မုန်တိုင်းသင့်ရခိုင်မှာ လယ်ယာပြန်ထူထောင်ဖို့ ဓာတ်မြေဩဇာက အရေးတကြီးလိုအပ်
(Radio NUG) မကြေးမုံ၊ ဇူလိုင် ၉၊ ၂၀၂၃
မုန်တိုင်းသင့်ရခိုင်ဒေသရဲ့ လယ်ယာကဏ္ဍပြန်လည်ထူထောင်ရေးအတွက် လယ်သမား တွေ ဓာတ်မြေသြဇာသုံးစွဲနိုင်ဖို့က အရေးတကြီးလိုအပ်နေပါတယ်။ ဒီသတင်းကိုမကြေးမုံ ကပေးပို့ထားပါတယ်။
ရခိုင့်စပါးကျီလို့တင်စားကြတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်တွေ၊ ကျောက်တော်၊ ရ သေ့တောင်၊ ပုဏ္ဏားကျွန်းစတဲ့ဒေသတွေမှာ မိုခါမုန်တိုင်းတိုက်ခတ်သွားပြီးတဲ့နောက် လယ်ယာကဏ္ဍပြန်လည်ထူထောင်ရေးအတွက် ဓာတ်မြေသြဇာက အဓိကလိုအပ်ချက် ဖြစ်လာပါတယ်။ လက်ရှိအချိန်က မိုးစပါးစတင်စိုက်ပျိုးချိန်ဖြစ်လို့ ဓာတ်မြေသြဇာ ကြဲပက်ဖို့ လိုအပ်လာပြီဖြစ်ပေမယ့် လယ်သမားအများစုဟာ ဓာတ်မြေသြဇာ အသုံး မပြုနိုင်တဲ့အတွက် လယ်ယာလုပ်ငန်းလုပ် ကိုင်လိုစိတ်တွေနည်းပါးလာတယ်လို့ ကျောက်တော် မြို့နယ်က လယ်သမားကြီးတစ်ဦးကပြောပါတယ်။
လယ်သမားကြီးတဦး၏ အသံ - နောက်ဆက်တွဲကတော့ အရင်တစ်ခါပြောသလို သွင်းအားစုဓာတ်မြေသြဇာတို့ကို အလှူပေးနိုင်ရင်ပိုကောင်းတယ်။ ကိုယ့်ငွေနဲ့ကိုယ်ဝယ်ကြဆိုရင် သေချာတယ်။ မဝယ်နိုင်ကြဘူး။ အသီးထွက်လျော့လိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ သွင်းအားစုက စပါးပင်အဟာရဖြစ်အောင် မကျွေးနိုင်ကြတော့ဘူး။ ကျွန်တော်တို့ရခိုင်မှာ လယ်သမား တွေက စစ်ဖြစ်တာတို့၊ မုန်တိုင်းဖြစ်တာတို့၊ ကုလားတွေက ပြသနာဖြစ်တာတို့ အဲ့လို ဆက်တိုက် ဆက်တိုက်ဖြစ်လာတော့ လူတွေက အတော့်ကိုဆင်းရဲသွားကြတယ်။ နောက်ပြီးတော့ လယ်လုပ်ချင်စိတ်လည်း မရှိကြတော့ဘူး။ အဲ့တော့ အဲ့ဒါကိုပြည့်မှီဖို့အတွက် သွင်းအားစုကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တစ်နှစ်၊ နှစ်နှစ်လောက်လုပ်ပေးသင့်တယ်။ ပြန်လည်ထူထောင်ရေးကာလမှာ ..."
မိုးကောင်းသောက်ဧရိယာဖြစ်တဲ့ ရခိုင်ဒေသရဲ့ လယ်ယာလုပ်ငန်းမှာ စပါးအထွက်နှုန်း ကောင်းမွန်ဖို့က ဓာတ်မြေသြဇာက အဓိကကျလှပါတယ်။ ဓာတ်မြေသြဇာကျွေးရင် ကျွေး နိုင်သလိုု မိုးစပါးတစ်ဧကကို စပါးတင်း တစ်ရာအထိထွက်ရှိနိုင်ပေမယ့် မကျွေးနိုင်တဲ့အ ခါ စပါးဆယ်တင်းကနေ တင်း ၄၀လောက်အထိပဲ မှန်းလို့ရနိုင်တယ်လို့ တောင်သူတွေက ပြောပါတယ်။ မုန်တိုင်းသင့်ဒေသတွေပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီရဲ့အ ကူအညီက ပျက်စီးမှုရဲ့ တစ်ရာခိုင်နှုန်းလောက်ပဲရှိပြီး ဓာတ်မြေသြဇာတစ်အိတ်ကို ကျပ်တစ်သိန်းကျော်တန်ဖိုးမှာ စစ်ကောင်စီရဲ့အကူအညီရနိုင်ဖို့က အဝေးကြီးမှာ ရှိနေ တယ်လို့ မုန်တိုင်းသင့် တောင်သူတစ် ဦးကပြောပါတယ်။
မုန်တိုင်းသင့်တောင်သူတဦး -
“ ထိရောက်တာကတော့ ရာခိုင်နှုန်းလောက်ဆိုရင် တစ်ရာခိုင်နှုန်း လာက်ပဲရှိလိမ့် မယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီဘက်ကနေ ရသေ့ တောင် တစ်မြို့နယ်လုံးမှ ထွန်စက်အလုံး နှစ်ဆယ်ပေးတာပေါ့။ ဒါကလည်း ထွန်စက်အလုံး ၂၀ဆိုတာ ရသေ့ တောင်မြို့နယ်မှာ အုပ်စု တစ်ရာနဲ့ ငါးရှိရာမှာ ဆယ်အုပ်စုလည်း ထွန်လို့မရဘူး။ ဆို တော့ အခုက ICRC ကပေးတာပေါ့။ ဆယ်ဧကရှိတဲ့လူလည်း တစ်ဧ ကဖိုးလောက်မျိုးစပါး ပေးတာပေါ့။ ဓာတ်မြေသြဇာဆိုတာတော့ဝေလာဝေးပဲ၊ ဘယ်က ပေး မယ်ဆိုတာအသံ တောင်မကြားရဘူး။ ကိုယ်ထူကိုယ်ထ ကြိုးစား နေရတဲ့ အပိုင်း ပဲရှိတယ်။ အဓိက ကိုယ်ထူကိုယ်ထကြိုးစားနေရတဲ့အပိုင်းက ကိုးဆယ်ရာခိုင်နှုန်း လောက်ရှိတာပေါ့။”
မိုခါမုန်တိုင်းဖြစ်ပွားပြီးနောက် ပျက်စီးသွားတဲ့နေအိမ်အဆောက်အဦးတွေကို ပြင်ဆင် လိုက်ရတဲ့ လယ်သမားတွေမှာ လယ်ယာလုပ်ငန်းမှာ သုံးစွဲဖို့ စရိတ်စကအခက်အခဲတွေ ရှိလာတာဖြစ်ပါတယ်။ ၂၀၂၁ နွေစပါးရာသီကစလို့ တရိတ်ရိတ်တက်လာတဲ့ ဓာတ်မြေ သြဇာဈေး နှုန်းတွေက ကျပ်နှစ်သောင်းခွဲလောက်ကနေ ကျပ်တစ်သိန်းခွဲ အထိမြင့် တက် လာတာဖြစ် ပါတယ်။ ဒါကြောင့် တစ်ဧကကို ဓာတ်မြေသြဇာ တစ်အိတ်ခွဲ လောက်ကျွေး လာတဲ့လယ် သမားတွေမှာ အိတ်ဝက်လောက်သာကျွေးနိုုင်တော့ပြီး မုန်တိုင်းဒဏ် သင့်တဲ့နောက်မှာတော့ ဓာတ်မြေသြဇာ လုံးဝမကျွေးနိုင်တော့ တဲ့အနေထား အထိဖြစ် လာတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ စပါးစိုက်ဧက တစ်သန်းကျော်ရှိပြီး ဓာတ်မြေသြ ဇာပုံမှန်ကျွေးနိုင်မယ် ဆိုရင် စပါးတန်ချိန် ၁၂သိန်းကျော်ထွက်ရှိမှာဖြစ်ပါတယ်။ အခုလို ဓာတ်မြေသြဇာ အခက်အခဲရှိတဲ့အခါမှာတော့ စပါးအထွက်ကို လျော့နည်း စေမှာဖြစ် တဲ့အပြင် ဒေသတွင်း ဝမ်းစာ ဖူလုံမှုနဲ့ အခြားဒေသကိုစပါးတင်ပို့ရောင်းချနိုင်မယ့် စိုက်ပျိုး စီးပွား အခွင့်အလမ်းတွေကိုပါ ထိခိုက်လာစေ မှာဖြစ်ပါတယ်။

No comments:
Post a Comment