18th AUG 2023 - Morning Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကရင်နီတပ်မတော်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုအပ်တယ်လို့ ယာယီသမ္မတပြော

📌 ၂။ တော်လှန်ရေး၏ အဆုံးအဖြတ်ကာလသို့ မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာန အသိပေး

📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

📌 ၄။ ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် Sonali ဘဏ်က မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့၏ စာရင်းများကို ပိတ်ဆို့အရေးယူလိုက်

📌 ၅။ နိုင်ငံတကာငွေကြေးစနစ်များမှ ထိန်းချုပ်မှုများ ဆက်တိုက်လုပ်လာပါက စစ်ကောင်စီအတွက် အသက်ရှုပေါက် ကျဉ်းမြောင်းလာနိုင်

📌 ၆။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ လွတ်မြောက်နယ်မြေတွင်())ကြိမ်မြောက်တပ်နှင့် ရဲCDMထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

📌 ၇။ ဝင်းရေးမြို့နယ်၊ ခလယ်တံခွန်တိုင် ရဲစခန်းတွင်ရှိသော ခလရ-၂၈၄ နှင့် KNLAတို့ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ် ဦးသေဆုံး

📌 ၈။ မိုးကုတ်မြို့အနောက်ပိုင်း ရဲစခန်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီဘက်မှ တပ်သားများ PDF ဝတ်စုံများဝတ်ဆင်ပြီး အယောင်ဆောင်ကာ မိုးကုတ်မြို့တွင် လှုပ်ရှားနေ

📌 ၉။ “CDMတစ်ဦးနွေဦးထီတစ်စောင်ထောက်ပို့ကမ်ပိန်း လူမှုကွန်ရက်စာမျက်နှာစတင်ဖွင့်လှစ်ထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကရင်နီတပ်မတော်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုအပ်တယ်လို့ ယာယီသမ္မတပြော


သြဂုတ်လ၁၇ရက်

ကရင်နီတပ်မတော်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုအပ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက သြဂုတ်လ၁၇ရက် Twitterမှာ ရေးသားဆိုထားပါတယ်။


" ၇၅ နှစ်ပြည့် ကရင်နီတပ်မတော်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကရင်နီတပ်မတော်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုပါတယ်။ သူတို့ရဲ့ အမွေအနှစ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ရဲ့ အိပ်မက်ကို မျှဝေရင်း စည်းလုံးညီညွတ်စွာ တော်လှန်ရေးဆင်နွှဲကြပါစို့"လို့ဆိုထားပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ နိူင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ တော်လှန်ရေး၏ အဆုံးအဖြတ်ကာလသို့ မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာန အသိပေး


သြဂုတ်လ၁၇ရက်

တော်လှန်ရေး၏ အဆုံးအဖြတ်ကာလသို့ မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနမှ သြဂုတ်လ၁၇ရက်မှာ ကျရောက်တဲ့ “(၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ "မှာ ထည့်သွင်းဖော်ပြထားပါတယ်။


အကြမ်းဖက်စစ်တပ်သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ လေကြောင်း၊ သံချပ်ကာ၊ လက်နက်ကြီး၊ အမြောက်၊ အတွဲလိုက်ပစ်ဒုံးများ အသုံးပြုပြီး အင်အားအလွန်အကျွံဖြင့် ကရင်နီပြည်နယ်အား ထိုးစစ်ဆင်လျက်ရှိသည်မှာ ယနေ့တိုင်ပင် ဖြစ်ပါတယ်။


နှစ်နှစ်တာကာလအတွင်း ကရင်နီတပ်မတော်နှင့်တကွ အခြားသော ကရင်နီအမျိုးသားတော်လှန်ရေး တပ်ဖွဲ့များ၏ စုစည်းညီညွတ်မှု၊ ကြိုးစားအားထုတ်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပြီး ဖြစ်ပါတယ်လို့ဆိုပါတယ်။


မည်မျှပင် ရုပ်ပိုင်းဆိုင်ရာ အင်အား သာလွန်နေစေကာမူ အကြမ်းဖက်စစ်တပ်သည် ကရင်နီပြည်စစ်မြေပြင်တွင် အလူးအလဲ ရှုံးနိမ့်လျက်ရှိပြီး ကရင်နီတပ်မတော်၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်နှင့် အခြားသော တော်လှန်ရေးတပ်ဖွဲ့များ၏ ထက်သန်ပြင်းပြသော တော်လှန်တိုက်ခိုက်လိုစိတ်၊ စစ်ရေးစွမ်းရည်နှင့် ပူးပေါင်းအားထုတ်မှုများကို အလေးအနက် ဦးညွှတ်အသိအမှတ်ပြုကြောင်းကိုလည်း ဖော်ပြအပ်ပါတယ်လို့ ဆိုပါတယ်။


နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေး အစရှိသည့် နယ်ပယ်ပေါင်းစုံတွင် ကျရှုံးလျက်ရှိသော အကြမ်းဖက်စစ်တပ်နှင့် စစ်ကောင်စီအား စိုးစဉ်းမျှ နားခွင့်မပေးပဲ အမြစ်ပြတ်သည်အထိ ဝိုင်းပတ်ချေမှုန်းရမည့် တော်လှန်ရေး၏ အဆုံးအဖြတ်ကာလသို့ မကြာမီ ရောက်ရှိလာတော့မယ်လို့ ယုံကြည်ပါတယ်လို့ဆိုပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ


 ဩဂုတ်လ  ၁၇  ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၃/၂၀၂၃) ကို သြဂုတ်လ၁၇ရက်က ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၂/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် Sonali ဘဏ်က မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့၏ စာရင်းများကို ပိတ်ဆို့အရေးယူလိုက်


သြဂုတ်လ၁၇ရက်

ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် Sonali ဘဏ်က မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့၏ စာရင်းများကို ပိတ်ဆို့အရေးယူလိုက်ပါတယ်။


Benar Newsမှာ ဖော်ပြချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာရှိ အမေရိကန်သံရုံးက အစိုးရထံ စာတစ်စောင် ပေးပို့ပြီးနောက် အဆိုပါ လုပ်ဆောင်ချက်အား အတည်ပြုချက် ထွက်ပေါ်လာခြင်း ဖြစ်တယ်လို့သိရပါတယ်။


Sonali Bank အမှုဆောင်အရာရှိချုပ်နှင့် မန်နေဂျင်းဒါရိုက်တာ Md. Afzal Karim က မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့၏ စာရင်းများကို အရေးယူထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


မြန်မာဘဏ်နှစ်ခုသည် Sonali ဘဏ်တွင် စုစုပေါင်းအပ်ငွေ အမေရိကန်ဒေါ်လာ . သန်းရှိကြောင်း Karim က ပြောကြားပါတယ်။


၄င်းနောက်ဒီငွေတွေကို လွှဲပြောင်းလို့ မရပါဘူးလို့ Karimက ထပ်မံဆိုထားပါတယ်။


========================


📌📌 ၅။ နိုင်ငံတကာငွေကြေးစနစ်များမှ ထိန်းချုပ်မှုများ ဆက်တိုက်လုပ်လာပါက စစ်ကောင်စီအတွက် အသက်ရှုပေါက် ကျဉ်းမြောင်းလာနိုင်


ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံပိုင် ဘဏ်တစ်ခုဖြစ်ပြီး ထိပ်တန်းဘဏ်တစ်ခုလည်းဖြစ်တဲ့ဆိုနာလီဘဏ် (Sonali Bank)ဟာ  မြန်မာနိုင်ငံရဲ့ MFTB ဘဏ်၊ MIC ဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ ငွေကြေးလုပ်ငန်းတွေ ရှိတယ်လို့ သိရှိရပြီး အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်အရေးယူမှုကို ခံခဲ့ရတဲ့ ဒီဘဏ်တွေနဲ့ ငွေသွင်း ငွေထုတ်လုပ်ငန်းတွေကိုဆိုနာလီဘဏ်က ရပ်ဆိုင်းလိုက်ကြောင်း ဩဂုတ်လ ၁၆ ရက်မှာ သိရှိရပါတယ်။


လက်ရှိအနေအထားအရ MIC ဘဏ်က အပ်နှံထားတဲ့ ဒေါ်လာ သန်းနဲ့ MFTB က အပ်နှံထားတဲ့ ဒေါ်လာ သိန်းတို့ကိုလည်း ဆိုနာလီဘဏ်ဘက်က ထိန်းချုပ်ထားလိုက်ပြီလို့ သိရှိရပြီးဆိုနာလီဘဏ်ကလည်း MIC ဘဏ်မှာ ဒေါ်လာ သိန်း၊ MFTB မှာ ယူရို ၁၇,၀၀၀ အပ်နှံထားတာလည်း ရှိပါတယ်။


ယခု ဘင်္ဂလားဒေ့ရှ်ဘဏ်က အရေးယူပိတ်ဆို့မှုဟာ မြန်မာဘဏ်များနဲ့ စီးပွားရေးလုပ်ငန်းများကို စင်ကာပူရှိ United Overseas Bank (UOB) က ဝန်ဆောင်မှုများ အားလုံးကို ကန့်သတ်ပိတ်ပင်ပြီး နောက်ဆက်တွဲ ပေါ်ထွက်လာခြင်းလည်း ဖြစ်ပါတယ်။ Sonali ဘဏ်ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးမှာ အဓိက အသုံးပြုနေတဲ့ဘဏ်လည်း ဖြစ်ပြီး ဒီလိုရပ်ဆိုင်းလိုက်ခြင်းဟာ တရားဝင် ကုန်သွယ်ရေးလုပ်ငန်းတွေအပေါ် အကျိုးသက်ရောက်နိုင်သလို တရားမဝင် ငွေပေးချေမှု၊ မတရားသဖြင့် ရှာဖွေထားတဲ့ ငွေကြေးစုဆောင်းမှုများအပေါ်လည်း ရိုက်ခတ်သွားနိုင်တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးဒက်ကာမြို့မှာ ရှိတဲ့စစ်ကောင်စီခန့် သံအမတ်ဟာ အပူတပြင်း လာရောက် ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ကြားသိရပါတယ်။ 


ထိန်းချုပ်ခံရတဲ့ ငွေကြေးပမာဏက မများလှပေမယ့် အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်အရေးယူမှု နောက်ဆက်တွဲ အကျိုးဆက်တွေက ကမ္ဘာတဝန်း သက်ရောက်မှု ရှိနိုင်တယ် ဆိုတာကို ပြသလိုက်တာပါ။ အခုလို နိုင်ငံတကာ ငွေကြေးစနစ်ထဲကနေ ကန့်သတ်ထိန်းချုပ်မှုတွေ ဆက်တိုက်ဖြစ်လာရင်တော့ စစ်ကောင်စီရဲ့ အသက်ရှူပေါက် ပိုကျဉ်းမြောင်းလာဖို့ပဲ ရှိတာဖြစ်ပါတယ်။


========================


📌📌 ၆။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ လွတ်မြောက်နယ်မြေတွင်())ကြိမ်မြောက်တပ်နှင့် ရဲCDMထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ


သြဂုတ်လ၁၇ရက်

"ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ လွတ်မြောက်နယ်မြေတွင်())ကြိမ်မြောက်တပ်နှင့် ရဲCDMထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ၁၇ရက်  မွန်းတည့် (၁၂း၀၀)နာရီ၌ကျင်းပခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါထောက်ပံ့ငွေများကို ပြည်သူ့ရင်ခွင်ခိုလှုံရေးကော်မီတီမှ ပေးပို့ခဲ့ပြီး ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)မှ စီစဥ်၍ တစ်ဦးလျင် ကျပ်ငွေ(၇၀၀၀၀)စီဖြင့် (၁၆))ဦးအတွက် ကျပ်ငွေ(၁၁၂,၀၀၀၀)ကို ပေးအပ်ခဲ့ပါတယ်။


========================


📌📌 ၇။ ဝင်းရေးမြို့နယ်၊ ခလယ်တံခွန်တိုင် ရဲစခန်းတွင်ရှိသော ခလရ-၂၈၄ နှင့် KNLAတို့ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ် ဦးသေဆုံး


သြဂုတ် ၁၇ ရက်

ဝင်းရေးမြို့နယ်၊ ခလယ်တံခွန်တိုင်ရဲစခန်းတွင်ရှိသော ခလရ-၂၈၄ နှင့် KNLAတို့ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ် ဦးသေဆုံးခဲ့တယ်လို့  စစ်ရေးသတင်းကို KNUက သြဂုတ်လ၁၇ရက်မှာ အသိပေးဖော်ပြပါတယ်။


"သြဂုတ်လ၁၅ ရက်၊ နံနက် ၁၁း၀၀ နာရီ အချိန်ခန့်တွင် ကေအဲန်ယူ - အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ ခလယ်တံခွန်တိုင်ရဲစခန်းတွင်ရှိသော ခလရ-၂၈၄ နှင့် KNU - တပ်မဟာ () KNLA - တပ်ရင်း (၁၆) တပ်ခွဲ () တို့အကြား နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့တယ်"လို့ဆိုပါတယ်။


အဆိုပါ ပစ်ခတ်မှုတွင် အကြမ်းဖက် စစ်ကောင်စီတပ် မှ () ဦး သေဆုံးပြီ ထိခိုက်ဒဏ်ရာအား စုံစမ်းဆဲဖြစ်ကာ KNLA - ပူးပေါင်းတပ်ဖွဲ မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း သိရပါတယ်။


========================


📌📌 ၈။ မိုးကုတ်မြို့အနောက်ပိုင်း ရဲစခန်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီဘက်မှ တပ်သားများ PDF ဝတ်စုံများဝတ်ဆင်ပြီး အယောင်ဆောင်ကာ မိုးကုတ်မြို့တွင် လှုပ်ရှားနေ


သြဂုတ်လ၁၇ရက်

မိုးကုတ်မြို့အနောက်ပိုင်း ရဲစခန်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီဘက်မှ တပ်သားများ PDF ဝတ်စုံများဝတ်ဆင်ပြီး အယောင်ဆောင်ကာ မိုးကုတ်မြို့တွင် လှုပ်ရှားနေတယ်လို့ သြဂုတ်လ၁၇ရက် Red Wolves O fMogokက အသိပေးဆိုပါတယ်။


"မိုးကုတ်မြို့အနောက်ပိုင်း ရဲစခန်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီဘက်မှ တပ်သားများသည် PDF ဝတ်စုံများဝတ်ဆင်ပြီး အယောင်ဆောင်ကာ မိုးကုတ်မြို့တွင် လှုပ်ရှားနေပါတယ်။ ပြည်သူများအနေဖြင့် အထူးသတိထားစေချင်ပါတယ်။ မိဘပြည်သူများအနေဖြင့် ယူနီဖောင်းဝတ်ဆင်ထားသည့် မည်သည့်စစ်သားမဆို သေချာလေ့လာဆန်းစစ်‌၍ ဆက်ဆံကြပါရန် အထူးသတိပေးအပ်ပါတယ်"လို့ဆိုပါတယ်။


ပြည်သူများအား ထိခိုက်နစ်နာစေမည့် အလုပ်မျိုးကို PDFအဖွဲ့များမှ ပြုမူမည်မဟုတ်ပါကြောင်း အသိပေးအကြောင်းကြားအပ်တယ်လို့ ဆိုထားပြီး ယူနီဖောင်းဝတ်ဆင်ထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ရှိပါက  (Red Wolves Of Mogok) page messenger သို့ သတင်းပေးအကြောင်းကြားပါရန်ဆိုထားပါတယ်။


========================


📌📌 ၉။ “CDMတစ်ဦးနွေဦးထီတစ်စောင်ထောက်ပို့ကမ်ပိန်း လူမှုကွန်ရက်စာမျက်နှာစတင်ဖွင့်လှစ်ထား


သြဂုတ်လ၁၇ရက်

"CDMတစ်ဦးနွေဦးထီတစ်စောင်ထောက်ပို့ကမ်ပိန်း လူမှုကွန်ရက်စာမျက်နှာစတင်ဖွင့်လှစ်ထားတယ်လို့  “CDM တစ်ဦး နွေဦးထီတစ်စောင် ထောက်ပို့ကမ်ပိန်းကအသိပေးဖော်ပြပါတယ်။


"ပြည်သူဝန်ထမ်း CDM သူရဲကောင်းများဟာ နွေဦးတော်လှန်ရေးမှာ အခုအချိန်အထိ စိတ်ဓာတ် ခိုင်ခိုင်မာမာ ဇွဲသန်သန်နဲ့ တော်လှန်နေကြပြီး တော်လှန်ရေး၏ အဓိကဒေါက်တိုင်တစ်ခုအဖြစ် ရှိနေကြပါတယ်။ ဒီသူရဲကောင်းတွေကို ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့ “CDM သူရဲကောင်း တွေကို ပြည်သူ့ရင်ထဲမှာ အမြဲတမ်း ရှိပါတယ်ဆိုတဲ့ message ကို ပေးနိုင်ဖို့ အဓိက ရည်ရွယ်ပြီး နွေဦးထီ တစ်စောင်စီကို CDM တစ်ဦးစီ ထံသို့ လက်ဆောင်အဖြစ် ထောက်ပို့ဖို့ ဖြစ်ပါတယ်"လို့ဆိုထားပါတယ်။

 

CDM Success Committee တို့ ပူးပေါင်းဆောင်ရွက်သော CDM တစ်ဦးနွေဦးထီတစ်စောင် ချီးမြှင့်သည့် အစီအစဉ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ နွေဦးထီ အပတ်စဥ် ၂၁တွင် တစ်သိန်း ဆု ဆု ကို MoH MoE, MR တို့မှ ပေါက်ပြီး၁၅ သိန်းဆု တစ်ဆု ကို MoE မှ CDMer များ  ကံထူးခဲ့ကြပါတယ်။


CDMဝန်ထမ်းများအတွက် ထီလက်မှတ်ဆယ်စောင်နှင့် အထက်ဝယ်ယူပေးသူအား ကော်မတီက လက်ဆောင်ပို့စကဒ်များ ပြန်လည်ပေးပို့မှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment