ပုဂံ ရှေးဟောင်းဘုရားအနားမှာ ကြက်ငှက် မွေးမြူရေး လုပ်နေကြ



ပုဂံ ရှေးဟောင်းဘုရားအနားမှာ ကြက်ငှက် မွေးမြူရေး လုပ်နေကြ

(Radio NUG) မကြေးမုံ၊ ဩဂုတ် ၁၇၊ ၂၀၂၃

ပုဂံက အလိုတော်ပြည့်ဘုရားခြေတော်ရင်းမှာ ကြက်ဆင်၊ ရစ် ငှက် စတာတွေ မွေးမြူတာ ရှိလာတဲ့အတွက် ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းဖို အမျှော်အမြင်ထားပြီး ဆောင်ရွက်သွားသင့်တယ်လို ကျွမ်းကျင်သူတွေက ထောက်ပြ ပြောဆိုလိုက်ပါတယ်။ ဒီ သတင်းကို မကြေးမုံက ပေးပိုထားပါတယ်။ 

အမျိုးသားအမွေအနှစ် ဖြစ်သလို ကမ္ဘာ့အမွေအနှစ်လည်းဖြစ်တဲ့ စေတီပုထိုးများနဲ့ ကျော် ကြားလှတဲ့ ပုဂံက အလိုတော်ပြည့်  ဘုရားခြေရင်းမှာ တိရစ္ဆာန်တွေ မွေးမြူထားတာ ဖြစ် ပါတယ်။ ဘုရားဖူးတွေ လာရောက် လည်ပတ်တာများပြားတဲ့ ကျန်စစ်သားမင်းကြီးရဲ့ ကုသိုလ်တော် အလိုတော်ပြည့်ဘုရားမှာ တိရစ္ဆာန်တွေမွေးမြူထားတာနဲ့ပတ်သက်ပြီး ဘုရားအနီးက နိမ္ဗာန်အကျိုးဆောင်တစ်ဦးက အခုလိုပြောပါတယ်။ 

အင်တာဗျူး - 

“ … အဲ့မှာရှိတဲ့ ဂေါပကက ဒီတိုင်းပဲ သူ့ဟာသူမွေးထားတာ။ ကြက်ဆင်ရှိတယ်၊ ငန်းရှိတယ်၊ ရစ်ရှိတယ်။ ပြီးတော့ ဘာတုန်း ယုန်ရှိတယ်။ နောက်တစ်ခုက တညင်ကြက်ရှိတယ်။”


ကမ္ဘာ့အမွေအနှစ်ဖြစ်လာတဲ့ ပုဂံရှေးဟောင်းဒေသရဲ့အမွေအနှစ်တွေကို ထိန်းသိမ်းရာမှာ  အခုလို ကြက်၊ ငှက်မွေးမြူရေးလို ပြသနာတွေပေါ်လာတိုင်း ပြသနာတခုချင်း စီကို လိုက်လံ ဖြေ ရှင်းတာမျိုးမဟုတ်ပဲ ရေတို၊ ရေရှည်အစီအစဉ်တွေနဲ့ ချထား ဆောင်ရွက်ဖို့ လိုအပ်လာပြီလို့ ရှေးဟောင်းသုတေသနပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက အခု လိုပြောပါတယ်။

အင်တာဗျူး …

“ … ဒါတွေကိုလည်း စီမံခန့်ခွဲရေးမှာတော့ ပုဂံရဲ့ စီမံခန့်ခွဲမှု Farme Work ထဲမှာပါပြီးသားပါ။ ပြီးတော့ ဒီကိစ္စတွေကိုလည်း ရှေးဟောင်းသုတေသနဦးစီးဌာန တခုထဲက လုပ်လို့ မရဘူး။ ပုဂံကို စီမံခန့်ခွဲနေတဲ့အကုန်လုံး က ဝိုင်းပြီးတော့ ဒါသေသေ ချာချာစဉ်းစားပြီးတော့ နိုင်ငံတော်ရဲ့စီမံချက်ပုံစံချပြီးတော့  လုပ်ဖိုလိုအပ်တယ်။ ပြသနာ တစ်ခုတက်လာလိုက် ဒီပြသနာကိုရှင်းလိုက်၊ နောက်တစ်ခု ဖြစ်လာလိုက် ဖြေရှင်းနေတာမျိုး မဟုတ်ပဲနဲ့ သေသေချာချာပလန်နဲ့ကို ရေတိုမှာ ဘာတွေ လုပ်မလဲ၊ ရေရှည်မှာဘာ တွေ ဖြစ်ရမလဲ၊ တစ်နှစ်ဆိုရင် ဘာတွေပြီးအောင် လုပ်မလဲ၊ တ ကယ့်ကို စီမံကိန်းနဲ့ သေသေချာ ချာပလန်တွေချပြီး လုပ်ဖို့ လိုအပ်နေပါပြီလို့ အဲ့ဒါလေးပါ။ “ 

အေဒီ ၉ ရာစု နှောင်းပိုင်းကထဲက မြန်မာတို့ရဲ့ ပထမဆုံး ဧကရာဇ်နိုင်ငံတည်ထောင်ရာမြို တော်ဖြစ်တဲ့ တမ္ပဒီပ အရပ် ခေါ်  ပုဂံဟာ ရှေးဟောင်းစေတီပုထိုးတွေနဲ့ ကျော်ကြားလှတဲ့ ဒေသပဲဖြစ်ပါတယ်။ ဒီဒေသကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ၂၀၁၉ ခုနှစ် မှာ သတ်မှတ်ခဲ့ပါတယ်။ ရှေးဟောင်းအမွေအနှစ်အနီးက လူ့အဖွဲအစည်းဟာ အမွေအနှစ်တည်တံ့ဖို အတွက် အသိပညာတွေ လိုအပ်တယ်လို့ ကျွမ်းကျင်သူတစ်ဦးက ဆိုပါ တယ်။ ရှေးဟောင်းအမွေနှစ် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေ လူ့အဖွဲ အစည်းတွေကို ချပြရာမှာ မအောင်မြင်ရတဲ့အကြောင်းအရင်းကို ပညာရပ်ဆိုင်ရာ ကျွမ်း ကျင်သူတစ်ဦးကလည်း အခုလိုပြောပါတယ်။ 

အင်တာဗျုး - 

“ … အသိပညာပေးတာက   ဘာဖြစ်လို့ မအောင်မြင်တာလဲ ဆိုတော့ အသိပညာပေးထဲမှာ အထောက်အပံ့နဲ့ ဝန်ဆောင်မှု ထည့်မပေးဘူး။ သူများနိုင်ငံတွေက အထောက်အပံ့နဲ့ ဝန်ဆောင်မှုထည့်ပေးတယ်။ အဲ့ဒီ အတွေးကို မရှိတာ။  ဒါကြောင့်မိုလို ကျွန်တော် တိုက အသိပညာပေးတယ်ဆိုရင် ရွာက တစ်အိမ်တစ်ယောက်ကြွပါ ၊ ကိုးနာရီကနေ ဆယ် နာရီ အခမ်းအနား တက်တယ်။ လာနားထောင်ပြီးရင် ပြန်သွားရော၊ သူများနိုင်ငံတွေ လာတက်ကြပါ၊ ဂိမ်းပေါ့နော်။ လာရောက်ပူးပေါင်းတာပေါ့။ ဒီကကျတော့ ဂိမ်းလို မဟုတ်ဘူး။ ဘာလဲဆိုတော့ ရိုက်ထည့်လိုက်တဲ့ သဘော ဖြစ်သွားတယ်။ သူများနိုင်ငံက ဂိမ်းဆိုတာက ဂိမ်းတစ်ခုကိုဆော့တဲ့အ ခါမှာ Action and Reaction ရှိတယ်လေ။ ဒီကဒီလိုလုပ်လိုက်ရင် ဟိုကဘယ်လိုလုပ်မလဲ ဆိုတဲ့အပြန်အလှန်သက်ရောက်မှု တွေရှိ တယ်။ ဒီဘက်ကကျတော့ ဂိမ်းမဆန်ဘူး၊ တစ်ဖက်သတ်ပဲဆန်တယ်။” 

ဘာသာရေးဆိုင်ရာ ရှေးဟောင်းအမွေအနှစ်နေရာမှာ တိရစ္ဆာန်တွေကို ခြံခတ်မွေးမြူတာ နဲ့ပတ်သက်ပြီး အများပြည်သူက ဝေဖန်မှုတွေရှိနေသလို ရှေးဟောင်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေကလည်း အမွေနှစ်ဒေသ ရေရှည်တည်တံ့ဖိုအတွက် ဆောင်ရွက် သင့်တာတွေကို ထောက်ပြပြောဆိုနေတာဖြစ်ပါတယ်။

Share:

No comments:

Post a Comment