28th OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ညီနောင်မဟာမိတ် ()ဖွဲ့နှင့် တညီတညွတ်တည်း လက်တွဲပြီး၁၀၂၇ စစ်ဆင်ရေးနှင့် ဟန်ချက်ညီစစ်ဆင်ရေးများ ဖော်ဆောင်ကာ ပူးပေါင်းဆောင်ရွက်သွားမယ်

📌 ၂။ တော်လှန်ရေးအရွေ့တုန့်ဆိုင်းမှုတချို့ရှိခဲ့ပေမယ့် နောက်ပြန်ဆုတ်ယုတ်သွားတာ မရှိခဲ့ဘဲ တစ်လှိုင်းပြီး တစ်လှိုင်း ခရီးနှင်ကာအောင်ပွဲဆင်ဖို့ နီးလာပြီလို့ဆို

📌 ၃။ စတုတ္ထအကြိမ် နွေဦးအောင်လံဆုတောင်းပွဲကို ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး တက်ရောက် အဖွင့်စကားပြောကြား

📌 ၄။ တစ်လှိုင်းပြီး တစ်လှိုင်း လာမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ပြော

📌 ၅။ တိုက်ပွဲဖြစ်နေသည့်နေရာအချို့သို့ ကာကွယ်ရေးဝန်ကြီးဌာနက ရိက္ခာစို ၊ရိက္ခာခြောက်ထောက်ပို့မှုများရှိတယ်လို့ဆို

📌 ၆။ မြန်မာပြည်သူများပြည်တွင်း ခရီးသွားလာမှု သတိထားဖို့ ချက်နိုင်ငံNUG ကိုယ်စားလှယ်အသိပေးဆို

📌 ၇။ ၁၀၂၇ စစ်ဆင်ရေးအဖြစ် တအာင်းတပ်မတော် တပ်မဟာ ()နှင့် () စစ်ဒေသအတွင်း စစ်ကောင်စီတပ်စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့ရာ စကစအလောင်း၁၈လောင်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိ

📌 ၈။ ကချင်ပြည်အထူးတပ် ၁၀၈ နှင့် ကိုးကန့် MNDA စုပေါင်းတပ်မှ  မုန်ဘော်ရှိ သောင်းကျန်းသူစစ်ကောင်စီတပ်စစ်ခန်းတစ်ခုအား သိမ်းပိုက်၊ မီးရှို့နိုင်ခဲ့

📌 ၉။ ကော့ကရိတ်မြို့ကို KNU/KNLAနဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ သေဆုံးသူများ ရှိနေပြီး အရှင်ဖမ်းဆီးရမိသော စစ်သုံ့ပန်းများလည်းရှိနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ညီနောင်မဟာမိတ် ()ဖွဲ့နှင့် တညီတညွတ်တည်း လက်တွဲပြီး၁၀၂၇ စစ်ဆင်ရေးနှင့် ဟန်ချက်ညီစစ်ဆင်ရေးများ ဖော်ဆောင်ကာ ပူးပေါင်းဆောင်ရွက်သွားမယ်


အောက်တိုဘာ၂၇ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ညီနောင်မဟာမိတ် ()ဖွဲ့နှင့် တညီတညွတ်တည်း လက်တွဲပြီး၁၀၂၇ စစ်ဆင်ရေးနှင့် ဟန်ချက်ညီစစ်ဆင်ရေးများ ဖော်ဆောင်ကာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အောက်တိုဘာ၂၇ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


မြန်မာပြည်သူတရပ်လုံး ဆန့်ကျင်တိုက်ပွဲဝင်နေသည့် စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ် ချေမှုန်းရန် စစ်ဆင်ရေးကြီးတစ်ရပ် စတင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA)က အချက်()ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ညီနောင်မဟာမိတ် () ဖွဲ့ ဖြစ်သည့် ကိုးကန့် (MNTJP/MNDAA) တအာင်း (PSLF/TNLA) နှင့်ရက္ခိုင် (ULA/AA) တို့ ပူးတွဲ၍၁၀၂၇ စစ်ဆင်ရေးစတင်ကြောင်း ကြေညာချက်ကိုလည်း (၂၇၊ ၁၀၊ ၂၀၂၃) တွင် တပြိုင်တည်း ထုတ်ပြန်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထက်ပါ ထုတ်ပြန်ကြေညာချက်များကို ဝမ်းမြောက်စွာ ထောက်ခံကြိုဆိုပါတယ်လို့ဖော်ပြပါတယ်။


ယခုအချိန်သည် နိုင်ငံတဝန်းရှိ တိုင်းရင်းသား တော်လှန်ရေးအင်အားစု အသီးသီး၊ နွေဦး တော်လှန်ရေးအင်အားစု အသီးသီးနှင့်ပြည်သူတရပ်လုံးက ပါဝင်၍ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ကျဆုံးရေး၊ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ကို မမှိတ်မသုန် ဆောင်ရွက်သွားကြရမည်ဖြစ်သောကြောင့် ခုခံတွန်းလှန်စစ်တွင် အင်အားစုအားလုံး အားသွန်ခွန်စိုက် ဆက်လက် ပူးပေါင်းပါဝင်ကြရန် အလေးအနက် တိုက်တွန်းအပ်ပါတယ်လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ညီနောင်မဟာမိတ် ()ဖွဲ့နှင့် တညီတညွတ်တည်း လက်တွဲပြီး၁၀၂၇ စစ်ဆင်ရေးနှင့် ဟန်ချက်ညီစစ်ဆင်ရေးများ ဖော်ဆောင်ကာ ပူးပေါင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါတယ်လို့ဖော်ပြထားပါတယ်။


========================


📌📌 ၂။ တော်လှန်ရေးအရွေ့တုန့်ဆိုင်းမှုတချို့ရှိခဲ့ပေမယ့် နောက်ပြန်ဆုတ်ယုတ်သွားတာ မရှိခဲ့ဘဲ တစ်လှိုင်းပြီး တစ်လှိုင်း ခရီးနှင်ကာအောင်ပွဲဆင်ဖို့ နီးလာပြီလို့ဆို


အောက်တိုဘာ၂၇ရက်

တော်လှန်ရေးအရွေ့တုန့်ဆိုင်းမှုတချို့ရှိခဲ့ပေမယ့် နောက်ပြန်ဆုတ်ယုတ်သွားတာ မရှိခဲ့ဘဲ တစ်လှိုင်းပြီး တစ်လှိုင်း ခရီးနှင်ကာအောင်ပွဲဆင်ဖို့ နီးလာပြီလို့ အောက်တိုဘာ၂၇ရက်မှာ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုရှယ်မီဒီယာမှတဆင့်ပြောဆိုလိုက်ပါတယ်။


"တော်လှန်ရေးအရွေ့တုန့်ဆိုင်းမှုတချို့ရှိခဲ့ပေမယ့် နောက်ပြန်ဆုတ်ယုတ်သွားတာ မရှိခဲ့ဘူး.. ရှေ့သို့သာ ရွေ့ဆက်၊ ချီတက်။ တစ်လှိုင်းပြီး တစ်လှိုင်း ခရီးနှင်အောင်ပွဲဆင်ဖို့ နီးလာချေပြီ"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့ခုခံတွန်းလှန်စစ်များဆင်နွှဲဖို့ကြေညာခဲ့ပြီး ၂၀၂၃ခု နှစ်ဟာ တော်လှန်ရေးအဆုံးသတ်အတွက် အဆုံးအဖြတ်နှစ်အဖြစ်ရောက်ရှိအောင် စစ်ရေးအရှိန်ကိုမြှင့်တင်လျက်ရှိပါတယ်။


========================


📌📌 ၃။ စတုတ္ထအကြိမ် နွေဦးအောင်လံဆုတောင်းပွဲကို ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး တက်ရောက် အဖွင့်စကားပြောကြား


