28th SEP 2023 - Morning Daily News by Radio NUG


၂၀၂၃ စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီကို  အားကုန် သုံးပြီး အပြီးတိုင် ဖြိုလှဲချပစ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်း၀င်းခိုင်သန်းပြောကြား

📌 ၂။ အားလုံးပါဝင်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် ဆွေးနွေးခဲ့သည့် ရလဒ်များကိုအခြေခံပြီး လူသားစာနာဆိုင်ရာရပ်တည်ချက်စာတမ်းတစ်စောင်ထုတ်ပြန်သွားမယ်

📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၏ သြစတြေးလျနိုင်ငံ ခရီးစဥ်အတွင်း NUG ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနအတွက် နွေဦးတော်လှန်ရေး ရန်ပုံငွေ သြစတြေးလျဒေါ်လာ 20,355.19 ကိုထည့်ဝင်လှူဒါန်းခဲ့

📌 ၄။ ဥရောပပါလီမန်၏ လူ့အခွင့်အရေးကော်မတီ ဒုတိယ ဥက္ကဌ Mr.Bernard Guetta နှင့်ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းတို့

တွေ့ဆုံ၍ မြန်မာစစ်အုပ်စုကျုးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ပေါ်ထွန်းလာစေရန်ဆွေးနွေး

📌 ၅။ ကမ္ဘာ့ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီအနေဖြင့် မြန်မာပြည်သူများ ရွေးချယ်တင်မြှောက်ထားသော သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ကမ္ဘာ့ကုလသမဂ္ဂတွင်  ဆက်လက်အသိအမှတ်ပြုပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုက်တွန်း

📌 ၆။ နေပြည်တော်နယ်မြေက ဘို့မသံတောင်စခန်းသိမ်းတိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဆယ်သေဆုံးခဲ့

📌 ၇။ SPECIAL OPERATION FORCE အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) အနေဖြင့် တောင်ပိုင်းစစ်ဒေသအတွင်း ရန်သူ၏ စစ်ရေးပစ်မှတ်များကို စစ်နည်းဗျူဟာမျိုးစုံဖြင့်အရှိန်မြှင့်တိုက်ခိုက်

📌 ၈။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်နေစဉ် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသည့် ကလေးပင်မသပိတ်အဖွဲ့ဝင် လေးဦးနှစ်ရှည်ထောင်ဒဏ်များချမှတ်ခံရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီကို  အားကုန် သုံးပြီး အပြီးတိုင် ဖြိုလှဲချပစ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်း၀င်းခိုင်သန်းပြောကြား


စက်တင်ဘာ၂၇

စက်တင်ဘာလ ၂၇ ရက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း(၃၅)နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်မန်း၀င်းခိုင်သန်းက အခုလိုပြောကြားခဲ့ပါတယ်။


"ပြည်သူတရပ်လုံးရဲ့ ကြံ့ကြံ့ခံနိုင်မှု စွမ်းအားတွေနဲ့ တော်လှန်ရေးအင်အားစုတွေ အားလုံးရဲ့ စုစည်းမှု စွမ်းအားတွေကြောင့် အခုဆိုရင် စစ်ကောင်စီဟာ တပ်တွင်းပြိုကွဲမှုတွေနဲ့အတူ ဘယ်ကဏ္ဍမှာမှ ကောင်းမွန်စွာ မရပ်တည်နိုင်တော့တဲ့ အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ဟာ စုစည်းအင်အားတွေနဲ့ အားကုန်သုံးပြီး အပြီးတိုင် ဖြိုလှဲချပစ်ကြရမှာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အာဏာရှင် ဖြိုချရေး တိုက်ပွဲတွေမှာ မရရှိဖူးခဲ့တဲ့ အားသာချက်တွေ ရရှိနေပြီ ဖြစ်တဲ့ ဒီတော်လှန်ရေးဟာ ကျွန်တော်တို့အတွက် အောင်ပွဲတွေကိုသာ သယ်ဆောင်ပေးလာတော့မယ့် တော်လှန်ရေး ဖြစ်တယ်ဆိုတာကို အပြည့်အဝ ယုံကြည်တယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီကို လက်တွေ့ကျပြီး ပိုမိုထိရောက်တဲ့ နည်းလမ်းများနဲ့ အရေးယူဆောင်ရွက်ပေးခြင်းဖြင့် မြန်မာ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့ အချိန်ကျပြီဖြစ်ကြောင်းလည်းဝန်ကြီးချုပ်ကဆိုပါတယ်။


========================


📌📌 ၂။ အားလုံးပါဝင်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် ဆွေးနွေးခဲ့သည့် ရလဒ်များကိုအခြေခံပြီး လူသားစာနာဆိုင်ရာရပ်တည်ချက်စာတမ်းတစ်စောင်ထုတ်ပြန်သွားမယ်


စက်တင်ဘာ၂၇ရက်

အားလုံးပါဝင်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင်ဆွေးနွေးခဲ့သည့်ရလဒ်များကိုအခြေခံပြီး လူသားစာနာဆိုင်ရာရပ်တည်ချက်စာတမ်းတစ်စောင်ထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။


စက်တင်ဘာ (၂၇) ရက်နေ့မှာ (Inclusive Humanitarian Conference-2023) အောင်မြင်စွာ ကျင်းပပြီးစီးကြောင်းလူသားစာနာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားစာနာဝန်ကြီးဌာနက အဖွဲ့ဝင် အဖြစ်ပါဝင်သော အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ  ကော်မတီ (JCC-HA)  အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) နှင့် အခြားသောတော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ပြာပုံကြားက မြန်မာပြည်သူ စာနာမှုနဲ့ ဝိုင်းလို့ကူခေါင်းစဉ်ဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို (၂၃..၂၀၂၃) ရက်နေ့မှ (၂၆..၂၀၂၃)ရက်နေ့အထိ Zoom Video Conferencing System ဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်လို့ဆိုပါတယ်။


အဆိုပါ နှီးနှောဖလှယ်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက် ()ချက်ကို ပေါက်မြောက်အောင်မြင်စေရန်အတွက် () ရက်တာ ကာလအတွင်()ပထမနေ့တွင် နိုင်ငံရေး အကျဉ်းသားများ၏ ထောင်တွင်းအကြမ်းဖက်ခံရမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊  () ဒုတိယနေ့တွင် နေရာဒေသအသီးသီးမှ စစ်ဘေးရှောင် ပြည်သူများကြုံတွေ့နေရသည့် လူသားစာနာအကျပ်အတည်းများ၊ လူသားစာနာဝန်ကြီးဌာန၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အစိုးရမဟုတ်သော အဖွဲ့အစည်းများက ပံ့ပိုးကူညီနေမှုများ၊ အထောက်အပံ့လိုအပ်ချက်များနှင့် လက်ရှိကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ ဘေးကင်းလုံခြုံသည့် ထောက်ပံ့ကူညီမှုလမ်းကြောင်းများနှင့် အရပ်သားထိခိုက်မှုလျှော့ချရေးအတွက်အလေးထား လုပ်ဆောင်ပေးသင့်သည်များ၊ နိုင်ငံတကာသို့တိုက်တွန်းတောင်းဆိုမှုများ၊ အကြမ်းဖက်စစ်တပ်နှင့်ချိတ်ဆက်ထောက်ပံ့မှုများသည် အမှန်တကယ်လိုအပ်သူများထံသို့မရောက်ရှိဘဲ နိုင်ငံရေး၊စစ်ရေးအတွက်အသုံးချခံနေရခြင်းများ၊ စစ်ဘေးရှောင်ပြည်သူများ၏ လိုအပ်ချက်များစတာတွေကိုဆွေးနွေးခဲ့ပါတယ်။


နှီးနှောဖလှယ်ပွဲတွင်ဆွေးနွေးခဲ့သည့်ရလဒ်များကိုအခြေခံပြီး လူသားစာနာဆိုင်ရာရပ်တည်ချက်စာတမ်းတစ်စောင်ထုတ်ပြန်သွားမည်ဖြစ်ပြီး နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီများရရှိနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းအသီးသီးနှင့် ကွန်ယက်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၏ သြစတြေးလျနိုင်ငံ ခရီးစဥ်အတွင်း NUG ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနအတွက် နွေဦးတော်လှန်ရေး ရန်ပုံငွေ သြစတြေးလျဒေါ်လာ 20,355.19 ကိုထည့်ဝင်လှူဒါန်းခဲ့


စက်တင်ဘာလ (၂၇) ရက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၏ သြစတြေးလျနိုင်ငံ ခရီးစဥ်အတွင်း NUG ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနအတွက် နွေဦးတော်လှန်ရေး ရန်ပုံငွေ သြစတြေးလျဒေါ်လာ 20,355.19 ကိုထည့်ဝင်လှူဒါန်းခဲ့ကြတယ်လို့ စက်တင်ဘာ၂၇ရက်မှာ NUGကျန်းမာရေးဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။


၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း ဩစတေးလျနိုင်ငံ၊ Queensland ပြည်နယ်၊ Brisbane မြို့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုး ရောက်ရှိနေစဉ်အတွင်း Queensland ပြည်နယ်မှ မြန်မာကျန်းမာရေးမိသားစုဝင်များက Australian Dollar (AUD) 14,032 ကိုလည်းကောင်း၊ Aye's gallery by WY က Australian Dollar (AUD) 6,323.19 ကိုလည်းကောင်းလှူဒါန်းခဲ့ကြတယ်လို့ဆိုပါတယ်။


လှူဒါန်းထည့်ဝင်ငွေစုစုပေါင်း Australian Dollar 20,355.19 ကို NUG ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနအတွက် နွေဦးတော်လှန်ရေး ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြတာဖြစ်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ဥရောပပါလီမန်၏ လူ့အခွင့်အရေးကော်မတီ ဒုတိယ ဥက္ကဌ Mr.Bernard Guetta နှင့်ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းတို့

တွေ့ဆုံ၍ မြန်မာစစ်အုပ်စုကျုးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ပေါ်ထွန်းလာစေရန်ဆွေးနွေး


စက်တင်ဘာ၂၇ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းသည် ဥရောပပါလီမန်၏ လူ့အခွင့်အရေးကော်မတီ ဒုတိယ ဥက္ကဌ Mr.Bernard Guetta နှင့် စက်တင်ဘာ ၂၆ရက်နေ့တွင်နှစ်ဖက်တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။


တွေ့ဆုံရာမှာ ဝန်ကြီးမှ အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နိုင်ငံတကာအရေး ကြိုးပမ်းဆောင်ရွက်မှုများကို တင်ပြဆွေးနွေးခဲ့ပါတယ်။


အဆိုပါဆွေးနွေးမှုတွင် ဥရောပပါလီမန်မှ ချမှတ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်များ ပိုမိုထိရောက်ရန်နှင့် အကြမ်းဖက်မြန်မာစစ်အုပ်စုကျုးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ပေါ်ထွန်းလာစရန်အတွက် အမြင်ချင်းဖလှယ်ဆွေးနွေးပြောကြားခဲ့ပါတယ်။


========================


📌📌 ၅။ ကမ္ဘာ့ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီအနေဖြင့် မြန်မာပြည်သူများ ရွေးချယ်တင်မြှောက်ထားသော သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ကမ္ဘာ့ကုလသမဂ္ဂတွင်  ဆက်လက်အသိအမှတ်ပြုပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုက်တွန်း


စက်တင်ဘာ၂၇ရက်

ကမ္ဘာ့ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီအနေဖြင့် မြန်မာပြည်သူများ ရွေးချယ်တင်မြှောက်ထားသော သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ကမ္ဘာ့ကုလသမဂ္ဂတွင်  ဆက်လက်အသိအမှတ်ပြုပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီက စက်တင်ဘာ၂၇ရက်မှာ ထုတ်ပြန်ပါတယ်။


ကမ္ဘာ့ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီအနေဖြင့်လည်း မြန်မာပြည်သူများ ရွေးချယ်တင်မြှောက်ထားသော အရပ်သားအစိုးရအဖွဲ့ လက်ထက်က ခန့်အပ်ခဲ့သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက်အသိအမှတ်ပြုပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်လို့ဆိုပါတယ်။


ဒါ့အပြင် စစ်ဘေး ဒဏ်သင့် အရပ်သားပြည်သူများအား လူသားချင်းစာနာမှု အကူအညီများရရှိရေး၊ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်နေမှုများ အမြန်ဆုံး ရပ်ဆိုင်းသွားရေးတို့အတွက် မိတ်ဆွေနိုင်ငံများနှင့် နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့်  အားဖြည့်ကူညီပေးကြရန်လည်းဖော်ပြထားပါတယ်။


========================


📌📌 ၆။ နေပြည်တော်နယ်မြေက ဘို့မသံတောင်စခန်းသိမ်းတိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဆယ်သေဆုံးခဲ့


စက်တင်ဘာ၂၇ရက်

နေပြည်တော်နယ်မြေက ဘို့မသံတောင်စခန်းသိမ်းတိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်  ငါးဆယ်သေဆုံးခဲ့တယ်လို့ စက်တင်ဘာ၂၇ရက်မှာ ကျားသံလုံးစစ်ကြောင်းက တိုက်ခိုက်မှုစစ်ရေးသတင်းအတိအကျကိုအသိပေးဆိုပါတယ်။


"ကျားသံလုံးစစ်ကြောင်းသည် နေပြည်တော်ကောင်စီနယ်မြေ များတွင် တိုက်ပွဲများ ဖော်ဆောင်နိုင်ရန်အတွက် သံတောင်မြောက်ပိုင်း(အထူးဒေသ) KNLA သံတောင်မြောက်ပိုင်းအထူးတပ်ရင်း၏ ဥက္ကဌ ဦးကိုကြီး() သံလုံး အထူးစီမံကွပ်ကဲသော စစ်ကြောင်း ဖြစ်သည်နှင့်အညီ  ကျားစစ်သည်တော်များမှ ဘို့မသံတောင်စစ်ကောင်စီစခန်းကို ဩဂုတ်လ (၁၀)ရက်နေ့ ၂၀၂၃ ခုနှစ် မနက်အာရုဏ်တက် အချိန် (၄၅မိနစ်အကြာ)တွင် တိုက်ခဲ့သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိကိုင်‌ဆောင်သော ပစ္စတိုသေနတ် တစ်လက် အပါအဝင် လက်နက်ခဲယမ်း ၁၃ မျိုးကို တိုက်ခိုက်သိမ်ဆည်းနိုင်ခဲ့ပါတယ်။


၎င်း စခန်းသိမ်း တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီ မှ စစ်ကောင်စီ အရာရှိ တစ်ဦး အပါအဝင် ၁၆ဦး သေဆုံးခဲ့ပြီး၊ တပ်သား ()ဦးမှာ ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကာ ဘို့မသံတောင်စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲ အတွင်းတွင် ကျားသံစစ်ကြောင်းမှ မဟာမိတ် ဖြစ်သော PKS -PDF 1004 တပ်ရင်းမှ ရဲဘော် ()ဦးမှာ မြင့်မြတ်စွာ အသက်ကို ပေးလှူခဲ့ပြီး မစိုးရိမ်ရ ဒဏ်ရာ ()ဦး ရရှိခဲ့ပါတယ်။


စခန်းသိမ်း တိုက်ပွဲ အပြီးတွင် ဩဂုတ်လ ၁၁ ရက်နေ့ ၂၀၂၃ ခုနှစ် မှ ဩဂုတ်လ ၁၄ ရက်နေ့ ၂၀၂၃ ခုနှစ် အထိ ၎င်း တို့ ဘို့မသံတောင်စစ်ကောင်စီစခန်း သို့ တပ်ကူ ပေးရန် လာရောက်သော နေပြည်တော်တပ်ပေါင်းစု မှ စစ်ကောင်စီတပ်သား များ ကို ကျားသံလုံး စစ်ကြောင်းရဲဘော်များ မှ သတင်းလက်ဦးမှုရယူကာ ()ကြိမ်တိုင်တိုင် ပျောက်ကြားစစ်ဖြင့် စောင့်ကြို မိုင်းဆွဲ၊ပစ်‌ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား (၃၄)ဦးထပ်မံ သေဆုံးခဲ့ပြီး ဒဏ်ရာအများအပြား ရရှိသွားခဲ့ပါတယ်။


========================


📌📌 ၇။ SPECIAL OPERATION FORCE အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) အနေဖြင့် တောင်ပိုင်းစစ်ဒေသအတွင်း ရန်သူ၏ စစ်ရေးပစ်မှတ်များကို စစ်နည်းဗျူဟာမျိုးစုံဖြင့်အရှိန်မြှင့်တိုက်ခိုက်


စက်တင်ဘာလ ၂၇

SPECIAL OPERATION FORCE အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) အနေဖြင့် တောင်ပိုင်းစစ်ဒေသအတွင်း ရန်သူ၏ စစ်ရေးပစ်မှတ်များကို စစ်နည်းဗျူဟာမျိုးစုံဖြင့်အရှိန်မြှင့်တိုက်ခိုက်လျက်ရှိတယ်လို့ စက်တင်ဘာ၂၇ရက်မှာ SPECIAL OPERATION FORCE အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) ကအသိပေးဆိုပါတယ်။


 "သြဂုတ်လ(၁၂) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ မွန်ပြည်နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်းထွန်းနိုင်လင်းအား အနီးကပ်တိုက်ခိုက်ရှင်းလင်းခဲ့ပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်"လို့ဆိုပါတယ်။


သြဂုတ်လ၂၇ ရက်နေ့တွင်လည်း ပေါင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးရုံးတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား အဝေးထိန်းဒရုန်းဖြင့် ဗုံးသီး () လုံးကျဲချတိုက်ခိုက်ခဲ့ပြီး ဗိုလ်မှုးကျော်နိုင်ဦးအပါအဝင်၊ ဗိုလ်ကြီး တစ်ဦး၊ တပ်ကြပ်နှစ်ဦး၊ တပ်သားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးဆေးရုံတွင်သေဆုံးခဲ့တယ်လို့သိရပါတယ်။


သြဂုတ်လ၂၈ရက်နေ့တွင် ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ပျူစောထီးခေါင်းဆောင် အောင်ငွေထွန်း(ခေါ်) မောင်တူးအား ပျောက်ကျားပုံစံဖြင့် အလစ်အငိုက်တိုက်ခိုက်ရှင်းလင်းခဲ့ပါတယ်။


စက်တင်ဘာ၃ရက်နေ့တွင် မွန်ပြည်နယ် ပေါင်မြို့နယ်ရဲစခန်းမှ နယ်ထိန်းကိုကိုလွင်အား အနီးကပ်ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ပြီး လက်ပစ်ဗုံးတလုံးနှင့် ဓားတစ်ချောင်းသိမ်းဆည်းခဲ့တယ်လို့ဆိုပါတယ်။


စစ်ဆင်ရေးများအား KNU တပ်မဟာ () တပ်ရင်း () မှရဲဘော်များ၊ မွန်အထူးစစ်ဆင်ရေးတပ်ဖွဲ့ (MSOF) ပကဖ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၈။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်နေစဉ် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသည့် ကလေးပင်မသပိတ်အဖွဲ့ဝင် လေးဦးနှစ်ရှည်ထောင်ဒဏ်များချမှတ်ခံရ


စက်တင်ဘာ၂၇ရက်

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်နေစဉ် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသည့် ကလေးပင်မသပိတ်အဖွဲ့ဝင် လေးဦးနှစ်ရှည်ထောင်ဒဏ်များချမှတ်ခံခဲ့ရတယ်လို့ စက်တင်ဘာ၂၇ရက်မှာ AAPPကဖော်ပြချက်များအရ သိရှိရပါတယ်။


ဧပြီလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်နေစဉ် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသည့် ကလေးပင်မသပိတ်အဖွဲ့ဝင် လေးဦးဖြစ်သော ကိုသန်းစိုးဦး၊ မကျင်ဒိတ်ကင်၊ မနှင်းစံနှင့် ကိုမျိုးကိုဝင်းတို့ကို စက်တင်ဘာလ ၂၅ ရက်နေ့တွင် မြို့နယ်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀() ၅ဝ() ၅၂(က) တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံချမှတ်ခဲ့တယ်လို့ဆိုပါတယ်။


၎င်းတို့လေးဦးသည် မေလ ၁၀ ရက်နေ့တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် နှစ်စီ ချမှတ်ခံထားရသောကြောင့် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခံထားရပါတယ်။


မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၄၈၅၀) ဦးရှိပြီး ထိုအထဲမှ (၁၉၂၇၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၇၃၈၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment