သီပေါ - မန်းလေး Express ကားများ ရှမ်းပြည်တောင်ပိုင်းလမ်းမှ စတင်ပြေးဆွဲလာ… မကြေးမုံ (Radio NUG) နိုဝင်ဘာ ၈၊ ၂၀၂၃


သီပေါ - မန်းလေး Express ကားများ ရှမ်းပြည်တောင်ပိုင်းလမ်းမှ စတင်ပြေးဆွဲလာ…
မကြေးမုံ (Radio NUG) နိုဝင်ဘာ ၈၊ ၂၀၂၃

နိုဝင်ဘာ - ၆

မန်းလေး - မူဆယ်ပြည်ထောင်စုလမ်းမကြီးကိုအရေးပေါာပိတ်လိုက်ပြီး ဆယ်ရက်မြောက် နေ့ဖြစ်တဲ့ ဒီကနေ့ နိုဝင်ဘာလ ၆ ရက်နေ့မှာ ဒုဌဝတီ - မန်း အဝေးပြေးယာဥ်လိုင်းကနေ  သီပေါ - မန်းလေး ခရီးစဥ်ကို ပြေးဆွဲသွားမှာဖြစ်ပါတယ်။ အခုခရီးစဥ်က မူလ လမ်း အတိုင်း ပြန်လည်ပြေးဆွဲတာမဟုတ်ပဲ ရှမ်းပြည်တောင်ပိုင်းက ကျောက်ဂူ - အင် တော - ရပ်စောက် လမ်းကိုဖြတ်ကာ ပင်းတယ ကနေ  ရွာငံ - ကျောက်ဆည် ဟန်မြင့်မိုရ် လမ်းကတဆင့် မန်း လေးကိုရောက်ရှိမှာဖြစ်ပါတယ်။ အခုလို ပြန်လည်ပြေးဆွဲတာနဲ့ပတ် သက်ပြီးလမ်းခရီး အ ခြေနေကို ယာဥ်လိုင်းတာဝန်ရှိသူတစ်ဦးကအခုလိုပြောပါတယ်။

“ဟုတ်ကဲ့၊ အဲ့ဒါကတော့ ကုန်ပစ္စည်းတွေရော သီတင်းကျွတ်မှာပြန်လာတဲ့ ခရီး သည်တွေရောလေ လာတဲ့သူတွေရောမပြန်ဖြစ်တာ အဲ့ဒါကြောင့်မိုပြေးဆွဲနေတာပါ။ 

စိုးရိမ်တာကတော့ လမ်းကြောင်းအခြေနေကတော့ လမ်းကတော့အဲ့ လောက် ကြီး တော့မဆိုးဘူးပြောပါတယ်။ စိုးရိမ်တာကတော့လမ်းတစ်ခုခုဖြစ်မှာကိုပေါ့နော်၊ ကား ပျက်တာတိုဘာတိုကျတော့ ဒုက္ခတော့ရောက်လောက်မယ် ” 

အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ဖိုအတွက် အခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး မဟာမိတ်အဖွဲတွေပူးပေါင်းကာ နယ်စပ်မြိုဖြစ်တဲ့ ချင်းရွှေဟော်ြမိုကိုသိမ်းယူနိုင်ခဲ့ပါ တယ်။ အဲ့ဒီနေ့မနက် ၆နာရီမှာပဲ ပြည်ထောင်စုလမ်းမကကြီးကိုအရေးပေါာပိတ်ထား ကြောင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲတွေက အသိပေးစာထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီနောက် ပြည်ထောင်စုလမ်းမကြီးဖြတ်သန်းသွားရာ နောင်ချို၊ ကျောက်မဲ၊ သီပေါစတဲ့ရှမ်းပြည် မြောက်ပိုင်းက မြိုရွာတွေရဲ့လမ်းပန်းဆက်သွယ်ရေးအခြေနေကို ကျောက်မဲဒေသခံတစ်ဦး ကအခုလိုပြောပါတယ်။

“ အဲ့ဒါကသိပ်အရေးကြီးတာပေါ့။ အဲ့တော့ ကျောက်မဲနဲ့နောင်ချိုကြားထဲမှာ ဂုတ် တွင်းဆိုတာရှိတယ်လေ။ အဲ့ဒီမှာ ဂုတ်တွင်းကတော့ တပ်က လုံခြုံရေးယူထားတယ်။ အဲ့ ဂုတ်တွင်းကိုဆင်းတဲ့နေရာမှာ လမ်းပိတ်ထားတယ်။ ကားလမ်းကိုမြောင်းတူးပြီးပိတ်လိုက် တယ်။ အဲ့ဒါကတော့ ခုနပြောတဲ့ မဟာမိတ်အဖွဲတွေ။ အဲ့လိုဖြစ်သွားတဲ့အတွက် ဆိုင်ကယ် တောင်သွားလိုမရဘူး။ အဲ့ဒါကြောင့်လမ်းတွေပျက်တယ်။ နောင်ချိုရောက်ရင်တော့ ဆက် ကျော်ပြီးဆင်းသွားလိုရတယ်။ သိုသော်လည်းပဲ နောင်ချိုမြိုကနေ နည်းနည်းလေး လှမ်းတဲ့ နေရာလေးမှာ မိုင်ဂဏာန်းလေးရောက်တော့ တိုက်ပွဲတွေထပ်ဖြစ်တယ်။ ထိတွေ့မှုတွေဖြစ် တယ်။ လေယာဥ◌်ပျံတွေ၊ ဟက်စကီးတွေဝင်လာပြီး ထိတွေ့မှု တွေဖြစ် တယ်။ အဲ့လိုဖြစ် တော့ အဲ့နေရာနားထိဘယ်သူမှ မသွားကြဘူး။ ဒါကြောင့်မို ပိတ်သွား တာပေါ့နော်” 

သီပေါ - မန်းလေးခရီးက ပုံမှန်ဆို မိုင်တစ်ရာကျော်ပဲရှိပေမယ့် တောင်ပိုင်းကနေပတ်သွား ရတဲ့ ခရီးကတော့ မိုင်သုံးရာကျော်ပိုဝေးလာပါတယ်။ မူလကဖြတ်သန်းသွားလာရတဲ့ ပြည် ထောင်စုလမ်းမကြီးလိုမဟုတ်ပဲ ကျေးရွာချင်းဆက်လမ်းများကနေ ချိတ်ဆက်သွား လာရ တာ ဖြစ်လို ခရီးပိုဝေးသွားသလို လမ်းအရည်အသွေးမကောင်းတဲ့အတွက် ခရီးကြာချိန် လည်း ပို တိုးလာပါတယ်။ ဒါ့အပြင်ကားလက်မှတ်ခတွေကလည်း  အရင်ထက် ၄ဆမက တက်လာ ပြီး တူးပလက်စ်ဝမ်းထိုင်ခုံပါ Express ကားခက တစ်ဦးကို ကျပ်ခုနှစ်သောင်း သတ်မှတ် ထားပါတယ်။ ခရီးစဥ်ပြောင်းလဲပြေးဆွဲတာဖြစ်လို လမ်းခရီးအဆင်ပြေပါက ပုံမှန်ပြေးဆွဲသွားဖိုရှိပြီး အဆင်မပြေပါက သီပေါကနေ မန်းလေး ဆင်းတဲ့အခုတစ် ခေါက် ပြေးဆွဲပြီးပါက ခရီးစဥ်ကိုရပ်ဆိုင်းသွားမယ်လို အဆိုပါ ယာဥ်လိုင်း တာဝန်ရှိသူက ပြောပါ တယ်။ လတ်တလော ရှမ်းပြည်မြောက်ပိုင်းကနေ မြေပြန့်ကိုဆင်းရာမှာ Express ယာဥ် တွေမပြေးဆွဲခင်က အဲ့ဒီလမ်းကနေ ယာဥ်ငယ်တွေစတင်ပြေးဆွဲခဲ့တဖြစ်ပါတယ်။

Share:

No comments:

Post a Comment