16th MAY 2023 - Morning Daily News by Radio NUG


၂၀၂၃ မေလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မိုခါ ဆိုင်ကလုန်းမုန်တိုင်း အရေးပေါ် တုံ့ပြန်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ကနဦးထောက်ပံ့ငွေ ကျပ် ၅၆,၄၅၀,၀၀၀ စတင်သုံးစွဲ

📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၃။ မိုခါ ဆိုင်ကလုန်းမုန်တိုင်း နဲ့ဆက်စပ်၍ နောက်ဆက်တွဲ ဖြစ်စဥ်များကြောင့် သေဆုံးသူ စုစုပေါင်း ၁၈ဦးထိရှိလာကြောင်း NUGထုတ်ပြန်

📌 ၄။ NUG Payကသဘာဝဘေးဒဏ် အတွက် အလှူငွေ (,၆၁၅,၀၀၀) မတည်၍သဘာဝဘေးဒဏ် ကူညီကယ်ဆယ်ရေး ရံပုံငွေ အစီအစဉ်စတင်

📌 ၅။ ထိုင်းနဲ့ မြန််မာကြား လူသားချင်းစာနာ ထောက်ထားမှု လမ်းကြောင်းကို ဥပဒေအရလမ်းကြောင်းဖွင့်ပြီး ကူညီဆောင်ရွက်သွားမယ်လို့ ရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင် Pita ပြောကြား

📌 ၆။ မိုခါ မုန်တိုင်းကြောင့် ကချင်ပြည်နယ်ရှိ IDP campsမှ အဆောက်အဦများပျက်စီး

📌 ၇။ မိုခါ မုန်တိုင်းဒဏ်ကြောင့် ကျေးရွာချင်းဆက်လမ်းများပျက်စီးခဲ့တဲ့ယင်းမာပင်မြို့နယ်အတွင်း စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာများအရေးပေါ်လိုအပ်လျှက်ရှိ

📌 ၈။ ကော်ပရာစစ်ကြောင်းနဲ့ပူးပေါင်းတပ်များနေရာယူထားသောနယ်မြေကိုကျူးကျော်ဝင်ရောက်လာသည့် အကြမ်းဖက်စကစများနှစ်ရက်တာတိုက်ပွဲတွင်း ()ဦးသေ (၁၂)ဦးဒဏ်ရာရ

📌 ၉။ သိန်းတစ်ထောင်ကမ်ပိန်း ကလစ်တဲ့သူ နှစ်ထောင်ကျော်သာရှိ၍ ဝင်ငွေအရနည်းနေတယ်လို့ Click2donateအသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မိုခါ ဆိုင်ကလုန်းမုန်တိုင်း အရေးပေါ် တုံ့ပြန်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ကနဦးထောက်ပံ့ငွေ ကျပ် ၅၆,၄၅၀,၀၀၀ စတင်သုံးစွဲ


မေလ၁၅ရက်


"မိုခါ ဆိုင်ကလုန်းမုန်တိုင်း အရေးပေါ် တုံ့ပြန်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ကနဦးထောက်ပံ့ငွေ ကျပ် ၅၆,၄၅၀,၀၀၀ စတင်သုံးစွဲကြောင်းသတင်းရရှိပါတယ်။


မေလ ၁၅ရက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်သော မိုခါဆိုင်ကလုန်း အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ အစီရင်ခံစာအမှတ်စဉ် ()မှာ အသိ

ပေးဖော်ပြပါတယ်။


အဆိုပါထောက်ပံ့ငွေကို ရခိုင်ပြည်နယ်အတွက် ကနဦးထောက်ပံငွေ ၁၀,၀၀၀,၀၀၀ကျပ်၊ မောင်တောနှင့် ဂွမြို့နယ်အတွက် ,၀၀၀,၀၀၀ ကျပ်၊ ချင်းပြည်နယ် ၉မြို့နယ်အတွက် ၁၀,၀၀၀,၀၀၀ကျပ်၊ ဘဂ်လားဒေ့ရှ်နိူင်ငံ ကော့ဘဇားရှိ ရိုဟင်ဂျာ ဒုက္ခသည်များစခန်းအတွက် ,၆၀၀,၀၀၀ကျပ်၊ မကွေးတိုင်း ၇မြို့နယ်အတွက် ၁၅,၅၀၀,၀၀၀ကျပ်၊ စစ်ကိုင်းတိုင်း၃မြို့နယ်အတွက် ၁၀,၂၅၀,၀၀၀ကျပ်၊ ရန်ကုန်တိုင်းတွင် ထိခိုက်မိသူတစ်ဦးအတွက် ၁၀၀,၀၀၀ကျပ်သုံးစွဲခဲ့ပါတယ်။


ရန်ပုံငွေထောက်ပံ့မှုအပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် "မိုခါ ဆိုင်ကလုန်းမုန်တိုင်း အရေးပေါ် တုံ့ပြန်ရေး အတွက် အမေရိကန်ဒေါ်လာ ၁သန်းပံ့ပိုးဆောင်ရွက်မှာဖြစ်ပါတယ်။


========================


📌📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


 မေလ   ၁၅  ရက်


ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


မေလ ၁၅ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီ တိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းတို့ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုအစည်း အဝေး(၁၀/၂၀၂၃)ကိုကျင်းပခဲ့ပါတယ်။


 အစည်းအဝေး၌ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊  တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊  အမြဲတမ်းအတွင်းဝန်မှ လုပ်ငန်း‌ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များမှမူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့  အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်း ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီ တိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းတို့မှ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ မိုခါ ဆိုင်ကလုန်းမုန်တိုင်း နဲ့ဆက်စပ်၍ နောက်ဆက်တွဲ ဖြစ်စဥ်များကြောင့် သေဆုံးသူ စုစုပေါင်း ၁၈ဦးထိရှိလာကြောင်း NUGထုတ်ပြန်


မေလ၁၅ရက်


"မိုခါ ဆိုင်ကလုန်းမုန်တိုင်း နဲ့ဆက်စပ်၍ နောက်ဆက်တွဲ ဖြစ်စဥ်များကြောင့် သေဆုံးသူ စုစုပေါင်း ၁၈ဦးထိရှိလာကြောင်း NUGထုတ်ပြန်ပါတယ်။


မေလ၁၅ရက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော မိုခါဆိုင်ကလုန်း အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ အစီရင်ခံစာအမှတ်စဉ် ()မှာဖော်ပြပါတယ်။


"မိုခါ ဆိုင်ကလုန်းမုန်တိုင်း နဲ့ဆက်စပ်၍ နောက်ဆက်တွဲ ဖြစ်စဥ်များကြောင့်ရခိုင်၊ ရှမ်း၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ရန်ကုန်တို့တွင် သေဆုံးသူ စုစုပေါင်း ၁၈ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများနှင့် နာမကျန်းဖြစ်ပွားသူလည်းရှိတယ်"လို့ဖော်ပြပါတယ်။


 မေလ၁၅ရက်နေ့အထိ ရရှိထားသောစာရင်းဇယားများအရ ရခိုင်ပြည်နယ်တွင်အထင်ကရနေရာများဖြစ်သည့် ကျောက်တော် မဟာမြတ်မုနိဘုရား၊ စစ်တွေရှုခင်းသာလမ်းများထိခိုက်ပျက်စီးခဲ့ပြီး အိမ်ခြေထောင်သောင်းကျော် အမိုးအကာများပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ NUG Payကသဘာဝဘေးဒဏ် အတွက် အလှူငွေ (,၆၁၅,၀၀၀) မတည်၍သဘာဝဘေးဒဏ် ကူညီကယ်ဆယ်ရေး ရံပုံငွေ အစီအစဉ်စတင်


မေလ၁၅


NUG Payကသဘာဝဘေးဒဏ် အတွက် အလှူငွေ (,၆၁၅,၀၀၀) မတည်၍သဘာဝဘေးဒဏ် ကူညီကယ်ဆယ်ရေး ရံပုံငွေ အစီအစဉ်စတင်လိုက်ပါတယ်။


မေလ၁၅ရက်မှာ NUG Payက မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး ရံပုံငွေ အစီအစဥ်စတင်ကြောင်းအသိပေးဆိုပါတယ်။


"မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် NUGPay မိသားစုမှသဘာဝဘေးဒဏ် ကူညီကယ်ဆယ်ရေး ရံပုံငွေအစီအစဉ်တစ်ခု စတင်ဖို့ စီစဉ်ထားပါတယ်။မတည် အလှူငွေအဖြစ် (,၆၁၅,၀၀၀) ကို NUGPay ကိုယ်စားလှယ်များနဲ့ စီမံဌာနတို့က စုပေါင်းပါဝင်ထားပြီး NUGPay သုံးစွဲသူ ပြည်သူများမှလည်း ပါဝင်ကူညီနိုင်ရန် နှိုးဆော်အပ်ပါတယ်"လို့ဆိုပါတယ်။


NUGPay မိသားစုဝင်များက လှူဒါန်းပါဝင်ကူညီမှုကို မုန်တိုင်းဒဏ်တိုက်ရိုက်ခံစားရပြီး အမှန်တကယ် လိုအပ်နေသူများထံသို့ ပေးပို့နိုင်ရန် စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပြီးရံပုံငွေအစီအစဉ်သည် အမြဲတမ်းအတွက် ဖြစ်ပြီး  Campaign ရက်စွဲ သတ်မှတ်ထားခြင်း မရှိဘူးလို့သိရပါတယ်။


========================


📌📌 ၅။ ထိုင်းနဲ့ မြန််မာကြား လူသားချင်းစာနာ ထောက်ထားမှု လမ်းကြောင်းကို ဥပဒေအရလမ်းကြောင်းဖွင့်ပြီး ကူညီဆောင်ရွက်သွားမယ်လို့ ရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင် Pita ပြောကြား


မေလ၁၅ရက်


ထိုင်းနဲ့ မြန််မာကြား လူသားချင်းစာနာ ထောက်ထားမှု လမ်းကြောင်းကို ဥပဒေအရလမ်းကြောင်းဖွင့်ပြီး ကူညီဆောင်ရွက်သွားမယ်လို့ ရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင် Pita ပြောကြားလိုက်ပါတယ်။ မေလ၁၅ရက်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Move Forward Party ပါတီခေါင်းဆောင် Pita Limjaroenratက ဆိုပါတယ်။


"ထိုင်းနဲ့ မြန်မာကြား လူသားချင်းစာနာ ထောက်ထားမှု လမ်းကြောင်းကို ဖွင့်ပြီးကူညီဆောင်ရွက်မယ်။ မြန်မာပြည်သူတွေ အတွက် လိုအပ်တဲ့ ဖိအားတွေ ရအောင်  နိုင်ငံတကာ အဖွဲ့စည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်"လို့ဆိုပါတယ်။


မေလ၁၄ရက်နေ့ ကျင်းပတဲ့ ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် Move Forward Party ပါတီ ဟာ အမတ်နေရာ ၁၅၁ နေရာနှင့် လူထုထောက်ခံမှုဆန္ဒမဲပေါင်း ၁၄ သန်းကျော်ရရှိထားသော ရွေးကောက်ပွဲအနိုင်ရ အစိုးရဖွဲ့ဖို့ ရှေ့ပြေးနေတဲ့ပါတီတစ်ရပ်လည်းဖြစ်ပါတယ်။


========================


📌📌 ၆။ မိုခါ မုန်တိုင်းကြောင့် ကချင်ပြည်နယ်ရှိ IDP campsမှ အဆောက်အဦများပျက်စီး


မေလ၁၅ရက်


မိုခါ မုန်တိုင်းကြောင့် ကချင်ပြည်နယ်ရှိ IDP campsမှ အဆောက်အဦများ ပျက်စီးကြောင်းသတင်းရရှိပါတယ်။ မေလ၁၄ရက် ညပိုင်း မိုခါမုန်တိုင်းဒဏ်ကြောင့် Sha It Yang IDP, Maga Yang IDP campsရှိ အဆောက်အဦးတို့ ပျက်စီးမှုဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များထံကသိရပါတယ်။


"ကချင်-တရုတ်နယ်စပ်တွင် မေလ၁၄ရက် ညပိုင်းတိုက်ခိုက်ခဲ့သော အင်အားပြင်းမိုခါမုန်တိုင်းကြောင့် Sha It Yang IDP, Maga Yang IDP campsရှိ လူနေအိမ်၊ မီးဖိုချောင်၊ အိမ်သာ၊ စာသင်ကျောင်း အဆောက်အဦများ ပျက်စီးသွားခဲ့တယ်"လို့ဆိုပါတယ်။


Maga Yang IDP Camp တွင်လူနေအိမ်  ၁၈ လုံး၊အိမ်သာ ၂၀ လုံး၊မီးဖိုချောင် ၂၀ လုံး ပျက်စီးခဲ့ပြီးSha It Yang Camp ပျက်စီးစာရင်းစုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၇။ မိုခါ မုန်တိုင်းဒဏ်ကြောင့် ကျေးရွာချင်းဆက်လမ်းများပျက်စီးခဲ့တဲ့ယင်းမာပင်မြို့နယ်အတွင်း စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာများအရေးပေါ်လိုအပ်လျှက်ရှိ


မေလ၁၅ရက်


မိုခါ မုန်တိုင်းဒဏ်ကြောင့် ကျေးရွာချင်းဆက်လမ်းများပျက်စီးခဲ့တဲ့ ယင်းမာပင်မြို့နယ်အတွင်း စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျှက်ရှိတယ်လို့ဆိုပါတယ်။ မေလ၁၅ရက်မှာ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ဗဟို)ကအသိပေးဆိုပါတယ်။


"စစ်ကောင်စီစစ်ကြောင်း ထိုးနေချိန် မိုခါဆိုက်ကလုန်းမုန်တိုင်းဝင်ရောက်မှုကြောင့် ကျေးရွာချင်းဆက်လမ်းများ ပျက်စီးခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများ သွားရေးလာရေးခက်ခဲနေကာ စားနပ်ရိက္ခာများအရေးပေါ်လိုအပ်လျှက်ရှိပါတယ်"လို့ဆိုပါတယ်။


အင်အားကြီးမားသည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မေလ (၁၄) ရက် ၁၁း၀၀ နာရီ ခွဲ အချိန်တွင်  ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။


မိုခါဆိုင်ကလုန်းမုန်တိုင်းနှင့် နောက်ဆက်တွဲဖြစ်စဉ်များကြောင့် ရခိုင်၊ ရှမ်း၊ မန္တလေးနှင့် ဧရာဝတီတို့တွင် သေဆုံးသူ () ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်းသိရပါတယ်။


========================


📌📌 ၈။ ကော်ပရာစစ်ကြောင်းနဲ့ပူးပေါင်းတပ်များနေရာယူထားသောနယ်မြေကိုကျူးကျော်ဝင်ရောက်လာသည့် အကြမ်းဖက်စကစများနှစ်ရက်တာတိုက်ပွဲတွင်း ()ဦးသေ (၁၂)ဦးဒဏ်ရာရ


မေလ၁၅ရက်


ကရင်ပြည်နယ်မှာ ကော်ပရာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်များ နေရာယူထားသော နယ်မြေကိုကျူးကျော်ဝင်ရောက်လာသည့် အကြမ်းဖက်စကစများ နှစ်ရက်တာတိုက်ပွဲတွင်း ()ဦးသေ (၁၂)ဦးဒဏ်ရာရရှိခဲ့ပါတယ်။


မေလ၁၅ရက်မှာ စစ်ရေးသတင်းကို ကော်ပရာစစ်ကြောင်းကအတည်ပြုဆိုပါတယ်။


"မေလ၁၄ရက် တွင် မိမိတို့ပူးပေါင်းတပ်ဖွဲ့နေရာယူထားသော နယ်မြေအား အကြမ်းဖက်စစ်ကောင်စီမှ ကျူးကျော်ဝင်ရောက်ရန်ကြိုးစားသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ရန်သူဘက်မှ လက်နက်ကြီးများ အများအပြား ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း မိမိတို့ဘက်မှ ထိခိုက်မှုတစုံတရာမရှိခဲ့ပါ။ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရန်သူဘက်မှ ()ဦး သေဆုံးပြီး (၁၀)ဦး ဒဏ်ရာရရှိခဲ့တယ်"လို့ဆိုပါတယ်။


အလားတူ မေလ၁၅ရက် တွင် ရန်သူစကစဘက်မှ ပူးပေါင်းတပ်ဖွဲ့နေရာယူထားသော ကျောက်မိုင်းနယ်မြေသို့ ထိုးဖောက်ဝင်ရောက်ရန်ကြိုးစားခဲ့ရာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့ဘက်မှ ()ဦး သေဆုံးပြီး ()ဦး ဒဏ်ရာရခဲ့ကာ စစ်ကြောင်းဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့သိရပါတယ်။


========================


📌📌 ၉။ သိန်းတစ်ထောင်ကမ်ပိန်း ကလစ်တဲ့သူ နှစ်ထောင်ကျော်သာရှိ၍ ဝင်ငွေအရနည်းနေတယ်လို့ Click2donateအသိပေး


မေလ၁၅


သိန်းတစ်ထောင်ကမ်ပိန်း ကလစ်တဲ့သူ နှစ်ထောင်ကျော်သာရှိ၍ ဝင်ငွေအရနည်းနေတယ်လို့ Click2donateအသိပေးဆိုပါတယ်။


မေလ၁၅ရက်မှာ Click2donateက ကမ်ပိန်းနဲ့အသိပေးပါတယ်။


"လူ တစ်သောင်းတစ်ထောင်လောက် ကလစ်ရင် သေချာပေါက် သိန်းတစ်ထောင် ရမယ့်ကမ်ပိန်းမို့ ကြိုးစားကြည့်တာပါ။လက်ရှိအထိတော့ ကလစ်တဲ့သူ နှစ်ထောင်ကျော်နဲ့  ငါးရက်မှာ သိန်းတစ်ရာတောင်မပြည့်သေးပါဘူးခင်ဗျာ။ 

ကျွန်တော်လဲ ဘာဆက်လုပ်ပေးရမှန်းမသိတော့သလို အားကိုးတကြီး အကူအညီတောင်းနေကြတဲ့  ကျွန်တော်တို့ရဲဘော်တွေကိုလည်း အရမ်းပဲ အားနာရပါတယ်"လို့ဆိုပါတယ်။


မေလ၁၁ရက်နေ ၂၁ရက်နေ့အထိ သိန်းတစ်ထောင်ကမ်ပိန်းကို Click2donateက ကလစ်နှိပ်ပြည်သူများအကူအညီနဲ့ရှာဖွေနေတာဖြစ်ပါတယ်။


ရရှိလာတဲ့ သိန်းတစ်ထောင်ကို စစ်ကိုင်း၊ ချင်း၊ မကွေး  အတွက် သိန်း၅၀၀၊ ကရင်နီအတွက် သိန်း၂၀၀၊တောင်ပိုင်းအတွက် သိန်း၂၀၀၊ မြို့ပြပျောက်ကြားများအတွက် သိန်း၁၀၀ ပေးပို့မှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment