5th NOV 2023 - Morning Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှင်းလင်းတင်ပြခဲ့

📌 ၂။ စစ်ကောင်စီ အရူးမီးဝိုင်းဖြစ်နေပြီလို့ကာကွယ်ရေးဝန်ကြီးဆို

📌 ၃။ စစ်ကောင်စီရဲ့ အကြပ်အတည်းက ကိုယ့်အောင်ပွဲဖြစ်လာဖို့ တစ်သံတည်းညီ တစ်ချီတည်း ရုန်းကြဖို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြော

📌 ၄။ "နွေဦးတော်လှန်ရေးအရှိန်အဟုန်မြင့်လာပြီဖြစ်၍ ကြားနေဘက်ကပုဂ္ဂိုလ်များ ဓမ္မဘက်ကို အချိန်မီလှမ်းထားဖို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန်ဆို

📌 ၅။ လာရှိုးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂျာယန် .. စခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်သိမ်းပိုက်၊ ပြည်သူစစ် တပ်ဖွဲ့ဝင် (၃၈ ) ဦး ဖမ်းဆီးရမိကာ အရာရှိမှလွဲ၍တပ်ဖွဲ့ဝင် (၃၄ )ဦး အား နေရပ်သို့ ပြန်လွတ်ပေးခဲ့

📌 ၆။ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)မှ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ ရှိ စစ်ကောင်စီ၏တပ်စခန်း()ကို ထပ်မံသိမ်းယူနိုင်ခဲ့ပြီး စုစုပေါင်း တပ်စခန်း (၁၀၆)ခု သိမ်းပိုက်ရရှိ

📌 ၇။ ကရင်ပြည်နယ် ကော့ကရိတ်နယ်ခမရ (၉၇) တပ်ရင်းဝန်းကျင်ရှိ ကာကင်းများ လက်နက်ကြီး ကုန်းတည်ရှိရာ နှင့်အနီးတဝိုက်ကို မောင်းသူမဲ့လေယာဉ်ငယ်များ ဖြင့် အကြိမ်ရေ ()ကြိမ် ဗုံးကြဲတိုက်ခိုက်

📌 ၈။ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်း စခန်းသိမ်းတိုက်ပွဲတွင်ရန်သူ့တပ်သား () ဦး သေဆုံး၊ စစ်သုံ့ပန်းအဖြစ် (၁၁) ဦး လက်နက်ချ အညံ့ခံ၍ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

📌 ၉။ စကစတပ်ကပစ်ခတ်တဲ့လက်နက်ကြီးကျည်လိုင်ဇာမြို့နှင့်ကပ်လျက် တရုတ်ပြည်နယ်စပ်မြို့သို့ ကျရောက်ပေါက်ကွဲခဲ့ရာ တရုတ်နိုင်ငံသား () ဦး သေဆုံးခဲ့ပြီး () ဦး ဒဏ်ရာရရှိခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှင်းလင်းတင်ပြခဲ့


နိုဝင်ဘာလ ၄ရက်။

နိုဝင်ဘာလ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဥ် (၄၅/၂၀၂၃) သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနမှ တက်ရောက်၍ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့ပါတယ်။


အစည်းအဝေးတွင် CRPH ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်ကတော်လှန်ရေးကာလဖြစ်၍ ပြည်တွင်းမှာ အလှုပ်အယမ်းနှင့် အပြောင်းအလဲဟာ အစိုးရတစ်ရပ်အနေနဲ့လည်းကောင်း၊ လွှတ်တော်တစ်ရပ်အနေနဲ့သော်လည်းကောင်း ပုံမှန်အနေအထားမျိုးအတိုင်း စနစ်တကျ ဖွဲ့စည်းရတာမဟုတ်ဘဲ တော်လှန်ရေးနှင့် အတူယှဥ်တွဲပြီးတော့မှ ထိန်းချုပ်နိုင်တဲ့နယ်မြေတွေ၊ လွတ်မြောက်တဲ့နယ်မြေတွေ စပြီး တည်ထောင်ရတဲ့အခြေအနေမျိုးမှာ ပြန်လည်တည်ဆောက်ရေးကိစ္စရပ်တွေ၊ တရားရေးဆိုင်ရာကိစ္စရပ်တွေ၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်တွေမှာ အခြေအနေအရ လတ်တလောအားဖြင့်  လေဟာနယ်တစ်ခုတော့ ပေါ်ပေါက်တဲ့အခြေအနေရှိပြီး အဲဒီလေဟာနယ်ကို နောက်က လိုက်ဖြည့်ဆည်းရတာဖြစ်လို့ ထောင့်မစေ့နိုင်၊ ထောင့်မစုံနိုင်တဲ့အခြေအနေဖြစ်တာကို အားလုံးလည်း သိကြမည်ဖြစ်ပြီး ရှိနေတဲ့ ပကတိအခြေအနေ၊ အခက်အခဲကိုလည်း မျက်နှာချင်းဆိုင်ရဖို့ ရှိတယ်"လို့ဆိုပါတယ်။


ထို့နောက် တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးနှင့် တာဝန်ရှိသူများက ဝန်ကြီးဌာန၏ လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခြင်းတွင် ဝန်ထမ်းဖွဲ့စည်းပုံနှင့်အညီ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တရားရုံးများ ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ ဥပဒေရုံးများ ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ စစ်ဆေးစီရင်ခဲ့သော တရားမများစာရင်းနှင့် အကျဥ်းထောင်များ တည်ထောင်ထားရှိမှု အခြေအနေများ၊ အသိပညာပေးသင်တန်းများ ဖွင့်လှစ်သင်ကြားမှုအခြေအနေများနှင့် တရားရေးဆိုင်ရာ ရှေ့ဆက်အကောင်အထည်ဖော် လုပ်ဆောင်သွားမည့် လုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့ပါတယ်။


အစည်းအဝေးအား ဆက်လက်ကျင်းပရာတွင် ဘဏ္ဍာရေးရာကော်မတီ၊ ပညာရေးကော်မတီ၊ အလုပ်သမားရေးရာကော်မတီနှင့် NUCC ရေးရာကော်မတီများက  လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီ အရူးမီးဝိုင်းဖြစ်နေပြီလို့ကာကွယ်ရေးဝန်ကြီးဆို


နိုဝင်ဘာလ ၄ရက်။

နိုဝင်ဘာလအတွင်းတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကအခုလိုဆိုပါတယ်။


"အခုဆိုရင် တစ်နိုင်ငံလုံးက PDF/ပကဖရဲဘော်တွေဟာ ရှိရာလက်နက်နဲ့ မဆုတ်မနစ် တိုက်ပွဲဝင်နေခဲ့တာ အချိန်အားဖြင့် နှစ်နှစ်ကျော်ခဲ့ပါပြီ။ ရှမ်းမြောက်က အားကောင်းတဲ့ Operation 1027 ပေါ်လာချိန်မှာတော့ စစ်ကောင်စီ အရူးမီးဝိုင်းဖြစ်နေခဲ့ပြီဆိုတာ သေချာတယ်။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး PDFတပ်မတော်ရဲ့ စစ်ရှိန်ကိုလည်း ဆက်တိုက် မြှင့်တင်သွားမှာ ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ညီနောင်မဟာမိတ် () ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး စတင်ဖော်ဆောင်ချိန်မှစ၍ () ရက်မြောက်နေ့ထိ ရန်သူ့ စစ်တပ်စခန်း အကြီး၊ အငယ်နှင့် ယာယီတပ်စခန်းများစုစုပေါင်း (၁၀၀) ကျော်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီရဲ့ အကြပ်အတည်းက ကိုယ့်အောင်ပွဲဖြစ်လာဖို့ တစ်သံတည်းညီ တစ်ချီတည်း ရုန်းကြဖို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြော


နိုဝင်ဘာလ ၄ရက်။

စစ်ကောင်စီရဲ့ အကြပ်အတည်းက ကိုယ့်အောင်ပွဲဖြစ်လာဖို့ တစ်သံတည်းညီ တစ်ချီတည်း ရုန်းကြဖို့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က နိုဝင်ဘာ ၄ရက်မှာ  ဆိုရှယ်မီဒီယာမှာ ပြောဆိုလိုက်ပါတယ်။


"သီတင်းကျွတ်ပြီဆိုကတည်းက မြေပြင်သတင်းကောင်းတွေက မိုးယံထိ သောသောညံအောင် ပျံ့နေခဲ့ရာကနေ ခုချိန်ထိ ဆက်တိုက်တက်လာတဲ့ လှိုင်းလုံးတွေနဲ့အတူ လူထုလည်း အားတွေတက် သိမ်းလိုက်တဲ့ စခန်းတွေကလည်း တခါမှ မကြားဖူးလောက်အောင် ရက်တိုအတွင်း များမှ များ။ ဒါ့အပြင် ဘဏ္ဍာရေးစစ်ပွဲမှာ ကြီးမားတဲ့ ထိုးနှက်မှုက MFTB နဲ့ MICB ကို အမေရိကန်အစိုးရကနေ စလိုက်တာ မနေ့ တနေ့ကထပ်တိုးလိုက်တဲ့ MOGE ကလည်း စကစရဲ့ ငွေဝင်လမ်းကြောင်းတွေကို နှာနုဖြတ်ရိုက်လိုက်သလိုဖြစ်တာကြောင့် ခုတော့ စကစဟာ နိုင်ငံခြားအလုပ်သမားတွေဆီကနေ အခွန်ကို အတင်းအကြပ်ကောက်မယ်ဖြစ်လာရတာ။ သူ့အကြပ်အတည်းက ကိုယ့်အောင်ပွဲဖြစ်လာဖို့ တစ်သံတည်းညီ တစ်ချီတည်း ရုန်းကြပါစို့"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ စကစတပ်များဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်နီနှင့် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်တို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာပါအထိနာကျရှုံးလျက်ရှိပါတယ်။


========================


📌📌 ၄။ "နွေဦးတော်လှန်ရေးအရှိန်အဟုန်မြင့်လာပြီဖြစ်၍ ကြားနေဘက်ကပုဂ္ဂိုလ်များ ဓမ္မဘက်ကို အချိန်မီလှမ်းထားဖို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန်ဆို


နိုဝင်ဘာလ ၄ရက်။

"နွေဦးတော်လှန်ရေးအရှိန်အဟုန်မြင့်လာပြီဖြစ်၍ကြားနေဘက်ကပုဂ္ဂိုလ်များဓမ္မဘက်ကို အချိန်မီလှမ်းထားဖို့ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေကပြောပါတယ်။


"နွေဦးတော်လှန်ရေးအရှိန်အဟုန်မြင့်လာပြီ၊ ဘယ့်သူ့ဘက်မှမပါဘူးတို့၊ ကြားနေပါတို့ ပြောနေတဲ့ပုဂ္ဂိုလ်တွေကိုပြောချင်တယ်။ ဓမ္မဘက်ကိုလှမ်းမထားဘူးဆိုရင်တော့ ပြည်တော်ဝင်ချိန်မှာ ချန်လှပ်ခံရလိမ့်မယ်။ ပြည်သူတွေက ဒဏ်ခတ်ကြလိမ့်မယ်။ဒါ နောက်ဆုံးအခွင့်အရေး"လို့ဆိုပါတယ်။


လက်ရှိမှာ အောက်တိုဘာ၂၇ရက်ကစတင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇စစ်ဆင်ရေးမှာ လက်နက်ချအညံ့ခံတဲ့ စစ်သားတစ်ရာကျော်ရှိပြီ ဖြစ်ပါတယ်။


========================


📌📌 ၅။ လာရှိုးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂျာယန် .. စခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်သိမ်းပိုက်၊ ပြည်သူစစ် တပ်ဖွဲ့ဝင် (၃၈ ) ဦး ဖမ်းဆီးရမိကာ အရာရှိမှလွဲ၍တပ်ဖွဲ့ဝင် (၃၄ )ဦး အား နေရပ်သို့ ပြန်လွတ်ပေးခဲ့


နိုဝင်ဘာလ ၄ရက်။

တအာင်းပြည်နယ်၊ တပ်မဟာ ()စစ်ဒေသ၊ လာရှိုးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဂျာယန် .. စခန်းကို ယနေ့ နံနက် (၅း၃၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်းသိမ်းပိုက်ခဲ့ပါတယ်။


စခန်းဝင်ရောက်ရှင်းလင်းရာတွင် ပြည်သူစစ် တပ်ဖွဲ့ဝင် (၃၈ ) ဦး ဖမ်းဆီးရမိကာ စခန်းတာဝန်ရှိသူ ဖြစ်သည့်  () လက်ထောက်စခန်း ဗိုလ်မှူး ဦးခမ်းဆိုင် () ရုံးအဖွဲ့ ဗိုလ်မှူး ဦးတောင်ဆွဲ () ဒုလက်ထောက်စခန်း ဗိုလ်ကြီး ဦးထူးအောင်  () ဆေးမှူး ဗိုလ်ဦးတောင်ဂျုံ တို့ ()ဦးအား ထိန်းသိမ်းထားပြီး၊ ကျန်တပ်ဖွဲ့ဝင် (၃၄ )ဦးအား နေရပ်သို့ ပြန်လွတ်ပေးခဲ့တယ်လို့ဆိုပါတယ်။


စခန်းအတွင်း လက်နက်မျိုးစုံ ( ၇၈) လက်၊ ကျည်မျိုးစုံ (၄၃ )ဖာ၊  (၂၁၈ )ထောင့်၊ စကားပြောစက် ( ၂၁)လုံးနှင့် ယာမဆေးပြား ထုတ်ကြီး ( ၃၉)ထုတ်ကျော် သိမ်းဆည်းရမိခဲ့တယ်လို့PSLF/TNLAကဆိုပါတယ်။


========================


📌📌 ၆။ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)မှ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ ရှိ စစ်ကောင်စီ၏တပ်စခန်း()ကို ထပ်မံသိမ်းယူနိုင်ခဲ့ပြီး စုစုပေါင်း တပ်စခန်း (၁၀၆)ခု သိမ်းပိုက်ရရှိ


နိုဝင်ဘာလ ၄ရက်။

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)မှ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ ရှိ စစ်ကောင်စီ၏တပ်စခန်း()ကို ထပ်မံသိမ်းယူနိုင်ခဲ့ပြီး စုစုပေါင်း တပ်စခန်း (၁၀၆)ခု သိမ်းပိုက်ရရှိ ခဲ့ပါတယ်။


နိုဝင်ဘာလ ရက် (၁၀.၂၇) စစ်ဆင်ရေး Operation()ရက်မြောက်နေ့မှာ MNDAA မှ ကိုးကန့် ဒေသတွင်းအခြေချသော စစ်ကောင်စီ၏တပ်စခန်းများကို ဆက်လက် ထိုးစစ်တိုက်ခိုက်နေတယ်လို့သတင်းရရှိပါတယ်။  


နိုဝင်ဘာ () ရက်နေ့တွင် MNDAAမှ စစ်ကြောင်းများကို ပူးပေါင်းပြီး ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ ရှောက်ကန်ထန်နေရာရှိ စစ်ကောင်စီ၏တပ်စခန်း()ခုကို တပြိုင်နက်ထိုးစစ်တိုက်ခိုက်ခဲ့ပါတယ်။


နံနက် (၁၀)နာရီတွင် စတင်တိုက်ခိုက်ခဲ့ပြီး (၁၀း၀၉) နာရီတွင် အပြီးပြတ်တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။


ထို့ပြင် နံနက်(၁၀း၃၀)နာရီတွင် ကိုးကန့်MNDAA)သည် ကိုးကန့်မြောက်ပိုင်း ရှင်းဝမ်ဒေသ ဟုန်ကုတ်ရွာ၊ ကော်တီထန်ပေါက်ပေါက်တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းကိုလည်း အောင်မြင်စွာတိုက်ခိုက်သိမ်းယူခဲ့ပါတယ်။


နိုဝင်ဘာလ () ရက် နံနက်(၁၁း၀၃)နာရီတွင် ကိုးကန့်(MNDAA)နှင့် ရက္ခိုင့် တပ်တော်(AA)တို့သည် မုံးကိုးမြို့အပြင်ဘက်ရှိ စစ်ကောင်စီ၏ ရှောက်ကွမ်းလုံအမှတ်()စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ () နာရီ ကြာဖြစ်ပွားပြီး (၁၂း၁၅)နာရီတွင်  ၎င်းစခန်းကို အောင်မြင်စွာသိမ်းယူခဲ့ပါတယ်။


လက်ရှိအချိန်ထိ ကိုးကန့်(MNDAA)တပ်ဖွဲ့မှ စစ်ကောင်စီ၏ တပ်စခန်း အကြီး၊အသေး၊ ယာယီတပ်စခန်းစုစုပေါင်း(၁၀၆)ခုကို အောင်မြင်စွာသိမ်းယူရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ ကရင်ပြည်နယ် ကော့ကရိတ်နယ်ခမရ (၉၇) တပ်ရင်းဝန်းကျင်ရှိ ကာကင်းများ လက်နက်ကြီး ကုန်းတည်ရှိရာ နှင့်အနီးတဝိုက်ကို မောင်းသူမဲ့လေယာဉ်ငယ်များ ဖြင့် အကြိမ်ရေ ()ကြိမ် ဗုံးကြဲတိုက်ခိုက်


နိုဝင်ဘာလ ၄ရက်။

ကရင်ပြည်နယ် ကော့ကရိတ်နယ်ခမရ (၉၇) တပ်ရင်းဝန်းကျင်ရှိ ကာကင်းများ လက်နက်ကြီး ကုန်းတည်ရှိရာ နှင့်အနီးတဝိုက်ကို မောင်းသူမဲ့လေယာဉ်ငယ်များ ဖြင့် အကြိမ်ရေ ()ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်လို့ နိုဝင်ဘာ၄ရက်မှာ ANGRY_BIRD_DRONE_RANGERSကအသိပေးဆိုပါတယ်။


"နိုဝင်ဘာ ၃ရက်နေ့၊ ၄ရက်နေ့မှာ ကျားဖြူ တပ်ခွဲ() - justice Solider PDF နှင့်အတူ Kloud , Angry Bird Drone Ranger, Power Of Ababil (POA) တို့မှ Shar Htoo Waw နည်းပညာဖြင့် ခမရ (၉၇) တပ်ရင်းဝန်းကျင်ရှိ ကာကင်းများ (လက်နက်ကြီး ကုန်းတည်ရှိရာ နှင့်အနီးတဝိုက်) ကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် အကြိမ်ရေ ()ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


စစ်ကောင်စီရဲ့ အထိအခိုက်ကျဆုံးကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်မှာ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သေးတယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်း စခန်းသိမ်းတိုက်ပွဲတွင်ရန်သူ့တပ်သား () ဦး သေဆုံး၊ စစ်သုံ့ပန်းအဖြစ် (၁၁) ဦး လက်နက်ချ အညံ့ခံ၍ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ


နိုဝင်ဘာလ ၄ရက်။

ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်း စခန်းသိမ်းတိုက်ပွဲတွင်ရန်သူ့တပ်သား () ဦး သေဆုံး၊ စစ်သုံ့ပန်းအဖြစ် (၁၁) ဦး လက်နက်ချ အညံ့ခံ၍ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့တယ်လို့ နိုဝင်ဘာ၄ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်ကာကွယ်ရေးဝန်ကြီးဌာနကအသိပေးထုတ်ပြန်ပါတယ်။


"၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ () ရက်နေ့၊ မနက်(:၅၀) နာရီခန့်မှ မနက်(၁၀) နာရီခန့်အထိ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းအား ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ဂန့်ဂေါခရိုင် အမှတ်(//၁၁/၁၂/၁၄/၁၉)တပ်ရင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊နယ်မြေခံ ပကဖ တို့ပူးပေါင်းကာ စခန်းသိမ်း တိုက်ပွဲဆင်နွှဲခဲ့ပါတယ်"လို့ဆိုပါတယ်။


တိုက်ပွဲအတွင်း ရန်သူ့တပ်သား () ဦး သေဆုံးကာ စစ်သုံ့ပန်းအဖြစ် (၁၁) ဦး လက်နက်ချ အညံ့ခံခဲ့ပြီး () ဦး စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ပါတယ်။


ရန်သူ့ဘက်မှ  G-3 သေနတ်(၁၁)လက်၊ G-4 သေနတ်()လက်၊ MA-1 သေနတ်() လက်၊ MA- 3 သေနတ်()လက်၊MA-4 သေနတ်()လက်၊ 40မမ ()လက်၊ 60မမ ()လက်၊ခြောက်လုံးပြူး သေနတ် ()လက်၊ G3 ကျည် (၃၇၇၀) တောင့်၊ MA ကျည် (၂၀၃၀)တောင့် နှင့်ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ပါတယ်။


========================


📌📌 ၉။ စကစတပ်ကပစ်ခတ်တဲ့လက်နက်ကြီးကျည်လိုင်ဇာမြို့နှင့်ကပ်လျက် တရုတ်ပြည်နယ်စပ်မြို့သို့ ကျရောက်ပေါက်ကွဲခဲ့ရာ တရုတ်နိုင်ငံသား () ဦး သေဆုံးခဲ့ပြီး () ဦး ဒဏ်ရာရရှိခဲ့


နိုဝင်ဘာလ ၄ရက်။

နိုဝင်ဘာ ၄ရက်နံနက် (၁၀:၀၀) အချိန်ခန့်တွင် စစ်ကောင်စီသည် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာက တရုတ်ပြည်နယ်စပ်မြို့ကိုကျရောက်ခဲ့တာလို့ ညီနောင်မဟာမိတ်သုံးဖွဲ့1027စစ်ဆင်ရေးကထုတ်ပြန်ပါတယ်။


"နိုဝင်ဘာ၄ရက် နံနက် (၁၀:၀၀) အချိန်ခန့်တွင်လည်း စစ်ကောင်စီသည် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် လိုင်ဇာမြို့နှင့်ကပ်လျက် တရုတ်ပြည်နယ်စပ်မြို့သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ တရုတ်နိုင်ငံသား () ဦး သေဆုံးခဲ့ပြီး () ဦး ဒဏ်ရာရရှိခဲ့တယ်"လို့ဆိုပါတယ်။


ရန်သူစစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရေးအရအရေးပါသော တပ်စခန်းများကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရခြင်း၊ စစ်မျက်နှာစာများတွင် ချောင်ပိတ်ခံနေရခြင်း၊ ၎င်းတို့၏ တပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံ ပြည်သူ့စစ်များ အကျအဆုံးများလာခြင်းတို့ကြောင့် တိုက်ပွဲဖြစ်နေစဉ်အတွင်း လေကြောင်းပစ်ကူမှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်လာသည့်အပြင် အရပ်သားပြည်သူများကို ဦးတည်သော လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများ ကို အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခြင်းများ ပိုမိုပြုလုပ်လာလျက်ရှိနေပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment