13th DEC 2023 - Evening Daily News by Radio NUG


၂၀၂၃ ဒီဇင်င်ဘာလ ၁၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ရှမ်းနှစ်သစ်ကူးအတွက် နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆုမွန်ကောင်းတောင်း

📌 ၂။ ငြိမ်းချမ်းစွာ စုဝေးခွင့်အား ခြိမ်းခြောက်ခံရသည့်အခါ လူငယ်များမှ ပြည်သူ့ရေးရာကိစ္စများတွင် ပါဝင်လှုပ်ရှားခွင့် ဆုံးရှုံးရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၃။ မြန်မာပြည်သူလူထုတရပ်လုံးမျော်လင့်တောင့်တနေသော နိုင်ငံရေးရည်မှန်းချက်ကို လျစ်လျူရှုမည်မဟုတ်ဟု ညီနောင် ဖွဲ့ ပြော

📌 ၄။ အင်းတော်မြို့နယ် မော်လူးမြို့ကို ABSDF ပါဝင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက် 

📌 ၅။ စစ်ကောင်စီက ရည်ညွန်းပြောဆိုနေတဲ့ နိုင်ငံအလိုက် အကြမ်းဖက်မှု အစီရင်ခံစာနဲ့ ပတ်သက်လို့ အမေရိကန် တုံပြန်

📌 ၆။ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဟောင်း အပါအဝင် လူပုဂ္ဂိုလ်လေးဦးနဲ့ ကုမ္ပဏီနှစ်ခုကို အီးယူ ထပ်တိုးပိတ်ဆို့ အရေးယူ

📌 ၇။ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်များ တပ်စွဲထားတဲ့ နေရာကို ဒရုန်းများနဲ့ ဗုံးချတိုက်ခိုက်

📌 ၈။ အစုရှယ်ယာToken ဖြန့်ဝေမှုအားလုံးအား ဒီဇင်ဘာလ (၁၇) တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး ကျန်ရှိနေသေးသော သက်ဆိုင်ရာ အချက်အလက် ပြည့်စုံ မှန်ကန်သော အကောင့်များအားလုံးထံသို့ ဖြန့်ဝေသွားမယ်လို့ နွေဦးဖွံဖြိုးရေးဘဏ်အသိပေးကြေညာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ရှမ်းနှစ်သစ်ကူးအတွက် နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆုမွန်ကောင်းတောင်း


ဒီဇင်ဘာ၁၃ရက်


ဒီဇင်ဘာ၁၃ရက်မှာကျရောက်သော ရှမ်းနှစ်သစ်ကူးအတွက် နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ယဆိုရှယ် ၎င်း၏ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆုမွန်ကောင်းတောင်းဆိုလိုက်ပါတယ်။


"မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ရှမ်းနှစ်သစ်ကူး နေ့ ဖြစ်ပါစေကြောင်းရှမ်းနှစ်သစ်ကူးကို ကြိုဆို ဂုဏ်ပြု ရင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်"လို့ဆိုထားပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရနှင့်ရှမ်းပြည်နယ်အတွင်းရှိတော်လှန်ရေးအင်အားစုများဟာ နွေဦးတော်လှန်ရေးမှာအတူတကွပူးပေါင်းဆောင်ရွက်လျက်ရှိနေပါတယ်။


========================


📌📌 ၂။ ငြိမ်းချမ်းစွာ စုဝေးခွင့်အား ခြိမ်းခြောက်ခံရသည့်အခါ လူငယ်များမှ ပြည်သူ့ရေးရာကိစ္စများတွင် ပါဝင်လှုပ်ရှားခွင့် ဆုံးရှုံးရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


ဒီဇင်ဘာ၁၃ရက်


နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၄ ခုနှစ်အတွင်း၌ ကျင်းပပြုလုပ်ရန်ရှိသော Summit of the Future ထိပ်သီးအစည်းအဝေးတွင် အတည်ပြုရန် ရည်ရွယ်ထားသည့် Pact for the Future နှင့်ပတ်သက်၍ ကုလသမဂ္ဂအထွေထွေညီလာခံ အလွတ်သဘောဆွေးနွေးမှုများတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပါဝင်၍ မိန့်ခွန်းပြောကြားခဲ့ပါတယ်။


"ကမ္ဘာတစ်ဝန်းတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများ ကျဆင်းလျက်ရှိ သည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း၊ ငြိမ်းချမ်းစွာ စုဝေးခွင့်အား ခြိမ်းခြောက်ခံရသည့်အခါ လူငယ်များမှ ပြည်သူ့ရေးရာကိစ္စများတွင် ပါဝင်လှုပ်ရှားခွင့် ဆုံးရှုံးရကြောင်း၊ စင်စစ်အားဖြင့် အနာဂတ်မျိုးဆက်သစ်များမှ ဒစ်ဂျစ်တယ်လမ်းကြောင်း အပါအဝင် ၎င်းတို့ ခံစားခွင့်ရှိသော လူ့အခွင့်အရေးများကို အပြည့်အဝ ခံစားခွင့်ရရှိနိုင် ရန်နှင့် ၎င်းတို့၏ အသံများကို ကြားသိခွင့်ရရှိစေရန်အတွက် လူငယ်လူရွယ်များ၏ အလုံးစုံ ပါဝင်မှုက အလွန်အရေးပါကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော မိမိတို့အနေဖြင့် ယခုမျိုးဆက်နှင့် အနာဂတ် မျိုးဆက်သစ်များ၏ လိုအင်များကို ဖြည့်ဆည်းပေးရန် ကျင့်ဝတ်သိက္ခာအရ တာဝန်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ Pact for the Future တွင် လူ့အခွင့်အရေး၊ ပွင့်လင်းမြင်သာမှုရှိသော အဖွဲ့အစည်းများနှင့် 2030 Agenda ကို ပြည့်မီစေရေး စသည့်နယ်ပယ်များတွင် လုပ်ဆောင်ချက်ကို ဦးတည်သော၊ အမျှော်အမြင်ရှိသည့် အတွေးအခေါ်နှင့် အနာဂတ်တွင် ခိုင်မာစေနိုင်မည့်အချက်များကို ထည့်သွင်းသင့် ပါကြောင်း သံအမတ်ကြီးကပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ မြန်မာပြည်သူလူထုတရပ်လုံးမျော်လင့်တောင့်တနေသော နိုင်ငံရေးရည်မှန်းချက်ကို လျစ်လျူရှုမည်မဟုတ်ဟု ညီနောင် ဖွဲ့ ပြော


ကောင်စီရဲ့ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တခုပြီးတစ်ခု ခံစားခဲ့ကြရတဲ့ မြန်မာပြည်သူလူထုတရပ်လုံး မျှော်လင့်တောင့်တနေ တဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို မည်သည့်အခါမှ လျစ်လျူရှုမှာမဟုတ်တဲ့အပြင် နောက်လှည့်သွားမယ်သူတွေလည်း မဟုတ်ဘူးလို့ ညီနောင်မဟာမိတ် ဖွဲ့က အသိပေးထုတ်ပြန်လိုက်ပါတယ်။  


အခုရက်ပိုင်းအတွင်း စစ်ကောင်စီနဲ့ညီနောင်မဟာမိတ် ဖွဲတို့ တရုတ်အကူအညီနဲ့တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းတွေနဲ့ ပတ်သက်ပြီးလည်း မစိုးရိမ်ကြဖို့ ပြည်သူလူထုကို အသိပေးထားပါတယ်။ 

လတ်တလောတွေ့မြင်နေရတဲ့သတင်းအချို့ကြောင့် မြန်မာပြည်သူလူထုတရပ်လုံး စိုးရိမ်ပူပန်မှုတွေရှိနေတာကို သိပါတယ်။ ဒီကိစ္စရပ်အပေါ် မှာ စိုးရိမ်ပူပန်မှုတွေမရှိကြဖို့ ညီနောင် ဖွဲ့က ပြောပါတယ်။ 

ညီနောင် ဖွဲ့အနေနဲ့ ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝတဲ့အထိ လုပ်သင့်လုပ်ထိုက်တာတွေကို မြန်မာပြည်သူလူထု တရပ်လုံးနဲ့လက်တွဲပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ လေးစားစွာအသိပေးလိုပါတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးမှာ ရည်မှန်းထားတဲ့အတိုင်း စစ်ကောင်စီ စစ်စခန်းများ၊ ပြည်သူလူထုကိုဒုက္ခပေးနေတဲ့ လက်နက်ကြီး စခန်းကုန်းများကို တခုပြီးတခု တိုက်ထုတ်နေတယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က ပြောပါတယ်။

ထို့အပြင် ညီနောင်မဟာမိတ် ဖွဲ့မှာ တဖွဲချင်းစီရဲ့ ရည်မှန်းချက်နဲ့ ဖွဲစလုံးရဲ့ စုပေါင်းရည်မှန်းချက်တွေဟာလည်း အတိုင်းအတာတခုအထိ ပြည့်ဝခဲ့ပြီဆိုပေမယ့် ရည်မှန်းချက် အလုံးစုံပြည့်ဝဖို့အတွက် အချိန်ကာလတခုအထိ ဆက်လက် ကြိုးစားတိုက်ပွဲဝင်ရအုံးမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ အင်းတော်မြို့နယ် မော်လူးမြို့ကို ABSDF ပါဝင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက် 


စစ်ကိုင်းတိုင်း အင်တော်မြို့နယ် မော်လူးမြို့ကို ABSDF ပါဝင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့ပြီလို့ ကျောင်းသားတပ်မတော် ABSDF က ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 


မော်လူးမြို့ကို ABSDF -NB အမှတ် စစ်ကြောင်း KIA PDF ပကဖများ၊ပလဖတွေပူးပေါင်းပါဝင်တဲ့ တပ်ပေါင်းစုက စက်တင်ဘာလ ၁၃ ရက်နေ့ မနက် နာရီ ဝန်းကျင်ကစတင်တိုက်ခိုက်ခဲ့ပြီး သိမ်းဆည်းရရှိခဲ့တာဖြစ်လို့ အသိပေးထား ပါတယ်


တိုက်ပွဲကြာချိန် နာရီဝန်းကျင်ကြာမြင့်ခဲ့ပြီး မနက် နာရီဝန်းကျင်မှာ မော်လူးမြို့ကို ထိန်းချုပ်နိုင်ခဲ့တာလို့ သိရပါတယ်။


လက်ရှိအချိန်မှာ သိမ်းဆည်းမှုများကို စီစစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ လာရောက်ပစ်ခတ် နေတဲ့အတွက် အသေးစိတ်ကို ထပ်မံထုတ်ပြန်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

 

မော်လူးမြိုဟာ စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြိုနယ်တွင်ပါဝင်ပြီး ရွှေဘို-မြစ်ကြီးနားကားလမ်းနဲ့ရထားလမ်း ရှိတဲ့မြို့ဖြစ်တဲ့အတွက် စစ်ရေးအရ အရေးပေါတဲ့ဒေသဖြစ်တယ်လို့ အင်းတော်မြို့မှာ တာဝန်ကျခဲ့ဘူးတဲ့ CDM ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။ 


ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ခမ်းပတ်၊ ရွှေပြည်အေးမြိုများကို  တိုက်ခိုက် သိမ်းပိုက်ထိန်းချုပ်ထားပြီးတဲ့နောက် ယခု မော်လူးမြို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီက ရည်ညွန်းပြောဆိုနေတဲ့ နိုင်ငံအလိုက် အကြမ်းဖက်မှု အစီရင်ခံစာနဲ့ ပတ်သက်လို့ အမေရိကန် တုံပြန်


ဒီဇင်ဘာ ၁၃။


မြန်မာစစ်ကောင်စီက ရည်ညွန်းပြောဆိုနေတဲ့ ၂၀၂၂ ခုနှစ် နိုင်ငံအလိုက် အကြမ်းဖက်မှု အခြေအနေ အစီရင်ခံစာပါ အချက်အလက်တွေက သီးခြားအစီရင်ခံစာ ပူးတွဲဖော်ပြချက်သာဖြစ်ပြီး အမေရိကန်ရဲ့ မူဝါဒနဲ့ ထုတ်ပြန်ချက်ကို ကိုယ်စားမပြုဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ သူက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။


နိုဝင်ဘာလကုန်ပိုင်းမှာ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့တဲ့ အဆိုပါ နိုင်ငံအလိုက် အကြမ်းဖက်မှု အခြေအနေ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှု ၅၀ ရာခိုင်နှုန်းကျော်ကို PDF တွေက ကျူးလွန်တယ်လို့ ဖော်ပြတဲ့အကြောင်း စစ်ကောင်စီက ပြောဆိုနေသလို စစ်တပ်နဲ့ နီးစပ်တဲ့ မီဒီယာတွေကလည်း ကိုးကားဖော်ပြနေကြတာ ဖြစ်ပါတယ်။


အဆိုပါ အစီရင်ခံစာမှာ ၂၀၂၃ ခုနှစ် ဧပြီလအတွင်း Development Service Group က အမေရိကန် နိုင်ငံခြားရေးဌာနကို တင်သွင်းတဲ့ အစီရင်ခံစာဖြစ်ပြီး ကမ္ဘာအဝှမ်း အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ လှုပ်ရှားမှုအပေါ် အခြေခံပြီး ပြုစုတဲ့ အစီရင်ခံစာ ဖြစ်တာတယ်လို့ VOA က အတည်ပြု ထားပါတယ်။


VOA သတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက ဒါဟာ အမေရိကန်အစိုးရရဲ့ မူဝါဒဆိုင်ရာထုတ်ပြန်ချက် မဟုတ်ဘူးလို့  ရှင်းလင်းတုံပြန် ပြောဆိုခဲ့သလို မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုတွေဟာ ၂၀၂၁ ခုနှစ်မှာ စစ်ကောင်စီက အာဏာသိမ်းမှုရဲ့  အကျိုးဆက် တွေ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ 


ထို့အပြင် အာဏာသိမ်းပြီး နောက်ပိုင်း စစ်တပ်က အရပ်သားထောင်နဲ့ချီ သတ်ဖြတ်ခဲ့သလို ဒီမိုကရေစီ ခေါင်းဆောင်တွေကိုလည်း ထောင်သွင်းအကျဉ်းချတာ၊ သတ်ဖြတ်တာတွေ လုပ်ခဲ့ကာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း လူပေါင်း နှစ်သန်းကျော်ဟာ အိုးအိမ်စွန့် ထွက်ပြေးနေကြရတယ်လို့ ထပ်လောင်းပြောဆိုပါတယ်။


ထို့ကြောင့် စစ်ကောင်စီရဲ့  မြန်မာလူထုအပေါ် အကြမ်းဖက် ရက်စက်မှုတွေကို အရေးယူနိုင်ရေး အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆက်လက်ပြီး လုပ်ဆောင်သွားမယ်လို့လည်း အသိပေး ပြောကြားခဲ့ပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဟောင်း အပါအဝင် လူပုဂ္ဂိုလ်လေးဦးနဲ့ ကုမ္ပဏီနှစ်ခုကို အီးယူ ထပ်တိုးပိတ်ဆို့ အရေးယူ


ဒီဇင်ဘာ ၁၃။


စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့ အပါအဝင် လေးဦးနဲ့ စစ်ကောင်စီကို လက်နက်ပံပိုးနေတဲ့ ကုမ္ပဏီ လေးခုကို ထပ်တိုး ပိတ်ဆို့အရေးယူ လိုက်တယ်လို့ ဥရောပသမဂ္ဂ (EU) က ဒီဇင်ဘာလ ၁၁ ရက်နေ့ မှာ ထုတ်ပြန်လိုက်ပါတယ်။


အရေးယူခံရတဲ့ စာရင်းထဲမှာ ဦးဝဏ္ဏမောင်လွင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့ နဲ့အတူ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး တို့ကိုပါ ထပ်တိုးခဲ့ပြီး စစ်ကောင်စီကို လက်နက်နဲ့ဆက်စပ်ပစ္စည်းတွေ ပံပိုးပေးနေတဲ့ Star Sapphire Group of Companies နဲ့ Royal Shune Lei Company Limited တို့ကိုလည်း ပိတ်ဆို့အရေးယူ စာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။


ပိတ်ဆို့အရေးယူမှု စာရင်းမှာ ပါဝင်တဲ့သူတွေရဲ့ ငွေကြေးတွေကို သိမ်းဆည်းထားပြီး သူတို့ရဲ့ ခရီးသွားလာခွင့်ကိုလည်း  ထုတ်ပြန်ထားပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင်လကလည်း စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီး သုံးဦး၊ စစ်ကောင်စီအဖွဲ့ဝင် နှစ်ဦးနဲ့ စစ်ထောက်ချုပ်တို့ အပြင် မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မြန်မာ့သတ္တုတွင်း လုပ်ငန်းတို့ကို ပိတ်ဆို့အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းခဲ့ပါတယ်။


အခုအချိန်မှာ ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၁၀၃ ဦးနဲ့ အဖွဲ့အစည်း ၂၁ ခုကို ပိတ်ဆို့အရေးယူထားပြီး ဒီစာရင်းထဲမှာ ပါဝင်သူကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ ပိုင်ဆိုင်မှုတွေကို ဆိုင်းငံ့ထားတာနဲ့ ငွေကြေးလွှဲပြောင်းပေးအပ်မှုတွေကို တားမြစ်ချက်တွေ ချမှတ်ထားတာ ဖြစ်ပါတယ်။


========================


📌📌 ၇။ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်များ တပ်စွဲထားတဲ့ နေရာကို ဒရုန်းများနဲ့ ဗုံးချတိုက်ခိုက်


ဒီဇင်ဘာ ၁၃။


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များ တပ်စွဲထားရာ နေရာကို ဒရုန်းများနဲ့ဗုံး ချတိုက်ခိုက်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၃ ရက်မှာ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားပါတယ်။


ဒီဇင်ဘာလ ၁၂ ရက်နေ့၊ နေ့လယ် နာရီ အချိန်မှာ စစ်ကောင်စီ တပ်သားများ တပ်စွဲထားရာ နေရာများဖြစ်တဲ့ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ မရကရုံး တို့ကို ဒရုန်းဖြင့် 1 kg အဖူး ၁၂ ဖူး ကျဲချ တိုက်ခိုက်ခဲ့ ပြီး အထိအခိုက်များကြောင်း သတင်းရရှိတယ်လို့ ဆိုထားပါတယ်။


၎င်းတိုက်ခိုက်မှုများကို မြိုင်မြို့နယ် ပကဖ တပ်ရင်း ၁၊ တပ်ရင်း ၂၊ ဗိုလ်လင်းမြွေအဖွဲ့၊ မြိုင် Done တပ်ဖွဲ့၊ Myàing UAV Fighter တို့မှ ပူပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။


ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်ကလည်း မြိုင်အရှေ့ဘက် မြို့အဝင်ရှိ စီမံကိန်းရုံးတွင် တပ်စခန်းချ နေထိုင်သော စစ်ကောင်စီ တပ်သားများအား တာဝေးပစ်ရိုင်ဖယ်ဖြင့် ပစ်ခက်တိုက်ခိုက် ခဲ့ပါသေးတယ်။


========================


📌📌 ၈။ အစုရှယ်ယာToken ဖြန့်ဝေမှုအားလုံးအား ဒီဇင်ဘာလ (၁၇) တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး ကျန်ရှိနေသေးသော သက်ဆိုင်ရာ အချက်အလက် ပြည့်စုံ မှန်ကန်သော အကောင့်များအားလုံးထံသို့ ဖြန့်ဝေသွားမယ်လို့ နွေဦးဖွံဖြိုးရေးဘဏ်အသိပေးကြေညာ


ဒီဇင်ဘာ၁၃ရက်


"နွေဦးဘဏ် အစုရှယ်ယာ token များ ကို အသေအချာ စိစစ်ပြီး စနစ်တကျဖြန့်ဝေပေးလျှက်ရှိပါတယ်။အစုရှယ်ယာဖြန့်ဝေမှု အပိုင်းမှာ စာရင်းအမှား၊ အချက်အလက်အမှားများအတွက် သက်ဆိုင်ရာ RM များနှင့်ပြန်လည် တိုက်ဆိုင်စစ်ဆေးခြင်းများပြုလုပ်ရသည့်အတွက် နှောက်နှေး ကြန့်ကြာမှု အပိုင်းအတွက် နွေဦးဘဏ်မှ အနူးအညွတ်တောင်းပန်အပ်ပါတယ်။အစုရှယ်ယာ ဖြန့်ဝေမှုအားလုံး အား ဒီဇင်ဘာလ (၁၇) တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး ကျန်ရှိနေသေးသော သက်ဆိုင်ရာ အချက်အလက် ပြည့်စုံ မှန်ကန်သော အကောင့်များအားလုံးထံသို့ ဖြန့်ဝေသွားပါမည်ဖြစ်ကြောင်း" ဒီဇင်ဘာ၁၃ရက်မှာ နွေဦးဖွံဖြိုးရေးဘဏ်ကအသိပေးဆိုပါတယ်။


နွေဦးဖွံဖြိုးဘဏ်က အစုရှယ်ယာ များရောင်စချပေးရာတွင် စုစုပေါင်း တိုကင်ဝယ်ယူမှု နောက်ဆုံးစာရင်းအဖြစ် ဒီဇင်ဘာလ ရက်နေ့ အထိ အမေရိကန် ဒေါ်လာ ၁၁.၈၅ သန်းဖိုးအထိရောက်ရှိခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီးဟန်၊ကိုခန့်နှင့်မင်စစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment