8th NOV 2023 - Morning Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သိမ်းတိုက်ပွဲတွေအထိ တစ်လှိုင်းပြီး တစ်လှိုင်း ဆက်လက် ချီတက်နိုင်ကြမယ်လို့ အထူးမျှော်လင့်ကြောင်းယာယီသမ္မတပြော

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ  ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ (၄၅) နှစ်ပြည့် မွေးနေ့ ဆုတောင်း မေတ္တာစကား ပေးပို့ခဲ့

📌 ၃။ စစ်ကောင်စီဟာ မြေပြင် ကြည်းတပ် အင်အားချည့်နဲ့သွားပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို

📌 ၄။ KIA PDF နှင့်‌ပြည်သူ့ကာကွယ်ရေးတပ်များက ခမ်းပတ်မြို့ကို အပြည်အဝသိမ်းပိုက်နိုင်ခဲ့ပြီဟု NUG ထုတ်ပြန်

📌 ၅။ မြင်းခြံတရားရုံးကို ရဲများမှ လုံခြုံရေးယူမပေးနိုင်တော့ဘူးလို့ အကြောင်းကြားလာတဲ့အတွက် တရားရုံးအား နိုဝင်ဘာ၇ရက်နေ့မှစပိတ်ထားရ

📌 ၆။ ကရင်နီပြည်တွင် Operation 1107 စတင်သည့်နေ့တွင် စစ်ကောင်စီစခန်း ခု သိမ်းပိုက်နိုင်ခဲ့

📌 ၇။ မုံးကိုးစစ်ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကိုးကန့်အလံလွှင့်ထူ

📌 ၈။ ပန်လုံတောင်ဗျူဟာကုန်းတိုက်ပွဲတွင် တပ်မမှူးတစ်ဦး သေဆုံးခဲ့ကြောင်း MNDAA အတည်ပြု 

📌 ၉။ အင်းတော်မြို့အနီးတဝိုက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်၊ ထပ်မြင့်တိုက်များပေါ်တွင် စစ်တပ်က ကင်းပုန်းများချထား

📌 ၁၀။ မြပုလဲစက်သုံးဆီဆိုင်တွင် အထိုင်ချနေသော စစ်အုပ်စုကိုတိုက်ခိုက်စဉ် ထွက်ပြေးသွားသူများအနက် ဦး ကို လက်နက်နှင့်အတူ ဖမ်းမိ

📌 ၁၁။ ရေဦးမြို့ တိုင်းရင်းဆေးရုံနှင့်ဂါဝီပန်းခြံဂိတ်ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သိမ်းတိုက်ပွဲတွေအထိ တစ်လှိုင်းပြီး တစ်လှိုင်း ဆက်လက် ချီတက်နိုင်ကြမယ်လို့ အထူးမျှော်လင့်ကြောင်းယာယီသမ္မတပြော


နိုဝင်ဘာလ ရက်။

နိုဝင်ဘာ ၇ရက်မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃၅ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောကြားခဲ့ပါတယ်။


"၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် မရှေးမနှောင်းကာလမှာလည်း ကချင်ပြည်နယ်မှာ အောင်ဂျာစခန်းအောင်ပွဲကို ကေအိုင်အေနဲ့ ကျွန်တော်တို့ ပူးပေါင်းတိုက်ပွဲဝင်နိုင်ခဲ့ကြတာ ရှိပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးမှာလည်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ရာနှုန်းပြည့် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဆင်နွှဲနေတာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်မြင်မှုဟာ ပြည်တွင်း / ပြည်ပက လူထုတစ်ရပ်လုံးကို မျှော်လင့်ချက်ရောင်ခြည် အမြင့်မားဆုံးထိ ထွန်းလင်းနိုင်ခဲ့တာကို ထင်ထင်ရှားရှားတွေ့မြင်ရပါတယ်။ ကျွန်တော်တို့ဟာ ပူးပေါင်းစစ်ဆင်ရေးတွေရဲ့ အကျိုးကျေးဇူးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီ ဖြစ်သလို၊ နွေဦးတော်လှန်ရေးမှာ အမြင့်မားဆုံးသော စစ်ရေးမှတ်ကျောက်ကို ရေးထွင်းနိုင်တဲ့အချိန်ကို ရောက်လာပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ခုခံတော်လှန်စစ်မှသည် မြို့သိမ်း ပြည်သိမ်းတိုက်ပွဲတွေအထိ တစ်လှိုင်းပြီး တစ်လှိုင်း ဆက်လက် ချီတက်နိုင်ကြမယ်လို့ ကျွန်တော့်အနေနဲ့ အထူးမျှော်လင့်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ကောလင်းမြို့သိမ်း တိုက်ပွဲလိုတော်လှန်ထိုးစစ်ကို အရှိန်အဟုန်နဲ့ ထပ်မံ ချီတက်နေရတာကတော့ ကလေးမြို့နဲ့ တမူးမြို့တို့ပဲ ဖြစ်တယ်လို့လည်း ယာယီသမ္မတအသိပေးဆိုပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ  ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ (၄၅) နှစ်ပြည့် မွေးနေ့ ဆုတောင်း မေတ္တာစကား ပေးပို့ခဲ့


နိုဝင်ဘာလ () ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလသည် နိုဝင်ဘာလ () ရက်နေ့တွင် ကျရောက်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ (၄၅) နှစ်ပြည့် မွေးနေ့ ဆုတောင်း မေတ္တာစကား ပေးပို့ခဲ့တယ်လို့သတင်းထုတ်ပြန်အသိပေးပါတယ်။


ယာယီသမ္မတက ဆုတောင်း မေတ္တာစကား ပေးပို့ရာမှာ "စနစ်ပြောင်းလဲရေးမှာပါဝင်နေသည့် တော်လှန်ရေးခေါင်းဆောင်တစ်ဦးရဲ့ မွေးနေ့မှာ အမှတ်တရ စာရေးသားခွင့်ရသည့်အတွက် အများကြီးဝမ်းသာရပါတယ်။ နှစ်ပေါင်းများစွာ မြန်မာပြည်သူလူထု တိုင်းရင်းသားအပေါင်း ခံစားနေရသည့် ဖိနှိပ်သည့်စစ်အုပ်ချုပ်မှုဘဝမှ လွတ်မြောက်ရေးတွင် ကျန်းကျန်းမာမာဖြင့် ဆက်လက်ဦးဆောင်မှု ပေးနိုင်ပါစေကြောင်း ဆုမွန်ကောင်း ဆန္ဒပြုရင်း"လို့ဆိုထားပါတယ်။


ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလမှ မွေးနေ့ဆုတောင်းစကား သ၀ဏ်လွှာပေးပို့လာသည့်အပေါ် ဝမ်းမြောက်ကျေးဇူးတင်ပါကြောင်းနှင့် မြန်မာပြည်သူလူထုတရပ်လုံးနှင့် လက်တွဲ၍ မျှော်မှန်းထားသည့် စစ်ရေး၊နိုင်ငံရေး ဘုံရည်မှန်းချက်များအား အမြန်ဆုံးပြည့်၀စေရန် ပူးပေါင်းဆောင်ရွက်၍ ရသောသူများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်္ဂလာအမှာစကား ပြန်လည်ပေးပို့ခဲ့ပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီဟာ မြေပြင် ကြည်းတပ် အင်အားချည့်နဲ့သွားပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို


နိုဝင်ဘာလ ၇ရက်။

စစ်ကောင်စီဟာ မြေပြင် ကြည်းတပ် အင်အားချည့်နဲ့သွားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃၅/၂၀၂၃) ကျင်းပရာတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားလိုက်ပါတယ်။


"အားလုံးသိကြတဲ့အတိုင်း 1027 operation ဟာ တနိုင်ငံလုံး အရှိန်အဟုန်နဲ့ ဖြစ်ပွားလျက် ရှိပါတယ်။ ပတ် မပြည့်ခင်မှာပဲ စခန်းပေါင်း ရာဂဏာန်းသိမ်းယူနိုင်ခဲ့တာဟာ သမိုင်းတွင်မယ့် အောင်ပွဲတွေ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးအရလည်း ပြည်သူ့ခုခံစစ်၊ ပြည်သူ့တော်လှန်ရေးကြီးရဲ့ အရှိန်အဟုန်လှိုင်းလုံးကို စစ်ကောင်စီ ဘယ်လိုမှ ခုခံနိုင်ခြေမရှိနိုင်တာကိုလည်း အများစုက စတင်လက်ခံလာပြီ ဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့ဘက်က အထူးသတိထားရမည်မှာ စစ်ကောင်စီဟာ မြေပြင် ကြည်းတပ် အင်အားချည့်နဲ့သွားပြီဆိုတာ သေချာပေမဲ့လည်း လေတပ်နှင့် လက်နက်ကြီး အင်အားများဖြင့် counter offensive ကို မလွှဲမသေ ဆင်နွဲလာမှာဖြစ်ပါတယ်။ အဲ့ဒီလိုဖြစ်လာနိုင်ချေရှိတဲ့ counter offensive ကို ကျွန်တော်တို့ တော်လှန်ရေးအင်အားစုများဘက်က စနစ်တကျ ပြင်ဆင်ခုခံတွန်းလှန်နိုင်ဖို့ စီမံဆောင်ရွက်ကြဖို့လိုမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်  ဒီမိုကရေစီအင်အားစုများအနေနဲ့ မဟာမိတ်များအားလုံး၊ ကျန်အရောင်သွေးစုံသည့် တော်လှန်ရေး အဖွဲ့အစည်းများအားလုံးနဲ့ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ရင်း ရှေ့ဆက်ကြရမှာ ဖြစ်တယ်လို့ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၄။ KIA PDF နှင့်‌ပြည်သူ့ကာကွယ်ရေးတပ်များက ခမ်းပတ်မြို့ကို အပြည်အဝသိမ်းပိုက်နိုင်ခဲ့ပြီဟု NUG ထုတ်ပြန်


နိုဝင်ဘာလ ရက်။

စစ်ကိုင်းတိုင်း တမူးခရိုင် တမူးမြို့နယ်က ခမ်းပတ်မြို့ကို KIA PDF နှင့်ပြည်သူ့ကာကွယ်ရေးတပ်များက အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က နိုဝင်ဘာလ ရက်နေ့ ညနေပိုင်းမှာ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ 

ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီချုပ် ဗိုလ်ချုပ် ခေါင်လွန်း စစ်ဒေသမှူးအဖြစ် တာဝန်ယူထားတဲ့ အမှတ် စစ်ဒေသ တမူးခရိုင်ကွပ်ကဲမှုအစီအစဉ်နဲ့ KIA ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တော်လှန်ရေးအဖွဲ့များက ခမ်းပတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ အသိပေးထားပါတယ်။

တော်လှန်ရေးအဖွဲ့တွေထဲမှာ တမူခရိုင် တပ်ရင်း စစ်ဒေသအထူးတပ်ရင်း - အမှတ် စစ်ဒေသ လက်နက်ကြီးအဖွဲ့၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့၊ CNDF TDA RCDF နဲ့ KNA-Burma တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်မှာရှိတဲ့ ခမ်းပတ်မြို့ကို နိုဝင်ဘာ ရက်နေ့ကစပြီး ဝိုင်းပတ်တိုက်ခိုက်ခဲ့ရာက နိုဝင်ဘာလ ရက်နေ့ မနက်ပိုင်းမှာ နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းမှုတွေ ဆောင်ရွက်ပြီး အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အမှတ် စစ်ဒေသဟာ C3C ရဲ့ အစီအစဉ်နဲ့ KIA စစ်ဦးစီချုပ်က စစ်ဒေသမှူးအဖြစ်လည်းကောင်း၊ KIA အရာရှိများက ခရိုင် ကွပ်ကဲရေးမှူးများအဖြစ်လည်းကောင်း တာဝန်ယူပြီး PDF တပ်ရင်းများနဲ့ ပကဖများကို လေ့ကျင့်ပျိုးထောင်ကာ အနီးကပ် ကွပ်ကဲမှုရယူထားတဲ့ စစ်ဒေသဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း ဆက်လက်ထုတ်ပြန်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ မြင်းခြံတရားရုံးကို ရဲများမှ လုံခြုံရေးယူမပေးနိုင်တော့ဘူးလို့ အကြောင်းကြားလာတဲ့အတွက် တရားရုံးအား နိုဝင်ဘာ၇ရက်နေ့မှစပိတ်ထားရ


နိုဝင်ဘာလ ရက်။

မြင်းခြံတရားရုံးကို ရဲများမှ လုံခြုံရေးယူမပေးနိုင်တော့ဘူးလို့ အကြောင်းကြားလာတဲ့အတွက် တရားရုံးအား နိုဝင်ဘာ၇ရက်နေ့မှစပိတ်ထားရတယ်လို့  မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကအသိပေးဆိုပါတယ်။


"မြင်းခြံတရားရုံးကို ရဲများမှ လုံခြုံရေးယူမပေးနိုင်တော့ဘူးလို့ အကြောင်းကြားလာတဲ့အတွက် တရားရုံးစပိတ်ထားရပြီး တရားရုံးဝန်ထမ်းတွေ ဝန်ထမ်းအိမ်ယာမှ ရှောင်နေကြပြီလို့ သိရတယ်"လို့ဆိုပါတယ်။


မြင်းခြံမြို့တွင် စကစတပ်များဟာ မကြာခဏတော်လှန်ရေးအင်အားစုများရဲ့ တိုက်ခိုက်မှုကိုခံရကာ အထိနာကျရှုံးမှုတို့လည်းရှိခဲ့ပါတယ်။


========================


📌📌 ၆။ ကရင်နီပြည်တွင် Operation 1107 စတင်သည့်နေ့တွင် စစ်ကောင်စီစခန်း ခု သိမ်းပိုက်နိုင်ခဲ့


နိုဝင်ဘာလ ရက်။

ကရင်နီ (ကယား) ပြည်နယ်မှာ Operation 1107 စတင်တဲ့ နိုဝင်ဘာလ ရက်နေ့မှာပဲ အကြမ်းဖက် စစ်ကောင်စီတပ်စခန်း ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မယ်စဲ့မြို့နယ် ပန်တိန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီစခန်း ခုကို စစ်ဆင်ရေး ၁၁ဝ၇ စတင်တဲ့နေ့မှာပဲ သိမ်းပိုက်နိုင်ခဲ့တာလို့ တော်လှန်ရေးအဖွဲ့အစည်းတွေကဆိုပါတယ်။ 

စစ်ဆင်ရေး ၁၁ဝ၇ ရဲ ပွဲဦးထွက်အဖြစ် မယ်စဲ့မြို့နယ်ထဲမှာစခန်းထိုင်ထားတဲ့ အမှတ် ၁၀၀၄ ပန်တိန်းစခန်းမှာ ရှိတဲ့ စခန်းကုန်း ခုကို တိုက်ခိုက်ခဲ့တာပါ။ 

အဲဒီစခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပေမယ့် လတ်တလောမှာ အရေအတွက်ကိုပြောမထားဘဲ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေး သတင်း ရင်းမြစ်တွေကဆိုပါတယ်။ 

ဒီစစ်ဆင်ရေးမှာ ကရင်နီ လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးအဖွဲ့ KNDF အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ပါဝင်တယ်လို့ သိရပါတယ်။ 

အမှတ် ၁၀၀၄ ပန်တိန်းစခန်းဟာ ကရင်နီနယ်ခြားစောင့်တပ် (BGF) တွေရဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး ယင်းစခန်း ကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ 

ဒီစစ်ဆင်ရေးဟာ မြောက်ပိုင်းညီနောင်မဟာမိတ် ဖွဲ့ဖော်ဆောင်နေတဲ့ ၁ဝ၂၇ စစ်ဆင်ရေးကို ကြိုဆိုတဲ့ အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၁၁ လပိုင်း ရက်နေ့မှာ ဖော်ဆောင်တဲ့အတွက် Operation 1107 လို့ အမည်ပေးခဲ့တာလို့လည်း သိရပါတယ်။


========================


📌📌 ၇။ မုံးကိုးစစ်ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကိုးကန့်အလံလွှင့်ထူ


နိုဝင်ဘာလ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိပြီး အရေးပါတဲ့စခန်းတစ်ခုဖြစ်တဲ့ မုံးကိုးစစ်ဗျူဟာကုန်းကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ကိုးကန့်အလံကို လွှင့်ထူထားပြီဖြစ်တယ်လို့ MNDAA ရဲ့ ကိုးကန့်သတင်းဌာနက ထုတ်ပြန်ထားပါတယ်။ 

မုံးကိုးစစ်ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တင့်ကားတစ်စီးကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေရရှိခဲ့တာကြောင့် လက်ရှိမှာ တင့်ကား စီး သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ MNDAA ကလည်း ထုတ်ပြန်ထားပါတယ်။ 

မုံးကိုးစစ်ဗျူဟာကုန်းကို ဒရုန်းတပ်တွေအပါအဝင် MNDAA ဦးစီးတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာကြောင့် နိုဝင်ဘာလ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်အချိန်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့လည်း သိရပါတယ်။ 

အဲဒီမုံးကိုဗျူဟာကုန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးနယ်စပ်ဂိတ်မှာ MNDAA အလံလွှင့်ထူနိုင်ခဲ့တာပါ။ 

နှစ်တိုင်ကျော်ဖြတ်ခဲ့ပြီးတဲ့နောက် မုံးကိုးနယ်စပ်ဂိတ်မှာ MNDAA အလံကို နောက်တစ်ကြိမ် ထပ်မံလွှင့်ထူနိုင်ခဲ့တာလို့ ကိုးကန့်သတင်းဌာနက ပြောဆိုထားပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကနေ လက်ရှိအထိ MNDAA နဲ့ AA က စစ်ကောင်စီတပ်စခန်း ၁၂ဝ TNLA က သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီစခန်း ၃၃ ရှိနေပြီဖြစ်တာကြောင့် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေဟာ စစ်ကောင်စီစခန်း ၁၅၃ ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၈။ ပန်လုံတောင်ဗျူဟာကုန်းတိုက်ပွဲတွင် တပ်မမှူးတစ်ဦး သေဆုံးခဲ့ကြောင်း MNDAA အတည်ပြု 


နိုဝင်ဘာလ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်လုံဗျူဟာကုန်းတိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံတပ်မမှူးတစ်ဦး သေဆုံးခဲ့တယ်လို့ ကိုးကန့် MNDAA က နိုဝင်ဘာလ ရက်နေ့ ညပိုင်းမှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

MNDAA က စစ်ကောင်စီရဲ့ ပန်လုံတောင်ဗျူဟာကုန်းကို ဒရုန်းနဲ့ဦးစွာတိုက်ခိုက်ခဲ့ပြီး မနက် နာရီခန့်အချိန်မှာ ရက္ခိုင် တပ်တော် AA နဲ့ပူးပေါင်းကာ မြေပြင်က ခြေလျင်တပ်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာမှာ ညနေ နာရီဝန်းကျင်မှာ ပန်လုံတောင်ဗျူဟာကုန်းကို အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး စစ်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

နိုဝင်ဘာလ ရက်နေ့ မွန်းလွဲ နာရီခွဲခန့်အချိန်ကစတင်ပြီး ကိုးကန့် MNDAA က မုံးကိုးဒေသမှာအခြေချနေတဲ့ စစ်ကောင်စီဗျူဟာကုန်းကို လေကြောင်းကနေတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

နိုဝင်ဘာလ ရက်နေ့မှာလည်း တနေ့လုံးနီးပါး လေကြောင်းကနေ ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တဲ့အပြင် မြေပြင်ကနေ တစ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

လေကြောင်းကနေ ဒရုန်းနဲ့တိုက်ခိုက်ချိန်မှာ ဗျူဟာကုန်းမှာရှိတဲ့ ခဲယမ်းဂိုထောင်တစ်ခုပေါက်ကွဲခဲ့ပြီး စစ်တက္ကလိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်း တပ်မမှူးတစ်ဦး သေဆုံးခဲ့တာလို့ ကိုးကန့် MNDAA က ထုတ်ပြန်ထားပါတယ်။ 

အဲဒီတိုက်ပွဲမှာသေဆုံးသွားတဲ့တပ်မမှူးအမည်နဲ့တပ်မကို ဖော်ပြမထားပေမယ့် စစ်ရေးလေ့လာစောင့်ကြည်သူတွေရဲ့ အဆိုအရ သေဆုံးသွားသူဟာ စစ်ကောင်စီလက်အောက်ခံ တပ်မ ၉၉ မှ တပ်မမှူးဖြစ်ပြီး ဗိုလ်မှူးချုပ်အဆင့်ရှိသူလို့ သိရပါတယ်။


========================


📌📌 ၉။ အင်းတော်မြို့အနီးတဝိုက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်၊ ထပ်မြင့်တိုက်များပေါ်တွင် စစ်တပ်က ကင်းပုန်းများချထား


နိုဝင်ဘာလ ရက်။ 

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့ အင်းတော်မြို့အနီးတဝိုက်ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

အင်းတော်မြို့အနီးမှာရှိတဲ့ နန်းခင့်ကျေးရွာနဲ့ နဘားကျေးရွာအနောက်ဘက်မှာရှိတဲ့ တောင်ကြားထဲကို နိုဝင်ဘာလ ရက်နေ့ မွန်းလွဲ နာရီခန့်အချိန်မှာ တိုက်လေယာဉ် စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Indaw Revolution -IR က အသိပေးထားပါတယ်။ 

တိုက်ပွဲဖြစ်တာမရှိဘဲ အကြောင်းမဲ့ပစ်ခတ်ခဲ့တာဖြစ်တာကြောင့် တောင်ကြားတွေထဲမှာ တော်လှန်ရေးအဖွဲ့တွေ ရှိနေနိုင်တယ်အထင်နဲ့ တိုက်ခိုက်သွားတာဖြစ်နိုင်တယ်လို့ အင်းတော်မြို့ခံတွေက သုံးသပ်နေကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ နိုဝင်ဘာလ ရက်နေ့ကလည်း နန်းမကျိုင်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။ 

ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းပိုက်ပြီးနောက် အင်းတော်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ဦးစေတီ၊ သုံးထပ်ဆောင်ဝန်ထမ်းအိမ်ယာ၊ ဆေးရုံအပေါ်ထပ်တွေနဲ့ မြို့ထဲမှာရှိတဲ့ ထပ်မြင့်တိုက်တွေပေါ်မှာ ကင်းပုန်းဝပ်ကာ နေရာယူထားကြပြီး အင်းပတ်လမ်းမှာရှိနဲ့ ကြက်ခြံတွေဘက်မှလည်း စစ်ကောင်စီတပ်တွေ နေရာယူထားတယ်လို့ Indaw Revolution -IR ထံကနေ သိရပါတယ်။


========================


📌📌 ၁၀။ မြပုလဲစက်သုံးဆီဆိုင်တွင် အထိုင်ချနေသော စစ်အုပ်စုကိုတိုက်ခိုက်စဉ် ထွက်ပြေးသွားသူများအနက် ဦး ကို လက်နက်နှင့်အတူ ဖမ်းမိ


နိုဝင်ဘာလ ရက်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာရှိတဲ့ မြပုလဲ စက်သုံးဆီဆိုင်မှာ အထိုင်ချနေတဲ့ စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ တိုက်ခိုက်ခဲ့ချိန်က ထွက်ပြေးသွားတဲ့ ပျူစောထီး ဦးကို လက်နက်နဲ့အတူ ဖမ်းဆီးနိုင်ခဲ့တယ်လို့ Area 71 People’s Defence Force က အသိပေးထားပါတယ်။

ထွက်ပြေးသွားတဲ့သူတွေကို Area 71 People’s Defence Force က အဖွဲ့ ဖွဲ့ခွဲပြီး တောနင်းရှာဖွေခဲ့ရာနေ နိုဝင်ဘာလ ရက်နေ့ မနက် နာရီအချိန်မှာပဲ စိုက်ခင်းတစ်ခုအတွင်းကနေ ဖမ်းဆီးနိုင်ခဲ့တာလို့ဆိုပါတယ်။  

ဖမ်းဆီးရမိသူတွေနဲ့ ၎င်းတို့ကိုင်တဲ့ ကာဘိုင်သေနတ် လက်ကို NUG အစိုးရလက်အောက်မှာရှိတဲ့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံ လွှဲပြောင်းအပ်နှံထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

အမှတ် ၉၀၉ စစ်မြေပြင်အင်ဂျင်နီယာတပ်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ရဲ၊ စစ်သားနဲ့ ကန့်ဘလူနယ်က ပျူစောထီးတွေ ပါတဲ့ စုစုပေါင်း အင်အား ၃၅ ဦးရှိတဲ့ မြပုလဲစစ်ကောင်စီဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ နိုဝင်ဘာ   ရက်နေ့ မနက် နာရီကျော်အချိန်မှာ တိုက်ခိုက်ခဲ့တာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၁၅ ဦးဟာ ပြန်လည် ခုခံခြင်းမရှိဘဲ အနီးအနားမှာရှိတဲ့တောတွေဘက် ထွက်ပြေးသွားခဲ့တာပါ။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ပြီး ၆ဝ မမ ကွန်မန်ဒို စိန်ပြောင်းတစ်လက်နဲ့ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ပြီး စခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ပွဲမှာ မုံရွာခရိုင် တပ်ရင်း က ရဲဘော် ဦး၊ ချောင်းဦးမြို့နယ် ပကဖ (CHUPDF) မှ ရဲဘော် ဦးနဲ့ ဆေးတပ်ဖွဲ့ က ရဲဘော်တစ်ဦး တိုင်းပြည်အတွက်အသက်ပေးခဲ့ရတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။


========================


📌📌 ၁၁။ ရေဦးမြို့ တိုင်းရင်းဆေးရုံနှင့်ဂါဝီပန်းခြံဂိတ်ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံး


နိုဝင်ဘာလ ရက်။

စစ်ကိုင်းတိုင်း ရေဦးမြို့က တိုင်းရင်းဆေးရုံမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ဂါဝီပန်းခြံဂိတ်မှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦးသေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ 

နိုဝင်ဘာလ ရက်နေ့ မွန်းလွဲ နာရီခန့်အချိန်က ရေဦးတိုင်းရင်းဆေးရုံနဲ့ ဂါဝီပန်းခြံဂိတ်မှာရှီတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို Fixer Wings များ ဒရုန်းများနဲ့ ဗုံးသီး ၁၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ရွှေဘိုခရိုင် တပ်ရင်း ၁၄ /YEU PDF က အသိပေး ထားပါတယ်။

 ဒီတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေအပေါ်ဒုက္ခပေးနေတဲ့ ရေဦးတိုင်းရင်းဆေးရုံမှာ ထိုင်ထားတဲ့ ၁၂ဝ မမ လက်နက်ကြီး တစ်လက်ပျက်စီးသွားတဲ့အပြင် သံပြားကာ စစ်ကားတစ်စီးလည်း သုံးမရအောင် ပျက်စီးသွားတယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်  အမှတ် ၁၄ တပ်ရင်း ရေဦး PDF Sagaing Federal Wings စစ်ကိုင်းခရိုင် ပကဖ၊ GTR (မြင်းမူ) စစ်ကိုင်းခရိုင် အမှတ် တပ်ရင်း (MRA) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment