အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေက တောင်သူ့လုပ်ငန်း တွေကိုအကြပ်တည်း ပိုဖြစ်လာ


မကြေးမုံ၊ (Radio NUG)  ၂၄၊ နိုဝင်ဘာ ၂၀၂၃

ပေါက်မြို့နယ်၊ ကင်းချောင်းတစ်ဖက်ကမ်းကကင်းမရွာမှာ တိုက်ပွဲတွေဖြစ်ပြီး ရွာတွေမီး လောင်နေပေမယ့် မခင်တိုးဆင့်ကတော့ ဝမ်းစာစပါးကိုအချိန်မှီစိုက် နိုင်အောင်ကြိုးစား နေရပါတယ်။ မြေဆီမြေနှစ်ရှိတယ်လို့တောင်ထင်ရတဲ့ ကျောက်စရစ်မြေပေါာမှာ တထွာ သာသာ လောက်ရှိတဲ့ ပျိုးပင်လေးတွေကို ကောက်စိုက်သမားတွေက ကပျာကယာ စိုက် ပျိုးနေကြပါတယ်။ ပေါက်မြို့နယ်ထဲက တိုက်ပွဲတွေကြောင့် ရွာမှာမနေရဲပေမယ့် မိသားစု ဝမ်းရေးအတွက် ရွာနဲ့မနီးမဝေးက ဂျောက်ထဲမှာ ပုန်းအောင်းနေရာကထွက်လာပြီး အနီး ဆုံးလယ်မှာ စပါး စိုက်ပျိုးနေတာပဲဖြစ်ပါတယ်။ စစ်အတွင်း ဝမ်းစာစုဆောင်းရပုံကို ကင်းဆုပ် ကျေးရွာက တောင်သူမခင်တိုးဆင့်ကအခုလို ပြောပါတယ်။


“အခြေနေကတော့ကိုယ့်မှာရထားတဲ့၊ ရှိထားတဲ့ကြက်သွန်လေးတွေမရောင်း ရဘူးပေါ့။ စစ်ဘေးကလည်း ခဏခဏရှောင်နေရတာပေါ့။ စစ်ဘေးရှောင်ရတာလည်းတစ် လရှိသွားပြီ။ အရင်ကဟိုးကချောက်ထဲကြီးတွေမှာ သွားရှောင်တာ။ ချောက်ထဲကြီးတွေ သွားရှောင်တော့ ဒီလယ်လေးက စိုက်ရမှာမဟုတ်ဘူး။ မဖြစ်တော့ဘူးဆိုပြီး ဒီတဲလေးကို လာရှောင်ရတာ။ ခက်ခဲမှုကတော့ အဲ့ဒါရှိတာ ” 


ပေါက်မြို့နယ်မှာလိုပဲ မြန်မာနိုင်ငံရဲ့အသေးဆုံးပြည်နယ်ထဲမှာပါဝင်တဲ့ ကယားပြည်နယ် မှာ စစ်ကောင်စီရဲ့ထိုး စစ်ဆင်တိုက်ခိုက်မှုတွေကြောင့်လယ်စပါးနဲ့ အစေ့ထုတ်ပြောင်း စိုက် တဲ့တောင်သူတွေဟာ အနီးဆုံးဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်းကို ထွက်ပြေးလာရပါတယ်။ ရိတ်သိမ်းခါနီး ပြောင်း ခင်းတွေကို ထား ပစ်ခဲ့ရတဲ့ အခင်းပိုင်ရှင်တွေဟာ ရှမ်းပြည်အ ရောက်မှာတော့ မိသားစုဝမ်း ရေးအတွက် တနိုင်တပိုင်လုပ်ငန်းတွေမှာ နေ့စားလုပ်သား ဘဝကိုရောက်ရှိသွားပါတယ်။ ကယားပြည်နယ်၊ လွိုင် ကော်မြို့ဇာတိ ပြောင်းတောင်သူ အ မျိုးသမီးက စစ်ကြောင့် ပြောင်း ရွှေ့လာရတဲ့ ရှမ်း ပြည် နယ်မှာ ပြောင်းခင်းတွေကိုတွေ့ရင် လွိုင်ကော်မှာထားခဲ့ရတဲ့ သူ့ရဲ့ ပြောင်းခင်းတွေကို သတိ ရလာတယ်လို့ဆိုပါတယ်။ အမျိုး သမီးတောင်သူတွေဟာ တောင်ယာလုပ်ငန်းကိုပင်ပင် ပန်းပန်းလုပ်ကိုင်ကြရပေမယ့် တိုက် ပွဲတွေ ကြောင့် တောင် ယာကိုစွန့်ခွာခဲ့ရတာက သူတို့အတွက်  နာကျည်း မုန်းတီး စရာ တွေ ဖြစ်လာတာ ကိုတွေ့ရ ပါတယ်။


“ ခံစားရတာပေါ့။ ပြောမပြတတ်လောက်အောင်ကိုနာတယ်။ တအားနာတာ ပေါ့။ ဆုံးရှုံးတယ်။ သူများပြောင်းခင်းတွေ့ရင်ကိုနာတယ် ” 


စစ်ပွဲတွေကြောင့် ကျေးလက်ဒေသအနှံ့အပြားမှာ နေအိမ်နဲ့အဆောက် အအုံ ပေါင်း ၈၆,၀ ၀၀ ကျော်မီးရှို့ဖျတ်ဆီးခံရတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့မူဝါဒလေ့လာရေး အင်စတီကျူ ကထုတ်ပြန်ထားပါတယ်။ ဝမ်းစာအတွက်အရေးကြီးတဲ့ စပါးအဓိကစိုက်ပျိုးရာ ကျေးလက် ဒေသတွေမှာ မီးရှို့ဖျတ်ဆီးမှု တွေကြောင့် မျိုးစပါးတွေမီးထဲပါကုန်သလို ကျေးလက်နေ တောင်သူတွေ စစ်ပြေးနေရလို့ စပါးစိုက်ဧကတွေလျော့ကျလာပါတယ်။ ဒါ့အပြင်စစ်ဒဏ် ကြောင့် အရင်လို စပါအထွက် တိုးအောင် လုပ်အားနဲ့အချိန်ကိုသုံးပြီး ပျိုးထောင် ကောက် စိုက်တဲ့နည်းပညာ တွေကိုအသုံး မပြုနိုင်တော့ပဲ ကြဲပက်စိုက်ပျိုးရတဲ့အတွက် စပါးအထွက် နှုန်းကိုကျဆင်းလာစေ ပါတယ်။ စပါးစိုက် ဧကတွေလျော့ကျလာ တာသေချာပေမယ့်  သက်ဆိုင်ရာ ဌာနတွေ မှာဝန်ထမ်း အင်အားကျဆင်းလာတဲ့အပြင် ကွင်းဆင်းဆောင် ရွက် နိုင်တာမရှိတဲ့အတွက် စိုက်ဧကကိန်းဂဏာန်း အတိအကျကောက်ယူနိုင်တဲ့ အခြေအနေ မရှိပါဘူး။ 


ဒါ့အပြင်၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လက်နက်ကိုင်တိုက်ပွဲပေါင်း ၁၁,၁၇၄ ကြိမ် ထက် မနည်း ဖြစ်ပွာခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ကထုတ် ပြန်ခဲ့ပါသေးတယ်။ တိုက်ပွဲတွေကြောင့်မငြိမ်သက်တဲ့ ဒေသတွေမှာတောင်သူ တွေအ နေနဲ့ သက်တမ်းတိုတဲ့ ရာသီပေါာသီးနှံတွေစိုက်ပျိုးဖို့အခက်အခဲရှိသလို နှစ်ရှည်သီး နှံပင် တွေကို ပြုစုထိန်းသိမ်းဖို့ကလည်း မဖြစ်နိုင်လောက်အောင်ခက်ခဲလာပါတယ်။ စစ် ဘေးဒုက္ခသည် အများဆုံးရှိနေတဲ့ စစ်ကိုင်းတိုင်းအတွင်းက သနပ်ခါးအဓိကထုတ်လုပ်တဲ့ အရာတော်မြို့ နယ်မှာ ရွာကနေ သနပ်ခါးခင်းရှိရာသွားတဲ့လမ်းမှာ လက်နက်ကိုင် တပ်ဖွဲ့ တွေနဲ့ ထိပ် တိုက် ကြုံလာရင် မသင်ကာအမှု နဲ့ မေးမြန်းဖမ်းဆီးနှိပ်စက် တာတွေရှိ လာပါ တယ်။ ဒါကြောင့် စစ်ကာလကြာရှည်လာတာနဲ့အမျှ သနပ်ခါးတွေကို ဈေးကွက် တင်ပို့ဖို့ ခက်ခဲ လာသလို အပင်ပြုစု ထိန်းသိမ်းဖို့နဲ့ ပျိုးပင်အသစ်တွေ မပြုစုနိုင်တော့ပဲ  သနပ်ခါး စိုက်ပျိုး ထုတ်လုပ်မှု လုပ်ငန်း အားလုံးနီးပါး ပျက်စီးသွားပြီလို့ သနပ်ခါး အသင်းက တာဝန်ရှိသူ တစ်ဦးကအခုလို ပြောပါတယ်။


“ သစ်ပင်တွေတော့ လူတွေကတော့ အထင်အမြင်လွဲခံရပြီးတော့ နှိပ်စက်ခံ ရမှာ တွေကြောက်တော့ ဘယ်သူမှ မလုံခြုံတဲ့နေရာမှာ ဘယ်သူမှမ၇ှိတော့ဘူး ပေါ့။ လုံခြုံမယ်လိုထင်တဲ့နေရာလေးတွေမှာပဲ မစားရ၊ စားရဆိုပြီးဒီလိုပဲနေနေကြတာပဲလေ။ လုံးဝလွှတ်လိုက်ရတဲ့အနေထားမျိုးတွေထိဖြစ်သွားပြီနော်။ လုံးဝလွှတ်လိုက်ရ တဲ့အနေထားဆိုတာက သနပ်ခါးစိုက်မယ့်လူကလည်းမစိုက်ဖြစ်တော့ဘူး။ မစိုက်ဖြစ် တော့ဘူးဆိုတာက သနပ်ခါးကလည်းတွက်ခြေမကိုက်တော့ဘူးဖြစ်သွားပြီ။ စိုက်ပျိုးစ ရိတ်နဲ့ ပြုစုစရိတ်နဲ့ဆိုရင် သနပ်ခါးက အကျိုးမရှိတဲ့ လုပ်ငန်းဖြစ်သွားတဲ့အခါကျတော့ သ နပ်ခါးလောကကတော့ အားလုံးပျက်စီးတယ်လိုပဲ ပြောရတော့မှာပ ” 


NUG အစိုးရက ပြည်သူ့ကာကွယ်ရေးတပ်တွေဖွဲစည်းဖို ၂၀၂၁ မေလ ၅ရက်နေ့မှာ တစ် ပြည်လုံးကိုကြေငြာလိုက်ပြီးတဲ့နောက် ပထမဆုံးဖွဲ စည်းလိုက် တဲ့ပြည် သူ့ကာကွယ်ရေး တပ်ကတော့ ချင်းပြည်နယ်က မြိုနယ် ၉ခုပါဝင်တဲ့ ချင်းပြည်နယ်ပြည် သူ့ကာကွယ်ရေး တပ်ကြီးပဲဖြစ်ပါတယ်။ မင်းတပ်၊ ဖလမ်း၊ တီးတိန်၊ မတူပီ စတဲ့မြို နယ် တွေက ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲတွေနဲ့ စစ်ကောင်စီကြားတိုက်ပွဲ တွေဖြစ်ခဲ့ပြီး တဲ့ နောက် အဲ့ဒီဒေသမှာရှိတဲ့ ကော်ဖီ၊ ထောပတ်နဲ့ ဝဥတောင်သူတွေ မြေပြန့်ဒေ သကို ထွက် ပြေးလာရပါတယ်။ ချင်းပြည်နယ်အတွက်ဝဥက အရင်းအနှီးနည်းပြီး ဝင်ငွေကောင်းတဲ့ သီးနှံဖြစ်လို စီးပွားဖြစ်အများအပြားစိုက်ပျိုးသူ ချင်းတောင်သူများအတွက်တစ်နှစ်ကို သိန်း ထောင် နဲ့ချီ ဝင် ငွေရတဲ့သီးနှံဖြစ်ပါတယ်။ စစ်ရေးအခက်ခဲကြောင့် ဝဥတွေကိုမဖော်နိုင် တော့သလို သီးနှံတွေကိုမရိတ်သိမ်းနိုင်တော့ပဲ မိမိတိုရဲ့ဥယျာဥ် ခြံတွေ ကိုစွန့်ခွာ ခဲ့ရ ပါ တယ်။ စစ်ရှောင်ချင်းတောင်သူတွေဟာ အခုအခါမှာ တော့ နီးစပ်ရာမြေပြန့် ဒေသတွေမှာ ဖြစ်သလိုရုန်း ကန်နေ ကြရတယ်လို ကန်ပက်လက် မြိုနယ်မှ ဝဥ တောင်သူတစ်ဦးက အခုလို ပြောပါတယ်။


“ အဓိကကတော့ အခြေအနေတွေအားလုံးပြန်ကောင်းသွားဖိုပဲမျှော်လင့်ပါ တယ်။ အဲ့ဒါတွေကောင်းမှပဲ ကျွန်တေ်ာတိုတွေဝဥတွေကောင်းကောင်းလေးပြန်လုပ်ရင် ပုံမှန်ဝင်ငွေလေးတွေပြန်ရလာမှာပေါ့။ အခုကတော့ ဝဥလည်းစိုက်လိုမရ၊ ထောပတ်တွေ ဘာတွေ၊ ခြံတွေဆိုရင်လုံးဝကိုပစ်ထားရတဲ့အခြေအနေဖြစ်နေတော့ အကုန်လုံးဘေးပဲ ရှောင်ထွက်နေရတဲ့ပုံစံပေါ့။ နည်းနည်းနယ်မြေအေးချမ်းတဲ့နေရာတွေမှာပဲ ရှောင်ထွက်သွားလာနေတော့ အခြားဒီလိုနေရာတွေရောက်တော့ ကိုယ့်ရဲ့စားဝတ်နေ ရေးအတွက်တောင် ပိုက်ဆံရှာဖို တော်တော်လေးကိုခဲယဉ်းတာပေါ့။ ၁၁.၁၀.၁၆ ကျွန်တေ်ာဆို ဒီ ချောက်မှာ အိမ်ဝိုင်းကျဉ်းကျဉ်းလေးတောင်မှ မှိစိုက်ပြီး၊ မှိတွေကိုဈေးထဲ သွားသွားသွင်းပြီးတော့ စားဝတ်နေရေးအတွက်ရပ်တည်နေရတာပေါ့ ” 


၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီက ရေကြီးနစ်မြှုပ်သွားတဲ့ စပါးစိုက် တောင်သူတွေကို တစုံတရာ ကူညီပေးတာမရှိသလို စစ်ဒဏ်ခံရတဲ့ တောင်သူတွေကိုလည်း ကူညီဆောင်ရွက်ပေးတာမတွေ့ရပါဘူး။ စစ်အတွင်းဘေးဒုက္ခသည်တောင်သူတွေမှာ စစ် ကောင်စီရဲ့ အကူအညီတွေကိုမရရှိပေမယ့် အခက်အခဲအမျိုးမျိုးကြားက စိုက်ပျိုးထုတ် လုပ်လိုက်တဲ့ သီးနှံတွေကို အချင်းချင်းဝေမျှရင်း ရုန်းကန်နေကြရတာဖြစ်ပါတယ်။ အာဏာ သိမ်းပြီးတဲ့နောက်ပိုင်း မီးစတင်လောင် ကျွမ်းခဲ့တဲ့ဒေသတွေထဲမှာပါဝင်ခဲ့တဲ့ ပေါက် မြိုနယ်၊ ဘိုမယ်ကျေးရွာက စပါး နဲ့ နှမ်းစိုက် ပျိုးသူတောင်သူကြီးကတော့ စစ်အတွင်း သူ အပြေးလွှားစိုက်ပျိုးနေတဲ့ သီးနှံတွေက အခက်အခဲအမျိုးမျိုးကြောင့် သီးနှံမစိုက်ပျိုးနိုင် တော့တဲ့ တောင်သူတွေကို ဝေငှပေးဖိုဖြစ်တယ်လို ဆိုပါတယ်။  


“ခုတပိုင်တနိုင်စိုက်တယ်။ တချိုလည်းစိုက်ရမှာလားနဲ့စစ်ဘေးတွေကြောက်နေကြ တာပေါ့။ ဒီကြားတဲ့ စားဝတ်နေရေးတွေက တော်တော်လေးအခက်အခဲ ကြုံလာကြတယ်။ အဲ့ဒါဘာလုပ်လို ဘာကိုင်ရမှန်းမသိဘူး။ ဘကြီးမှာတော့ စိုက်ပျိုးတဲ့နေရာလေးတွေမှာ မရှိ တဲ့လူတွေ တစ်နေ့တစ်နပ်ကျလိုရှိရင် ဘကြီးကအများဆုံး တောင်သူလုပ်တဲ့သူမပြေလည် တဲ့သူကျတော့ ဒါလေးတွေ တပြည်မျှပါအုန်းမျှကြရအောင် ဘကြီးကလုပ်တာ။ ကိုယ်ကျိုး ရှာဖိုလည်းမဟုတ်ဘူး။ ဒါလေးတွေက တနေ့တနပ်ကျရင်ဘကြီးဆီလာကြမှာလို။ အဲ့ဒီအ မြင်လေးနဲ့ ဘကြီးကစပါးတွေစိုက်တယ်၊ ကျန်တဲ့ဟာတွေလုပ်တယ်။ ဘကြီးတိုမိသားစုက တော့အဖိုးကြီးအဖွားကြီးပဲရှိတာ။ နှစ်ယောက်ထဲ ”       

                                                                                                                                                                                                                                                                                                                              

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ငွေကြေးတန်ဖိုးကျဆင်းလာတာ၊ ကောက်ပဲ သီးနှံ ဈေးကွက် တွေအကန့်သတ်ဖြစ်လာတာ၊ စစ်ပြေးနေရတဲ့အတွက် ထုတ်လုပ်မှုကျ ဆင်းလာ သလို လယ်ယာလုပ်သားရှားပါးတဲ့ ပြသနာတွေက ပြည်တွင်းကောက်ပဲသီးနှံစိုက်ပျိုးမှုကို ကျ ဆင်းလာစေတယ်လို စိုက်ပျိုးစီးပွားကျွမ်းကျင်သူကပြောဆိုပါတယ်။ ဒီအကျိုးဆက်က ရေ ရှည်မှာ မြန်မာ့ကောက်ပဲသီးနှံအနာဂတ်ပေါာ အဆိုးပဲမြင်တယ်လို စိုက်ပျိုးရေး ပညာ ရှင် တစ်ဦးကအခုလို သုံးသပ်ပါတယ်။


“နောက်ဒီဟာရဲ့သက်ရောက်မှုက လယ်သမားတစ်ယောက်ဟာ တစ်နှစ် လောက် နစ်နာရင် ၃နှစ်လောက်နလန်ထူဖို့ ခက်တယ်။ စီးပွားရေးကျတော့ လည်းဘဏ် တွေက အဝင် အထွက်တွေ ကန့်သတ်လာတယ်။ ဖြစ်လာတဲ့အခါကျတော့ အော်ပရေး ရှင်းတွေ သိန်းထောင်နဲ့ သောင်းနဲ့ချီလုပ်ရတဲ့ လုပ်ငန်း တွေက အကန့်သတ်ဖြစ်လာတယ်။ အဲ့ဒါတွေ ကလည်း ၂၀၂၂ မတ်၊ ဧပြီ ပုံစံမျိုး ပြန်ဖြစ် လာနိုင်တယ်။ အဲ့ဒီဇိုင်းမျိုး ပြန်ချိုး လာ နိုင်တယ်။ အကောင်းတော့သိပ်မမြင်ဘူး၊ အဆိုး ပဲမြင်တယ် ” 


မြန်မာ့ကောက်ပဲသီးနှံတင်ပို့မှုတန်ဖိုးက ၂၀၁၉ - ၂၀၂၀ ဘဏ္ဌာမှာ အမေရိကန်ဒေါာ လာ ၁၇ဘီလီယံဖိုးတင်ပို့နိုင်ခဲ့ပေမယ့် စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၀ - ၂၀၂၁ ဘဏ္ဌာနှစ် ကစလို့ အမေရိကန်ဒေါာလာ ၂ဘီလီယံကျော်ကျဆင်းလာခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဌာနှစ်အထိဆက်တိုက်ကျဆင်းလာခဲ့ပြီး အခုဘဏ္ဌာနှစ်မှာလည်း ကာလတူ တင်ပို့မှု ထက်တန်ဖိုးအားဖြင့် အမေရိကန်ဒေါာလာ ၁၃၆သန်းလျော့နည်းတင်ပို့ထားပါ တယ်။  မြန်မာတစ်နိုင်ငံလုံးမှာ နှံစားသီးနှံ၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ စားဖိုဆောင်သီးနှံနဲ့ သစ်သီးဝလံ စတဲ့အခြားသီးနှံ သီးနှံအုပ်စု ၆အုပ်စုကို အဓိက စိုက်ပျိုးပြီး စုစု ပေါင်း စိုက်ပျိုးမြေ ဟက်တာ ပေါင်း သန်း၂၀ နီးပါးမှာ စိုက်ပျိုးထုတ် လုပ် နေ ကြတာ ဖြစ်ပါ တယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် တောင်သူတွေဟာ ဝမ်းစာအတွက်လည်း ပူပန်ရသလို တိုက်ပွဲတွေနီးကပ်လာတာနဲ့အမျှ မိမိတို့ လယ်ယာမြေ တွေကို စွန့်ခွာလာရပါတယ်။ ဒါကြောင့် ကျပ်ငွေဘီလီယံပေါင်း တစ်သောင်းသုံးထောင်နီး ပါး တန်ဖိုးရှိတဲ့ မြမာ့စိုက်ပျိုးစီးပွားအနာဂတ်အတွက်လည်း စိုးရိမ်ဖွယ်ရာဖြစ်လာပါတယ်။

Share:

No comments:

Post a Comment