လာမယ့်ကြံရာသီမှာ ကြံနဲ့သကြားစျေးကောင်းမယ်
(Radio NUG) မကြေးမုံ၊ ဇူလိုင် ၂၅၊ ၂၀၂၃
လာမယ့်ကြံရာသီမှာ ကြံနဲ့သကြားဈေးကွက် ဆက်လက်ကောင်းမွန်နိုင်ပြီး သကြားစက်ရုံ အသစ်များ တိုးချဲ့ လည်ပတ်သွားဖိုရှိပါတယ်။ ဒီသတင်းကို မကြေးမုံကပေးပိုထားပါ တယ်။
မြန်မာ့သကြားကို ဗီယက်နမ်နိုင်ငံက ဆက်လက်ဝယ်ယူနေသလို ဒီနှစ်မှာလည်း သကြားတင်ပိုမှုက တန်ချိန်ကိုးသောင်းလောက် တင်ပိုနိုင်မယ်လို့ ကြံသကြားအသင်းက သိရပါ တယ်။ ပြည်တွင်း ကြံစိုက်ဧက လေးသိန်းက ဆက်လက်တိုးတက်နေပြီး ကြံဈေးကလည်း မနှစ်က တစ်တန်ကို ကျပ်တစ်သိန်းလောက် ဈေးရခဲ့ပြီး ၊ လာမယ့် ကြံရာသီမှာလည်း ဈေး ကျဖို့ မရှိဘူးလို ကြံသကြားအသင်းက ထုတ်ပြန်ပါတယ်။
အင်တာဗျူး -
“ ကြံဈေးကတော့ မနှစ်ကထဲက တစ်တန်ကို ကိုးသောင်းခွဲ၊ တစ်သိန်းဖြစ်ခဲ့တာ ပေါ့နော်။ အဲ့ဒီဟာနဲ့ မှီပြီး ကမ္ဘာ့သကြားဈေးတွေ နိုင်ငံတကာသကြားဈေးကလည်း တက်လာတာပေါ့။ လာမယ့် ၂၀၂၃ - ၂၀၂၄ ကြံရာသီမှာက သကြားကလည်း ထုတ်လုပ်မှု လည်းပိုများလာတယ်။ ကြံစိုက်ဧကလည်း များလာလို ကြံဈေးနှုန်းကလည်း မနှစ်က ဈေးကလည်း တစ်သိန်းလောက်ရခဲ့တော့ ၊ မနှစ်ကထက် မနိမ့်တဲ့ဈေးနဲ့ ကျွန်တော်တို့ တောင်သူတွေရမှာဖြစ်လို တောင်သူရော၊ စက်ပိုင်ရော အခြေအနေကောင်းတဲ့ အလားအလာရှိ ပါတယ်။”
တစ်နိုင်ငံလုံးမှာ ကော်ဖီမစ်၊ မုန့်၊ အချိုရည်စတဲ့ သကြားအခြေခံ စားသောက်ကုန် လုပ်ငန်းပေါင်းက တစ်ထောင့်နှစ်ရာကျော်ရှိပြီး အဲ့ဒီလုပ်ငန်းတွေကနေ သကြားသုံးစွဲမှုက တန်ချိန် ငါးသိန်းငါးသောင်းကျော် ရှိပါတယ်။ လူတဦးချင်းနဲ့ မိသားစု လိုက်စားသုံးတဲ့ သကြားပမာဏက တန်ချိန် လေးသိန်းလောက်ရှိပါတယ်။ သကြား တပိသာဈေးက ရန်ကုန်မှာ ၃၃၀၀ ကျပ် နဲ့ မန်းလေးဈေးက ၃၂၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ ဒီဈေးက လွန်ခဲ့တဲ့ငါးနှစ်က သကြားဈေးထက် ကျပ်ငွေ ၂၂၀၀ နီးပါးမြင့် တက်လာတာပဲဖြစ် ပါတယ်။ သကြား ဈေးတက်လာတာကတော့ ပြည်တွင်းက တစ်နိုင်တစ်ပိုင် သကြားအခြေပြုစားသောက် ကုန်လုပ်ငန်းတွေမှာတော့ အကျိုးအမြတ် နည်းပါးလာတယ်လို ဆိုပါ တယ်။
အင်တာဗျုး -
“ သကြားဈေးမတက်ခင်ကတော့ ပိုကောင်းတာပေါ့နော်။ ရောင်းလို့ ဝယ်လို့ ပိုကောင်း တယ်။ အဲ့တုန်းက သကြားဈေးကလည်းကျ၊ အသီးဈေးကလည်းကျတော့။ အခုကတော့ ကိုယ့်အတွက်လည်း မကျန်ဘူုးပေါ့။ လုပ်အားခလေးလောက်ပဲ ကျန်တယ်။"
မြန်မာ့သကြားက ပြည်ပပို့ကုန်တခု ဖြစ်လာသလို ၊ သကြားစက်ရုံအသစ်တွေလည်း တိုးချဲ့ရင်းနှီးမြှုပ်နှံလာကြပါတယ်။ ဒါကြောင့် ကြံလိုအပ်ချက် မြင့်မားလာလို့ ပြည်တွင်း ကြံဈေးကလည်း ကောင်းလာသလို ၊ ကြံစိုက်ဧကတွေလည်း တိုးလာပါတယ်။ ပြည်တွင်းက သကြားစားသောက်ကုန်လုပ်ငန်းတွေကတော့ ထုတ်ကုန်တွေအပေါ်မှာ ပြောင်းလဲရမယ့်အနေထားရှိတယ်လို့ ကြံသကြားဈေးကွက်ကျွမ်းကျင်သူတွေက အကြုံပြုသုံး သပ်ပါတယ်။
“ ပြည်တွင်းအသုံးအတွက်ကတော့ ကျွန်တော်တိုက ဒီဟာကတော့ သူတို့က ဒီလိုမျိုးရှိတာပေါ့။ ကြံရာသီအစမှာ ဆိုရင်သကြားစက်ရုံတွေက ကြိုရောင်းတာရှိတယ်။ အဲ့အချိန်မှာ အနိမ့်ဈေးနဲ့ ရောင်းပေးတယ်။ အဲ့အချိန်မှာ တစ်ချို့လုပ်ငန်းရှင်တွေက ဝယ်ထားတယ်။ အဲ့လိုမျိုးပေါ့နော်။ လုပ်ငန်းရှင်တွေအနေနဲ့ကတော့ ကျွန်တော်တို့ပြောချင်တာက ပြည်တွင်းက မဖူလုံတာတော့ မရှိဘူး။ ဈေးနှုန်းကတော့ အခုဆိုရင် ၃၂၀၀ ဆိုတာ ကြာပြီ၊ တော်တော်ကို တည်တည်ငြိမ်ငြိမ် ရပ်တည်နေတဲ့ အနေထားပဲ။ အဲ့ဒီထက် တက်မလာဘူးပေါ့နော်။ လုပ်ငန်းရှင်တွေဘက်ကလည်း ဒီဘက်က နိုင်ငံတကာဈေးတွေ တက်လာတဲ့အတွက် ထုတ်လုုပ်မှုစရိတ်တွေတက်လာတဲ့အပေါ်မှာတော့ သူတိုရဲ့ထုတ်ကုန်တွေအတွက် ပြောင်းလဲရမယ့် အနေထားတော့ရှိပါတယ်။ အရင်တုန်းကလို သကြားတပိသာ ၁၅၀၀၊ ၂၀၀၀ လောက်အထိတော့ ပြန်လည်ကျဆင်းဖိုတော့ အခုလောလောဆယ် အခြေနေက မမြင်သေးဘူး။ ဘာလိုလည်းဆိုတော့ ကမ္ဘာကြီးရဲ့ ဒီနှစ်က သကြားထုတ်လုပ်မှုကလည်း ကျဆင်းနေတယ်။ နိုင်ငံတကာဈေးကလည်း မြင့်နေတယ်။ ၆၅၀နဲ့ ၇၀၀ ကြားမှာပဲပြေးနေတော့ မြန်မာနိုင်ငံဈေးအနေနဲ့က အသင့်တော်ဆုံးဈေးပဲ ဖြစ်နေတယ်။”
မြန်မာတစ်နိုင်ငံလုံးမှာ ခေတ်မှီသကြားစက်ရုံကြီးပေါင်း ၂၃ ရုံရှိပြီး အသေးစားနဲ့ အလတ်စား လေဟာနယ်စနစ်နဲ့လည်ပတ်တဲ့ စက်အသေးက ရုံပေါင်း ၁၂၉ ရုံ ရှိပါတယ်။ လာ မယ့်ကြံရာသီမှာတော့ ရှမ်းမြောက်ဒေသနဲ့ စစ်ကိုင်းအထက်ပိုင်းမှာ ခေတ်မှီသကြားစက်ရုံ နှစ်ရုံ ထပ်မံလည်ပတ်သွားမှာဖြစ်ပါတယ်။
No comments:
Post a Comment