နယ်မြို့တွေမှာ စားသုံးဆီအကြပ်အတည်း ဆက်လက်ရင်ဆိုင်နေရဆဲ

နယ်မြို့တွေမှာ စားသုံးဆီအကြပ်အတည်း ဆက်လက်ရင်ဆိုင်နေရဆဲ 

၁၃၊ စက်တင်ဘာ၊ ၂၀၂၃

မကြေးမုံ

စစ်တပ်က စားအုန်းဆီဈေးကွက်ထဲကို နေ့စဉ်ဆီတန်ချိန် ၁၄၀၀ လောက်ကိုအပြင်ဈေး ထက်သက်သာတဲ့ သတ်မှတ်ရည်ညွှန်းဈေးနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့ကို အရောက်ပို့နေပေမယ့် စားအုန်းဆီလိုအပ်ချက်က ကြီးမားနေဆဲပါ။ ပြင်ပ ပေါက်ဈေးမှာ တစ်ပိသာ ကျပ်တစ်သောင်းဝန်းကျင်နဲ့ရောင်းချနေတဲ့ စားအုန်းဆီကို ရည်ညွှွှန်းဈေး တစ်ခုသတ်မှတ်ပြီး အဲ့ဒီအပေါ်မှာအမြတ် ၂ရာခိုင်နှုန်းနဲ့ ဈေးကွက်အရောက်ပို့ ဆောင်ရ တဲ့အထွေထွေကုန်ကျစရိတ် ၈ရာ ခိုင်နှုန်းပေါင်းထားတဲ့ဈေးနဲ့ ရောင်းချဖို့ စစ်တပ်က သတ်မှတ်ထားတာပါ။ အခုတစ်ပါတ်အတွင်းသတ်မှတ်ထားတဲ့ စားအုန်းဆီတစ်ပိသာ ရည်ညွှန်းဈေးက ကျပ် ၄၅၂၄ကျပ်ဖြစ်ပြီး ကျပ်ငါးထောင်မကျော်တဲ့ဈေးနဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေက မြို့အချို့မှာလိုက်လံရောင်းချနေပေမယ့် ဖူလုံတဲ့အခြေနေဖြစ်မလာပဲ စားအုန်းဆီလိုအပ်ချက်ရှိနေဆဲဖြစ်တယ်လို့ မြင်းခြံမြို့မှာ ရည်ညွှန်းဈေးနဲ့ စားအုန်းဆီ ရောင်းချသူတစ်ဦးက အခုလိုပြောပါတယ်။ 

  “ သမီးမေးခွန်းကလှလိုက်တာ။ ဖြေလို့လည်းဆိုးလိုက်တာ။ ဦးကဘယ်လိုပြော ရမှန်း တောင်မသိပါဘူး။ ဈေးကွက်လိုအပ်ချက်အရဆိုရင်တော့ ဒီလောက်ကြီး ကြိတ် ကြိတ်တိုးဝယ်နေတာဆိုတော့ ဈေးကွက်ကတော့ လိုသေးတယ်လို့ မှတ်ရမှာပေါ့အေ။  မဟုတ်ဘူးလား။ တအားကြီးကြိတ်ကြိတ်တိုးဝယ်နေတာကိုး။ ဦးတို့ရောင်းပေးနိုင်တာက ၃၃၀၀ ရောင်းပေးနိုင်တယ်။ တန်းစီနေတာက တစ်ဆိုင်တစ်ဆိုင်ကို အချိန် ၅၅၀ပဲရှိ တယ်။ လူ တစ်ယောက်ကို တစ်ပိသာပဲ ပေးတယ်။ ၄၅၅၀ နဲ့ရောင်းနေတယ်။ အဲ့ဒါ အဲ့ဒီဆိုင်ရှေ့ပဲ တန်းစီနေတဲ့လူက အနိမ့်ဆုံး တစ်ထောင်၊ တစ်ထောင့်ငါးရာရှိတယ်။ အဲ့ တော့ ရှေ့က လာတဲ့သူကတော့ စောစောစီးစီးရသွားတာပေါ့အေ။ နောက်ကလာတဲ့လူ ကတော့မရ တော့ ဟိုဘက်ဆိုင်ပြောင်းပေါ့။ ဈေးကွက်လိုအပ်ချက်တော့ မပြည့်မှီသေး ဘူးလို့ထင်တယ်  ”    

ပြည်တွင်းဆီစားသုံးမှုရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းက စားအုန်းဆီကို စားသုံးကြတာဖြစ်ပြီး စားသုံးသမျှလိုအပ်ချက်ရဲ့ ကိုးဆယ်ရာခိုင်နှုန်းကိုပြည်ပက တင်သွင်းကြတာဖြစ်ပါတယ်။ စားအုန်းဆီတင်သွင်းမှုက ၂၀၂၀ - ၂၀၂၁နှစ်ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်းကိုး ရာနီးပါးဖိုးတင်သွင်းထားပြီး နိုင်ငံခြားငွေအကြပ်အတည်းဖြစ်နေတဲ့ စစ်ကောင်စီက စား အုန်းဆီတင်သွင်းမှုကိုလျှော့ချထားပါတယ်။ ပြည်တွင်းလိုအပ်ချက်က တန်ချိန် ၁၂သိန်း လောက်ရှိပေမယ့် အခုအခါမှာတော့ တစ်လကို တန်ချိန် ငါးသောင်းလောက်ပဲ တင်သွင်း နေပြီး တင်သွင်းမှုကို တန်ချိန် ထက်ဝက်လောက်လျှော့ချထားတာဖြစ်ပါတယ်။ ဒါကြောင့် စားအုန်းဆီပြတ်လပ်မှုဖြစ်လာပြီးတဲ့နောက် ဈေးတွေအဆမတန်တက်လာသလို စစ် တပ်က ဆီကုန်သည်အချို့ကိုဖမ်းဆီးစစ်ဆေးတာတွေလည်းရှိခဲ့ပါတယ်။ စစ်တပ်က အာ ဏာသိမ်းပြီးတဲ့နောက်ပိုင်း တိုင်းပြည်စီးပွားရေးကျဆင်းလာသလို အများပြည်သူမှာ လည်း စားသုံးဆီကို ထိုက်သင့်တဲ့ဈေးနှုန်းနဲ့ အလွယ်တကူဝယ်ယူလို့မရအောင်ခက်ခဲ လာတာဖြစ်ပါတယ်။ စစ်တပ်ရဲ့ ဈေးသက်သာအောင်လျှော့ချထားတဲ့ ရည်ညွှန်းဈေးနဲ့ ဆီဝယ်ယူရတဲ့အခက်အခဲကိုတောင်ကြီးမြို့ခံတစ်ဦးကအခုလိုပြောပါတယ်။ 

“တစ်ပိသာကိုငါးထောင်လေ၊ အဲ့ဒါသွားတန်းစီတော့ အဲ့ဒီသူက ဈေးနားမှာ ရပ်လိုက်တော့ ဈေးနားကလူတွေပဲရတာပေါ့။ ဈေးနားကလူတွေက တစ်ပိသာယူလိုက်၊ တန်းစီလိုက်ဆိုတော့ ဈေးနားကလူတွေက တစ်ပိသာကို လေး၊ ငါးပိသာရ၊ ကျွန်မတို့က တစ်ဝက်လောက်မှ ကြားတော့ သွားတန်းစီတော့ ကျွန်မတို့ကမရတော့ဘူး။ အဲ့လိုတွေ ဖြစ်တာပေါ့ ” 

စားအုန်းဆီဈေးတွေမြင့်တက်လာတဲ့အခါ ရန်ကုန်မြို့မှာ ဆီတန်းစီတဲ့ လူတန်းရှည် ကြီး ကို တွေ့မြင်ရမှာဖြစ်ပြီး နယ်မြို့တွေမှာတော့ စားသုံးဆီအခက်အခဲကို ကြိတ်မှိတ်ခံစားခဲ့ ရတာဖြစ်ပါတယ်။ လက်ရှိကာလမှာတော့ စစ်တပ်က ဆီကုန်သည်အသင်းမှာရှိတဲ့ စား အုန်း ဆီတင်သွင်းတဲ့ ကုမ္ပဏီ ၂၁ခုကို ထိန်းချုပ်ထားပါတယ်။ ဆီကုန်သည် ၂၉ဦးပါ စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့ကိုဖွဲ့ စည်းပြီးတဲ့နောက် တိုင်းနဲ့ပြည် နယ်အချို့က အသင်းဝင်တွေကို ရည်ညွှန်းဈေးနဲ့ ဆီခွဲတမ်းပေးပြီး သတ်မှတ် ရောင်းချ စေတာဖြစ်ပါတယ်။ စားအုန်းဆီဝယ်ယူဖို့အတွက် လိုအပ်တဲ့ နိုင်ငံခြားငွေတစ်ဝက်ကို ဗဟိုဘဏ်က သက်သာတဲ့ဈေးနှုန်းနဲ့ ဆီကုန်သည်တွေကို ရောင်းချပေးထားပေမယ့် စား အုန်းဆီဈေးက အဆမတန်မြင့်တက်လာတာဖြစ်ပါတယ်။ ဒါကြောင့် ဆီကုန်သည် တွေ ကိုထိန်းချုပ်ပြီး လက္ကားရည်ညွှန်းဈေးအပေါ်မှာ အမြတ်ငွေနဲ့ ဆီရောင်းချရမယ့် ခွဲတမ်း ကိုသတ်မှတ်ရောင်းချစေပေမယ့် စားသုံးသူတွေမှာတော့ စားသုံးဆီအကြပ်အတည်းနဲ့ ဆက်လက်ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

တိုင်းနဲ့ပြည်နယ်အချို့ကဆီကုန်သည်အသင်းဝင်တွေရဲ့ဆိုင်တွေမှာ ရည်ညွှန်းဈေးနဲ့ သတ်မှတ်ရောင်းချလာတာရှိပေမယ့် ပြည်သူ့တော်လှန်ရေး ဆင်နွဲရာအားကောင်းတဲ့ ဒေ သတွေဖြစ်တဲ့ မကွေး၊ ပြည်၊ ရွှေဘို၊ ပခုက္ကူ၊ ကျောက် ပန်းတောင်း၊ ပုသိမ် ၊ မော်လမြိုင်၊ ရမည်းသင်း၊ ပြင်ဦးလွင်၊ မြိတ်၊ ကော့သောင်း၊ ထားဝယ်၊ လားရှိုး၊ မြစ်ကြီးနားစတဲ့ဒေသ တွေမှာတော့ ရည်ညွှန်းဈေးနဲ့ သတ်မှတ်ရောင်းချခြင်းရှိမရှိကိုတော့ ထုတ်ပြန်ထားတာမ ရှိပါဘူး။

Share:

No comments:

Post a Comment