31st OCT 2023 - Evening Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၃၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ သမ္မတရုံး၏လုပ်ဆောင်ချက်များ အချိန်နှင့်တပြေးညီထုတ်ပြန်နိုင်ရန် သမ္မတရုံး လူမှုကွန်ယက်စာမျက်နှာဖွင့်လှစ်

📌 ၂။ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီနှင့် ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းတို့ တွေ့ဆုံဆွေးနွေး

📌 ၃။ လူ့အခွင့်အရေးဝန်ကြီးနှင့် အဖွဲ့ ကနေဒါရောက် မြန်မာပြည်ဖွား ရိုဟင်ဂျာပြည်သူများနှင့် တွေ့ဆုံ

📌 ၄။တောင်သမန် စစ်ဆင်ရေးတွင် စစ်ကောင်စီအရာရှိများကို ဖမ်းဆီးနိုင်ခဲ့

📌 ၅။ မြစ်ကြီးနား- ဝိုင်းမော်လမ်းရှိ ကန်ဒေါင်ယန် စစ်တပ်စခန်းကို KIA စခန်းသိမ်းတိုက်ခိုက်

📌 ၆။ ကနီတွင် တပ်ချိန်းရန်လာသည့် စစ်ရေယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တိုက်ခိုက် စစ်သား ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ သမ္မတရုံး၏လုပ်ဆောင်ချက်များ အချိန်နှင့်တပြေးညီထုတ်ပြန်နိုင်ရန် သမ္မတရုံး လူမှုကွန်ယက်စာမျက်နှာဖွင့်လှစ်


အမျိုးသားညီညွတ်ရေးအစိုးရ၏ သမ္မတရုံး ဖေ့စ်ဘုတ် လူမှုကွန်ယက် စာမျက်နှာအသစ် ဖွင့်လှစ်ထားတယ်လို့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ NUG က အသိပေးထုတ်ပြန်လိုက်ပါတယ်။

လွတ်လပ်သောသတင်းမီဒီယာများအပါအဝင် အများပြည်သူနှင့်ထိတွေ့ဆက်စပ်မှု ပိုမိုလျင်မြန်ချောမွေ့စေရန်နဲ့ သမ္မတရုံးက လုပ်ဆောင်နေတာတွေ အချိန်နဲ့တပြေးညီ ထုတ်ပြန်နိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ခဲ့တာလို့ အသိပေးထားပါတယ်။ 

သမ္မတရုံး လူမှုကွန်ယက်စာမျက်နှာကနေ နွေဦးတော်လှန်ရေးနဲ့သက်ဆိုင်တဲ့ တိုးတက်ဖြစ်ထွန်းမှုများ၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတနဲ့ သမ္မတရုံးက လုပ်ဆောင်ချက်တွေကို အဆက်မပြတ်သိရှိနိုင်ဖို့ သမ္မတရုံး လူမှုကွန်ယက်စာမျက်နှာသစ် https://www.facebook.com/OfficeOfThePresident.NUG ကို Like and Share လုပ်ထားကြဖို့လည်း တိုက်တွန်းထားပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး လူမှုကွန်ယက်စာမျက်နှာသစ်ကို အောက်တိုဘာလ ၂၇ ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ Likes ပြုလုပ်ထားသူ ၅ဒသမ K ရှိနေပြီး followers ပြုလုပ်ထားသူ ၆ဒသမ၃ K ရှိနေပြီဖြစ်ပါတယ်။


========================


📌📌 ၂။ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီနှင့် ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းတို့ တွေ့ဆုံဆွေးနွေး


အောက်တိုဘာ ၃၁။


စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီနဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းတို့ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ နာရီ အချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးမြင့်ထွေး နှင့် တိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီများမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဝန်ကြီးဌာနဘက်မှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနရဲ့ ဖက်ဒရယ်ရေးရာ လုပ်ငန်း ဆောင်ရွက်ခဲ့မှုများ‌ အခြေအနေနှင့် ဝန်ကြီးဌာနရဲ့ ရှေ့လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ကလည်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရဲ့ ဆောင်ရွက် ပြီးစီးခဲ့သော လုပ်ငန်းစဉ်များနှင့် ဖက်ဒရယ်ရေးရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြား ခဲ့ပါတယ်။


ထို့နောက် တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များမှ အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြကာ အစည်းအဝေးကို  နာရီ အချိန်မှာ ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ လူ့အခွင့်အရေးဝန်ကြီးနှင့် အဖွဲ့ ကနေဒါရောက် မြန်မာပြည်ဖွား ရိုဟင်ဂျာပြည်သူများနှင့် တွေ့ဆုံ


အောက်တိုဘာ ၃၁။


အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦး အောင်မျိုးမင်း၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် သမ္မတရုံးအကြံပေး၊ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တို့က Rohingya Center Canada ရဲ့ ဖိတ်ကြားမှုဖြင့် ကနေဒါရောက် မြန်မာပြည်ဖွား ရိုဟင်ဂျာပြည်သူများနှင့် တွေ့ဆုံပွဲကို တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


ကနေဒါနိုင်ငံ၊ ကစ်ချနာမြို့ရှိ အဆိုပါ Center ကို တည်ထောင်သူ တစ်ဦးဖြစ်တဲ့ Mr. Jaivet Ealom က ကြိုဆိုနှုတ်ခွန်းဆက်စကား နဲ့ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ရိုဟင်ဂျာ မူဝါဒရေးရာ ကိစ္စရပ်များနှင့် နိုင်ငံသားဥပဒေ ပြင်ဆင် ပြောင်းလဲရေး ဆောင်ရွက်နေမှု ကိစ္စရပ်များကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဒုတိယဝန်ကြီး၊ ဦးအောင်ကျော်မိုးက ရိုဟင်ဂျာများ နေရပ်ရင်းကို မိမိသဘောဆန္ဒအလျောက် လုံခြုံစိတ်ချစွာ ပြန်နိုင်ရေးနဲ့ စပ်လျဉ်းတဲ့ အကြံပြုချက်များ စုစည်းနေမှု အကြောင်းကို ရှင်းလင်းခဲ့ပါတယ်။


သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၊ ဦးကျော်ဇော် မှလည်း အမျိုးသားညီညွတ်ရေးအစိုးရ အတွင်း ရိုဟင်ဂျာ ပြည်သူများ အပါအဝင် လူနည်းစုတိုင်းရင်းသားများနှင့် စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိတဲ့ ဥပဒေပြင်ဆင် ဖော်ဆောင်ခြင်း ကိစ္စရပ်များကို သမ္မတရုံးအနေနဲ့ အလေးထား ဆောင်ရွက်နေကြောင်း ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။


ဆက်လက်ပြီး ကနေဒါနိုင်ငံ ဝါတာလူးတက္ကသိုလ်တွင် ပြသနေသော “JASBAA ရိုဟင်ဂျာ အနုပညာပြပွဲကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် သမ္မတရုံးအကြံပေးနှင့် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့က ၎င်းပြပွဲကို  သွားရောက် ကြည့်ရှု အားပေးခဲ့ပါတယ်။ 


အဆိုပါပြပွဲတွင် ရိုဟင်ဂျာ ဓါတ်ပုံဆရာများရဲ့ ဓါတ်ပုံများ၊ ရိုဟင်ဂျာများ ရေးသားထားသော ကဗျာ၊ ဆောင်းပါးနှင့် စာပေများကို ပြသထားတယ်လို့ သိရပါတယ်။


========================


📌📌 ၄။တောင်သမန် စစ်ဆင်ရေးတွင် စစ်ကောင်စီအရာရှိများကို ဖမ်းဆီးနိုင်ခဲ့


အောက်တိုဘာ ၃၁။


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဆင်နွဲနေတဲ့တောင်သမန် စစ်ဆင်ရေးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိများနှင့်  နယ်ခြားစောင့်တပ်အရာရှိများကို ဖမ်းဆီးရမိခဲ့တယ် လို့ အောက်တိုဘာ ၃၀ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။


မန္တလေး PDF ရဲ့ သတင်းထုတ်ပြန်ချက်အရ အောက်တိုဘာ ၂၆ ရက်နေ့ မှ အောက်တိုဘာ ၃၀ ရက်နေ့ အတွင်း ဗိုလ်မှုးအဆင့်ရှိ နယ်ခြားစောင့် တပ်ဖွဲ့ဝင် () ဦး၊ ဗိုလ်ကြီးအဆင့်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင် () ဦး၊ နှစ်ပွင့် ဗိုလ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် () ဦး၊ တပ်ကြပ်ကြီး အဆင့်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင် () ဦး၊ ပြည်သူ့စစ် () ဦးနဲ့ ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့တယ် လို့ သိရပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက်ကွပ်ကဲအောက်တွင် တည်ရှိတဲ့ အဖွဲ့အစည်းဖြစ်ပြီး လက်ရှိအချိန်မှာ ညီနောင်မဟာမိတ် ဖွဲ့ ရဲ့  ၁၀၂၇ စစ်ဆင်ရေးနှင့်အတူတောင်သမန် စစ်ဆင်ရေးကို ဆင်နွှဲနေတာ ဖြစ်ပါတယ်။


========================


📌📌 ၅။ မြစ်ကြီးနား- ဝိုင်းမော်လမ်းရှိ ကန်ဒေါင်ယန် စစ်တပ်စခန်းကို KIA စခန်းသိမ်းတိုက်ခိုက်


အောက်တိုဘာ ၃၁။


ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဝိုင်းမော်လမ်းရှိ ကန်ဒေါင်ယန် စစ်ကောင်စီ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယနေ့ မနက်တွင်စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေကြောင်း ၁၀၂၇ စစ်ဆင်ရေးနှင့် စစ်ရေးသတင်းရင်းမြစ် အချို့ကပြောပါတယ်။


ကန်တောင်ယန် စခန်းက မန္တ​​လေး-မြစ်ကြီးနား လမ်းပေါ်တွင် တည်ရှိပြီး စစ်ကောင်စီရဲ့ထောက်ပို့လမ်းကြောင်းအတွက် ရေးပါတဲ့ စစ်စခန်းကြီး တစ်ခုဖြစ်ပါတယ်။


အဆိုပါ စခန်းက ဗျူဟာအဆင့် ထိုင်တဲ့စခန်းဖြစ်ပြီး ၂၀၁၂၊ ၂၀၁၃ ခါရာတိုက်ပွဲ ဖြစ်ပွားစဥ်က တပ်မမှူးများကိုယ်တိုင် တပ်မဌာနချုပ် အဖြစ်အထိုင်ချခဲ့ဖူးသော စခန်းဖြစ်တယ်လို့ သိရပါတယ်။


ကချင်ဒေသတွင်း သတင်းဌာန တစ်ခုဖြစ်တဲ့ Kachin News group ရဲ့ ဖော်ပြချက်အရ ကန်တောင်ယန်ကို သိမ်းပိုက်ပြီးနောက် မလိယန်ရှိ စစ်တပ်စခန်းကိုပါ KIA အမှတ် အထူးတပ်များနှင့် မဟာမိတ် ပူးပေါင်းတပ်များက တိုက်ခိုက်နေကြောင်းသိရပါတယ်။


၁၀၂၇စစ်ဆင်ရေး ဆင်နွှဲနေတဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ကန်ဒေါင်ယန်စခန်း တိုက်ပွဲ အခြေအနေကို ယနေ့ (အောက်တိုဘာ ၃၁) မနက်တွင် သတင်းထုတ်ပြန်ခဲ့ရာ မြစ်ကြီးနား- ဗန်းမော် ကားလမ်းမပေါ်ရှိ၊ ရန့်သူစခန်းတစ်ခုဖြစ်သော ကန်တောင်ယန် (ဂန်တောင်ယန်) စခန်းအနီးတွင် တိုက်ပွဲများပြင်းထန်လျက်ရှိသည်ဟုဖော်ပြထားပါတယ်။


စစ်ကောင်စီတပ်က KIA ဌာနချုပ်အနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းကိုအောက်တိုဘာ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် KIA က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်တပ်စခန်းများကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်​​နေပြီး ကန်တောင်ယန်စခန်းမှာ နှစ်ပါတ်အတွင်း KIA သိမ်းပိုက်ခဲ့တဲ့ ခုမြောက် စစ်တပ်စခန်းဖြစ်ပါတယ်။


========================


📌📌 ၆။ ကနီတွင် တပ်ချိန်းရန်လာသည့် စစ်ရေယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တိုက်ခိုက် စစ်သား ဦး သေဆုံး


စစ်ကိုင်းတိုင်း ကနီနယ်မှာတပ်ချိန်းဖို့ ဟုမ္မလင်းမြို့ကနေ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်ရေယာဉ် တန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာမှာ စစ်သား ဦး သေဆုံးသွားတယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာထံကနေ သိရပါတယ်။ 

 ဟုမ္မလင်းမြို့ကနေ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်တပ်ထောက်ပို့သင်္ဘော စင်းဟာ ကနီမြို့နယ် မိချောင်းတွင်းကျေးရွာမှာ ညအိပ်တပ်စွဲပြီး အောက်တိုဘာလ ၃ဝ ရက်နေ့က ဆက်လက်စုန်ဆင်းလာခဲ့တယ် လို့ ဆိုပါတယ်။

အဲဒီစစ်ရေယာဉ်တန်း ကနီမြို့နယ် အထက်ကင်းရွာအနီးသို့ရောက်လာချိန် မနက် ၁၁ နာရီမှာ ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ တပ်ရင်း ၂၂၊ တပ်ရင်း ၂၃-KLG PDF (ကျောက်လုံးကြီး) အဖွဲ့နဲ့ နယ်မြေခံ ပကဖတွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောမောင်းသူတဦးနှင့် စစ်သား ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။

ချင်းတွင်းမြစ်အတိုင်း ဆက်ပြီးစုန်ဆင်းသွားတဲ့ အဲဒီစစ်ရေယာဉ်အုပ်စု ကြောင်မျှော်တောင်အနီးရောက်လာ ချိန် မွန်းလွဲ နာရီခန့်မှာလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ဦး ထပ်ပြီး သေဆုံးခဲ့တယ်လို့ ကျောက်လုံးကြီးတပ်မဟာက အသိပေးထားပါတယ်။

ဒါ့အပြင် ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ တပ်ရင်း ၂၂၊ တပ်ရင်း ၂၃-KLG PDF (ကျောက်လုံးကြီး) နဲ့ နယ်မြေခံ ပကဖ ပူးပေါင်းအဖွဲ့ဟာ အောက်တိုဘာလ ၃ဝ ရက်နေ့ မွန်းလွဲ နာရီခန့်အချိန်မှာလည်း ကနီနယ် အလယ်ကျွန်းရွာက ပျူစောထီးတွေကို Shar Htoo WAW နည်းပညာသုံး မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးသီး လုံး ကျဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 အလယ်ကျွန်းပျူရွာပေါ်ကို KG ရှိတဲ့ ဗုံးသီးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီအဖွဲ့နဲ့ ပျူစောထီး တွေ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အတိအကျသိရအောင် စုံစမ်းနေဆဲဖြစ်တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာထံကနေ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ် သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment