မြန်မာ့သနပ်ခါးလုပ်ငန်း ထုတ်လုပ်မှု လျော့ကျလာပြီး ပျက်စီးပျောက်ကွယ်မယ့်အရေးနဲ့ ရင်ဆိုင်နေရ….



မြန်မာ့သနပ်ခါးလုပ်ငန်း ထုတ်လုပ်မှု လျော့ကျလာပြီး ပျက်စီးပျောက်ကွယ်မယ့်အရေးနဲ့ ရင်ဆိုင်နေရ….

Radio NUG (သတင်း မကြေးမုံ) စက်တင်ဘာ ၈၊ ၂၀၂၃

မြန်မာ့သနပ်ခါးစိုက်ပျိုးထုတ်လုပ်မှု၏ ဗဟိုချက်ဒေသဖြစ်သော အရာတော်မြို့နယ်တွင် စစ်တပ်ကကျေးရွာများကို မီးရှို့ဖျတ်ဆီးခြင်း၊ ပြည့်သူ့ကာကွယ်ရေးတပ်များကို အကြမ်း ဖက်နှိမ်နင်းသည့်အတွက် ဒေသတွင်းမှာရှိတဲ့ သနပ်ခါးစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်း များကို ထိခိုက်လာပြီး စနစ်တကျလုပ်ကိုင်နိုင်တာမရှိတော့ဘူးလို့ သိရပါတယ်။ ဒါ ကြောင့် ဘိုးဘွားလက်ထက်ကထဲက အစဉ်အဆက်ထိန်းသိမ်းလာတဲ့ မိရိုးဖလာလုပ်ငန်း ဖြစ်သည့်အပြင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်သည့် သနပ်ခါးစိုက်ပျိုးထုတ်လုပ် မှုလုပ်ငန်းနှင့် သနပ်ခါးလိမ်းခြယ်ခဲ့ကြသည့် ရိုးရာဓလေ့မှာ ပျောက်ကွယ်သွားတော့မည့် အရေးနှင့် ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ ဒီအခြေအနေကို အရာတော်မြို့နယ်က သနပ်ခါးမျိုးခြံ ထိန်းသိမ်းတဲ့လုပ်ငန်းအပြင် သနပ်ခါးစိုက်ပျိုးရောင်းချသည့်လုပ်ငန်းကိုပါ စနစ်တကျလုပ်ကိုင်နေသည့် သနပ်ခါးတောင်သူတစ်ဦးက အခုလိုပြောပါတယ်။ 

“ လုံးဝလွှတ်လိုက်ရတဲ့အနေထားမျိုးတွေထိဖြစ်သွားပြီနော်။ လုံးဝလွှတ်လိုက်ရ တဲ့အ နေထားဆိုတာက သနပ်ခါးစိုက်မယ့်လူကလည်းမစိုက်ဖြစ်တော့ဘူး။ မစိုက်ဖြစ် တော့ ဘူးဆိုတာက သနပ်ခါးကလည်းတွက်ခြေမကိုက်တော့ဘူးဖြစ်သွားပြီ။ စိုက်ပျိုးစ ရိတ်နဲ့ ပြုစုစရိတ်နဲ့ဆိုရင် သနပ်ခါးက အကျိုးမရှိတဲ့ လုပ်ငန်းဖြစ်သွားတဲ့အခါကျတော့ သ နပ်ခါး လောကကတော့ အားလုံးပျက်စီးတယ်လို့ပဲ ပြောရတော့မှာပဲ ”

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သဘာဝအတိုင်းပေါက်ရောက်သည့် သနပ်ခါးအပင်တွေ ခုတ်ယူသုံးစွဲခဲ့ကြပြီး သဘာဝတောတွေကုန်ချိန်မှာတော့ ကောင်းနိုးရာရာ သနပ်ခါးမျိုး တွေကို ရွေးချယ်ပြီး စိုက်ခင်းတည်ထောင်လာကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် အညာဒေ သက ယာသီးနှံစိုက်ပျိုးသည့်တောင်သူတွေအတွက် သနပ်ခါးဟာ စိုက်ပျိုးစီးပွားအရ အားထားရတဲ့နှစ်ရှည်ပင်ဖြစ်လာခဲ့ပါတယ်။ 

သနပ်ခါးပင်ဟာ အခြားစားသုံး သီးနှံ တွေလိုပဲ အပင်၊ အပွေးလှဖို့ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေကို ပက်ဖျန်းပေးရပါ တယ်။ အခုအခါမှာတော့ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေဈေးတက်လာတာ၊ စက်သုံးဆီ ဈေးတွေအပြင် လုပ်သားစရိတ်တွေလည်း ကုန်ကျလာတာက အခြား တောင်သူ တွေ လိုပဲ သနပ်ခါးတောင်သူတွေမှာလည်း စိုက်ပျိုးစရိတ်အခက်အခဲနဲ့ ရင်ဆိုင်ရစေပါ တယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းက သနပ်ခါးတောင်သူတွေမှာက သွင်းအားစုစရိတ် တွေ တက်လာပေမယ့် သနပ်ခါးဈေးတွေက ဒေသတွင်းက သယ်ယူပို့ဆောင်ရေးနဲ့ သွားလာ ရေးအခက်အခဲတွေကြောင့် သနပ်ခါးဈေးတွေကျဆင်းလာပါတယ်။ ဒီအခြေအနေကို သနပ်ခါးတောင်သူက အခုလိုဖြည့်စွက်ပြောပါတယ်။ 

“ အခုဟာကျတော့ သနပ်ခါးပွဲစားတွေကလည်း သိပ်ပြီးတော့အ လုပ်မ လုပ် တော့ဘူး။ မလုပ်ဘူးဆိုတာမအေးချမ်းတော့လေ။ အလုပ်မလုပ်တော့ သနပ်ခါး တောင်သူတွေက အရောင်းအဝယ်လုပ်တဲ့သူတွေ ပေးတဲ့ဈေးနဲ့ပဲ အရောင်းအဝယ်လုပ် နေရတာလေ။ အရင်ကလိုဈေးကွက်မှာ ဘယ်လိုခေါ်မလဲ၊ အပြိုင်အဆိုင်ဝယ်မယ့်သူမရှိ တော့ဘူး။ နီးစပ်ရာလေးတွေပဲ သူတို့ပေးတဲ့ဈေးနဲ့ငွေဖြစ်ရင်ပြီးတာပဲဆိုပြီး အဲ့လိုပဲ ရောင်းနေကြ ရတယ် ”

စိုက်ပျိုးထုတ်လုပ်မှုနဲ့ဈေးကွက်တင်ပို့မှုက ပုံမှန်အခြေအနေမှာ မရှိတော့တဲ့အခါ သနပ် ခါးစိုက်ပျိုးမှုက ၇၀ရာခိုင်နှုန်းလောက်ကျဆင်းသွားသလို ပေးသလောက်ဈေးနဲ့ယူရတဲ့ သနပ်ခါးဈေးတွေကြောင့် သနပ်ခါးကရလာတဲ့ ဝင်ငွေကလည်း ၇၅ရာခိုင်နှုန်း အထိလျော့ ကျသွားတယ်လို့ သနပ်ခါးတောင် သူတွေက ပြောပါတယ်။ စစ်ရေး အရသွားလာရခက်ခဲတဲ့တွက်  သနပ်ခါးခြံတွေကို ပစ်ထားရပြီး ခြံနွယ်ပိတ်ပေါင်းတွေနဲ့ အရိုင်းပင်တွေ ဖြစ် လာတဲ့အထိ မြန်မာ့သနပ်ခါးစိုက်ပျိုးစီးပွားက ပျက်စီးယိုယွင်းလာတာ ဖြစ်ပါတယ်။ 

သနပ်ခါးပင်က စနစ်တကျပြုစုထိန်းသိမ်းမယ်ဆိုရင် ငါးနှစ်သားအရွယ်မှာ ခုတ်လှဲ နိုင်တဲ့ ဈေးကွက်ဝင်သနပ်ခါးပင်ဖြစ်လာပါတယ်။ သနပ်ခါးကို ဈေးကွက်အလိုက် တစ်နှစ်ပါတ် လုံးခုတ်ယူသုံးစွဲကြပြီး နွေရာသီမှာအများဆုံး ခုတ်ယူသုံးစွဲကြတာဖြစ်ပါတယ်။ 

သနပ်ခါးဈေးကွက်က အရာ တော်မြို့နယ် အပြင် ပခုက္ကူ၊ မြိုင်၊ မန္တလေးနဲ့ ပေါက်မြို့ နယ်တွေမှာပါ တည်ရှိနေတာ ဖြစ်ပြီး ပုံမှန်ကာလတစ်နေ့ကို ပျှမ်းမျှ သနပ်ခါးတန်ချိန် တန်နှစ်ဆယ် လောက်ဈေး ကွက်ကို တင်ပို့နေ တာဖြစ်ပါတယ်။ ၂၀၂ဝပြည့်နှစ် ကိုဗစ် ၁၉ ကပ်ရောဂါ စတင်ချိန်က စလို့ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဘုရားပွဲ တော်တွေ အပါအဝင်မြန် မာတို့ရဲ့ဆယ့်နှစ်လ ရာသီပွဲ တော်တွေဆိတ်သုဉ်းခဲ့ရသလို မြန်မာ့သနပ် ခါးဈေး ကွက်လည်း ညှိုးနွမ်းခဲ့ရတာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သနပ်ခါးထွက်ရှိမှုကို စာရင်းပြုစုနိုင်တဲ့အခြေအနေမှာမရှိတော့သလို ဈေးကွက် ကျဆင်း ရတဲ့ အခြေအနေကို သနပ်ခါးစိုက်ပျိုးသူ တောင်သူက အခုလိုပြောပါတယ်။

“ ရှိတာပဗျာ။ ရှိတာပဗျာဆိုတာ ခြံတွေကို ဂရုမစိုက်နိုင်တော့ဘူးလေ။ ဂရုမစိုက် နိုင်တာက လုံခြုံရေးရော၊ ငွေရေးကြေးရေးကော၊ ကုန်ဈေးနှုန်းတွေတက်တာရောပေါ့ နော်။ သနပ်ခါးကို မြေဆီကျွေးမယ်ဆိုလည်း မြေဆီဈေးတွေက သုံးဆလောက်မြင့်သွား ပြီလေ။ ပိုးသတ်ဆေးဖျန်းမယ်ဆိုရင်လည်း ဈေးက သုံးဆလောက်မြင့်သွားတာပေါ့။ အဲ့ခါ ကတော့ သနပ်ခါးဆီကရမယ့်အကျိုးအမြတ်လည်းမရှိတော့ ပစ်ထားရတဲ့သဘောဖြစ် ကုန်တာပေါ့။ လက်ရှိအခြေအနေကတော့ သနပ်ခါး အ တွက် မေးတာဆိုတော့ ကျန်တဲ့ဟာ တွေက လည်းမထူးပါဘူး။ ဒီအတိုင်းပါပဲ။ လုံးဝကြီး ကို ပျက်သုဉ်းတဲ့သ ဘောဖြစ် နေတယ်။ ဟိုလိုပေါ့။ နဂိုကစိုက်ပြီးသားလေးတွေဘာလေး တွေ၊ ကောင်းကောင်း မွန်မွန်လည်းမပြုစုနိုင်တော့ အရင်လိုလည်းမထွက်တော့ဘူးလေ။ အရင်အနေထားနဲ့ ဆိုလို့ရှိရင် အရင်တုန်းက မသုံးတဲ့အပင်မျိုးတွေပဲ ရှိတော့တဲ့သဘော ပေါ့နော်။ အရင်တုန်းကဈေးကွက်ဝင်တဲ့အပင်မျိုး ခု သနပ်ခါးခြံတွေမှာ မရှိတော့ဘူး ”

သနပ်ခါးခြံတွေပျက်စီးလာသလို မျိုးကောင်းတဲ့ သနပ်ခါးအပင်တွေကိုရွေးချယ်ပြီး မျိုးခြံ အဖြစ်ထိန်းသိမ်းထားတဲ့ ခြံတွေမှာလည်း အပင်ပြုစုထိန်းသိမ်းနိုင်တာမရှိတော့တဲ့အ တွက် သနပ်ခါးပန်းကနေ သနပ်ခါးအသီးတင်တဲ့နှုန်းတွေလည်းလျော့ကျလာပါတယ်။ ဒါ ကြောင့် ခုတ်လှဲလိုက်တဲ့သနပ်ခါးအပင်ဟောင်းတွေနေရာမှာ အစားထိုး ပြန်လည် စိုက်ပျိုးဖို့အတွက် ပျိုးပင်မရှိတဲ့အခြေအနေတွေလည်းဖြစ်လာပါတယ်။ 

လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်ကထဲက လိမ်းခြယ်စရာ ပစ္စည်းအဖြစ်အသုံးပြုခဲ့ တဲ့ သနပ်ခါးက စိတ်ကြည်လင်လန်းဆန်းစေတဲ့ မွှေးရနံ့ရှိတဲ့အပြင် အသားရေကိုအေးမြ ချောမွတ်စေလို့ လက်ရှိအချိန်ထိ အစဉ်ဆက်လိမ်းခြယ်ခဲ့ကြတာပဲဖြစ်ပါတယ်။ မြန်မာ့ သနပ်ခါးဈေးကွက်ကြီးမားတဲ့အနေထားကြောင့် အိမ်နီးချင်း တရုတ်နဲ့ ထိုင်းနိုင်ငံ ကပါ ဓာတုနည်းနဲ့ဖော်စပ်ထားတဲ့ သနပ်ခါးထုတ်ကုန်တွေကို တရားမဝင်တင်သွင်းလာ တာ တွေရှိနေပါတယ်။ မြန်မာ့သနပ်ခါးစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းက စစ်တပ်ကြောင့် ထိခိုက်ပျက်စီးလာသလို တရားမဝင်ဈေးကွက်ချဲ့ထွင်လာတဲ့ သဘာဝသနပ်ခါးမပါတဲ့ ဓာတုသနပ်ခါးတွေရဲ့ အန္တရယ်ကိုလည်း ရင်ဆိုင်နေရတယ်လို့ သနပ်ခါးအသင်းအဖွဲ့ဝင် တစ်ဦးကအခုလို ရှင်းပြပါတယ်။ 

“ ထိုင်းကနေ တင်သွင်းနေတဲ့ သနပ်ခါးနာမည်နဲ့ တင်သွင်းနေတဲ့ ကုမ္ပ ဏီရှိတယ်။ အမှုန့်လည်းမပါဘူး။ သနပ်ခါးပေါင်ဒါလည်းမပါဘူး။ ဒါတွေက စားသုံးသူ ဥပဒေနဲ့ ကန့်ကွက်လို့ရတယ်။ သနပ် ခါးစိုက်ပျိုးထုတ်လုပ်တဲ့ သူတွေမနစ်နာ မဆုံးရှုံးရ အောင်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမပ ပျောက်ရအောင် သနပ်ခါးကို ထင်ယောင် ထင်မှား ဖြစ်စေတဲ့ရောင်းချနေတာတွေမ ကောင်းဘူးပေါ့။ အိမ်နီးနားချင်းနိုင်ငံ တွေကနေ ဝင်နေ တာ။ ကျွန်တေ်ာတို့ တရုတ်ပြည် ကုန်စည်ပြပွဲတစ်ခုမှာ ကျွန်တေ်ာသနပ်ခါး မှုန့်သွား ရောင်းတာတောင် ကျွန်တေ်ာတို့ဒီ တရုတ်နိုင်ငံက ဓာတ်ခွဲစမ်းသပ်တာ၊ သနပ်ခါးမှုန့်က ကျန်းမာရေးနဲ့ ညီညွတ်သလား၊ ဓာတ်ခွဲစမ်းသပ်ပြီးပြီလာား။ ဈေးကွက်ရှိသလားဆိုတာ သူတို့ရဲ့ ဓာတ်ခွဲစမ်းသပ်ပြီးမှ ဈေးကွက်ထဲကို တင်သွင်းခွင့်ပြုတာ။ မြန်မာပြည်မှာတော့ အိမ်နီးနားချင်းနိုင်ငံတွေက တင်သွင်းလာတာတွေ ဘယ်လိုပဲဖြစ်ဖြစ် ဈေးကွက်ထဲ မှာ လက်ခံနေတာတွေကမကောင်း ဘူးပေါ့ဗျာ။ အဲ့ဒါလေးပါပဲ။ ၂၀.၁၂.၅၃အဓိက ထိုင်းက တင်သွင်းတာတွေကတော်တော် လေးကိုများတယ်။ တရုတ်ကလည်း သနပ်ခါးဆိုပြီး တော့လုပ်ထားတဲ့၊ အောက်လမ်းက နေဝင်လာတဲ့ ကုန်ပစ္စည်းတွေက တော်တော် ကို များတယ်။ တကယ်တမ်းကျတော့ ကျွန် တော်တို့ ပြည်တွင်းကနေပြီးတော့ ကုန်ကြမ်း ဝယ်ရမယ်။ ဘယ်သူ့ဆီကဝယ်တယ်။ ဘယ်နှတန်ဝယ်တယ်၊ ဘာလုပ်ထားတယ်၊ ဘယ် နှရာခိုင်နှုန်းပါတယ်။ ဒါမျိုးတွေဖြစ်စေချင်တာပေါ့ ကျွန်တေ်ာတို့ အဲ့လိုမှမပါပဲနဲ့ ကိုယ့်ပြည်တွင်းကစိုက်ပျိုးထုတ်လုပ်သူတွေကို သတ်နေတာနဲ့အတူတူပဲ။ ဈေးရောင်းရ အောင်လုပ်မပေးနိုင်ဘူးဆိုရင် နောက်ဆို သနပ် ခါးစိုက်တဲ့သူလည်းရှိမှာ မဟုတ်တော့ ဘူး။ သနပ်ခါးထုတ်လုပ်တဲ့သူလည်းရှိမှာမဟုတ် တော့ဘူး။ အဲ့လိုပဲ သနပ်ခါးတုံးနဲ့ ကျောက်ပြင်နဲ့ ပုံလေးနဲ့ပြ၊ သနပ်ခါးရေမွှေးအနံ့လေး လုပ်နေမယ်ဆိုရင်သနပ်ခါးခြံ တွေ ဒီလိုပဲပစ်ထားမယ်ဆိုရင်မြန်မာ့သနပ်ခါးရိုးရာက ပျောက်ပျက်သွားနိုင်တယ်ပေါ့နော် ”

စစ်တပ်ရဲ့ ဖိနှိပ်အုပ်စိုးမှုတွေကြောင့် မျက်စိရှေ့မှာတင်ပျက်စီးသွားရတဲ့ ကျေးလက်က မိသားစုတွေနဲ့ နှစ်ပေါင်းထောင်ချီရှိခဲ့တဲ့ သနပ်ခါးလုပ်ငန်းနဲ့ ပတ်သက်ပြီး အရာတော်မြို့ ကနေ နေရပ်ကို စွန့်ခွာခဲ့ရတဲ့ သနပ်ခါးတောင်သူတစ်ဦးက အခုလိုသုံးသပ်ပါတယ်။ 

“ လူတွေရဲ့ ကံဆိုးမိုးမှောင်ကျနေတဲ့အချိန်ကိုရောက်နေတယ်လို့ပဲ အဲ့လိုပဲ သုံး သပ်ရမှာပဲလေ။ ပြည်သူလူထုဆိုတာတော့ ဘာမှ မတတ်နိုင်ဘူးလေ။ အဓိကအရေးကြီး တာကတော့ နိုင်ငံမှာ ဦးစီးဦးဆောင်လုပ်တဲ့သူတွေရဲ့ အခန်းကဏ္ဍတွေမပီပြင်တာလို့ပဲ အဲ့ဒီလိုပဲ ထင်တာပဲလေ။ အဲ့ကျတော့ ပြည်သူလူထုအားလုံးကတော့ ဘဝပျက်ကုန်ကြပြီ လို့ပဲပြောရမှာပေါ့။ ဘာဖြစ်လို့လည်းဆိုရင် အရင်ကမရှိခဲ့ဘူးတဲ့ ဟာတွေ အခုဟာက တော်တွေ တောင်တွေထဲမှာလည်း ဇွန်း၊ ပန်းကန်ခွက်ယောက်ကအစ မရှိတဲ့သူတွေက ခိုးဝှက်ပြီးတော့ရောင်းစားနေရတဲ့အခြေအနေမျိုးဖြစ်နေကြတယ် ”

စစ်ကိုင်းတိုင်းဟာ နွေဦးတော်လှန်ရေးကာလမှာ စစ်တပ်ရဲ့ အကြမ်းဖက် ဖျတ်ဆီးခံရတဲ့ အဓိကဒေသဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်း ISP Myanmar ကထုတ်ပြန်ခဲ့တဲ့ စာရင်းတွေ အရ ဒေသခံလူဦးရေ ခြောက်ရာနီးပါးသေဆုံးခဲ့ရတဲ့အပြင်လူနေ၊ အဆောက်အအုံပေါင်း သုံး သောင်းနီးပါးနဲ့ လူဦးရေ ငါးသိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ စစ် ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေမှာ စစ်တပ်ရဲ့ မတရားအာဏာသိမ်းတဲ့လုပ်ရပ် ကြောင့် မိသားစု၊ အိုးအိမ်တွေပျက်စီးဆုံးရှုံးနေရပါတယ်။ ဒါ့အပြင် အမျိုးသားအမွေနှစ် ဖြစ်တဲ့ မြန်မာ့သနပ် ခါးစိုက်ပျိုးထုတ်လုပ်မှုနဲ့ အစဉ်အဆက်လိမ်းခြယ်ခဲ့ကြတဲ့ ယဉ်ကျေး မှုအစဉ်အလာအပြင် တိုင်းပြည်ရဲ့ ဝင်ငွေရထုတ်ကုန်တစ်ခုလည်း ပျက်စီးပျောက်ကွယ် တော့မယ့်အရေးနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ မြန်မာ့သနပ်ခါးရဲ့ တန်ဖိုးထား အသုံးဝင်ပုံကို အသိအမှတ်ပြုပြီး ကမ္ဘာ့အဆင့်ထိန်းသိမ်းစောင့်ရှောက်ကာကွယ်မှု တွေ အပြင် ဈေးကွက်နဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာဖို့အတွက် ရည် ရွယ်ပြီး ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖြစ်အောင် မြန်မာနိုင်ငံ သနပ်ခါးအသင်းနဲ့ NLD အစိုးရတို့ပူးပေါင်းပြီး  ၂၀၂ဝပြည့်နှစ် မတ်လမှာလျှောက်ထား ခဲ့ပြီးဖြစ်ပါတယ်။








Share:

No comments:

Post a Comment