မြန်မာစစ်ကောင်စီက သတင်းမှန်ဖြေကြားပေးနေသူတွေကို တားမြစ်နေ
(Radio NUG) မကြေးမုံ၊ ဇူလိုင် ၈၊ ၂၀၂၃မြန်မာစစ်တပ်က သတင်းအမှန်တွေကိုဖြေကြားပေးနေတဲ့ ဒေသခံတွေကို ခေါ်ယူတား မြစ်နေတာတွေရှိပေမယ့် ပြည်သူလူထုကတော့ ပြောသင့်ပြောထိုက်တာတွေကို ပြော သွားမှာဖြစ်တယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကိုမကြေး မုံကပေးပို့ထားတာဖြစ်ပါတယ်။
အာဏာသိမ်းအစိုးရဟာ ဟန်ပြသာအုပ်ချုပ်နိုင်တဲ့ မြန်မာနိုင်ငံမှာ ထိထိရောက်ရောက် ဝန်ဆောင်မှုပေးတာဘာတစ်ခုမှမရှိပေမယ့် ရပ်ရွာအရေးအတွက် ကိုယ်ထူကိုယ်ထ လုပ် ကိုင်နေတဲ့ လူမှုရေးအဖွဲ့အစည်းတွေကိုတော့ တားမြစ်နှောင့်ယှက်တာတွေ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ ပြင်းထန်တဲ့ ရာသီဥတုကိုကာကွယ်ဖို့ တစ်နိုင်တစ်ပိုင် ကြိုးစားဆောင်ရွက်လာတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုတာတွေ မလုပ်ဖို့ တားမြစ်လာ တယ်လို့ အမည်မဖော်လိုသူ ပတ်ဝန်းကျင်အရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါ တယ်။
အင်တာဗျူးဖြေဆိုဖို့ တားမြစ်ခံရသူတဦး - “ဟိုနေ့က ကျွန်တော့်ကိုခေါ်ပြီးပြောလို့ဗျ။ မြေလတ်အသံတို့၊ မဇ္စိုမတို့နဲ့ ဖြစ်နိုင်ရင် ကျွန်တော့်နာမည်ကို ထည့်ပြီး မပြောပါနဲ့။ သူတို့က ကျွန်တော့ကို သတိပေး တာနှစ်ခါရှိပြီ။ ဘာတွေပြောလဲဆိုတော့ သူတို့နဲ့ ဆန့်ကျင်ဘက်မီဒီယာ ဘယ်မီဒီယာနဲ့မှမဗျူး ပါနဲ့ပေါ့။ အခုကဘယ်လိုပြောရမလဲ၊ စာပဲရေးပြီးတော့ ကျွန်တော့နာမည်ပါမထည့်ပဲနဲ့ အဲ့လိုတင်မှ အဆင်ပြေမှာခင်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ DVB, RFA, မြေလတ်အသံ၊ Mizzima တို့ပါ ဟိုနေ့ကနှစ်ခါ ကျွန်တော့ကိုခေါ်ပြီး သတိပေးတာပါ။"
လွတ်လပ်စွာပြောဆိုရေးသားခွင့်က အခြေခံလူ့အခွင့်အရေးအဖြစ်ပြဌာန်းထားပေမယ့် ၁၉၆၂ခုနှစ် စစ်အာဏာသိမ်းပြီးကထဲက မြန်မာပြည်သူတွေဟာ ဒီအခွင့်အရေးကို အစဉ် အဆက်ချိုးဖောက်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီမိုကရေစီအစိုးရတက်လာချိန်မှာတော့ ဒီအခွင့် အရေးကို ပြန်ရခဲ့တာတွေရှိခဲ့ပေမယ့် မြန်မာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာ ဒီ အခွင့်အရေးတွေကို ဆက်လက်ချိုးဖောက်ခံနေရတာဖြစ်ပါတယ်။ အမျိုးသားညီညွတ် ရေးအစိုးရရဲ့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးကတော့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို အခုလို သုံးသပ်ပါတယ်။
ဦးအောင်ကျော်မိုး(ဒုတိယဝန်ကြီး) ။ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - "လွတ်လပ်စွာပြောဆိုခွင့်ဆိုတာက ဒါလူ့အဖွဲ့အစည်းရဲ့ အရေးပါအရာ ရောက်တဲ့အခန်း ကဏ္ဍများစွာထဲကတစ်ခုဖြစ်တယ်ပေါ့နော်။ သတင်းစီးဆင်းမှု၊ သတင်း လက်ခံမှု ဒါတွေအပါအဝင်လွတ်လွတ်လပ်လပ်သတင်းမီဒီယာတွေရဲ့ လှုပ်ရှားခွင့်ဆိုတာ တစ်ဖန်၊ တစ်ခါ ဒီမိုကရေစီရဲ့ ထောက်တိုင်တွေလည်းဖြစ်တယ်။ စစ်ကောင်စီက ဒါတွေ ကိုရည်ရွယ်ချက်ရှိရှိ ပြစ်မှတ်ထားပြီးတော့ သတင်းမီဒီယာတွေ သတင်းသမားတွေကို အာဏာသိမ်းဖို့ ကြိုးစားကထဲက ဖမ်းဆီးတာတွေ၊ ထောင်ချတာတွေဘာတွေ အမှန်တ ရားပြောတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ပစ်မှတ်ထားပြီးတော့ နှိပ်ကွပ်တာတွေလုပ် လာတာက နှစ်နှစ်ကျော်သွားပါပြီ။ အခုကျတော့ဒါ အင်တာဗျူးဖြေတဲ့သူတွေကိုပါ၊ သူတို့ နဲ့ ဆန့်ကျင်ပြီး သူတို့ ဝါဒဖြန့်ချီမှုလုပ်တဲ့ဟာမဟုတ်ဘူးဆိုရင် သူတို့ကို ပစ်မှတ်ထားပြီး ဖမ်းဆီးမယ်၊ ခြိမ်းခြောက်မယ်၊ ရက်ရက်စက်စက် လုပ်မယ်ဆိုတာက သူတို့လုပ်နေကျ အတိုင်းဖြစ်ပါတယ်။ ဒီမိုကရေစီ စံတန်ဖိုးတွေကို နားမလည်ဘူး။ တန်ဖိုးမထားဘူး။ သူတို့အာဏာတည်မြဲရေးနဲ့ လက်နက်အားကိုးနဲ့ဒါတွေလုပ်ဖို့ပဲ။ နောက်ပြီးတော့ ဒီလိုဖြစ် ရပ်တိုင်းကိုုမှတ်တမ်းလုပ်ထားဖို့လိုတယ်။ ကျွန်တော်တို့ စည်းရုံးလှုံ့ဆော်မှုတွေကို နိုင်ငံ တကာနဲ့ချိတ်ဆက်လုပ်ကိုင်ရာမှာလည်း နိုင်ငံတကာ သိအောင်လုပ်ဖို့ လိုသလိုကျွန် တော်တို့ တရားမျှတမှုရှာတဲ့အခါမှာလည်း ဒီဟာတွေ အထောက်အကူဖြစ်စေတဲ့ အချက် အလက်တွေနဲ့သုံးလို့ရတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စစ်ကောင်စီက ပြည်သူလူထုကို ခြိမ်းခြောက်နှိပ်ကွပ်ရက်စက်တာတွေလုပ်လုပ် ပြည်သူလူထုကတော့ သူတို့ ပြောသင့် ပြောထိုက်တာတွေကို သတ္တိရှိရှိ ပြောသွားမှာဖြစ်တယ်။ ဒါသည် လွန်ခဲ့တဲ့ ၂နှစ်ကျော်ကို ကြည့်မယ်ဆိုရင် ပြည်သူလူထုက ရတဲ့နည်းနဲ့သတင်းအချက်အလက်ကို လက်ခံမှု စီး ဆင်းမှုအတွက် နည်းမျိုးစုံနဲ့ ကြိုးစားပြီးတော့လုပ်ဆောင်လာတာကို တွေ့ရတယ်။ ဒါပေ မယ့် ကျွန်တော်တို့ကတော့ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ မဟာဗျူဟာမြောက်တဲ့ ပုံစံမျိုး လုပ်ဖို့လိုသလိုသတိဝီရိယနဲ့ လုပ်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။”
စစ်အာဏာသိမ်းပြီးတဲ့ နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံရေးအကျဉ်းသားပေါင်း သောင်း နဲ့ချီဖမ်းဆီးထိန်းသိမ်းခံထားရသလို လူဦးရေ ကိုးထောင်နီးပါး လည်းဖမ်းဆီး သတ်ဖြတ်ခံ ထားရပါတယ်။ မြန်မာပြည်သူတွေသတင်းအမှန်တွေရဖို့အတွက်ဖမ်းဆီးနှိပ်စက်သတ် ဖြတ်ခံနေရသလို ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ၂၀၂၂ ခုနှစ်အတွက် ထုတ်ပြန်ခဲ့တဲ့ကမ္ဘာ့သတင်းလွတ်လပ် ခွင့်အညွှန်းကိန်းအရ နိုင်ငံ ပေါင်း ၁၈၀ရှိတဲ့အနက် မြန်မာနိုင်ငံအဆင့်ဟာ ၁၇၆မှာရှိနေ ပြီး အဆိုးရွားဆုံး အခြေအ နေကိုရောက်ရှိနေတာဖြစ်ပါတယ်။ ၂၀၂၃ခုနှစ်မေလအထိ သတင်းသမား ၁၅၆ဦးဖမ်း ဆီးခံခဲ့ရပြီး ၁၀၅ဦးပြန်လည်လွတ် မြောက်ခဲ့ပေမယ့် ၄၅ဦးကတော့ အခုအချိန်ထိ အကျဉ်းချခံနေရဆဲဖြစ်ပါတယ်။
No comments:
Post a Comment