အောက်တိုဘာ၂၇ရက်

"ရေဘဝဲ အဖွဲ့မှ ပြုလုပ်သော စတုတ္ထအကြိမ် နွေဦးအောင်လံဆုတောင်းပွဲကို အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး တက်ရောက်ပြီး အဖွင့်စကားပြောကြားခဲ့ပါတယ်။


အောက်တိုဘာ ၂၇ ရက် (သောကြာနေ့) မြန်မာစံတော်ချိန် နေ့လယ် နာရီတွင် မတရားသဖြင့် အကျဉ်းချခံထားရသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်စေရန် ဆုတောင်းမေတ္တာပို့သသည့် ဆုတောင်းပွဲ တစ်ရပ်ကို Zoom Platform မှတဆင့် ကျင်းပခဲ့တာဖြစ်ပါတယ်။


မတရားမှုကို ရွံမုန်းသော ပြည်တွင်း/ပြည်ပရှိ တော်လှန်ပြည်သူအပေါင်းနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ရောက်ရှိနေသော မြန်မာပြည်သူအပေါင်းလည်းဆုတောင်းပွဲအား ပူးပေါင်းပါဝင်ခဲ့ပါတယ်။


========================


📌📌 ၄။ တစ်လှိုင်းပြီး တစ်လှိုင်း လာမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ပြော


အောက်တိုဘာ ၂၇။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်မှ PDF ရဲဘော်တွေရဲ့ တစ်လှိုင်းပြီး တစ်လှိုင်းလာမယ်ဆိုတဲ့ ရုပ်သံဖိုင်ကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြလိုက်ပါတယ်။ 


"အောင်မြင့်မှုအတွက် လျှို့ဝှက်ချက်ဆိုတာမရှိပါဘူး။ ဒါဟာကြိုတင်ပြင်ဆင်မှု၊ ကြိုးစားအားထုတ်မှု၊ ကျရှုံးမှုကနေ သင်ယူမှုရဲ့ ရလဒ်တွေပါ" ဆိုတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်းပါဝဲလ်ရဲ့ အဆိုအမိန့်နဲ့အတူ ဒီရုပ်သံဖိုင်ကို တင်ထားတာဖြစ်ပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေးရဲ့ တန်ပြန်ထိုးစစ်တွေ တစ်လှိုင်းပြီးတစ်လှိုင်းလာမယ်လို့ အဓိပ္ပါယ်ရတဲ့ သတင်းစကားပါးလိုက်တာလည်းဖြစ်ပါတယ်။


မြန်မာပြည်သူတရပ်လုံး လိုလားတောင့်တနေတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး ၁ဝ၂၇  စစ်ဆင်ရေး စတင်ဆင်နွှဲပြီဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA ရခိုင်တပ်မတော် AA နဲ့ တအာင်း တပ်မတော် TNLA တို့က တရားဝင်ထုတ်ပြန်ပြီးနောက် နာရီပိုင်းအကြာမှာပဲ PDF ရဲဘော်တွေရဲ့ တစ်လှိုင်းပြီး တစ်လှိုင်းလာမယ် ဆိုတဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံသွားခဲ့တာဖြစ်ပါတယ်။ 


Operation 1027 လူမှုကွန်ယက်စာမျက်နှာမှာ အောက်တိုဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ဖော်ပြထားပြီး MNTJP / MNDAA တပ်မဟာ ၂၁၁၊ ၅၁၁၊ ၆၁၁ တပ်တွေက ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိုး၊ နန်ကျွမ်း ဒေသတွေမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ရှမ်းမြောက်ဒေသမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး အောင်ပွဲတွေ ယူပြနေသလို ကရင်အမျိုးသားအစည်းအရုံး KNU  ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေကလည်း ကော့ကရိတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဌာနဆိုင်ရာရုံးအချို့ကို အောက်တိုဘာလ ၂၇ ရက်နေ့မနက်ပိုင်းမှာပဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 


နောက်ဆုံးရရှိထားတဲ့သတင်းတွေအရဆိုရင် အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မြန်မာပြည်အရှေ့မြောက်ပိုင်းဒေသကို လက်လွှတ်ရဖို့သေချာသလောက်ရှိနေပြီး ကရင်ပြည်နယ်က ကော့ကရိတ်မြို့ကိုလည်း ထိန်းထားနိုင်ဖို့ မသေချာတော့တာကြောင့် မွန်ပြည်နယ် သထုံမြို့ကိုလည်း အောက်တို့ဘာလ ၂၇ ရက်နေ့မှာ ညမထွက်ရအမိန့် ပုဒ်မ -၁၄၄ ထုတ်ပြန်လိုက်ရပြီဖြစ်ပါတယ်။

  

ဒါ့ကြောင့် ပြည်သူ့အင်အားနဲ့ တစ်လှိုင်းပြီး တစ်လှိုင်းလာမယ့် စိန်ခေါ်မှုတွေနဲ့အတူ အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတိုင်လိုက်တဲ့ Operation 1027 ကို ဂုဏ်ပြုတဲ့အနေနဲ့ Spring Development Bank နွေဦးဘဏ်မှာ အကောင့်ဖွင့် ကြဖို့နဲ့ အကောင့်ပိုင်ရှင်တွေအနေနဲ့ currency 10 မျိုးလုံး မှာ "1027" Angel Number ပမာဏအဖြစ် Currency Exchange ကနေ လဲလှယ်ကြပြီး အမှတ်တရအဖြစ် မြိုင်မြိုင်ဆိုင်ဆိုင် စုဆောင်းကြဖို့ SDB က တိုက်တွန်းထားပါတယ်။


========================


📌📌 ၅။ တိုက်ပွဲဖြစ်နေသည့်နေရာအချို့သို့ ကာကွယ်ရေးဝန်ကြီးဌာနက ရိက္ခာစို ၊ရိက္ခာခြောက်ထောက်ပို့မှုများရှိတယ်လို့ဆို


အောက်တိုဘာ၂၇ရက်

တိုက်ပွဲဖြစ်နေသည့်နေရာအချို့သို့ ကာကွယ်ရေးဝန်ကြီးဌာနက ရိက္ခာစို၊ရိက္ခာခြောက်ထောက်ပို့မှုများရှိတယ်လို့ အောက်တိုဘာ၂၇ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုအတွင်းဝန်ဦးမောင်မောင်ဆွေက radio NUGကိုဖြေကြားပါတယ်။


"ထောက်ပို့မှုရှိတယ်၊အားလုံးကိုတော့ မထောက်နိုင်သေးဘူး"လို့ဆိုပါတယ်။


ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF အနေနဲ့ စက်တင်ဘာလအတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ထောက်ပို့တပ်သားဦးရေ မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ၇၉၈၄ဦးရှိခဲ့ပြီး ထောက်ပို့ငွေပမာဏအမေရိကန်ဒေါ်လာ၃၅၃၆၂၈ဒေါ်လာရရှိခဲ့ပါတယ်။


စက်တင်ဘာလအတွင်း တာဝန်ထမ်းဆောင်မှုကို  PDF တပ်ရင်း/စစ်ကြောင်းများရဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အတွက် (၁၇)ကြိမ်မြောက် ပို့ဆောင်ရာမှာ အသုံးပြုသွားမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများဆီ လက်ဝယ်ရောက်ရှိတဲ့အခါမှာလည်း PRF စာမျက်နှာများမှတဆင့် ပြန်လည်တင်ပြသွားမှာဖြစ်တယ်လို့သိရပါတယ်။ 


========================


📌📌 ၆။ မြန်မာပြည်သူများပြည်တွင်း ခရီးသွားလာမှု သတိထားဖို့ ချက်နိုင်ငံNUG ကိုယ်စားလှယ်အသိပေးဆို


အောက်တိုဘာ၂၇ရက်

မြန်မာပြည်သူများ ပြည်တွင်းခရီးသွားလာမှု သတိထားဖို့ ချက်နိုင်ငံNUG ကိုယ်စားလှယ်ဦးလင်းသန့်က အောက်တိုဘာ၂၇ရက်မှ ဆိုရှယ်မီဒီယာမှာရေးသားဆိုပါတယ်။


"ဒီနွေဦးတော်လှန်ရေးဟာ မတရားသဖြင့် အာဏာလုယူခဲ့တဲ့ အကြမ်းဖက် စစ်တပ်အုပ်စုရဲ့ ရန်က ကင်းစေဖို့ မိမိကိုယ်မိမိ ကာကွယ်ပိုင်ခွင့်အရ လက်နက်ကိုင်တော်လှန်ရေးပါ ယှဉ်တွဲဖြစ်ပေါ်လာတာ။ ဒါဟာ ပြည်သူကိုကာကွယ်ဖို့ စစ်ပွဲတွေဖြစ်ရတာဟာ အခုဆို ပြည်သူကို မိုမိုကျယ်ပြန့်စွာ အကာအကွယ်တွေပေးနိုင်ဖို့ တပြိုင်တည်း တိုးချဲ့ဆောင်ရွက်လာတာဖြစ်တယ်။ မြန်မာပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးသတိနဲ့ မျက်စေ့ဖွင့် နားစွင့်ပြီး ခရီးသွားတာအပါအဝင် အစစအရာရာ အထူးသတိထားကြစေချင်တယ်"လို့ဆိုပါတယ်။


လတ်တလောမှာ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်တို့အပါအဝင် မိုးကုတ်မြို့နယ်တို့မှာလည်း တိုက်ပွဲများဖြစ်ပွားလျက်ရှိပါတယ်။


========================


📌📌 ၇။ ၁၀၂၇ စစ်ဆင်ရေးအဖြစ် တအာင်းတပ်မတော် တပ်မဟာ ()နှင့် () စစ်ဒေသအတွင်း စစ်ကောင်စီတပ်စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့ရာ စကစအလောင်း၁၈လောင်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိ


အောက်တိုဘာ၂၇ရက်

၁၀၂၇ စစ်ဆင်ရေးအဖြစ် တအာင်းတပ်မတော် တပ်မဟာ ()နှင့် () စစ်ဒေသအတွင်း စစ်ကောင်စီတပ်စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့ရာ စကစအလောင်း၁၈လောင်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တယ်လို့ အောက်တိုဘာ၂၇ရက်ညပိုင်းမှာ စစ်ရေးသတင်းကို PSLF/TNLAကအတည်ပြုပါတယ်။


"၁၀၂၇ စစ်ဆင်ရေးအဖြစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တအာင်းတပ်မတော် PSLF/TNLA မှ တပ်မဟာ()စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ်ကားလမ်း (၁၃)မိုင် တပ်စခန်း၊ (၁၂)မိုင် တပ်စခန်းနှင့် မန်မိုင်တပ်စခန်း(မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း) တို့ကို နံနက်ပိုင်း (၄း၀၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA  တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။


အလားတူ တပ်မဟာ()စစ်ဒေသ၊ လာရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းနှင့် တိန်တန်တပ်စခန်းတို့ကိုလည်း နံနက်ပိုင်း (၅း၂၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA  တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီအလောင်း (၁၈)လောင်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ပြီး ထိုလက်နက်ခဲယမ်းများမှာ M16- ၃လက်၊ ငါးကြင်းမီး- ၁လက်၊ MA4- ၂လက်၊  MA3- ၁၁လက်၊ 60MM- ၂လက်၊ ပစ္စတို- ၁လက်၊ လက်ပစ်ဗုံး- ၂၀၀လုံး၊ M9- ၇လုံး၊ RPG- ၅၀လုံး၊ 60MM ဗုံးသီး- ၃၀ လုံး၊ 60MM ကျည်- ၁၀၀လုံး၊ မိုင်း- ၄လုံး၊ ကျည်ဆံ- ၁၀၀၀၀ လုံး(တစ်သောင်းကျော်) စသည့် စစ်အသုံးအဆောင် ပစ္စည်းများစွာကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၈။ ကချင်ပြည်အထူးတပ် ၁၀၈ နှင့် ကိုးကန့် MNDA စုပေါင်းတပ်မှ  မုန်ဘော်ရှိ သောင်းကျန်းသူစစ်ကောင်စီတပ်စစ်ခန်းတစ်ခုအား သိမ်းပိုက်၊ မီးရှို့နိုင်ခဲ့


အောက်တိုဘာ၂၇ရက်

ကချင်ပြည် အထူးတပ် ၁၀၈ နှင် ကိုးကန့် MNDA စုပေါင်းတပ်မှ  မုန်ဘော်ရှိ သောင်းကျန်းသူစစ်ကောင်စီတပ်စစ်ခန်းတစ်ခုအား သိမ်းပိုက်၊ မီးရှို့နိူင်ခဲ့တယ်လို့ အောက်တိုဘာ၂၇ရက်မှာ Kachin National Organization ကအသိပေးဆိုပါတယ်။


"ကချင်ပြည် အထူးတပ် ၁၀၈ နှင် ကိုးကန့် MNDA စုပေါင်းတပ်မှ  မုန်ဘော်ရှိ သောင်းကျန်းသူစစ်ကောင်စီတပ်စစ်ခန်းတစ်ခုအား သိမ်းပိုက်၊ မီးရှို့ နိုင်ခဲ့ကြောင်းသိရတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များဟာ နေရာစုံမှာ ထိုးစစ်တိုက်ပွဲများဖော်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၉။ ကော့ကရိတ်မြို့ကို KNU/KNLAနဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ သေဆုံးသူများ ရှိနေပြီး အရှင်ဖမ်းဆီးရမိသော စစ်သုံ့ပန်းများလည်းရှိနေ


အောက်တိုဘာ၂၇ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို KNU/KNLAနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ သေဆုံးသူများ ရှိနေပြီး အရှင်ဖမ်းဆီးရမိသော စစ်သုံ့ပန်းများလည်းရှိနေတယ်လို့ အောက်တိုဘာ ၂၇ ရက်မှာ ကျားဖြူတပ်ခွဲ၂ ကအတည်ပြုပါတယ်။


"အောက်တိုဘာလ ၂၇ ရက် နံနက် နာရီခန့်အချိန်မှစတင်၍ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲအဖြစ် KNU/KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့်ဘုန်းကြီးကျောင်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်"လို့ဆိုပါတယ်။


၄င်းအပြင် ခြေလျင်တပ်ရင်း-ခလရ ၉၇ အနောက်ဘက် ဂေါက်ကွင်း ဘေးနေရာရှိ စစ်ကောင်စီလက်အောက်ခံ ရဲသတင်းတပ်ဖွဲ့ရုံး၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးရုံး ခု မီးရှို့ ဖျက်ဆီးထားပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ဆိုပါတယ်။


 "ကျားဖြူတပ်ခွဲ၂မှ ရဲဘော်များအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ သေဆုံးသူများနှင့် အရှင်ဖမ်းဆီးရရှိသော စစ်သုံ့ပန်း စစ်သားများလည်းရှိခဲ့တယ်"လို့ဆိုပါတယ်။


အဆိုပါတိုက်ပွဲအတွင်း ကော့ကရိတ်မြို့နေပြည်သူများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး အချို့ပြည်သူများမှာ နေအိမ်များအတွင်း၌ ပုန်းခိုပိတ်မိနေရကာ၊ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် သံဃာတော်တစ်ပါး ထိခိုက်မှုရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်၄ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment