20th DEC 2023 - Evening Daily News by Radio NUG


၂၀၂၃ ဒီဇင်င်ဘာလ ၂၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ အခွန်ပေးဆောင်ခြင်းဆိုင်ရာ ထုတ်ပြန်ချက်များဟာ အလုပ်သမားများကို ခေါင်းပုံဖြတ်ပြီး ပြည်သူ့ငွေဖြင့် ပြည်သူကို သတ်ရန် ကြံစီမှုသာ ဖြစ်တယ်လို့ အလုပ်သမား ဝန်ကြီး ပြောကြား

📌 ၂။ စစ်တပ်က စတင်တိုက်ခိုက်လာသည့်အတွက် လောက်ကိုင်တွင် တိုက်ပွဲပြန်ဖြစ်

📌 ၃။ KNU တပ်မဟာ နယ်မြေရှိ မို့လို့ကျိုးစခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီအလောင်း ၇ဝ တွေ့၊ လက်နက်မျိုးစုံ ၂၈ လက်ရရှိခဲ့

📌 ၄။ လက်နက်နဲ့ လာရောက်ပူးပေါင်းလာမယ့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် ထိုက်တန်တဲ့ ဆုကြေးများ ရရှိစေဖို့  ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက် ပေးသွားမယ်လို့ ထားဝယ်ခရိုင် အမှတ် () တပ်ရင်းထုတ်ပြန်

📌 ၅။ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁ဝ ဦး သေဆုံး

📌 ၆။ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်စစ်တပ်က အရပ်သား နေထိုင်ရာ နေရာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ အခွန်ပေးဆောင်ခြင်းဆိုင်ရာ ထုတ်ပြန်ချက်များဟာ အလုပ်သမားများကို ခေါင်းပုံဖြတ်ပြီး ပြည်သူ့ငွေဖြင့် ပြည်သူကို သတ်ရန် ကြံစီမှုသာ ဖြစ်တယ်လို့ အလုပ်သမား ဝန်ကြီး ပြောကြား


ဒီဇင်ဘာ ၂၀။


အကြမ်းဖက် စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ အခွန်ပေးဆောင်ခြင်းဆိုင်ရာ ထုတ်ပြန်ချက်များက 

ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများရဲ့ ချွေးနည်းစာကို မတရား ခေါင်းပုံဖြတ်ကာ ပြည်သူ့ငွေနဲ့ ပြည်သူကို သတ်ရန် ကြံစဉ်မှုသာ ဖြစ်တယ်လို့ NUG အလုပ်သမားဝန်ကြီး နိုင်သုဝဏ္ဏက ပြောကြား လိုက်ပါတယ်။


အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အလုပ်သမားရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏက အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနား အတွက်ပေးပို့သော သဝဏ်လွှာမှာ အခုလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


"မကြာသေးမီက စစ်ကောင်စီက ထုတ်ပြန်ခဲ့သော ရွှေ့ပြောင်းအလုပ်သမားများ လိုက်နာရမည့် မိသားစုလွှဲပို့ငွေ အစီအစဉ်နှင့် အခွန်ပေးဆောင်ခြင်းဆိုင်ရာ ထုတ်ပြန်ချက်များသည် အလုပ်သမားများ ချွေးနည်းစာကို မတရား ခေါင်းပုံဖြတ်ကာ ပြည်သူ့ငွေဖြင့် ပြည်သူကို သတ်ရန် ကြံစည်မှုသာ ဖြစ်ပါတယ်" လို့ ပြည်ထောင်စု ဝန်ကြီးက ဆိုပါတယ်။


ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမား တစ်ယောက်အနေနဲ့ မိမိရဲ့ လုပ်အားခကို မိမိဆန္ဒနှင့်အညီ စီမံခန့်ခွဲခွင့် ရှိတာကြောင့် မည်သူကမှ မည်သို့လုပ်ဆောင်ရန် အတင်းအကြပ် စေခိုင်း‌လို့ မရဘူးဆိုတာ အလွန်ထင်ရှားသော ကိစ္စဖြစ်ပြီး မိသားစုလွှဲပို့ငွေ ကိစ္စအပေါ်  အကြမ်းဖက်စစ်တပ်ရဲ့ အာဏာပြမှုကို ရွှေ့ပြောင်း အလုပ်သမားများနဲ့ အလုပ်သမား စေလွှတ်သော ပြည်ပအလုပ်အကိုင် အေဂျင်စီများက ညီညီညွတ်ညွတ် ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ အရေးကြီးတယ်လို့လည်း ဝန်ကြီးက ထပ်လောင်း ပြောဆို လိုက်ပါတယ်။


========================


📌📌 ၂။ စစ်တပ်က စတင်တိုက်ခိုက်လာသည့်အတွက် လောက်ကိုင်တွင် တိုက်ပွဲပြန်ဖြစ်


ကိုးကန့်ဒေသမှာ စစ်တပ်က စတင်တိုက်ခိုက်လာတဲ့အတွက် လောက်ကိုင်မြို့နယ်အတွင်း တိုက်ပွဲပြန်ဖြစ် လာတယ်လို့ ကိုးကန့်တပ် MNDAA က ပြောပါတယ်။ 


ဒီဇင်ဘာလ ဒုတိယပတ်ကစပြီး ကိုးကန့်ဒေသမှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာမရှိပေမယ့် စစ်ကောင်စီဘက်က ဒီဇင်ဘာလ ၁၈ ရက်နေ့ညပိုင်းမှာ လောက်ကိုင်မြို့နယ် လောက်ရှန်းထန်ဒေသကို တိုက်လေယာဉ်နဲ့ ၃ကြိမ် လာရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေပြန်ဖြစ်ခဲ့ရတာလို့ သိရပါတယ်။


အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကွမ်ရင်ရှမ် တရုတ်ဘုံကျောင်းနဲ့ ဖီဖာရွှေနေရာကနေပြီး  MNDAA ခံတပ်ရှိတဲ့နေရာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တယ်လို့လည်း အသိပေးထားပါတယ်။ 


ထိုသို့ အကြမ်းဖက်စစ်တပ်က ရန်စလာတဲ့အတွက် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ကိုးကန့် လောက်ရှန်းထန် ဒေသမှာ ဖက် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာနဲ့ပတ်သက်လို့ MNDAA က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။


အကြမ်းဖက်စစ်ကောင်စီဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာလည်း ကိုးကန့် လောက်ရှန်းထန်ဒေသကို တိုက်လေ ယာဉ်နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လက်ရှိအချိန်အထိ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။ 


ကိုးကန့်ဒေသမှာ ဒီဇင်ဘာလ ၁ဝ ရက်နေ့ ညနေပိုင်းကစပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြောလျော့ခဲ့ရာကနေ ယခုအခါ တိုက်ပွဲတွေ တကျော့ပြန်ဖြစ်လာတယလည်း ဖြစ်ပါတယ်။


========================


📌📌 ၃။ KNU တပ်မဟာ နယ်မြေရှိ မို့လို့ကျိုးစခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီအလောင်း ၇ဝ တွေ့၊ လက်နက်မျိုးစုံ ၂၈ လက်ရရှိခဲ့


အကြမ်းဖက်စစ်တပ်က နှစ်ပေါင်း ၃ဝ ကျော် အခိုင်အမာတပ်စွဲထားတဲ့ မို့လို့ကျိုးခေါ် ဖဲထာစခန်းကို ဒီဇင်ဘာ ၁၆ ရက်နေ့ ညပိုင်းမှာ KNLA တပ်မဟာ- ကရင်နီအမျိုးသားတိုးတက်ရေးတပ်မတော် KNPP နဲ့ ကရင်နီ ပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်မတော် KNPLF တို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က အပြီးတိုင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 


စခန်းသိမ်းတိုက်ပွဲအပြီး ရှင်းလင်းချိန်မှာ အကြမ်းဖက်စစ်ကောင်စီဘက်က အလောင်း ၇ဝ တွေ့ရှိကာ ထိခိုက်ဒဏ်ရာရပြီးထွက်ပြေးလွတ်မြောက်သွားသူတွေဟာ ခမရ ၄၄ဝ တပ်နဲ့ သွားရောက်ပူးပေါင်းနိုင်ဖွယ် ရှိတယ်လို့ KNU/KNLA တပ်မဟာ - က ထုတ်ပြန်ပါတယ်။


အဆိုပါစခန်းသိမ်းတိုက်ပွဲမှာ တပ်မဟာ - ဘက်က စစ်သည်တော် ဦးကျဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ 


ထို့ပြင် အကြမ်းဖက်စစ်ကောင်စီဘက်ကနေ ၈၁ မမ စိန်ပြောင်းတလက်၊ RPG-7 တလက်၊ K-3 မော်တာ လက်၊ K-3 ၁၆ လက်၊ G-3 တလက်၊ စက်လက် တလက်၊  BKM စက်လက် တလက်၊ အသေးစားစက်လက် တလက်၊ ၆ဝ မမ ပြောင်းတိုတလက်၊ မမ ပစ္စတို လက်နဲ့ ခဲယမ်းများစွာနဲ့ မိုင်းများ၊ မိုင်းရှင်းစက်၊ ဆက်သွယ်ရေးစက်နဲ့ ဒရုန်းပစ်သေနတ်တို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အကြမ်းဖက်စစ်တပ် လာရောက်တပ်စွဲထားတဲ့ မို့လို့ကျိုးစခန်းနဲ့ စောထတပ်စခန်းဟာ ကရင်ပြည်နယ်နဲ့ ကရင်နီပြည်အစပ် ကရင်ပြည်နယ်အပိုင်မှာရှိပြီး ၁၉၉၂ ခုနှစ်ကစတင်ကာ ၃၁ နှစ်ကြာမျှ နယ်မြေသိမ်းပိုက် ကာ အခိုင်အမာတပ်စွဲခဲ့တာလို့ သိရပါတယ်။


အခုလိုတပ်စွဲနေထိုင်ပြီး ဒေသတွင်းပြည်သူလူထု သွားလာတဲ့အခါတိုင်း စားနပ်ရိက္ခာများကို အဓမ္မတောင်း ရမ်းစားသောက်ခြင်း၊ စစ်ဆေးခြိမ်းခြောက်ခြင်းနဲ့ငွေညှစ်တာတွေ အမြဲမပြတ်ပြုလုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


📌📌 ၄။ လက်နက်နဲ့ လာရောက်ပူးပေါင်းလာမယ့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် ထိုက်တန်တဲ့ ဆုကြေးများ ရရှိစေဖို့  ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက် ပေးသွားမယ်လို့ ထားဝယ်ခရိုင် အမှတ် () တပ်ရင်းထုတ်ပြန်


ဒီဇင်ဘာ ၂၀။


လက်နက်နဲ့တကွ လာရောက်ပူးပေါင်းမယ့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် ထိုက်တန်တဲ့ ဆုကြေးငွေများ ရရှိနိုင်စေရန် NUG ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက် ပေးသွားမယ် လို့ ထားဝယ်ခရိုင် အမှတ် () တပ်ရင်း က ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အသိပေးဆိုထားပါတယ်။


"ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များ အနေဖြင့် မိမိတို့ သားစဉ်မြေးဆက်အထိ လူဖြစ်ရှုံးကာ သမိုင်းတရားခံ ဖြစ်စေမည့် အကြမ်းဖက်စစ်ကောင်စီကို ဆက်လက်သစ္စာခံနေခြင်းအား ရပ်တန့်၍ ပြည်သူလူထုအပေါ် သစ္စာခံလျက် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တော်လှန်ရေး အင်အားစုများနှင့် ရဲရဲဝံ့ဝံ့ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုက်တယ်" လို့ ဆိုထားပါတယ်။


ထို့အပြင် လက်နက်နှင့်တကွ လာရောက်ပူးပေါင်းမယ့် သူများအတွက်လည်း ထိုက်တန်တဲ့ ဆုကြေးငွေများ ရရှိစေရန် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ချိတ်ဆက် ဆောင်ရွက် ပေးသွားမယ်လို့လည်း ၎င်းတို့က အသိပေး ထားပါတယ်။


========================


📌📌 ၅။ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁ဝ ဦး သေဆုံး


မြိုင်မြို့နယ်အတွင်း  အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းများကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ဦး သေဆုံးသွားတယ်လို့ မြိုင် ပကဖ ထံကနေ သိရပါတယ်။ 


ဒီဇင်ဘာလ ၁၉ ရက်နေ့ညနေပိုင်းက တွင်းမပျူရွာမှာ စခန်းချနေရာကနေ ရှေ့ဆက်ထွက်လာတဲ့ စစ်ကောင်စီ ထောက်ပို့စစ်ကြောင်းကို လမ်းပိုင်းတနေရာမှာ ပေပါမိုင်း နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦး သေဆုံးပြီး ၁ဝ ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။


အဲဒီစစ်ကြောင်းက ဒုတပ်ရင်းမှူး သေဆုံးသွားတဲ့အတွက် တွင်းမပျူရွာမျာ ရက်ခန့် ရပ်နားနေခဲ့ရာကနေ တပ်ရင်းမှူးဦးဆောင်ပြီး ရှေ့ဆက်ထွက်လာပြီး နှင်းဆီကန်ကျေးရွာက ဒေသခံပြည်သူပိုင်စားနပ်ရိက္ခာများကို ခိုးယူစားသောက်ခဲ့တယ်လို့လည်း သိရပါတယ်။ 


မိုင်းဆွဲတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၂၊ တပ်ရင်း ၆၊ တပ်ရင်း ၇၊ တပ်ရင်း ၁၇၊ မြိုင်ပကဖအဖွဲ့ဝင်များ ဖြစ်တဲ့ တပ်ရင်း တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ Myaing Warriors တပ်ဖွဲ့၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ MRDF တပ်ဖွဲ့နဲ့ KMDF- ကမ္မကာကွယ်ရေးတပ်ဖွဲ့ (ကမ္မတပ်ပေါင်းစု) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


ထို့အတူ ဒီဇင်ဘာလ ၁၈ ရက်နေ့ ည၁၁ နာရီခွဲခန့်အချိန်ကလည်း ရေစကြိုမြို့နယ် ဇီးတောပျူရွာကနေ အင်အား ၈ဝ ခန့်ဖြင့် မြိုင်မြို့နယ် လင်းကတောကျေးရွာဘက်ကို စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ပူတွင်းရွာအနီးမှာရျိတဲ့ ယူကလစ်ကုန်းမှာ ပေပါမိုင်း လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ စစ်တပ် ဘက်က ဦး သေဆုံးပြီး ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ထိုစစ်ကြောင်ကလည်း ရှေ့ဆက်မတိုးသေးဘဲ ယူကလစ်တောမှာ ယာယီတပ်စွဲနေပြီး နှင်းဆီကန်ကျေးရွာက နေ တွင်းမရွာဘက်ထွက်လာတဲ့ စစ်ကြောင်းတခုလည်းရှိနေတာကြောင့် မိဘပြည်သူများအနေနဲ့ စစ်ရေး သတင်းတွေကိုနားစွင့်ပြီး အန္တရာယ်ကောင်းအောင်နေထိုင်ကြဖို့  မြိုင် ပကဖ က တိုက်တွန်းထားပါတယ်။


========================


📌📌 ၆။ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်စစ်တပ်က အရပ်သား နေထိုင်ရာ နေရာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေ


ဒီဇင်ဘာ ၂၀။


ဒီဇင်ဘာလ (၁၉) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၂) မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်အခြေစိုက် စစ်ကောင်စီရဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) တပ်ရင်း မှ MA-7 ဖြင့် () ကြိမ် ရမ်းကားပစ်ခတ် ခဲ့သဖြင့် ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင် (မွတ်ဆလင်) ကျေးရွာ မြောက်ဘက် မီတာ (၁၈၀) ခန့် အကွာမှာ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲ ခဲ့ပါတယ်။


အလားတူ ဒီဇင်ဘာလ (၁၉) ရက်နေ့၊ နံနက် () နာရီ (၅၃) မိနစ်အချိန်မှစ၍ ရက္ခိုင်ပြည်၊ မောင်တောမြို့၊ မြို့သူကြီး အခြေစိုက် စစ်ကောင်စီရဲ့ နခခ () တပ်ရင်း မှ ၈၁ မမ ဖြင့် () နာရီ (၁၃) မိနစ်ခန့်ကြာအောင် အဆက်မပြတ် ရမ်းကား ပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီး ကျည်များ မောင်တောမြို့နယ်၊ ပန်းတောပြင် ကျေးရွာသစ် မြောက်ဘက် မီတာ (၂၆၀) ခန့်အကွာ၊ ကံသာယာ (အလယ်‌) ကျေးရွာ တောင်ဘက် မီတာ (၁၈၀) ခန့်အကွာနှင့် ကံသာယာ (အထက်) ကျေးရွာ တောင်ဘက် မီတာ (၄၆၀) ခန့်အကွာတွင် အသီးသီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့အခြေစိုက်အမှတ် () စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များ ရှိရာနေရာများသို့ ၆၀ မမ၊ ၈၁ မမ ဖြင့် လက်နက်ကြီး () လုံးဖြင့် ရမ်းကားပစ်ခတ်ခဲ့ရာ () လုံးမှာ ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့  ရက္ခိုင့်တပ်တော် AA က ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment