1st JUL 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇူလိုင်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ PDFအင်အားခြောက်သောင်းရှိလျှင် PRF ထောက်ပို့အင်အား ခြောက်သောင်းဖြစ်ဖို့ ရည်မှန်းထားတယ်လို့ဆို

📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဦးအောင်ကျော်မိုးအား အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေး

📌 ၃။ နိုင်ငံတဝန်းပညာရေးကဏ္ဍမှ ဆရာ၊ ဆရာမများ အပါအဝင် ဝန်ထမ်း အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း (၄၇၀) ဦးကိုအကြမ်းဖက် စစ်အုပ်စုက ဖမ်းဆီးခဲ့

📌 ၄။ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)မှ ဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုးအား အကြမ်းဖက်စစ်အုပ်စုမှ အလုပ်နှင့် ထောင်ဒဏ်  (၁၀) နှစ်မတရားချမှတ်

📌 ၅။ တော်လှန် နှုတ်ခမ်းနီ Raffle Ticket ကမ်ပိန်း မြန်မာပြည်တွင်းမှ ဝယ်ယူအားပေးမှုက ပိုမိုများပြားနေ

📌 ၆။ တိုက်ပွဲကာလတစ်နှစ်ခွဲအတွင်း ရန်သူ၉၁ဦးသေဆုံးခဲ့ပြီး၁၆ဦးအရှင်ဖမ်းဆီးရမိတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ထုတ်ပြန်

📌 ၇။ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ကြားရှိ သံတံတားဂိတ်အား ဒရုန်းနဲ့ ဗုံးသီးလေးလုံးပစ်ချတိုက်ခိုက်

📌 ၈။ ဆားတောင်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

📌 ၉။ ကိုမင်းကိုနိုင်ရဲ့ပြည်တော်ဝင်ပန်းချီကားကို အမေရိကန်ဒေါ်လာ ၅၀၀၀အထိ ပေးထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ PDFအင်အားခြောက်သောင်းရှိလျှင် PRF ထောက်ပို့အင်အား ခြောက်သောင်းဖြစ်ဖို့ ရည်မှန်းထားတယ်လို့ဆို


ဇွန်လ၃၀ရက်

PDFအင်အားခြောက်သောင်းရှိလျှင် PRF ထောက်ပို့အင်အားခြောက်သောင်းဖြစ်ဖို့ ရည်မှန်းထားတယ်လို့ ဇွန်လနောက်ဆုံးပတ်မှာ စစ်ကိုင်းတိုင်းအတွက် ဩစတြေးလျားနိုင်ငံမှာ ကျင်းပမယ့် ရံပုံငွေရှာဈေးရောင်းပွဲသို့ အမှာစကားပြောကြားရာမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။


ဩစတြေးလျား နိုင်ငံရောက် ညီအစ်ကို မောင်နှမတွေက စစ်ကိုင်းတိုင်းကို ကူကြမယ်လို့ သိရလို့ ဝမ်းသာပါတယ်။


"စစ်ကိုင်းတိုင်းဟာ တော်လှန်ရေး အားကောင်းသလို နယ်မြေစိုးမိုးနိုင်စွမ်းလည်း အားကောင်းတဲ့ ဒေသ ဖြစ်ပါတယ်။။ PDF ရဲဘော်တွေ မိုးထဲရေထဲ မှာ အသက်စွန့် တိုက်ပွဲဝင်နေတဲ့ အချိန် ပြည်သူတွေ အနေနဲ့လည်း စဉ်ဆက်မပြတ် ဝိုင်းဝန်းထောက်ပံ့ပေးဘို့ လိုအပ်ပါတယ်။

၁။ ရိက္ခာ၂။ ခဲယမ်းမီးကျောက်၃။ လက်နက် 

ဒါကိုပုံမှန် ဖြည့်ဆီးပေးနိုင်ဘို့ အရေးကြီးပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနဟာဆိုရင် PDFရဲဘော်တွေ စဥ်ဆက်မပြတ်ထောက်ပံ့ပေးနိုင်ဖို့ရည်ရွယ်ပြီး ပြည်သူ့တော်လှန်ရေးမိသားစု PRFအစီအစဥ်ကို အကောင်အထည်ဖော်လျက်ရှိပါတယ်။ PRFမိသားစုဝင်တွေဟာလည်း PDFရဲ့ ထောက်ပို့ရဲဘော်တွေပဲ ဖြစ်ပါတယ်။ PDFအင်အားခြောက်သောင်း၊ PRFအင်အားခြောက်သောင်းဖြစ်ဖို့ ရည်မှန်းထားပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို မွမ်းမံသင်တန်းများပေးခြင်းနဲ့ လက်နက်တပ်ဆင်ပေးခြင်းများဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဦးအောင်ကျော်မိုးအား အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေး


ဇွန်လ၃၀ရက်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဦးအောင်ကျော်မိုးအား အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။


ဇွန်လ၃၀ရက်မှာ ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကအသိပေးကြေညာပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်သည့်အာဏာကို ကျင့်သုံးလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ဦးအောင်ကျော်မိုးအား အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ဖော်ပြပါရှိပါတယ်။


 ဦးအောင်ကျော်မိုးဟာNUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အကြံပေးတစ်ဦးအဖြစ် ယခင်ကလုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၃။ နိုင်ငံတဝန်းပညာရေးကဏ္ဍမှ ဆရာ၊ ဆရာမများ အပါအဝင် ဝန်ထမ်း အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း (၄၇၀) ဦးကိုအကြမ်းဖက် စစ်အုပ်စုက ဖမ်းဆီးခဲ့


ဇွန်လ၃၀ရက်

ဇွန်လ၃၀ရက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း ပညာရေးကဏ္ဍမှ ဆရာ၊ ဆရာမများ အပါအဝင် ဝန်ထမ်းအမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း (၄၇၀) ဦးကို အကြမ်းဖက် စစ်အုပ်စုက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။


 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ နိုင်ငံတဝန်း ပညာရေးကဏ္ဍမှ ဆရာ၊ ဆရာမများ အပါအဝင် ဝန်ထမ်း အမျိုးသား (၂၂၁) ဦးနှင့် အမျိုးသမီး (၂၄၉) ဦး စုစုပေါင်း (၄၇၀) ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပါတယ်။ ထို (၄၇၀) ဦးအနက် မန္တလေးတိုင်းမှာ (၁၀၈) ဦးဖြင့် အများဆုံး ဖမ်းဆီးခံရပြီး မတရားသော ပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ (၁၁၈) ဦး ပါဝင်တယ်လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၆၅၁) ဦးရှိပြီး ထိုအထဲမှ  (၁၉၂၉၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ  (၆၆၂၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။


========================


📌📌 ၄။ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)မှ ဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုးအား အကြမ်းဖက်စစ်အုပ်စုမှ အလုပ်နှင့် ထောင်ဒဏ်  (၁၀) နှစ်မတရားချမှတ်


ဇွန်လ၃၀

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)မှ ဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုးအား အကြမ်းဖက်စစ်အုပ်စုမှ အလုပ်နှင့် ထောင်ဒဏ်  (၁၀) နှစ်မတရားချမှတ်ခဲ့ကြောင်း ဇွန်လ၃၀ရက်နေ့မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရွာသာကြီး

က အသိပေးဆိုပါတယ်။


ကိုထက်ပိုင်စိုးသည် April 21 ရက်နေ့တွင် လေးထောင့်ကန်လမ်းမပေါ်တွင် ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀ () ဖြင့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံးတွင် ရုံးတင်တရားစွဲဆိုခံခဲ့ရပါတယ်။


တရားရင်ဆိုင်ချိန်တွင်လည်း ဖိနှိပ်မှုနှင့် ခြိမ်းခြောက်မှုများအားလည်း ရင်ဆိုင်ခဲ့ရပြီး တရားစွဲဆိုခံရချိန် တစ်နှစ်နှင့် နှစ်လကျော်ပြီးနောက် အမိန့်ချမှတ်ရာတွင် အရပ်ဘက်တရားရုံးများတွင် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ်(ချုပ်ရက်ခံစားခွင့်ရှိ) ကို အမှုတွဲဖြစ်သူ နွေးရတီတိုးနှင့်အတူ ချမှတ်ခံခဲ့ရခြင်း ဖြစ်ပါတယ်။


========================


📌📌 ၅။ တော်လှန် နှုတ်ခမ်းနီ Raffle Ticket ကမ်ပိန်း မြန်မာပြည်တွင်းမှ ဝယ်ယူအားပေးမှုက ပိုမိုများပြားနေ


ဇွန်လ၃၀

တော်လှန် နှုတ်ခမ်းနီ Raffle Ticket ကမ်ပိန်း မြန်မာပြည်တွင်းမှ ဝယ်ယူအားပေးမှုက ပိုမိုများပြားနေတယ်လို့ ဇွန်လ၃၀ရက်မှာ တော်လှန် နှုတ်ခမ်းနီ Raffle Ticket ကမ်ပိန်းကအသိပေးဆိုပါတယ်။


"ဒီနေ့ထိ ရောင်းချထားခဲ့ပြီးသော Raffle Ticket များရဲ့ Update list လေးတင်ပေးလိုက်ပါတယ်နော်။ တော်လှန်နှုတ်ခမ်းနီ စတင်ခဲ့ချိန်မှ ယခုလက်ရှိချိန်ထိ လျာထားချက်ရဲ့ ၃၃.၂၄ ရာခိုင်နှုန်းထိတော့ ရောက်ရှိလို့လာခဲ့ပါပြီ။ ပြည်တွင်းမှဝယ်ယူအားပေးမှုက ပိုမိုများပြားနေတာတွေ့ရပါတယ်"လို့ဆိုပါတယ်။


ဇွန်လ ၁၆ ရက်ကနေ ဇူလိုင်လ ရက်နေ့အထိ လက်မှတ်တွေကို ရောင်းချမှာဖြစ်ပြီးတော့ ဇူလိုင် ရက်နေ့ မြန်မာစံတော်ချိန် နာရီမှာ ကံထူးရှင် ၁၀ ယောက်ကို online ကနေ Live လွှင့်ပြီးပွင့်လင်းမြင်သာစွာ ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။


ရရှိတဲ့ ကမ်ပိန်းက ငွေကြေးတွေကို ပထမဆုံးအကြိမ်အဖြစ် ကူညီပေးရန် တပ်ဖွဲ့ ဖွဲ့ကတော့ မုံရွာခရိုင်, တပ်ရင်းအမှတ်(၂၀), Battalion of Budalin(BOB), (ဘုတလင်တပ်ရင်း၊ စစ်ကိုင်းတိုင်း) ဂန့်ဂေါခရိုင်, တပ်ရင်းအမှတ် (၁၃), The Youth Force (TYF) (ယော-ဆော-ကျောက်ထုအခြေစိုက်၊ မကွေးတိုင်း)နဲ့ ယင်းမာပင်ခရိုင်, တပ်ရင်းအမှတ် (၁၆) - တပ်ခွဲ , One Star Task Force (OSTF) (ဆားလင်းကြီးအခြေစိုက်၊ စစ်ကိုင်းတိုင်း) တို့ဖြစ်ပါတယ်။


========================


📌📌 ၆။ တိုက်ပွဲကာလတစ်နှစ်ခွဲအတွင်း ရန်သူ၉၁ဦးသေဆုံးခဲ့ပြီး၁၆ဦးအရှင်ဖမ်းဆီးရမိတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ထုတ်ပြန်


ဇွန်လ၃၀

တိုက်ပွဲကာလတစ်နှစ်ခွဲအတွင်း ရန်သူ၉၁ဦးသေဆုံးခဲ့ပြီး ၁၆ဦးအရှင်ဖမ်းဆီးရမိတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်(BPLA)က ဇွန်လ၃၀ရက်မှာ အသိပေးဖော်ပြပါတယ်။


၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ တိုက်ပွဲ၄၄ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ  ၉၁ဦးသေဆုံး၊ ၁၆ဦးအရှင်ဖမ်းဆီးရမိတယ်လို့ဆိုပါတယ်။


အဆိုပါကာလအတွင်း BPLAနဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည့် မဟာမိတ်များတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) Force for Federal Democracy(FFD)နှင့် အခြားသော တော်လှန်ရေးအဖွဲ့အစည်းများလည်း ပါဝင်ခဲ့ကြတယ်လို့ဆိုပါတယ်။


ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ရှေ့တန်းစစ်မြေပြင်သို့ စတင်ရောက်ရှိခဲ့ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အမိန့်ပေးကွပ်ကဲမှုအောက်တွင် အခြားသော မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။


========================


📌📌 ၇။ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ကြားရှိ သံတံတားဂိတ်အား ဒရုန်းနဲ့ ဗုံးသီးလေးလုံးပစ်ချတိုက်ခိုက်


ဇွန်လ၃၀ရက်

ဇွန်လ၃၀ရက် မွန်းလွဲ ၁၂နာရီ၃၅အချိန်မှာ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ကြားရှိ သံတံတားဂိတ်အား ဒရုန်းနဲ့ဗုံးသီးလေးလုံးပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထို KRFကအတည်ပြုဆိုပါတယ်။


"ဇွန်လ၃၀ရက် မွန်းလွဲ ၁၂နာရီ၃၅အချိန် ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ကြားရှိ သံတံတားဂိတ်အား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ ဒရုန်းနဲ့ဗုံးသီးလေးလုံးပစ်ချတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


စကစတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုအခြေအနေအား အတည်ပြုစုံစမ်းနေဆဲ ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၈။ ဆားတောင်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်


ဇွန်လ၃၀ရက်

စစ်ကိုင်းမြို့နယ် ဆားတောင်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပါတယ်။


ဇွန်လ၃၀ရက်မှာ မြင်းခြံခရိုင် တပ်ရင်း၆က စစ်ရေးသတင်းကိုအသိပေးဆိုပါတယ်။


"ဇွန်လ၃၀ ရက်နေ့တွင် ဆားတောင်ရဲစခန်းအား အုန်းသီးဆယ့်လေးလုံးချ တိုက်ခိုက်ခဲ့ပါတယ်။ ယခုတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း၆ တပ်ခွဲ၂ GTR MMU ဆားတောင်မိုးကြိုး ကျောက်ဆည်နဂါးနီ၊ Zero ပြောက်ကျားတပ်ဖွဲ့ MMDF ရွှေဘို တပ်ရင်း ၁၅  တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။


လတ်တလောမှာ ထိခိုက်ပျက်စီးမှုအခြေအနေအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၉။ ကိုမင်းကိုနိုင်ရဲ့ပြည်တော်ဝင်ပန်းချီကားကို အမေရိကန်ဒေါ်လာ ၅၀၀၀အထိ ပေးထား


ဇွန်လ၃၀

ကိုမင်းကိုနိုင်ရဲ့ပြည်တော်ဝင်ပန်းချီကားကို အမေရိကန်ဒေါ်လာ ၅၀၀၀အထိ ပေးထားတယ်လို့ ဇွန်လ၃၀ရက်မှာ ပန်းချီကားနဲ့ ပတ်သက်လို့ ပိတောက်ဖူး လူမှုကွန်ရက်က အသိပေးဆိုပါတယ်။


" ကိုမင်းကိုနိုင်ရဲ့ပြည်တော်ဝင်ပန်းချီကားကို အခုဆိုရင် $5,000 ထိ ပေးနေပါပြီ။ မြန်မာငွေ သိန်း၁၅၀ ပါ။ နွေဦးသမိုင်းဝင်မယ့် ပန်းချီကား၊ မန္တလေးသမိုင်းမှာ မော်ကွန်းထိုးမယ့် ပန်းချီကား…..မန္တလေးက သူဌေးတွေအတွက် ဧည့်ခန်းမှာချိတ်ထားရင် အင်မတန်မှကို မျက်နှာပွင့်စေမယ့် ပန်းချီကား Digital Artwork မို့ အတုတွေ ထွက်လာနိုင်လိမ့်မယ်လို့ မထင်နဲ့နော်ပန်းချီကားရဲ့ နောက်ကျောမှာ Certificate of Authentication တံဆိပ်တုံး()ခု ပါပါ့မယ်"လို့ဆိုပါတယ်။


ပြည်တော်ဝင်ပန်းချီကားကို ကြမ်းခင်းဈေး USD $1988 လို့ သတ်မှတ်ထားပြီး ဇူလိုင် ၃ရက် ည၇:၃၀နာရီ (မြန်မာစံတော်ချိန်) မှာတော့ ပြည်တော်ဝင် Campaign ပိတ်ပွဲအခမ်းအနားနဲ့အတူ ပန်းချီကားကို Live Auction စီစဉ်ပေးထားပါတယ်။


၉နာရီ ဆိုတာနဲ့ လေလံပိတ်မှာဖြစ်ကာ လေလံမပိတ်ခင် Last Seconds မှာ အမြင့်ဆုံးဈေးနဲ့ လေလံဆွဲနိုင်သူက အနိုင်ရရှိမှာဖြစ်ပါတယ်။


ပန်းချီကားကို ပြည်တော်ဝင် Logo, MDYPDF Logo, CRPH-OFP Logo, Spring Myanmar Society FR အဖွဲ့၏ Logo, Lucky2PDF FR အဖွဲ့၏ Logo များကို တံဆိပ်တုံးနဲ့ ခတ်နှိပ်ပေးထားမှာ ဖြစ်ပြီးတော့ ဒီတံဆိပ်တုံးတွေဟာ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ လက်ဝယ်မှာ တခုစီသာ ရှိတဲ့ တံဆိပ်တုံးတွေ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment