18th NOV 2023 - Evening Daily News by Radio NUG



၂၀၂၃ နိုဝင်ဘာလ ၁၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ UTC စစ်သင်တန်းတက်ဖူးသော တက္ကသိုလ်ကျောင်းသားများကို လက်နက်တပ်ဆင်ပေးလာပါက ပြည်သူ့ဘက်သို့ကူးပြောင်းလာရန် ဝန်ကြီး ဒေါက်တာတူးခေါင်ဆို

📌 ၂။ တန်းတူညီမျှမှုရှိသည့် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ဖြစ်ပေါ်လာရေးအတွက် နွေဦးဘဏ်အစုရှယ်ယာများ ဝယ်ယူဖို့ လူ့အခွင့်ရေး ဒုဝန်ကြီးတိုက်တွန်း

📌 ၃။ စစ်ကောင်စီသည် အရပ်သားပြည်သူများအား လူသားဒိုင်းကာများသဖွယ် အသုံးပြု၍ နိုင်ငံတကာ စစ်ဥပဒေကို ချိုးဖောက်နေ

📌 ၄။ "တသံတည်း ညီ တချီတည်း ရုန်း" ပြီး တွန်းလှန်ကြဖို့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ပြောကြား

📌 ၅။ ရွှေဘိုမြို့တွင် ကင်းပတ်ထွက်လာသော စကစတပ်များ မိုင်းထိ

📌 ၆။ နိုင်ငံတဝန်း အကြမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူဦးရေ ၂၀၀ ကျော် သေဆုံး

📌 ၇။ ခမရ (၅၅၉) မှ ပြည်သူ့ရင်ခွင်ခိုလှုံလာသော တပ်သားတစ်ဦးကို ကဝ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ငွေကျပ် ဆယ်သိန်းချီးမြှင့်ပေးအပ်

📌 ၈။ နွေဦးဖွံဖြိုးရေးဘဏ်ရှယ်ယာများကို ထိပ်တန်း ဝယ်ယူမှုအများဆုံး ၁၀ နိုင်ငံထဲတွင် မြန်မာ၊ စင်ကာပူ၊ ယူကေနှင့်ဂျပန်၊ သြစတြေးလျတို့ ရှေ့ပြေးနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ UTC စစ်သင်တန်းတက်ဖူးသော တက္ကသိုလ်ကျောင်းသားများကို လက်နက်တပ်ဆင်ပေးလာပါက ပြည်သူ့ဘက်သို့ကူးပြောင်းလာရန် ဝန်ကြီး ဒေါက်တာတူးခေါင်ဆို


UTC စစ်သင်တန်းတက်ဖူးသော တက္ကသိုလ်ကျောင်းသားများကို လက်နက်တပ်ဆင်ပေးလာပါက ပြည်သူ့ဘက်သို့ ကူးပြောင်းလာရန် နိုဝင်ဘာလ (၁၈) ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က အသိပေးဆိုထားပါတယ်

"ဘုရားလဲ ဖူး၊ လိပ်ဥလဲ တူး၊ တက္ကသိုလ်ကျောင်းသားများသေနတ်ယူပြီးတော်လှန်ရေးဖက် ကူးလိုက်ပါ၊သိန်း ၅၀ အနည်းဆုံးရမယ်။ ပြည်သူ​​တွေ သြဘာပေးတာလည်း ခံရမယ်။ ကျည်ပါရင် ပိုကောင်းတယ်" လို့ ဝန်ကြီးက ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ယခင် UTC စစ်သင်တန်းတက်ဖူးသော တက္ကသိုလ်ကျောင်းသားများစာရင်းနဲ့ ကိုယ်ရေးအချက်အလက်များကို တောင်းခံစာ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ တန်းတူညီမျှမှုရှိသည့် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ဖြစ်ပေါ်လာရေးအတွက် နွေဦးဘဏ်အစုရှယ်ယာများ ဝယ်ယူဖို့ လူ့အခွင့်ရေး ဒုဝန်ကြီးတိုက်တွန်း


စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ပြည်ထောင်စုသားအားလုံး တန်းတူညီမျှမှုရှိသည့် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ဖြစ်ပေါ်လာရေးအတွက် နွေဦးဘဏ် အစုရှယ်ယာများ ဝယ်ယူဖို့ နိုဝင်ဘာလ (၁၈) ရက်က ဆိုရှယ်မီဒီယာမှာ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးကဆိုပါတယ်။

"ပြည်တွင်း၊ ပြည်ပမှ ရိုဟင်ဂျာညီအစ်ကိုမောင်နှမများစစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ပြည်ထောင်စုသားအားလုံး တန်းတူညီမျှမှုရှိသည့် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ဖြစ်ပေါ်လာရေးအတွက် ပြည်သူတစ်ရပ်လုံးကနေ တစ်တပ်တစ်အား ပါဝင်လျက်ရှိနေပါတယ်။ အနယ်နယ်အရပ်ရပ်ရှိ ရိုဟင်ဂျာ ညီအကိုမောင်နှမများ အနေနဲ့လည်း နွေဦးဘဏ်အစုရှယ်ယာများ ဝယ်ယူခြင်းဖြင့် ပြည်ထောင်စုအရေးအတွက် ထောက်ကူပေးကြပါလို့ ဖိတ်ခေါ်ပါတယ်" လို့ ဆိုပါတယ်။

နွေဦးဘဏ်အစုရှယ်ယာများရောင်းချရငွေများကို တော်လှန်ရေးအတွက် အရေးကြီးပြီးလိုအပ်သော ကဏ္ဍာများတွင် အသုံးပြုသွားမယ်လို့ စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိူင်ကလည်း ဆိုထားပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီသည် အရပ်သားပြည်သူများအား လူသားဒိုင်းကာများသဖွယ် အသုံးပြု၍ နိုင်ငံတကာ စစ်ဥပဒေကို ချိုးဖောက်နေ


စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ကို မြေပြင်တွင် မတွန်းလှန်နိုင်သောကြောင့် အရပ်သားပြည်သူများအား လူသားဒိုင်းကာများသဖွယ် အသုံးပြု၍ နိုင်ငံတကာ စစ်ဥပဒေကို ချိုးဖောက်နေတယ်လို့ နိုဝင်ဘာလ (၁၇) ရက် ညပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့က အသိပေးဆိုပါတယ်။

စစ်ဆင်ရေး ရက်ပေါင်း (၂၂) ရက်တာကာလအတွင်း ရှမ်းမြောက်ဒေသမှ ညီနောင်မဟာမိတ် () ဖွဲ့ အစချီလိုက်သော စစ်ဆင်ရေးသည် လက်ရှိအချိန်၌ မြန်မာနိုင်ငံတဝှမ်းရှိ စစ်ရေးအရှိန်မှာ ကြီးမားကျယ်ပြန့်လာပြီး စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ကို မြေပြင်တွင် မတွန်းလှန်နိုင်သောကြောင့် အရပ်သားပြည်သူများအား လူသားဒိုင်းကာများသဖွယ် အသုံးပြု၍ နိုင်ငံတကာစစ်ဥပဒေကို ချိုးဖောက်ကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်ရက်ဆက် ကျုးလွန်နေလျက်ရှိပါတယ်လို့ ဖော်ပြပါတယ်။

လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေသော ကိုးကန့်၊ တအာင်းနှင့် ရက္ခိုင်ဒေသတွင်း အပါအဝင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တိုက်ပွဲများမှာ တစ်ရက်ပြီး တစ်ရက် ပြင်းထန်နေခြင်းနှင့်အတူ စစ်ကောင်စီ တပ်စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ပြီး မိမိတို့၏ စစ်ရေးရည်မှန်းချက်များအား အကောင်အထည်ဖော်လျက်ရှိပြီး ဤသည်မှာ “Nationwide Operation” ပထမဆုံးအဆင့်ပင် ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ  စစ်ကောင်စီ၏ တပ်စခန်းစုစုပေါင်း (၁၅၂) ကို MNDAA နဲ့မဟာမိတ်များ သိမ်းပိုက်နိုင်ခဲ့ပါတယ်။


========================


📌📌 ၄။ "တသံတည်း ညီ တချီတည်း ရုန်း" ပြီး တွန်းလှန်ကြဖို့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ပြောကြား


တိုင်းပြည်ရဲ့ ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ဖြစ်လို့ အာဏာရှင်စနစ်နဲ့ အာဏာသိမ်း စစ်အုပ်စုကို "တသံတည်းညီ တချီတည်း ရုန်း" ပြီး တွန်းလှန်ကြဖို့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ (၁၈) ရက်မှာ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ပြောပါတယ်။

"ဒီအာဏာသိမ်းစစ်အုပ်စုနဲ့ တိုင်းပြည်အုပ်ချုပ်ခြင်းအနုပညာနဲ့က ပြဒါးတလမ်း သံတလမ်းပါ။ လားလားမျှ မဆိုင်။ ဒီစစ်အုပ်စု အဆက်ဆက်မှာ တိုင်းပြည်တခုကို ကောင်းမွန်အောင် စီမံခန့်ခွဲ၊ အုပ်ချုပ်နိုင်တဲ့ စွမ်းရည် လုံးလုံး မရှိဘူး။ ဒါက အခု မအလ စစ်အုပ်စုမှ မဟုတ်ဘူး။ ရှေ့သွားများဖြစ်ကြတဲ့ နေဝင်း၊ သန်းရွှေ စစ်အုပ်စုလည်း ဒီအတိုင်းပဲ။ စစ်အုပ်စု သက်ဆိုးရှည်လေ‌‌လေ တိုင်းပြည် ပျက်စီးလေလေပါပဲ။ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှု‌‌ရေးစတဲ့ နယ်ပယ်ကဏ္ဍအကုန် ပျက်စီးမှာပါပဲ။ ကျနော်တို့ တိုင်းပြည်ရဲ့ ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ပါ။ ဘုံပန်းတိုင်က ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပါ။ ဒါကြောင့် အားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ အာဏာရှင်စနစ်နဲ့ အာဏာသိမ်း စစ်အုပ်စုကို "တသံတည်းညီ တချီတည်း ရုန်း" ပြီး တွန်းလှန်လိုက်ကြရအောင်ဗျာ" လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့တပ်များဟာ 1027 စစ်ဆင်ရေး၊ 1107 စစ်ဆင်ရေးနဲ့ 1111 စစ်ဆင်ရေးများကို အလူးအလဲ ရင်ဆိုင်နေရပါတယ်။


========================


📌📌 ၅။ ရွှေဘိုမြို့တွင် ကင်းပတ်ထွက်လာသော စကစတပ်များ မိုင်းထိ


ရွှေဘိုမြို့၊ အောင်ချမ်းသာထိပ်  ကင်းပတ်ထွက်လာသော စကစတပ်များ မိုင်းထိ၍ ထိခိုက်မှုများရှိတယ်လို့ သတင်းရရှိပါတယ်။

နိုဝင်ဘာလ (၁၆) ရက်  ရွှေဘိုမြို့၊ အောင်ချမ်းသာထိပ် အနီးတွင် လေ့ကျင်ရေး ( )မှ သံပြားကာ စီး၊ Paradro စီး၊ ကားကြီး စီးဖြင့် ကင်းပတ်ထွက်လာသော စကစတပ်များကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုအားမာန် မြို့ပြပျောက်ကျားအဖွဲ့ကအတည်ပြုပါတယ်။

ရွှေဘိုမြို့ အောင်ချမ်းသာထိပ် အနီးတွင် လေ့ကျင့်ရေး ( ) မှ သံပြားကာ စီး Paradro စီး၊ ကားကြီး စီးဖြင့် ကင်းပတ် ထွက်လာသော စကစ အကြမ်းဖက်များအား (8:45) နာရီ ၀န်းကျင်ခန့်တွင် မိုင်း () လုံးပွိုင့် () ကြိမ်ဖြင့်  ဧည့်ခံကျွေးမွေးလိုက်ရာထိခိုက်မှု အများအပြားရရှိခဲ့ပါတယ်" လို့ ဆိုပါတယ်။ 

အထိနာသွားသော စကစတပ်များမှ အနီးအနား၀န်းကျင်ရှိ ရပ်ကွက်များအား လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး တော်လှန်ရေးမဟာမိတ်ညီနောင်များမှအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။

စစ်ဆင်ရေးကို ရွှေဘိုအားမာန် မြို့ပြပျောက်ကျား၊ ShweBo Crocodile ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Black SlLENCER DEFENCE FORCE 96 Solider Burmese Farmers Defense Force(BFDF) Flying Dragon Force၊သိင်္ခအားမာန်အဖွဲ့၊ Shwebo Federal Army Snake Eyes ဘီလူးညီနောင်အဖွဲ့၊ ရှင်းရှင်း .က.ဖ၊ ရွှေဘိုဒေါင်းမာန် ၊မဟူရာရွှေဘိုသား၊ Ba Taw HG Fighter ဇေယျာသွေး၊ ရွှေဘိုစွန်ရဲ၊ ဒေါင်းစစ်သည်အဖွဲ့၊ War Lord Defence Force နှင့် တန () မဟာမိတ်ညီနောင်များ၊ တန () မဟာမိတ်ညီနောင်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၆။ နိုင်ငံတဝန်း အကြမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူဦးရေ ၂၀၀ ကျော် သေဆုံး


နိုင်ငံတဝန်း အကြမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူဦးရေ (၂၅၉) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ်မှာ အများဆုံး ပါဝင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် (၂၅၉) ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ထို (၂၅၉) ဦးအနက် စစ်ကိုင်းတိုင်းမှာ (၁၉၃) ဦးဖြင့် အများဆုံး သေဆုံးခဲ့ပြီး ချင်းပြည်နယ်မှာ (၃၇) ဦးဖြင့် ဒုတိယ အများဆုံး သေဆုံးခဲ့ရပါတယ်။

အဆိုပါအရေအတွက်မှာ အေအေပီပီမှ အမည်နှင့်တကွ အတည်ပြုထားနိုင်သော အရေအတွက်ဖြစ်ပြီး ယခုစာရင်းတွင် မပါဝင်သော အတည်ပြုကျန်ရှိနေသည့် သေဆုံးသူအရေအတွက်မှာ (၈၆) ဦး ရှိနေတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ (၁၅) ရက်နေ့၊ () နာရီခန့်အချိန်တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေးလူကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်များ အပါအဝင် ဒေသခံ (၁၁) ဦး သေဆုံးခဲ့ရပါတယ်။


========================


📌📌 ၇။ ခမရ (၅၅၉) မှ ပြည်သူ့ရင်ခွင်ခိုလှုံလာသော တပ်သားတစ်ဦးကို ကဝ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ငွေကျပ် ဆယ်သိန်းချီးမြှင့်ပေးအပ်


အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ခမရ (၅၅၉) မှ တပ်သားတစ်ဦး ပြည်သူ့ရင်ခွင် ခိုလှုံ၍ အလင်းဝင်ရောက်လာသောကြောင့် ကဝ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကငွေကျပ် ဆယ်သိန်း ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ နိုဝင်ဘာလ(၁၈) ရက်မှာ ကဝ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးဆိုပါတယ်။

"အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ခမရ (၅၅၉) မှ တပ်သား ချစ်မင်းကိုသည် အကြမ်းဖက်စစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ () ရက်နေ့တွင် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကဝမြို့နယ်၊ ပကဖ) နှင့် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံ၍ အလင်းဝင်ရောက်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အလင်းဝင်ရောက်လာသော တပ်သားချစ်မင်းကိုအား နွေးထွေးလှိုက်လှဲစွာ ကြိုဆို၍ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ခဲ့ပြီး ဆုငွေ (၁၀) သိန်းကျပ်တိတိ ချီးမြှင့်ကာ ၎င်းသွားလိုရာသို့ အန္တရာယ်မရှိ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ထို့ပြင် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင် (Peoples Embrace) နှင့် ချိတ်ဆက်ကာ ကူညီ စောင့်ရှောက်မှုများ ဆက်လက်ပြုလုပ်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။


========================


📌📌 ၈။ နွေဦးဖွံဖြိုးရေးဘဏ်ရှယ်ယာများကို ထိပ်တန်း ဝယ်ယူမှုအများဆုံး ၁၀ နိုင်ငံထဲတွင် မြန်မာ၊ စင်ကာပူ၊ ယူကေနှင့်ဂျပန်၊ သြစတြေးလျတို့ ရှေ့ပြေးနေ


နွေဦးဖွံဖြိုးရေးဘဏ်ရှယ်ယာများကို ထိပ်တန်း ဝယ်ယူမှုအများဆုံး ၁၀ နိုင်ငံထဲတွင် မြန်မာ၊ စင်ကာပူ၊ယူကေနှင့်ဂျပန်၊ သဩစတြေးလျတို့ရှေ့ပြေးနေတယ်လို့ 

 နိုဝင်ဘာလ (၁၇) ရက် ညပိုင်းမှာ နွေဦးဖွံဖြိုးရေးဘဏ်က အသိပေးဆိုပါတယ်။

"နွေဦးဘဏ် အစုရှယ်ယာများကို RMs မှ တဆင့် ဝယ်ယူခြင်းကို (၁၇) ရက် နိုဝင်ဘာလ ညသန်းခေါင် မှာ Myanmar, Singapore, UK, Japan, Australia, Thailand, USA, Netherlands, France, Germany တို့က ထိပ်တန်း ဝယ်ယူမှုအများဆုံး ၁၀ နိုင်ငံအဖြစ် ဦးဆောင်နေပါတယ်။ လာမယ့် ၁၀ ရက် အတွင်း အခြားနိုင်ငံတွေလည်း ဇွဲ မလျော့ပဲ Top 10 ဝင်အောင် ဆက်လက် ကြိုးစားကြမယ်နော်" လို့ ဆိုပါတယ်။

ICO Seed Round စဖွင့်တဲ့ နိုဝင်ဘာလ (၁၇) ရက်နေ့ မှာ () နာရီ အတွင်း စုစုပေါင်း USD 3,000,000 အမေရိကန်ဒေါ်လာ () သန်းဖိုး နှင့် ညီမျှတဲ့ ဝယ်ယူမှု ရရှိထားပြီး ဖြစ်ပါတယ်။

နွေဦးဘဏ် အစုရှယ်ယာ တခု = USD $0.001 (SDB Token)အနည်းဆုံး သတ်မှတ်ချက် = USD $ 10 ဒေါ်လာဖြစ်ပြီး နိူဝင်ဘာလ (၁၇) ရက်မှ (၂၇) ရက်အထိ နွေဦးဘဏ် ရှယ်ယာပိုင်ရှင်ကြီးဖြစ်ဖို့ အခွင့်အရေးရှိနေမှာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment