စစ်ကောင်စီ၏ ကုန်လှောင်ရုံအာမခံစနစ်က လယ်သမားများအတွက် အကျိုးမရှိ


စစ်ကောင်စီ၏ ကုန်လှောင်ရုံအာမခံစနစ်က လယ်သမားများအတွက် အကျိုးမရှိ

(Radio NUG) မကြေးမုံ၊ ဇူလိုင် ၉၊ ၂၀၂၃
စစ်ကောင်စီက ကုန်လှောင်ရုံအာမခံစနစ်ကို လယ်သမားအကျိုးဖော်ဆောင်ဖို ဆောင် ရွက်နေပေမယ့် ဆယ်စုနှစ်တစ်စုကျော်အကောင်ထည်မဖော်နိုင်ပဲ ဆက်လက်ကြာမြင့် နေအုန်းမယ်လို ကျွမ်းကျင်သူတွေက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို မကြေးမုံက ပေးပိုထားပါတယ်။ 
စပါးစိုက်ပျိုးသူတောင်သူအများစုက စိုက်ပျိုးစရိတ်အရင်းအနှီးနည်းပါးတဲ့အတွက်  အ တိုးများတဲ့ချေးငွေတွေနဲ့ လယ် ယာလုပ်ငန်းကိုလုပ်ကိုင်ကြရတာဖြစ်ပါတယ်။ ဒါကြောင့် အတိုးမြန်မြန်ပြန်ဆပ်နိုင်ဖို စပါးပေါ်ချိန်မှာ ဈေးကောင်းရအောင်မစောင့်နိုင်ပဲ ရတဲ့ဈေးနဲ့ စပါးတွေကိုရောင်းလိုက်ရလို ဒီလုပ်ငန်းကနေ အကျိုးအမြတ် မရှိ သလောက်ဖြစ်ခဲ့ ရပါ တယ်။ ဒါကြောင့် စပါးပေါ်ချိန်မှာ မိမိ စပါးရဲ့ အရည်အသွေးနဲ့ပမာဏအလိုက် ကုန် လှောင်ရုံမှာအပ်နှံပြီး ကုန်လှောင်ရုံကထုတ်ပေးလိုက်တဲ့ ပြေစာအတိုင်း ဘဏ်မှာငွေချေး နိုင်ပြီး တောင်သူ့အကြွေးတွေကို လတ်တလောဖြေရှင်းနိုင်ဖို သိုလှောင်ရုံအာမခံစနစ်ကို ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ဒီစနစ်ကိုလွန်ခဲ့တဲ့ ဆယ်စုနှစ် တာကာလမှာ ရှေ့ပြေးစမ်း သပ် ဆောင်ရွက်ခဲ့ပေမယ့် လက်ရှိအချိန်ထိ အကောင်ထည်ဖော်နိုင်တာ မရှိခဲ့ပါ ဘူး။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက်နေ့မှာ ဒီစနစ်ကို ဆောင်ရွက်ဖို အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို နေပြည်တော်မှာ ပြန်လည် ကျင်းပခဲ့တာဖြစ် ပါတယ်။ ဆွေးနွေးခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တက်ရောက်ခဲ့သူတစ်ဦးက အခု လိုပြောပါတယ်။ 
ဆွေးနွေးပွဲတက်ရောက်ခဲ့သူတစ်ဦး
“အဓိကအချက်က ပြသနာက ဘာလဲဆိုတော့ Private Sector မှာပြသနာက ဘာလဲဆိုတော့ ဂိုဒေါင်ကိုလာထားမယ်။ ထားတဲ့ပစ္စည်းရဲ့ Capacity, လုံခြုံစိတ်ချရဖို့ အတွက် ဒီကောင်ရဲ့အရည်သွေးတွေအတွက် နောက် တတိယအဖွဲအစည်းလိုတယ်။ အခုက စပြီး ဆွေးနွေးတာပေါ့။ အစ်ကိုအထင်ပြောရမယ်ဆိုရင်တော့ ၃နှစ်လောက်သွား ရအုန်းမယ်။ “
ကုန်လှောင်ရုံအာမခံစနစ်ရဲ့ ရှေ့ပြေးစမ်းသပ်အစီအစဉ်ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကဦးဆောင်ပြီး ဓနုဖြူမြိုနယ်မှာ စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ တောင်သူ့အ ခက်အခဲကိုဖြေရှင်းနိုင်ဖို ပုဂ္ဂလိကပိုင်းက စတင်ဆောင်ရွက်ခဲ့ပေမယ့် အမျိုးသားအဆင့် ဖြစ်မြောက်အောင်ပါဝင်ဆောင်ရွက်နိုင်တာတော့မရှိခဲ့ပါဘူး။ ဒီစနစ်ကို ပြန်လည်ဆွေး နွေးလာကြတာနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးမှ ဆန်စပါးလုပ်ငန်းကျွမ်းကျင် သူတစ်ဦးကအခုလိုပြောပါတယ်။ 

ဧရာဝတီတိုင်းဒေသကြီးမှ ဆန်စပါးလုပ်ငန်းကျွမ်ကျင်သူတစ်ဦး
"အခုလက်ရှိက နားလည်မှုတွေနဲ့ အပ်စပါးလိုခေါ်တဲ့ ဆန်စက်တွေကို ပို့လိုက်ရ တယ်။ သူ မရောင်းနိုင် သေးဘူး။ ပိုက်ဆံမလိုသေးတဲ့လူက။ သူတိုက ဖြတ်ရတာ ဘောင်မဝင်ဘူးပေါ့နော်။ ဆန်စက်ပိုင်တွေရဲ့စိတ်ကောင်းတာတို့။ သဘောကောင်းတာတို့။ အဲ့ပေါ်မှာပဲ မူတည်ပြီးတော့ အကျိူးခံစားခွင့်ရတယ်။ စက်ပိုင်က သူသိပ်ရှုံးလာလို့ မပေးဘူးဆိုရင် သူ့မှာ တရားစွဲလိုလည်းမရ။ လျော့တယ်လို့ပြော၊ ဘာလိုပဲပြောပြော ရန်သူ မျိုးငါးပါးဆိုရင်လည်း သူတိုခံရမှာလေ။ အဲ့အတွက်ကြောင့်မိုလို အခုလိုအ ပေါင်ခံ စနစ်က ငွေမလိုတောင် နည်းနည်းပါးပါးယူပြီးတော့ အပ်ကြမှာပဲ။ ချက်ချင်းကြုံရာဈေးနဲ့ ပေါ်ပေါ် ချင်းမှာ ထိုးရောင်းရတဲ့ဘဝမျိုး၊ ထားစရာမရှိလို၊ အစိုဓာတ်တွေကြောင့်ထိုး ရောင်းရတဲ့ ဘဝမျိုးမရှိ ပဲနဲ့ ဒါကိုကိုင်ပြီးတော့မှ ရောင်းချင်တဲ့ဈေးတန်းလေးရောက်လာမှ ဖြတ်မယ်။  အဲ့အခါကျရင် လယ်သမားဘက်ကအကျိုးအမြတ်ရမယ်။ အဲ့ဒီလိုမဟုတ်ပဲနဲ့ ဒီထောက်ပံ့ တဲ့ငွေကို သိုလှောင်ရုံရှိတဲ့လူတို၊ ကုန်သည်တိုကို သွားထောက်ပံ့မယ်ဆိုရင် သတိုက ဘာပြန်ဖြစ်မလဲဆိုတော့ဒီစပါးအစိုတွေပေါ်ပေါ်ချင်းကိုသူတိုက ကျုံးဝယ်မှာ။ အရင်က စပါးတစ်ထောင်ဝယ်နိုင်တဲ့သူက တစ်သောင်းဝယ်နိုင်သွားမယ်။ အဲ့ဒီအခါကျ တော့ သိုလှောင်မှုက ပိုပြီးတော့ သိုလှောင်မှုကိုအားပေးသလိုဖြစ်သွားမှာ။”
တစ်နိုင်ငံလုံးစပါးစိုက်ဧက ၁၇သန်းမှာ စိုက်ပျိုးထုတ်လုပ်နေကြတဲ့ စိုက်တောင်သူတွေ အကျိုးအမြတ် ရရှိဖိုက သက်ဆိုင်ရာအစိုးရတွေနဲ့အတူ အသင်းအဖွဲတွေမှာလည်း တာဝန်ရှိနေတာဖြစ်ပါ တယ်။ မြန်မာ့ရေမြေနဲ့ ဆန်စပါးဟာ ခွဲခြားလိုမရအောင် ရှိနေပေမယ့် ဒီလုပ်ငန်းကို လုပ် ကိုင်နေတဲ့ တောင်သူတွေမှာတော့ လွန်ခဲ့တဲ့ အစဉ်အဆက်က စပါး ဈေးမကောင်းလို လယ်ယာလုပ်ငန်းကို စွန့်ခွာနေကြပါတယ်။ စပါးပေါ်ပြီး နှစ်လအတွင်း စပါးဈေးကထက် ဝက်လောက်မြင့်တက်လေ့ရှိပေမယ့် စိုက်စရိတ်အကြွေးကြောင့် စပါး ပေါ်ပေါ်ချင်းရောင်း လိုက်ရတဲ့ တောင်သူအများစုကတော့ ဒီအကျိုးအမြတ်ကို မခံစား ခဲ့ကြရပါဘူး။ ဒါကြောင့် ကုန်လှောင်ရုံအာမခံလုပ်ငန်းကိုဆောင်ရွက်သွားဖို ကျွမ်းကျင် သူတွေက အဖြေရှာခဲ့ကြပေမယ့် စစ်တပ်က အာဏာသိမ်းထားသ၍ အလှမ်းဝေးနေအုန်း မှာဖြစ်တယ်လို ကျွမ်းကျင်သူတွေက သုံးသပ်လိုက်တာဖြစ်ပါတယ်။

Share:

No comments:

Post a Comment