13th DEC 2023 - Morning Daily News by Radio NUG



၂၀၂၃ ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီကို အရှိုက်ထိစေမည့် လေယာဉ်ဆီလမ်းကြောင်း ဖြတ်တောက်ရေးနည်းလမ်းများကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှရှာဖွေဖော်ထုတ် ကြိုးစားပေးခဲ့

📌 ၂။ တိုင်းရင်းသားခေါင်းဆောင်အားလုံး ပြည်ထောင်စုစိတ်ဓာတ်ရှိကြပြီး စစ်အုပ်စုနှင့်ပတ်သတ်သည့် အတွေ့အကြုံ ပိုများဟု ကာကွယ်ရေးဝန်ကြီးပြော

📌 ၃။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၄။ ပါမောက္ခ ဒေါ်မီမီဝင်းဘတ်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲများကို အိုဆာကာနှင့် တိုကျိုမြို့တွင် ကျင်းပခဲ့

📌 ၅။ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ် အောင်ဇေယျစခန်းသိမ်းတိုက်ပွဲမှ သိမ်းပိုက်ရရှိသော လက်နက်ပစ္စည်းများ ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

📌 ၆။ နမ့်ခမ်းနှင့်နမ့်ဆန်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၃ဝဝ နီးပါး ပြုလုပ်ခဲ့ဟု TNLA အသိပေး

📌 ၇။ စစ်ကောင်စီတပ်မှ MNDAA၏ခံတပ်တစ်ခုကို နှစ်ကြိမ်ခိုးဝင် တိုက်ခိုက်မှုကြောင့်  ၆ယောက်ဒဏ်ရာရပြီး ယောက်သေဆုံးခဲ့

📌 ၈။ ပုလဲမြို့နယ်၊ ပအဖ တရားရုံးကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်၊ နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် ဦးသေဆုံး

📌 ၉။ မော်လမြိုင်-ရေး-ထားဝယ် အမှတ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ PDF လုံခြုံရေးဆောင်ရွက်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီကို အရှိုက်ထိစေမည့် လေယာဉ်ဆီလမ်းကြောင်း ဖြတ်တောက်ရေးနည်းလမ်းများကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှရှာဖွေဖော်ထုတ် ကြိုးစားပေးခဲ့


ဒီဇင်ဘာ၁၂ရက်။

စစ်ကောင်စီကို အရှိုက်ထိစေမည့် လေယာဉ်ဆီလမ်းကြောင်း ဖြတ်တောက်ရေးနည်းလမ်းများကိုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှရှာဖွေဖော်ထုတ် ကြိုးစားပေးခဲ့တယ်လို့ ဒီဇင်ဘာလ  (၁၁) ရက်နေ့မှာ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ ( /၂၀၂၃) အစည်းအဝေးကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။


"ယခုအခါ စစ်ကောင်စီကို အရှိုက်ထိစေမည့် လေယာဉ်ဆီလမ်းကြောင်း ဖြတ်တောက်ရေးနည်းလမ်းများကိုလည်း ရှာဖွေဖော်ထုတ် ကြိုးစားပေးခဲ့ကြတဲ့အတွက်လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ  တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ကို ဖွဲ့စည်းပြီး ဆောင်ရွက်လာတာ နှစ် တာကာလအတွင်း အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ကြလို့ အောင်မြင်မှုများ ရရှိခဲ့သလို ကြုံတွေ့ လာရတဲ့ စိန်ခေါ်မှု အများအပြားကိုလည်း ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့တာ ဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ တိုင်းရင်းသားခေါင်းဆောင်အားလုံး ပြည်ထောင်စုစိတ်ဓာတ်ရှိကြပြီး စစ်အုပ်စုနှင့်ပတ်သတ်သည့် အတွေ့အကြုံ ပိုများဟု ကာကွယ်ရေးဝန်ကြီးပြော


ဒီဇင်ဘာလ ၁၂ ရက်။

တိုင်းရင်းသားခေါင်းဆောင်အားလုံး ပြည်ထောင်စုစိတ်ဓာတ်ရှိကြပြီး စစ်အုပ်စုနဲ့ပတ်သတ်တဲ့ အတွေ့အကြုံ ပိုများတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ 

ပြည်သူ့တော်လှန်ရေး နှစ်ဝန်းကျင်ကာလအတွင်း EROs ခေါင်းဆောင် အားလုံးနီးပါးနဲ့ လူကိုယ်တိုင်ရော အွန်လိုင်းကပါ အဆက်မပြတ်တွေ့ဆုံဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံတိုင်း အထူးသတိပြုမိတာက ခေါင်းဆောင်အားလုံးမှာပြည်ထောင်စုစိတ်ဓာတ်ရှိကြတယ်ဆိုတဲ့ အချက်ပဲဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ခွဲထွက်ဖို့ ပြည်ပသြဇာခံဖို့ ဘယ်သူမှမစဥ်းစားကြဘဲ တိုင်းရင်းသားလူမျိုးစုတိုင်း ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဂုဏ်သိက္ခာရှိရှိ အားလုံးအကျိုးတူ လက်တွဲပူးပေါင်းပြီး လွတ်လပ်တဲ့ပြည်ထောင်စုသစ် ထူထောင်ဖို့ပဲ စိတ်ဆန္ဒရှိကြတယ်ဆိုတာ တွေ့ရတယ်လို့လည်း အသိပေးထားပါတယ်။ 

ပြည်ထောင်စုသစ် ထူထောင်ဖို့ဆိုရင် စစ်အာဏာရှင် အမြစ်ဖြတ်နိုင်မှရမယ်ဆိုတာကိုလည်း အားလုံး သဘောကိုက်ညီ ကြတယ်လို့လည်း ပြောပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေတဲ့ TNLA MNDAA AA တပ်ခေါင်းဆောင်များနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တို့ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာရှိတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ တာနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးက တိုင်းရင်းသားခေါင်းဆောင်များနဲ့ ဆက်ဆံမှု၊ တိုင်းရင်းသား ခေါင်းဆောင်များအပေါ်ထားရှိတဲ့ ၎င်းရဲ့ အမြင်ကို လူမှုကွန်ယက်ကနေ အသိပေးလိုက်တာဖြစ်ပါတယ်။ 

စစ်အုပ်စုနဲ့ပတ်သက်ရင် တိုင်းရင်းသားခေါင်းဆောင်တွေဟာ ကျွန်တော်တို့ထက် အတွေ့အကြုံပိုများပါတယ်။ စစ်အုပ်စု နဲ့ပတ်သက်ရင် အံတိုနေတဲ့ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေချည်းပဲလို့ဆိုနိုင်တယ်။ သူတို့အတွေ့အကြုံကို လေ့လာသင်ယူခွင့်ရရှိတာလည်း ကျွန်တော်တို့အတွက် အကျိုးထူးတယ် ပြောရမယ်လို့ ဝန်ကြီးက ပြောပါတယ်။ 

စစ်အာဏာရှင် အမြစ်ဖြတ်နိုင်ဖို့ဆိုရင် တဦးကောင်း တဖွဲ့ကောင်း ဆောင်ရွက်လို့မရနိုင်ဘဲ အတူတကွလက်တွဲပြီး ဟန်ချက်ညီညီ အလုပ်လုပ်မှ ရနိုင်မယ်ဆိုတာလည်း အားလုံး သဘောကိုက်ညီကြတယ်လို့လည်း ပြောထားပါတယ်။

NUG နဲ့EROs တွေကြား နားလည်မှု၊ ယုံကြည်မှုနဲ့ ဘုံသဘောထား ရှိပြီလားလို့မေးရင် အရေးကြီးပြီး အခြေခံကျတဲ့ နားလည်မှု၊ ယုံကြည်မှုနဲ့ ဘုံသဘာထားများရှိပြီးဖြစ်တယ်လို့ ဖြေချင်ပါတယ်လို့လည်း ပြည်သူလူထုကို အသိပေး ထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးရော စစ်ရေးပါ မဟာဗျုဟာပိုင်း ညှိနှိုင်းမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တောက်လျှောက် ရှိခဲ့တယ်၊ ရှိနေတယ်လို့ အသိပေးလိုပါတယ်လို့ ပြောပါတယ်။ လတ်တလော ဘုံရည်မှန်းချက်က စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ပဲလို့ NUG ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ 


တော်လှန်ရေးအောင်တဲ့အခါ ဖက်ဒရယ်ယူနစ်ကိစ္စ၊ ဖက်ဒရယ်ယူနစ် တစ်ခုချင်းရဲ့ နယ်မြေ၊ နယ်နိမိတ် သတ်မှတ်ရေး ကိစ္စ စသဖြင့် ကိုယ့်အချင်းချင်းကြား ပြောစရာတွေ အများကြီးရှိပါလိမ့်မယ်။ ဒီကိစ္စတွေကိုင်တွယ်တဲ့အခါ အင်အား မသုံးဘဲ စားပွဲဝိုင်းမှာပဲ ကျေလည်အောင်ပြောကြမယ်ဆိုတာလည်း အားလုံး သံန္နိဌာန်ချပြီးဖြစ်တယ်။ တော်လှန်တဲ့ ပြည်သူနဲ့အတူ တော်လှန်ရေးအဖွဲ့တွေ ရှေ့ဆက်ချီတက်နေပါတယ်လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။


========================


📌📌 ၃။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


ဒီဇင်ဘာ ၁၂ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီနဲ့ ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၄/၂၀၂၃)ကို ဒီဇင်ဘာ ၁၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီ၊ အတွင်းရေးမှူး အဖွဲ့ဝင်၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ‌ရေး ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်း ဆောင်ရွက်ချက်များ၊  မြေပြင်အခက်အခဲများနဲ့ ပတ်သက်ပြီး သိရှိလိုတာများကို ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့ပါတယ်။


ထိုနောက်  ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ နိဂုံးချုပ်စကား ပြောကြားခဲ့ပါတယ်။


အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ တွဲဖက်အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနဲ့ ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၄။ ပါမောက္ခ ဒေါ်မီမီဝင်းဘတ်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲများကို အိုဆာကာနှင့် တိုကျိုမြို့တွင် ကျင်းပခဲ့


ဒီဇင်ဘာလ ၁၂ရက်။

ပါမောက္ခ ဒေါ်မီမီဝင်းဘတ်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲများကို အိုဆာကာနဲ့ တိုကျိုမြို့များမှာ ကျင်းပခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အသိပေးဆိုပါတယ်။


အမေရိကန်တပ်မတော်တွင် ဒုတိယ ဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပါမောက္ခ ဒေါ်မီမီဝင်းဘတ်ရဲ့  ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ဒီဇင်ဘာလ ရက်နေ့တွင် အိုဆာကာမြို့နဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် တိုကျိုမြို့တို့မှာ ဂျပန်နိုင်ငံမှ နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူများ၊ အဖွဲ့အစည်းများနှင့် မြန်မာ့အရေး စိတ်ပါဝင်စားသူများအား တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။


တွေ့ဆုံပွဲတွင် လက်ရှိမြန်မာနိုင်ငံရဲ့ ပကတိအခြေအနေမှန်များကို တင်ပြဆွေးနွေးခဲ့ပြီး၊ ပြည်သူလူထုရဲ့ မေးမြန်းအကြံပြုချက်များနဲ့ ပတ်သက်လို့ ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြား ပေးခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ် အောင်ဇေယျစခန်းသိမ်းတိုက်ပွဲမှ သိမ်းပိုက်ရရှိသော လက်နက်ပစ္စည်းများ ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်


ဒီဇင်ဘာ၁၂ရက်

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ် အောင်ဇေယျစခန်းသိမ်းတိုက်ပွဲမှ သိမ်းပိုက်ရရှိသော လက်နက်ပစ္စည်းများကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ၁၂ရက်မှာ သတင်းထုတ်ပြန်ပါတယ်။


သိမ်းဆည်းရမိသည့်အထဲတွင် လက်နက်ခဲယမ်းများအပြင်ရိက္ခာများနှင့်ဆက်စပ်ပစ္စည်းများပါရရှိခဲ့ပါတယ်။


 ဒီဇင်ဘာလ ရက်နေ့မှ စတင်၍ အမှတ် စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်နေသော ဟုမ္မလင်းမြို့အနီးရှိ အောင်ဇေယျ အကြမ်းဖက် စစ်တပ်စခန်းကုန်းကို တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။


========================


📌📌 ၆။ နမ့်ခမ်းနှင့်နမ့်ဆန်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၃ဝဝ နီးပါး ပြုလုပ်ခဲ့ဟု TNLA အသိပေး


ဒီဇင်ဘာလ ၁၂ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းပြည်နယ်မှာရှိတဲ့ နမ့်ခမ်းနဲ့ နမ့်ဆန်တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃ဝဝ နီးပါး ပြုလုပ်ခဲ့တယ်လို့ တအာင်းတပ် PSLF/TNA သတင်းနှင့်ပြန်ကြားရေး ဌာနက ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

နမ့်ခမ်းနဲ့ နမ့်ဆန်တိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ လေကြောင်းတိုက်ခိုက်မှုဖြင့် သော်လည်းကောင်း နေ့စဥ်ရာချီ အသုံးပြုတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် နာရီ ၂၅၂၅ မိနစ်ကနေ မွန်းလွဲ နာရီခန့်အချိန်ထိ နမ့်ခမ်းမြိုနယ် စခန်းသစ်တိုက်ပွဲမှာ ဂျက်ဖိုက်တာနဲ့ ကြိမ်၊ Mi35 နဲ့ ကြိမ်၊ Y12 လေယာဉ်ဖြင့် ကြိမ် ဗုံးသီး ၁၈ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 

ထို့အတူ တပ်မဟာ စစ်ဒေသဖြစ်တဲ့ နမ့်ဆန်မြို့နယ်ဘက်ကိုလည်း စစ်ကောင်စီရဲ့ မန်တုံ ၁၃၀ တပ်စခန်းကနေ လက်နက်ကြီးဖြင့်‌ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နမ့်ဆန်မြိုနယ်အတွင်း Y12 လေယာဥ်ဖြင့် ကြိမ် ဗုံးကြဲချခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းတပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၂၁၅ ကြိမ်၊ Y8/Y12 လေယာဥ်နဲ့ ၆၂ ကြိမ်၊ Mi35 လေယာဉ်ဖြင့် ဓာတုအဆိပ်ငွေ့ဗုံးဖြင့် ကြိမ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ မန်တတ်တပ်စခန်းနဲ့ နမ့်ဖတ်ကာတပ်စခန်းတို့ကနေ လက်နက်ကြီးဖြင့်ပစ်ခတ်မှုပေါင်း အကြိမ် ၃၅၀ ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ PSLF/TNA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ စစ်ကောင်စီတပ်မှ MNDAA၏ခံတပ်တစ်ခုကို နှစ်ကြိမ်ခိုးဝင် တိုက်ခိုက်မှုကြောင့်  ၆ယောက်ဒဏ်ရာရပြီး ယောက်သေဆုံးခဲ့


ဒီဇင်ဘာ၁၂ရက်။

ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်မှ MNDAA ခံတပ်တစ်ခုကို နှစ်ကြိမ်ခိုးဝင် တိုက်ခိုက်လာခဲ့ပြီး ဒဏ်ရာရသေဆုံးမှုများရှိခဲ့တယ်လို့သတင်းရရှိပါတယ်။


ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လည်(၁၃း၂၆)နာရီခန့် စစ်ကောင်စီတပ်ဖွဲ့သည် ကိုးကန့် ရှီရှမ်းဒေသ တာရွှေထန် ကျေးရွာအုပ်စု ဟုန်ရှိထုပ်ဟော်ရွာ၏နောက်တောင်ကုန်း MNDAA ခံတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ကာ တချိန်တည်း MNDAAဘက်မှ တွေ့မြင်ပြီးတန်ပြန်ခုခံတိုက်ခိုက်ခဲ့ပါတယ်။


 ညနေ(၁၄း၁၅)နာရီခန့်တွင် MNDAAမှ စစ်ကောင်စီတပ်ဖွဲ့ကို နောက်ပြန်ဆုတ်ခုခံတိုက်ခိုက်နိုင်ခဲ့ပြီး MNDAAဘက်မှ ()ဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။


ထို့ပြင် ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လည် MNDAAတပ်သားသည် မူပန်(သိန္နီ)ခရိုင်၏ အနောက်တောင်ဘက်ခြမ်း လမ်းမကြီးတလျှောက်တွင် ထောင်ထားသောမိုင်းများကို ရှင်းလင်းရေးလုပ်ဆောင်ချိန်တွင် မိုင်းပေါက်ကွဲမှုကြောင့် တပ်သားအချို့ထိခိုက်မှုများရှိခဲ့ပါတယ်။


ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ကုသချိန် လမ်းတစ်ဝက် ရောက်သောအခါ စစ်ကောင်စီစကခ(၁၆) လက်နက်ကြီးပစ်ခတ်မှုကြောင့် MNDAA တပ်သားတစ်ယောက်သည် လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။


========================


📌📌 ၈။ ပုလဲမြို့နယ်၊ ပအဖ တရားရုံးကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်၊ နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် ဦးသေဆုံး


ဒီဇင်ဘာ၊ ၁၂ရက်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တရားရုံးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် ဦးသေဆုံးခဲ့ပြီး ဦးထက်မနည်း ထိခိုက်ဒါဏ်ရာ ရရှိခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရပါတယ်။


ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ၎င်းတရားရုံးနေရာကို စစ်တပ်က ဂျက်ဖိုက်တာ စီးဖြင့် နှစ်ကြိမ်တိုင် ဗုံးကျဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


ထိုသို့လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့နယ်တရားရေးရာ တာဝန်ခံ နဲ့ သူ့ရဲ့ဇနီးဖြစ်သူ CDM ကျောင်းဆရာမ၊ ပကဖ ရဲဘော်တစ်ဦး၊ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ သူ့ရဲ့ မိခင်ဖြစ်သူတို့ သေဆုံးခဲ့ပါတယ်။


အဆိုပါ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူနဲ့ တရားရုံးကိုလာတဲ့ အခြားအမှုသည် ယောက်လည်း ထိခိုက်ဒါဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


ဗုံးကျဲတိုက်ခိုက်ခံလိုက်ရတဲ့ ပုလဲမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားနေခြင်း မရှိသလို၊ အခမ်းအနား ပြုလုပ်နေတာလဲ မရှိတာကြောင့် တရားရုံးဖွင့်ထားကြောင်း နေရာအတိအကျ သတင်းပေးခံရသဖြင့် အခုလို တိုက်ခိုက်ခံရတာ ဖြစ်နိုင်တယ်လို့ မြို့နယ် ပအဖ အဖွဲ့က သုံးသပ်ထားပါတယ်။


အဆိုပါ မင်းတိုင်ပင်ကျေးရွာတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ရက်နေ့ကလည်း လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက် ခံခဲ့ရတာကြောင့်  နေအိမ် ၁၀ လုံး ထက်မနည်း ပျက်စီးခဲ့ရပါသေးတယ်။


========================


📌📌 ၉။ မော်လမြိုင်-ရေး-ထားဝယ် အမှတ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ PDF လုံခြုံရေးဆောင်ရွက်နေ


ဒီဇင်ဘာ ၁၂ရက်။

မော်လမြိုင်-ရေး-ထားဝယ် အမှတ် ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF ရဲဘော်တွေဟာ လုံခြုံရေးဆောင်ရွက်နေတယ်လို့ တောင်ညိုစစ်ကြောင်း တပ်ခွဲ က ဒီနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။


နေ့စဉ် မနက် နာရီကစပြီး ခရီးသွားပြည်သူတွေရဲ့ လုံခြုံရေးအတွက် စစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပြီး စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အရာတွေကို မသယ်ဆောင်ကြဖို့လည်း PDF အဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။


ထို့အပြင် အမှတ် ပြည်ထောင်စု လမ်းမပေါ်မှာရှိတဲ့ ဘုရားသုံးဆူလမ်းဝ, သက္ကောလမ်းဝ စစ်ဆေးရေးဂိတ်ကိုလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်ရှိ အချိန်မှာတော့ စစ်ကောင်စီတပ်ဟာ အမှတ် ပြည်ထောင်စု လမ်းမကြီးပေါ်မှာ သွားလာတာ မရှိတော့ဘူးလို့ တောင်ညိုစစ်ကြောင်း တပ်ခွဲ က အသိပေးထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment