ မိုခါမုန်တိုင်းရဲ့ဒဏ်ကြောင့် မြေပြို၊ သစ်ပင်ပိ၍ သေဆုံးသူ ၆ဦးအထိရှိခဲ့ပြီး ကနဦးထိခိုက်ပျက်ဆီးမှုအိမ်ခြေ (၅၀) ခန့်ပျက်ဆီးခဲ့

📌 ၄။ မိုခါ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် CDF-Tonzang ဌာနချုပ် အပျက်အဆီးများရှိ

📌 ၅။ ဆားလင်းကြီးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေမြုပ်မိုင်းများ တစ်ဖက်ပွင့်တုတ်ပြောင်းများ နေရာရွေ့လျားခြင်း ပေါက်ကွဲနိူင်ခြင်းတို့ကို သတိပြုရန်အသိပေး

📌 ၆။ ကရင်ပြည်နယ်အတွင်း"၃ရက်တာတိုက်ပွဲတွင်စကစဘက်က ()ဦးသေ၊ (၂၇)ဦး ဒဏ်ရာရတယ်လို့ ကော်ပရာစစ်ကြောင်းကထုတ်ပြန်

📌 ၇။ ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းအထိုင်ချစကစ တပ်သားနှင့် ရွာသစ်ကုန်းပျူများ ၎င်းတို့အထိုင်ချစခန်းသို့ ပြန်လာရာ မိုင်း၁၄တွဲဖောက်ခွဲခံရ၍ ၁၂ဦးသေဆုံး

📌 ၈။ ပုလောမြို့နယ် အတွင်းရှိ နယ်မြေအများစုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ ထိန်းချုပ်ထားနိုင်ပြီလို့အသိပေး

📌 ၉။ ၂၀၂၃ ခုနှစ် မေလအထိ ပြည်သူ‌သားကောင်းအဖွဲ့အား  CDM ပြုလုပ်ပြီး ရက် ၆၀ အတွင်း လာရောက်ဆက်သွယ်ခဲ့သော CDM တပ် နဲ့ရဲ စုစုပေါင်း ၇၄ ဦးအား သိန်း ၅၀၀ ကျပ်ခန့် အား ထောက်ပံ့ချီးမြှင့်နိူင်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ CDMအောင်မြင်ရေးကော်မတီအစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတက်ရောက်


CDMအောင်မြင်ရေးကော်မတီအစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


မေလ၁၄ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရမှ ဖွဲ့စည်းထားသော စီဒီအမ်အောင်မြင်ရေးကော်မီ၏ အစည်းအဝေးအားကျင်းပခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် တက်ရောက်ခဲ့ပြီး ကော်တီအတွင်းရေးမှုးနှင့်ကော်မတီဝင်များ စီဒီအမ်ဝန်ထမ်း focals များလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။


ယခင်ကျင်းပခဲ့သော အစည်းအဝေးများတွင် CDMများအခက်အခဲကို သက်ဆိုင်ရာဌာနများမှတဆင့်တင်ပြကြရန်နဲ့ CDMများအခက်အခဲကို ဖြေရှင်းပေးကြရန် ဝန်ကြီးချုပ်ကဆိုခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း () နှစ်ပြည့် ပြည်သူသို့ အစီရင်ခံတင်ပြထားရာတွင်လည်း CDM Success Committee နှင့်ချိတ်ဆက်ထားသော CDM နိုင်ငံ့သူရဲကောင်း (၂၁၀၆၃၉) အနက်မှ (၂၀%) နှုန်းခန့်၏ အရေးပေါ်လိုအပ်ချက်များအတွက်  မြန်မာကျပ်ငွေသန်း (,၀၀၀)ခန့် ကူညီထောက်ပံ့ပေးခဲ့ပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၁၉/၂၀၂၃)ကိုမေလ၁၄ရက်ကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်များဖြစ်သည့်အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ()နိုင်သုဝဏ္ဏနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တို့မှ အမှာစကားအသီးသီးပြောကြားခဲ့ကြပါတယ်။


အစည်းအဝေးတွင် MOCHA မုန်တိုင်းသွားနေသည့် လမ်းကြောင်းအရ ရခိုင်မြောက်ပိုင်း၊ ချင်းပြည်နယ် နှင့် မကွေး၊ စစ်ကိုင်း၊ ကချင်ပြည်နယ်ထိ ခရီးဆက်မည့်သဘောဖြစ်ကြောင်း၊ Facebook ကျေးဇူးကြောင့်သာ ယနေ့ခေတ်မှာ မုန်တိုင်း အန္တရာယ်ကို လူတိုင်းကြိုသိလာနိုင်သော်လည်း အွန်လိုင်းမရရှိသည့် ကျေးရွာနေပြည်သူများသို့ သတင်းလက်ဆင့်ကမ်းရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် ချင်း၊ မကွေးနှင့်စစ်ကိုင်းဖက်က အကာအကွယ် လုံလုံလောက်လောက် မရှိသည့် စစ်ဘေးရှောင် ပြည်သူများအတွက်အထူး စိုးရိမ်မိ၍ ကြိုတင်ပြီးကူညီဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း ဝန်ကြီးများကမှာကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ မိုခါမုန်တိုင်းရဲ့ဒဏ်ကြောင့် မြေပြို၊ သစ်ပင်ပိ၍ သေဆုံးသူ ၆ဦးအထိရှိခဲ့ပြီး ကနဦးထိခိုက်ပျက်ဆီးမှုအိမ်ခြေ (၅၀) ခန့်ပျက်ဆီးခဲ့


မိုခါမုန်တိုင်းရဲ့ဒဏ်ကြောင့် မြေပြို၊ သစ်ပင်ပိ၍ သေဆုံးသူ ၆ဦးအထိရှိခဲ့ပါတယ်။ မေလ ၁၄ရက် တစ်နေ့တည်းမှာပင် လူ၆ဦး မြန်မာနိုင်ငံနေရာဒေသ အသီးသီးမှာသေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။


မေလ ၁၄ရက်နေ့နံနက် ၀၆ ၁၅အချိန်ခန့်၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း()ရပ်ကွက်တွင် လူနေအိမ်ပေါ်သို့ ကျောက်ရိုးဖြင့်စီထားသော မြေထိန်းနံရံပြိုကျမှုဖြစ်ပွား၍အမျိုးသားနဲ့အမျိုးသမီး နှစ်ဦးသေဆုံးခဲ့ရပါတယ်။


ထို့နောက်မနက် နာရီခွဲ ဝန်းကျင်က မန္တလေးတိုင်း ပြင်ဦးလွင်မြို့ အနီးစခန်းနားက မန္တလေး - ပြင်ဦးလွင် အတက်ကားလမ်းမှာ သစ်ပင်လဲရာက ရဲတစ်ဦးသစ်ပင်ပိ သေဆုံးခဲ့ပြီးဧရာဝတီတိုင်း ရေကြည်မြို့ နယ် တစောင်းရိုးကျေးရွာနားမှာ သစ်ပင်ပိပြီး အရပ်သားတစ်ဦးသေဆုံးခဲ့ပါတယ်။


ထို့အတူ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် နဲ့ရမ်းဗြဲမြို့နယ်တို့တွင်လည်း လူငယ်အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့သစ်ပင်ပိ၍ ဆုံးပါးခဲ့ရပါတယ်။


ဒါ့အပြင် ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA) ကြောင့် ကနဦးထိခိုက်ပျက်ဆီးမှုအိမ်ခြေ (၅၀) ခန့်ပျက်ဆီးခဲ့တယ်လို့လည်း သတင်းရရှိပါတယ်။ စစ်တွေမြို့တွင်လည်း လေတိုက်နှုန်းပြင်းထန်မှုကြောင့် MPT ဆက်သွယ်ရေးတာဝါတိုင် ကျိုးကျပျက်ဆီးခဲ့ပြီး စစ်တွေမြို့၌ ဆက်သွယ်လိုင်းရေးများ ပြတ်တောက်လျက်ရှိပါတယ်။


 စစ်တွေမြို့ပေါ်တွင် နှစ်ရှည်ပင်တချို့ပြိုလဲခြင်း၊ နေအိမ်အချို့ အမိုးလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ပြီး ဂွမြို့နယ်၊ ကမ်းသာယာအနီး ရွှေဦးကင်းရွာတွင်လည်း အိမ်ခြေ (၅၀) ခန့်ပျက်ဆီးခဲ့ကြောင်း ကနဦးသတင်းပေးပို့မှုများအရသိရှိရတယ်လို့ NUG လူသားချင်းစာနာရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


========================


📌📌 ၄။ မိုခါ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် CDF-Tonzang ဌာနချုပ် အပျက်အဆီးများရှိ


မိုခါ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် CDF-Tonzang ဌာနချုပ် အပျက်အဆီးများရှိတယ်လို့ မေလ ၁၄ရက်မှာ CDF-Tonzangက အသိပေးဆိုပါတယ်။


 မေလ၁၃ ရက် တစ်ညလုံး မိုခါ ဆိုင်ကလုန်း မုန်တိုင်းအရှိန်ကြောင့် CDF-Tonzang တပ်ဖွဲ့၏ အဆောက်အဉီအမိုးအကာများသည် အပျက်အဆီးများနေကြောင်း သတင်းပေးပို့ချက်အရ သိရှိရတယ်လို့ဖော်ပြပါတယ်။


လက်ရှိမှာ မုန်တိုင်း ဒဏ်ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာအများဆုံး ရိုက်ခတ်မှုဒဏ်ကိုခံစားနေရပါတယ်။


========================


📌📌 ၅။ ဆားလင်းကြီးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေမြုပ်မိုင်းများ တစ်ဖက်ပွင့်တုတ်ပြောင်းများ နေရာရွေ့လျားခြင်း ပေါက်ကွဲနိူင်ခြင်းတို့ကို သတိပြုရန်အသိပေး


ဆားလင်းကြီးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေမြုပ်မိုင်းများ တစ်ဖက်ပွင့်တုတ်ပြောင်းများ နေရာရွေ့လျားခြင်း ပေါက်ကွဲနိူင်ခြင်းတို့ကို သတိပြုရန်အသိပေးဆိုပါတယ်။ မေလ ၁၄ရက်မှာ ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကအသိပေးဆိုပါတယ်။


"မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိမိတို့မြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်မှ မကြာခဏ၀င်ရောက်လာမှုအား တိုက်ဖျက်ရန် ဆင်ထားသော မြေမြုပ်မိုင်းများ တစ်ဖက်ပွင့်တုတ်ပြောင်းများသည် နေရာရွေ့လျားခြင်း၊ Errorဖြစ်၍ပေါက်ကွဲခြင်းများဖြစ်နိုင်ပါသဖြင့် မလိုအပ်ဘဲ ပေလမ်းများပေါ်တွင်သွားလာခြင်း၊ စစ်ကောင်စီတပ်ဖြတ်သန်းနေကြနေရာများအား သွားလာခြင်းများကို(လုံး၀)မပြုလုပ်ကြရန် သတိပေးမေတ္တာရပ်ခံအပ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မြန်မာပြည်အတွင်း မိုးရွာသွန်းခြင်းနဲ့မြေပြိုမှုတို့ဖြစ်ပေါ်လျက်ရှိပါတယ်။


========================


📌📌 ၆။ ကရင်ပြည်နယ်အတွင်း"၃ရက်တာတိုက်ပွဲတွင်စကစဘက်က ()ဦးသေ၊ (၂၇)ဦး ဒဏ်ရာရတယ်လို့ ကော်ပရာစစ်ကြောင်းကထုတ်ပြန်


ကရင်ပြည်နယ်အတွင်း"၃ရက်တာတိုက်ပွဲတွင်စကစဘက်က ()ဦးသေ၊ (၂၇)ဦး ဒဏ်ရာရတယ်လို့ မေလ၁၄ရက်မှာ  စစ်ရေးသတင်းကို ကော်ပရာစစ်ကြောင်းကထုတ်ပြန်ပါတယ်။


"မြဝတီမြို့နယ် လက်ခတ်တောင်နှင့် ကျောက်မိုင်းဒေသတို့တွင် မိမိတို့ တပ်မဟာ() KNU/KNLA ကော်ဘရာစစ်ကြောင်း() ကျားသစ်နက်စစ်ကြောင်း၊ Federal Wings Golden Eagle စသည့် ပူးပေါင်းတပ်ဖွဲ့များမှ အကြမ်းဖက် စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲလျက်ရှိရာ ရန်သူဘက်မှ ခမရ(၁၁၈) () ခလရ(၂၇၅) BGF(၁၀၁၉)တပ်ရင်းတို့နှင့် ရင်ဆိုင်တိုက်ခိုက်နေပါတယ်"လို့ဆိုပါတယ်။


မေလ၁၁ရက်တွင် တနေကုန်တိုက်ပွဲများ လက်နက်ကြီးပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ လက်နက်ကြီးအများအပြားပစ်ခတ်ခဲ့သဖြင့် ပူးပေါင်းတပ်ဖွဲ့ဘက်မှ () ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။


မေလ၁၂ရက်တွင် ကော်ပရာစစ်ကြောင်းနေရာယူထားသော ကင်းနေရာသို့ စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးလာရာ ထိတွေ့မှုတိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ (၁၂)ဦး ဒဏ်ရာရ၊ ()ဦး သေဆုံးခဲ့ပြီး စစ်ကြောင်းဘက်မှ ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


မေလ၁၃ရက်တွင် စစ်ကောင်စီဘက်မှ ပူးပေါင်းတပ်ဖွဲ့များ စိုးမိုးနေရာယူထားသော နေရာများသို့ လက်နက်ကြီးဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ (၁၅)ဦး ဒဏ်ရာရပြီး ()ဦး သေဆုံးခဲ့ပါတယ်။


 ရန်သူ၏လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုကြောင့် စစ်ကြောင်းဘက်မှ ရဲဘော်() ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ရဲဘော်()ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းအထိုင်ချစကစ တပ်သားနှင့် ရွာသစ်ကုန်းပျူများ ၎င်းတို့အထိုင်ချစခန်းသို့ ပြန်လာရာ မိုင်း၁၄တွဲဖောက်ခွဲခံရ၍ ၁၂ဦးသေဆုံး


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်း အထိုင်ချစကစ တပ်သားနှင့် ရွာသစ်ကုန်းပျူများ ၎င်းတို့အထိုင်ချစခန်းသို့ ပြန်လာရာ မိုင်း၁၄တွဲဖောက်ခွဲခံရ၍ ၁၂ဦးသေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။


မေလ ၁၄ရက် မနက်၈နာရီ၁၀ အချိန်မှာ စကစတပ်နဲ့ပျူများကို တိုက်ခိုက်ခဲ့တယ်လို့ KhinU Special force Organization_KSOက အတည်ပြုဆိုပါတယ်။


"မနက်(:၃၀)နာရီ အချိန်ခန့်တွင် ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းအထိုင်ချ စကစ တပ်သားနှင့် ရွာသစ်ကုန်းပျူခြံ ပျူပူးပေါင်းအင်ပား(၃၀)ကျော်သည် (:၁၀)နာရီအချိန် ၎င်းတို့အထိုင်ချစခန်းသို့ ပြန်လာရာ KSOတပ်ဖွဲ့၊ မြို့နယ်ပကဖနှင့် ဒေသခံLocalများ ပူးပေါင်း၍ ပွိုင့်(၁၄)နေရာမှ မိုင်း(၁၄)တွဲတိတိ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


မိုင်းခွဲတိုက်ခိုက်မှုကြောင့် စကစတပ်သား နှင့် ပျူ(၁၂)ဦးခန့် နေရာတွင် သေဆုံးခဲ့ကာ အထိအခိုက်ဒဏ်ရာအများအပြားဖြင့် ဆုတ်ခွာသွားခဲ့ပြီး ၎င်းတို့ထံမှ G-3ကျည်ဘောက်()ခုနှင့် 7.62ကျည်(၁၅)တောင့် သိမ်းဆည်းရမိကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၈။ ပုလောမြို့နယ် အတွင်းရှိ နယ်မြေအများစုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ ထိန်းချုပ်ထားနိုင်ပြီလို့အသိပေး


ပုလောမြို့နယ် အတွင်းရှိ နယ်မြေအများစုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ ထိန်းချုပ်ထားနိုင်ပြီလို့ အသိပေးဆိုပါတယ်။ မေလ၁၄ရက် သတင်းနှင့် ပြန်ကြားရေးဌာနစစ်ဒေသခွဲ အမှတ် ၃က အသိပေးဖော်ပြပါတယ်။


"တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် အတွင်း မြိတ်ခရိုင်၊ ပုလောမြို့နယ်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေး​(Martial Law) ကြေညာခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များမှ ပုလောမြို့နယ်ရှိ နယ်မြေအများစုကို စိုးမိုးမှုရရှိကာ ထိန်းချုပ်ထားနိုင်ကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ လက်ရှိအချိန်၌ ပုလော၊ ပလနှင့် ပလောက် မြို့ပေါ်  နေရာတွင်သာ ကျန်ရှိနေကာ ပြည်သူ့ကာကွယ် ရေးတပ်မတော် PDF နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များမှလည်း ပုလောမြို့နယ်အတွင်းရှိ နယ်မြေစိုးမိုးမှု အသာစီးရရှိနေသောကြောင့် အချိန်မရွေး စစ်ရေးအရ တိုက်ပွဲဖော်ဆောင်ရန်အတွက် အဆင်သင့်ရှိနေပါတယ်"လို့ဆိုပါတယ်။


ထို့အပြင် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့်ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များမှ  ထားဝယ်-မြိတ် မိန်းလမ်းမကြီး၏ အရှေ့ဘက်ခြမ်းကို အဓိကထိန်းချုပ်ထားနိုင်ကာ လက်ရှိအချိန်တွင်လည်း ပင်လယ်ရွာတွေဘက်ကို ဖြန့်ကျက်ထားနိုင်ခဲ့ကြောင်း သိရပါတယ်။


စစ်အုပ်ချုပ်ရေးကြေညာခဲ့သော လတာကာလအတွင်း စကစဘက်က အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၆၀ ဦးထက်မနည်း သေဆုံးကာ ၅၀ ဦးထက်မနည်း ဒဏ်ရာရှိခဲ့ပါတယ်။


========================


📌📌 ၉။ ၂၀၂၃ ခုနှစ် မေလအထိ ပြည်သူ‌သားကောင်းအဖွဲ့အား  CDM ပြုလုပ်ပြီး ရက် ၆၀ အတွင်း လာရောက်ဆက်သွယ်ခဲ့သော CDM တပ် နဲ့ရဲ စုစုပေါင်း ၇၄ ဦးအား သိန်း ၅၀၀ ကျပ်ခန့် အား ထောက်ပံ့ချီးမြှင့်နိူင်ခဲ့


၂၀၂၃ ခုနှစ် မေလအထိ ပြည်သူ‌သားကောင်းအဖွဲ့အား  CDM ပြုလုပ်ပြီး ရက် ၆၀ အတွင်း လာရောက်ဆက်သွယ်ခဲ့သော CDM တပ် နဲ့ရဲ စုစုပေါင်း ၇၄ ဦးအား သိန်း ၅၀၀ ကျပ်ခန့် အား ထောက်ပံ့ချီးမြှင့်နိူင်ခဲ့ပါတယ်။


မေလအတွင်း ပြည်သူ့သားကောင်းက အသိပေးဖော်ပြပါတယ်။


"၂၀၂၃ ခုနှစ် မေလအထိ ပြည်သူ‌သားကောင်းအဖွဲ့အား  CDM ပြုလုပ်ပြီး ရက် ၆၀ အတွင်း လာရောက်ဆက်သွယ်ခဲ့သော CDM တပ် ၅၇ ဦး၊ ရဲ ၁၇ ဦး စုစုပေါင်း ၇၄ ဦးအား သိန်း ၅၀၀ ကျပ်ခန့် အား ထောက်ပံ့ချီးမြှင့်နိုင်ခဲ့ပါတယ်။

 တော်လှန်ရေးအောင်နိုင်ရန်အတွက် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့ဘက်သို့ ပိုမိုပူးပေါင်းပါဝင်လာစေရန် ကျွန်တော်တို့ ပြည်သူ့သားကောင်းအဖွဲ့မှ ကြိုဆိုဖိတ်ခေါ်ပါတယ်"လို့ဆိုပါတယ်။


 "ပြည်သူ့သားကောင်း" Project မှ ပေးအပ်သော အထောက်အပံ့နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ရရှိနိုင်ရန်အတွက် CDM ဝင်ရောက်လိုသည့် ကာယကံရှင်ကိုယ်တိုင်ဖြစ်စေ၊ သက်ဆိုင်ရာ အဖွဲ့အစည်း၏ တာဝန်ခံမှတဆင့်ဖြစ်စေ "ပြည်သူ့သားကောင်း" Project Telegram link သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းသိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment